Golden Gate

Golden Gate

Share

Forex Trading , World Gold Trading Business Consultancy and Mentoring Services

06/10/2021

ကမ္ဘာလုံးဆိုင်ရာ Energy Crisis အပေါ်စိုးရိမ်မှု ဒီရေမြင့်တက်လာပြီး ဆက်တိုက်မြင့်တက်လာတဲ့ ရေနံစျေး
•••••••••••••••••••••••••••••••••••••••••••••••••••••••••••

Oct6,2021(12:15 Pm)

စက်သုံးဆီဝယ်လိုအားနှေးကွေးလာခြင်း လက္ခဏာဖြစ်သည့် အမေရိကန်ရှိ ရေနံစိမ်းသိုလှောင်မှုများ မြင့်တက်လာသော်လည်း ရေနံ၊သဘာဝဓာတ်ငွေ့ နှင့်ကျောက်မီးသွေးစျေးကွက် တို့ကျပ်တည်းမှု အရှိန်ကလျော့မသွားသေးပဲ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ကြပ်တည်းအပေါ် စိုးရိမ် မှုဒီရေမြင့်တက်နေပြီး ရေနံစိမ်းစျေးများ ၆ ရက်ဆက်တိုက် တက်လာခဲ့ပါတယ်။

Energy Crisis နဲ့ပါတ်သတ်ပြီး စိုးရိမ်လာမှုများအပြင်အဓိကရေနံစိမ်းသုံးစွဲ တဲ့ US နှင့် India တို့ မှာ ငွေကြေးဖောင်းပွ မှု ဖိအားတွေပါရင်ဆိုင်နေရတာကြောင့် ယခုနှစ် အတွက် ရေနံစိမ်းစျေးနှုန်းတွေက ၅၀%တက်လာခဲ့တယ်လို့သိရပါတယ်။

US West Texas Intermediate (WTI Crude Oil) တစ်စည်လျှင် ယနေ့ မနက် နေ့လည် ၁၂ နာရီ အချိန်ထိ ၇၉.၀၀ ဒေါ်လာထိ အမြင့်ဆုံးတက်လာပြီး Brent ရေနံစိမ်းသည် ယနေ့မနက်တွင်၀.၁၅ ရာခိုင်နှုန်း ၈၂.၆၈ ဒေါ်လာထိ အမြင့်ဆုံးတက်ထားပြီး သုံးနှစ်အတွင်းအမြင့်ဆုံးစျေးကိုမနေ့ကတက်လှမ်းခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံးရေနံသုံးစွဲသူ အမေရိကန်မှ စာရင်းအချက်အလက်များအရ စက်သုံးဆီဝယ်လိုအားနှေးကွေးနေသည့်လက္ခဏာအချို့ ရှိနေပါတယ်။ အောက် တိုဘာ ၁ ရက် ရက်သတ္တပါတ်အတွက် အမေရိကန်ရေနံသိုလှောင်မှုသည် တစ်ပတ်အတွင်းစည်ပေါင်း ၉၅၁,၀၀၀ အထိမြင့်တက်ခဲ့ပြီး ဓာတ်ဆီနှင့်ပေါင်းခံလောင်စာဆီသိုလှောင်မှုများလည်း တက်လာတယ်လို့ API အချက်အလက် များကဖော်ပြထားပါတယ်။

ထုတ်လုပ်မှု တိုးရန်ဖိအားပေးခံခဲ့ရတဲ့ OPEC+ သည် COVID-19 ကူးစက်မှု စတ္တုထလှိုင်းသည်ဝယ်လိုအား ပြန်လည်နာလန်ထူလာမှုကို ထိခိုက်မှာ စိုးရိမ် နေတယ်လို့ တနင်္လာနေ့က ဆွေးနွေးပွဲမတိုင်မီ သတင်းများက ဆိုလာပါတယ်။

တနင်္လာနေ့က ဆုံးဖြတ်ခဲ့တဲ့ OPEC+ ၏ သတ်မှတ်ချက်သည် ကမ္ဘာတစ်ဝှမ်းရှိစွမ်းအင်အကြပ်အတည်းတွေကိုချိန်ထိုးပြီးဈေးကွက်က မျှော်လင့်ထားသလို မဖြစ်ခဲ့သော်လည်း အကယ်၍ ဝယ်လိုအားများဆက်လက်မြင့်တက်နေပါက OPEC သည်လာမည့် အစည်းအဝေးမတိုင်မီ ၎င်းတို့ဆုံးဖြတ် ချက်ကိုပြင်ဖို့ ဖိအားပေးခံရနိုင်ခြေရှိကြောင်း ဖော်ပြပေးလိုက်ရပါသည်။

ကမ္ဘာ့ရွှေ ၊ရေနံ နှင့် နိုင်ငံတကာငွေကြေးတွဲများ ကို Online Trading ပြုလုပ်ရန်စိတ်ဝင်စားပါက လိုအပ်သည့် အချက် အလက်များ အသေးစိတ်ကို Golden Well Management & Consultant Co,ltd ရဲ့ Page Messenger (သို့မဟုတ်) Phone - 09971738581 သို့ ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။"

https://www.facebook.com/1251965701496315/posts/6861984783827684/

05/10/2021

OPEC+ ၏ Output Plan ကြောင့် ရေနံစိမ်းစျေးများ ၇ နှစ်တာအတွင်း အမြင့်ဆုံးစျေးနားထိ မြင့်တက်လာ
••••••••••••••••••••••••••••••••••••••••••••••••••••••

Oct 5,2021 (10:15 Am)

မနေ့က ရေနံစျေးနှုန်းများသည် ၂၀၁၄ ခုနှစ်နောက်ပိုင်းအမြင့်ဆုံးစျေးတန်းထိ တက်ခဲ့ပြီး ယနေ့မနက်အာရှချိန်မှာတော့ အတက်အနေအထားဖြင့် စျေးအနည်းငယ် ငြိမ်နေပါသေးတယ်။

ကမ္ဘာ့စွမ်းအင်စျေးကွက်လအကြပ်အတည်းဖြင့်ရင်ဆိုင်နေရသော်လည်း OPEC + သည် ၎င်းတို့ စီစဥ်ထားသည့်အတိုင်း Supply Rate ကို ဖြေးဖြေးချင်း ဆက်ထိန်းထားဖို့ဆုံးဖြတ်ခဲ့ပြီးနောက် ရေနံစျေးတွေပြန်တက်လာခဲ့တာပါ။

၎င်း မဟာမိတ်အဖွဲ့သည် နိုဝင်ဘာလအတွက် တစ်ရက်လျှင် စည်ပေါင်း ၄၀၀၀၀၀ အထိမြှင့်တင်ခဲ့တာကြောင့် တနင်္လာနေ့တွင် ရေနံက ၂.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး New York Futures Contract များ သည်တစ်စည်လျှင် ၇၈ ဒေါ်လာနီးပါးနှင့်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။

OPEC+ အစည်းအဝေး ‌မတိုင်မီ က သဘာဝ ဓာတ်ငွေ့ဈေးနှုန်းများမြင့်တက်မှုကြောင့်ဆောင်းရာ သီမတိုင်မီရေနံထုတ် ကုန်များဝယ်လိုအားပိုများလာနိုင်တာကြောင့် OPEC+ အနေဖြင့် ထုတ်လုပ်မှုကိုစီစဉ်ထားသည်ထက်ပိုမိုမြှင့်တင်လိမ့်မယ်လို့ စျေးကွက်စောင့်ကြည့်သူများက မျှော်လင့်ခန့်မှန်းထားကြတာပါ။

ဒါပေမယ့် OPEC+က လာမယ့် နှစ်လအတွင်း ‌ရောင်းလိုအားကိုစီစဥ်ထားသည့်အတိုင်း သတ်မှတ်ခဲ့ပြီး အဆိုပါဆုံးဖြတ် ချက်က COVID-19 ကြောင့်စီးပွားရေးပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ အထွက်နှုန်းတိုးမြှင့် ရန်အမေရိကန်နှင့်အိန္ဒိယတို့မှတောင်းဆိုမှုများကိုလျစ်လျူရှုခဲ့ပြီး တဖြည်းဖြည်းချင်းနှင့်လောင်စာဆီလိုအပ်ချက်အလားအလာကိုမြှင့်တက်စေခဲ့တာပါ။

သဘာဝဓာတ်ငွေ့ဈေးနှုန်းကြီးမြင့်နေတာကြောင့် အသုံးအဆောင်များအတွက်စွမ်းအင်ကို ဆီပြောင်းအသုံးပြုလာတာကြောင့် ယခုနှစ်နှောင်းပိုင်းတွင် ဝယ်လို အားဟာ တစ်ရက်လျှင် စည်ပေါင်း ၆၅၀၀၀၀ ပိုမိုလိုအပ်လာမယ် လို့ ရင်းနှီးမြှပ်နှံမှုဘဏ်ကြီးဖြစ်တဲ့Goldman Sachs Group Inc က ပြောထားပြီး ဆော်ဒီ Aramco ကလည်း ဓာတ်ငွေ့အကျပ်အ တည်းသည် ရေနံစိမ်းသုံးစွဲမှုကိုမြှင့်တင်နေပြီဟုပြောကြားခဲ့ပါတယ်။

ယနေ့ အင်္ဂါနေ့ မနက်အာရှချိန်တွင် US Crude Oil တစ်စည်လျှင် ၇၇.၈၀၂ ဒေါ်လာထိမြင့်တက်ထားပြီး UK Brent Oil တစ်စည်လျှင် အမြင့်ဆုံး ၈၁.၅၂၇ ဒေါ်လာထိ တက်ထားပါတယ်။ OPEC+ ဆုံးဖြတ် ချက်သည် စျေးကွက်အခြေအနေကိုပုံမှန်ဖြစ်စေလိမ့်မယ်လို့ Rossiya 24 နိုင်ငံပိုင်ရုပ်သံလိုင်းမှထုတ်လွှင့်သောအစည်း အဝေး၏မိန့်ခွန်းအတွင်းရုရှားဒုတိယဝန်ကြီးချုပ် Alexander Novak ကပြောကြားခဲ့ပြီး လာမည့် နိုဝင်ဘာ ၄ ရက်‌နေ့
တွင်ထုတ်လုပ်မှုမူဝါဒများအား ဆွေးနွေးရန် ၀န်ကြီးများထပ်မံတွေ့ဆုံဖို့ရှိကြောင်း ဖော်ပြပေးလိုက်ပါသည်။

ကမ္ဘာ့ရွှေ ၊ရေနံ နှင့် နိုင်ငံတကာငွေကြေးတွဲများ ကို Online Trading ပြုလုပ်ရန်စိတ်ဝင်စားပါက လိုအပ်သည့် အချက် အလက်များ အသေးစိတ်ကို Golden Well Management & Consultant Co,ltd ရဲ့ Page Messenger (သို့မဟုတ်) Phone - 09971738581 သို့ ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။"

Want your business to be the top-listed Accountant in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon
11081

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00