Goal Take

Goal Take

Share

Man united news and articles

20/12/2020

Premier League Titleဆုကို စိန်ခေါ်နိုင်ဖို့ Man Unitedတို့ခေါ်ယူအားဖြည့်သင့်တဲ့နေရာများ

Solskjaerရဲ့ Unitedဟာ ရာသီအစမှာ ခြေစွမ်းအတတ်အကျကြမ်းခဲ့ပီးတဲ့နောက် ယခု အချိန်မှာတော့ ဇယားထိပ်ကိုဦးဆောင်နေတဲ့ Liverpoolနောက် တစ်ပွဲလျော့ 5မှတ်အကွာနဲ့ အမှတ်ပေးဇယား အဆင့် ခြောက်နေရာမှာ ရပ်တည်နေပါတယ်။Chanpions Leagueအုပ်စုအဆင့်ကနေ လက်ပြနှုတ်ဆက်ရသွားပီးနောက် Man Unitedအနေနဲ့ Premier Leagueဘက်ကို အပြည့်အဝအာရုံစိုက်နိုင်တဲ့အပြင် Chanpionsဆုကိုပါ စိန်ခေါ်နိုင်သည့်အခြေအနေကို ရောက်ရှိလာပါပီ။သို့သော်လည်းMan Unitedရဲ့ တချို့နေရာတွေမှာ အားနည်းချက်အချို့ရှိနေပါတယ်။Sir Alex Fergusonနောက်ပိုင်း Premier Leagueကို အပီအပြင်စိန်ခေါ်ချင်တယ်ဆိုရင်တော့ လာမဲ့Januaryအပြောင်းအရွေ့ကာလ မှာ အောက်ဖော်ပြပါ နေရာတွေကို ခေါ်ယူအားဖြည့်သင့်ပါတယ်။

✅Defence✅

Solskjaerအနေနဲ့ လွန်ခဲ့တဲ့2နှစ်ခန့်က နောက်တန်းနေရာ အတွက်ငွေပုံသုံးခဲ့ပေမဲ့ ယခုအချိန်ထိ ယုံကြည်ရမဲ့ ခံစစ်ကို မပိုင်ဆိုင်ရသေးတာတော့ အမှန်ပါ။ပထမဦးဆုံးအနေနဲ့ Aaron Bissakaအတွက် အရန်တစ်ယောက်လိုပီး အထူးသဖြင့် တိုက်စစ်လိုက်ပါမှုအားကောင်းတဲ့ ကစားသမားမျိုးဖစ်ရပါမယ်။ထိုနေရာအတွက် Atletico Madridရဲ့ Kieran Tripperကို ချိတ်ဆက်နေတယ်လို့ ကြားသိရပီး Tripperကို ခေါ်ယူနိုင်ပါက ကောင်းမွန်တဲ့ခေါ်ယူမှုဖြစ်ပါလိမ့်မယ်။Tripperရဲ့အားသာချက်ကတော့ ဖြတ်တင်ဘောတွေမှာ ထူးချွန်တဲ့အပြင် တခြား Bissakaဆီမှာ မရှိတဲ့ အားသာချက်တွေ အမြောက်အများကို ပိုင်ဆိုင်ထားတဲ့သူပါ။

Unitedအနေနဲ့ ဗဟိုခံစစ်တွဲ အတွက် Maguireနဲ့Lindelofကို သုံးနေပေမဲ့လည်း သူတို့နေရာကို စိန်ခေါ်နိုင်မဲ့ အရန်ကောင်းကောင်းမရှိ ခြင်းကလဲ Unitedရဲ့အားနည်းချက်တခုလို ဖစ်နေပါတယ်။Tuanzebeကို အနာဂတ်ကြယ်ပွင့်ကစားသမားအဖြစ်သတ်မှတ်ထားသော်လည်း Solskjaerအနေနဲ့ ယခုအချိန်မှာ ပွဲထွက်ခွင့် မပေးတာကတော့ အံသြစရာပါ။Eric Baillyကတော့ ဒဏ်ရာများစွာနဲ့ ရုန်းကန်နေရတဲ့သူပါ။Unitedအနေနဲ့ ဒီနေရာအတွက် အများကြီးသင့်တော်တဲ့ ကစားသမားမျိုးကို ခေါ်ယူသင့်ပါတယ်။ပေါက်ကြားလာတဲ့သတင်းတွေအရ အဆိုပါနေရာအတွက် Southamptonအသင်းမှ Jannik Vesterggardကို စောင့်ကြည့်နေဆဲလို့သိရပါတယ်။အကယ်၍ Vesterggardကို ခေါ်ယူနိုင်ပါက Set piecesတွေမှာ အားနည်းတဲ့Unitedအတွက် များစွာ အကျိုးရှိမဲ့ ခေါ်ယူမှု ဖစ်မှာ အသေအချာပင်...။

✅Midfield✅

Unitedအနေနဲ့ ရွေးချယ်စရာ ကွင်းလယ်ကစားသမားတွေများနေပေမဲ့လည်း အတော်လေးကို ဟန်ချက်မညီနဲ့ ပုံစံမျိုးကို တွေ့နေရပါတယ်။Bruno Fernandes Paul Pogba နဲ့ Donny Van de Beekတို့က တိုက်စစ်အားသန်ကွင်းလယ်ကစားသမားတွေပါ။သူတို့ကြားမှာ ဟန်ချက်ညှိပေးဖို့အတွက် ခံစစ်အားသန်ကွင်းလယ်ကစားသမား တယောက်ကို အမြန်ခေါ်ယူသင့်ပါတယ်။နို့မဟုတ်ရင် Unitedကွင်းလယ်က စာရွက်ပေါ်မှာသာ နဂါးဖစ်ပီး ကွင်းထဲမှာတီကောင် သာသာဖစ်သွားပါလိမ့်မယ်။Fredအနေနဲ့အဆိုပါနေရာကို ဖြည့်စွက်ကစားပေးနေသော်လဲ နဂိုကတည်းကBox to Boxကစားသမားဖစ်သည့်အတွက် များစွာ အဆင်မပြေလှပါ။အဆိုပါနေရာအတွက် Declan Riceကို ခေါ်ယူနိုင်ပါက Unitedကွင်းလယ်အတွက် များစွာ အဆင်ပြေနိုင်သည့်အပြင် Fredအတွက်လဲ စိန်ခေါ်မှု တစ်ရပ်ဖစ်လာပါလိမ့်မယ်။

✅Attack✅

ဒီနေရာကတော့ ရှင်းပါတယ်။နစ်ရှည်လများ အသက်မဲ့နေတဲ့Unitedရဲ့ ညာတောင်ပံ ကို အသက်သွင်းချင်တယ်ဆိုရင်တော့ Solskjaer သဘောအကျဆုံးဖစ်တဲ့ Jadon Sanchoကိုသာ ခေါ်ယူပေးသင့်ပါတယ်။အဲ့..ပြသာနာကတော့ Woodwardအနေနဲ့ ပြောင်းရွေ့ကြေးမြင့်မားလှတဲ့ Sanchoကို ခေါ်ယူပေးမလား ဒီတိုင်းပဲ ပစ်ထားမလားဆိုတာကတော့ စောင့်ကြည့်ကြစို့ဗျာ...။

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon