Yuki's Travelling & Daily Routine

Yuki's Travelling & Daily Routine

Share

Daily Routine & Travelling

Photos from Yuki's Travelling & Daily Routine's post 17/05/2025

(အဲ့ဒါ ဖားအံမြို့)......

ဘားအံ(ဖားအံ)မြို့သည် ကရင်ပြည်နယ်၏လှပသော
မြို့တစ်မြို့ဖြစ်သည်။အလှဆုံးမြို့လည်းဖြစ်သည်။

လှပြီလှမှတော့ဖြင့် ဇွဲကပင်တောင်ကစပြီးလှသည်။
မြုမှုန်မဆိုင်းပေမယ့် တိမ်ဖြူပျံဝဲနေ၍
တစ်မျိုးလှသည်။

နွေဦးရောက်မှ လှသည်မဟုတ်။
မိုးဦးရောက်လည်း လှသည်။
ဆောင်းဦးရောက်လျှင် ပိုလှသည်။
ပိုလွမ်းမောဖွယ် ကောင်းသည်။

လှပသောဇွဲကပင်တောင်အောက်တွင်
လှပသောချစ်သူမြိုင်ပန်းခြံရှီသည်။.
တစ်နည်းအားဖြင့် ချစ်သူစုံတွဲပန်းခြံလို့လည်းခေါ်သည်။

ဟုတ်ပါသည်။
ဘားအံမြို့သည် လှသည်။
အလွန်လှသည်။အခြားမြို့တွထက်
ပိုလှသည်။တကယ်တမ်းလည်းလှသည်။

မိမိ၏မြို့ဖြစ်၍ကြွားပြောခြင်းမဟုတ်ပေ။
လူဆိုသည့် သတ္တဝါသည်
ကိုယ့်ရပ်ကိုယ့်ရွာကိုယ့်ဇာတိကို
ခုံမင်နှစ်သက်တတ်ကြသည်။
မိမိဇာတိကိုလည်း အခြားဇာတိတွေထက်
ပိုလှသည်ဟုခံယူတတ်ကြသည်။

ရှေးလွန်လေပြီးသောအခါက
ရသေ့ကြီးဦးနရိန္ဒသည် ရှင်ဘုရင်၏ကြည်ညိုမူကြောင့်
နန်းတွင်းမြို့တော်ဥယျာဉ်တော်တွင် ရှင်ဘုရင်က
သီးတင်းသုံးတော်မူစေသည်။
သို့သော် ရသေ့ကြီးမှာ
သူ့ဇာတိမဟုတ်၍လားမသိ။
နေလို့မပျော်သည့်အပြင် သူ့အတွက်
မွန်းကြပ်မူတစ်ခုလို ခံစားရသည်။

စားမဝင်အိပ်မပျော်၍ ခန္ဓာကိုယ်လည်း
ချုချာလာသည်။
ဒါကိုရှင်ဘုရင်သိတော့
ရသေ့ကြီး၏ဆန္ဒအတိုင်း ဟိမဝန္တာတောင်တန်းကို
ပြန်သီတင်းသုံးတော်မူစေသည်။
ရသေ့ကြီးလည်း သူ့ဇာတိမှာ
သူ့တပည့်သားတွေနဲ့ချမ်းချမ်းမြေ့မြေ့နေကာ
နဂိူမလအတိုင်း အသားအရေစိုပြင်လာခဲ့သည်။

ပုံပြင်က မဆုံးသေးပါဘူး။

ပြောချင်တာကတော့
သတ္တာဝါဆိုသည့်.သက်ရှီသားတွေဟာ
အခြားဇာတိတွေထက်ကိုယ့်ဇာတိမွေးရပ်မြေမှာ
ပိုပြီးပျော်ရွှင်နှစ်သက်ကြတယ်ဆိုတာပါပဲ။

ထို့အတွက်ကြောင့်
မိမိမြို့ရဲ့အလှအပတွေကိုလည်း
ကြွေးကြော်ချင်ပါသည်။
အခြားသူတွေလာလည်နိုင်လည်း
မျှဝေအသိပေးချင်ပါတယ်။

အဲ့သည်မျှမကပဲ
ငွေမကုန် ကြေးမကုန်ပဲ
မြတ်ကုသိုလ်အဖြစ်
စတုဒီသာအခမဲ့ကိုလည်း
ကျောက်ကလပ်နှင့်တောင်ဝိုင်းတွင်
လာရောက်သုံးဆောင်နိုင်ပါကြောင်း
ထပ်လောင်းအသိပေးချင်ပါသည်။

မေတ္တာဖြင့်......
သုယဉ်ညို

14/07/2024

🏖️ ငပလီရောက်တုန်းက အမှတ်တရ 🏖️

Photos from Yuki's Travelling & Daily Routine's post 01/05/2024

'' ကံကောင်းတဲ့အချစ်ကို ယူဆောင်လာပေးပါမယ် '' ဆိုတဲ့
May ရဲ့မွေးလပန်းလေး lily of the valley

သန့်ရှင်းစင်ကြယ် နဲ့ ချိုမြိန်ကံကောင်းခြင်းsymbolဖြစ်တဲ့ပန်းလေးရဲ့Mayလမှာမွေးဖွားသူတွေရော
ကျန်တဲ့သူတွေအတွက်ပါ
အေးချမ်းကံကောင်း တဲ့လလေးဖြစ်လာပါစေနော်

credit

22/06/2023

မြင်ဖူးလား

ရှမ်းပြည်ဘက်က အင်းလေးကန်မှာ
ဟိုးအဝေးကြီးအထိဝင်သွားရင်
အ​မြင့်ကြီးတက်ရတဲ့ဘုန်းကြီးကျောင်းရှိတယ်
အဲ့ဘုန်းကြီးကျောင်းမှာ
ထူးဆန်းတာတွေအများကြီးရှိတယ်

ကယားဘက် မှာ
လွိုင်ကော်အလွန် ဆက်တက်သွားရင်
အောက်မှာလေ မြစ်ကြီးတစ်ခု
ချောင်းကြီးတစ်ခုလို ရေစီးသန်တဲ့
ဂူကြီးတစ်ခုရှိတယ်
အထဲမှာသဲသောင်ပြင်ဘောလုံးကွင်းတောင်ကစားလို့ရတယ်
အောက်ကိုဆင်းတဲ့လမ်းမရှိဘူး
ဝါးလုံးနဲ့ဆင်းရတယ်
အောက်ရောက်သွားရင်အရမ်းပျော်ဖို့ကောင်းတယ်
မြေအောက် ကမ္ဘာတစ်ခုကိုရော့သွားသလိုပဲ
အရမ်းလည်းလှတယ်
ရေလည်းကူးလို့ရတယ်
ရေကလည်းကြည်တောက်နေတာပဲ
တစ်ကယ့်မြေအောက် ကမ္ဘာအလှတစ်ရားတစ်ခုပဲ

ပုဂံမှာလေ ညဘက်တစ်ယောက်တည်းသွားထိုင်လို့အရမ်းကောင်းတဲ့ဘုရားရှိတယ်သိလား
ဘုရားဖူးလို့လည်းအရမ်းကောင်းတယ်
အရမ်းလည်းအေးချမ်းတယ်
လူတွေသိပ်မသိကြဘူး

နောက်တစ်ခုလည်းလူတွေသိပ်မသိကြဘူး
ပုဂံမှာ ​ညဘက်ကြယ်တွေကြည့်လိ​ု့အရမ်းကောင်းတဲ့ဘုရားရှိတယ်
တန့်ကြည့်တောင်
အခုတော့ နောက်ပိုင်းလူတွေက
တစ်ရက်အတွင်းဆွယ်တော်လေးဆူဖူးကြတော့
ညဘက် တန့်ကြည်တောင်မှာ မအိပ်ကြဘူး

အိပ်ကြည့်လိုက်
ွဘုရားပေါ်ကနေထိုင်ပြီး
ကြယ်တွေရေတွက်ရတာ
အောက်ကစီးဆင်းနေတဲ့ မြစ်ရဲ့အလှ
တစ်ဖက်ကမ်းက မီးရောင်ပြပြတွေ
မှိတ်တုတ်မှိတ်တုပ်ကြယ်လေးတွေကကိုယ့်ဘေးနားမှာ

ပုပ္ပါးရောက်ရင်တောင်ကလပ်ဘက်မတက်နဲ့
တောင်မကြီးကိုတက်
လမ်းမှာစားဖို့ အောက်ကနေ
ဩဇာသီးခြင်းလိုက်ဝယ်သွား
အပေါ်ရောက်ရင်အမောလေးကိုပြေနေရော
မြင်ကွင်းကလည်းလှ လေလေးကလည်းအေး
ဩဇာသီးလေးကလည်း ချိုမွှေးနေရော

တောင်တွင်းကြီးနဲ့မကွေးကြားမှာမြို့ဟောင်းလေးတစ်ခုရှိတယ်
ဗသနိုးတဲ့
အရပ်ကလူတွေပြောတာတော့ အဲ့အရှေ့ကလူရုပ်ကြီးက
ညဘက်လာသာချိန်ဆိုလမ်းလျှောက်ပြီးလိုက်တတ်တယ်တဲ့ 😁
ပုံပြင်တွေအများကြီးနဲ့မြို့ဟောင်းပေါ့
ညနေနေဝင်ဆည်းဆာမှာ
ဗသနိုးမြို့ဟောင်းရဲ့ ကုန်းကမူလေးပေါ်မှာထိုင်ပြီး
အဲ့မြို့လေးရဲ့နေဝင်ချိန်ကိုထိုင်ကြည့်
ပြီးတော့ပုံပြင်လေးတွေနားထောင်ကြည့်အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်
ကျိန်စာတွေလည်းအရမ်းကြမ်းတယ်
ကိုယ့်လူတစ်သက်နဲ့တစ်ကိုယ်မကြားဖူးတာတွေကြားရလိမ့်မယ်
ငြင်းစရာတွေလည်းတစ်ပုံတစ်ပင်ထွက်လာလိမ့်မယ်

မွန်ပြည်နယ်က
ကျိုက်ထီးရိုးဘုရားကိုတော်တော်များများရောက်ဖူးတယ်
ဒါပေမယ့်မတူတာက
ညဘက် ကြီးမီးတုတ်ကိုင်ပြီးမတက်ဖူးကြဘူး
လူလျှောက်လမ်းကနေ
သူငယ်ချင်းတွေအုပ်လိုက်
မီးတုတ်ကြီးကိုင်ပြီး
ညဆယ့်နှစ်နာရီလောက်တက်ကြည့်ပါလား
မနက်လည်းမိုးအလင်းတောင်ပေါ်လည်းအရောက်ပဲ
ကိုယ့်လူတစ်သက် မှာ တစ်ခါမှမရဘူးတဲ့
ရင်ခုန်စိတ်လှုပ်ရှားမှုတွေ
ပျော်ရွင်စရာတွေ
သူငယ်ချင်းတွေနဲ့စုံတိုင်းပြောစရာတွေတစ်သသနဲ့ကျန်ခဲ့လိမ့်မယ်

မေမြို့ရောက်ဖူးတယ်မဟုတ်လား
ဒါပေမယ့် မေမြို့မှာ အက်ဘန်ချာထရစ်အနေနဲ့
မသွားဖူးဘူးမဟုတ်လား

ကိုယ့်လူဘုရားဆူး
ဒီနေရာတွေမေမြို့မှာရှိပါလားဆိုတာမေးယူရမယ့်အထိ
အံ ​့ဩစရာနေရာတွေမေ မြိ​ု့မှာရှိတယ်
ရေတံခွန်အသစ်တွေ
တောတွင်းအတွေ့အကြုံအသစ်တွေအများကြီးရမယ့်နေရာတွေရှိတယ်

နေဦး ကိုယ့်လူ တောင်ကြီးက မီးပုံပျံပွဲမှာ
မီးပုံးမချိတ်ဖူးသေးဘူးမို့လား

ချိတ်ကြည့်
မီးပုံးပျံကြီးတက်သွားတဲ့အချိန် ယမ်းတွေပေါက်တဲ့အချိန်မှာ လွတ်အောင်ပြေးကြည့်

ွမြန်မာပြည်ရဲ့ဟိုးအောက် မှာ
ကျွန်းတွေရှိတယ်
အဲ့ကျွန်းတွေကိုလျှောက်သွား
တစ်ယောက်တည်းမသွားနဲ့
သူငယ်ချင်းတွေအုပ်လိုက်သွား
ေမာ်တေယ်ဘုတ်ပုတ်ပြတ်ဌား
မော်တေါ်ပေါ်မှာနား မော်တော်ပေါ်မှာစား
ကျွန်းတွေပေါ်တက် ရေငုတ်
ဒေသထွက်အစားအစာတွေစား
ရေစာလို့ခေါ်တဲ့ပင်လယ်စာတွေအဝစား
နိုင်ငံခြားတိုင်းပြည်တွေမှာငွေကုန်ကြေးကျအများကြီး
ပေးရတဲ့အလှအပတွေကိုတစ်ဝကြီးခံစား

ကရင်ပြည်ကိုသွား
ဂူတွေစုံအောင်သွား

မွန်ဘက်ကိုဆင်း
နိုင်ငံခြားတွေမှာ ခဏခဏမြင်ဘူးတဲ့
ရာဘာတောတွေကြားကဘွားကနဲပေါ်လာတဲ့
ကားလမ်းလေးကိုရေးအဝင်နားမှာမြင်ရမယ်

ဟိုးအောက်ဘက်မှာ
တနသာ်ရီမြစ်ဘေးကတောင်ကို
ကပ်ပြီးဆင်းသွားတဲ့ကားလမ်းလေးဟာ
ဒါမြန်မာပြည်မှဟုတ်ရဲ့လားလို့ထင်ရလောက်အောင်
လှပတယ်

စောရီး ကိုယ့်လူဒါတွေမခံစားရသေးဘူးမဟုတ်လား
နေကောင်းအောင်နေ
မြန်မာပြည်ကြီးနေကောင်းတဲ့အချိန်မှာ
ကိုယ့်လူရောက်အောင်သွားသင့်တဲ့နေရာတွေအများကြီးကျန်သေးတယ်

လုပ်စရာတွေလည်းအများကြီးကျန်သေးတယ်
ဖိုက်တင်း

ေသတ္တာ(ခေတ္တလူကောင်း)

19/06/2023

Traveller အပေါင်းနှင့် မြန်မာပြည်သူအပေါင်း သူတော်ကောင်းတို့ရေ ...

Yuki တို့ ဒီကာလကြီးမှာ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေးတွေ မကောင်းလို့ နာဖျားနေတဲ့ မြန်မာနိုင်ငံကြီးအတွက် စိတ်မကောင်းပြီး ဘယ်မှ မသွားမလာနိုင်၊ မသွားမလာချင် ဖြစ်ခဲ့ရတယ်...

Yuki တို့လို traveller တွေက သဘာဝတောတောင်အလှ၊ ရေမြေအလှတွေ အပေါ် အခြားသူတွေထက် မပိုတောင် မလျော့သော ချစ်ခြင်းတွေနဲ့ ချစ်ကြတဲ့သူတွေပါ...

အခုလို ကာလကြီးအတွက် မြန်မာနိုင်ငံအတွက် စိတ်ရင်းနဲ့ ငြိမ်သက်နေခဲ့တာ ရာစုနှစ် ၁နှစ်ကျော် နီးပါးရှိခဲ့ပါပြီ 😔 စိတ်ရင်းနဲ့ မြန်မာနိုင်ငံကြီးအတွက် စိတ်မကောင်းပါဘူး...

ဒါပင်မဲ့ ...

ရပ်နေလို့မရတဲ့ ဘဝတွေ၊

သံသရာခရီးသည်တွေ၊

အလုပ်အတွက် ခရီးတွေ သွားလာနေရဦးမယ့်သူတွေ၊

သဘာဝတရားကို ချစ်မြတ်နိုးသူတွေ၊

မွေးရပ်မြေကို လွမ်းနေကြတဲ့သူတွေအတွက် ...

ခရီးသွား video file လေးတွေကို ပြန် run ပေးပါ့ရစေလို့ မျက်နှာညိုးငယ်စွာနဲ့ ခွင့်တောင်းအပ်ပါတယ်ရှင့်...

အားလုံးပဲ နားလည်ပေးကြမယ်လို့ မျှော်လင့်ရင်း...

ချစ်တဲ့

Want your business to be the top-listed Travel Agency in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yankin
Yangon