Auto Land -Car Service

Auto Land -Car Service

Share

Korea ကားရောင်းဝယ်ရေးနှင့် Korea ကားအပိုပစ္စည်း | Car Service အမျိုးမျိုးကို ဝန်ဆောင်မှုပေးပါသည်🙏🏻

Photos from Auto Land -Car Service's post 18/04/2024

Please admin 🙏🏻

အရောင်းpost လေးပါရှင် 🙏🏻

🚘✅Model - Grand Starex
🚘✅Model Year - 2014
🚘✅price-5++

Chat Box မှဖြစ်စေ၊ ဖုန်းဖြင့်ဆက်သွယ်၍ဖြစ်စေ ဆက်သွယ်စုံစမ်း မေးမြန်းပေးပါရှင် ……

လိပ်စာလေးကတော့ 🚘-{အမှတ် -124} မြတ်လေးလမ်း |ပုလဲမြို့သစ် ရခိုင်ကျောင်းမှတ်တိုင် 🚏

Ph No ☎️ -09425050637

23/01/2024

Welcome Auto Land-Car Service 🙏🏻

Korea Car အပို ပစ္စည်းများ စျေးနှုန်း ချိုသာစွာနဲ့ရောင်းချပေရနေပါတယ်ရှင်

Grand Starex -Original ရှေ့ရှဲ
Price - 80000

လိပ်စာလေးကတော့ 🚘-{အမှတ် -124} မြတ်လေးလမ်း |ပုလဲမြို့သစ် ရခိုင်ကျောင်းမှတ်တိုင် 🚏

Ph No ☎️ -09979465056

Photos from Auto Land -Car Service's post 23/01/2024

Welcome Auto Land-Car Service 🙏🏻

Korea ကားအပို ပစ္စည်းများကို စျေးချိုချိုနဲ့ ဘယ်မ မရနိုင်တဲ့စျေးနဲ့ရမီာပါရှင်…

စတိုရှင်းစျေးနှုန်းတွေနဲ့ရောင်းမှာပါ…

✅Grandstarex
✅porter
✅Bongo
✅Grace
✅Bongo Coach နဲ့ပက်သတ်တဲ့ ပစ္စည်းများရနိုင်ပါတယ်ရှင့်…

လိုအပ်တဲ့ ပစ္စည်းလေးတွေကို phဆက်မေးပေးပါရှင်…

လိပ်စာလေးကတော့ 🚘-{အမှတ် -124} မြတ်လေးလမ်း |ပုလဲမြို့သစ် ရခိုင်ကျောင်းမှတ်တိုင် 🚏

Ph No ☎️ -09425050637
-09693016488

28/12/2023

အခုတင်ပြမှာကတော့ မိတ်ဆွေတို့ ကားဒက်ဘုတ်ထဲမှာ ပြတဲ့ Heat Indicator အကြောင်းပါ 💥💥💥

ကားကို စတင်အသုံးပြုဖို့ အင်ဂျင်ကို နိုးလိုက်ပြီဆိုတာနဲ့ ဒက်ဘုတ်ထဲက Sign တွေအကုန်နီးပါးက အင်ဂျင်နိုးပြီဆိုတာနဲ့ပြန်ပျောက်သွားပါတယ် ။မပျောက်ပဲကျန်တာကတော့ Gear Position ပြတဲ့ indicator နှင့် အပြာရောင်လဲ့လဲ့ Heat indicator လေးပါပဲ ။
စနိုးနိုးခြင်းအပြာရောင် heat indicator လေးပြနေတာ ပုံမှန်ပါပဲ ဒါပေမဲ့ အရေးမကြီးရင် မောင်းမထွက်သင့်သေးပါဘူး အင်ဂျင်ရဲ့လိုအပ်တဲ့အပူချိန်ရောက်အောင် နိုးထားပြီးမှ ကားကို စထွက်သင့်ပါတယ် ။
လိုအပ်တဲ့အပူချိန်ရပြီဆိုတာနဲ့ ပျောက်သွားပါလိမ့်မည် ဒါဆို ကားကိုစတင်အသုံးပြုဖို့ အဆင်သင့်ဖြစ်သွားပြီး ထွက်သွားလို့ရပါသည်။

နောက်တစ်ခုက မောင်းနေရင်းရုတ်တရက် Heat Indacator အနီရောင်ပေါ်လာပြီဆိုရင်တော့ ကားအင်ဂျင်အပူချိန်က လိုအပ်တာထက် ပိုနေပြီဆိုတာ သတိပေးနေပါပြီ။ ဒါဆို ကားကိုချက်ချင်းဘေးကပ်ရပ်ဖို့လိုအပ်လာပါပြီ၊
ကား Heat တက်ရတဲ့ ပြဿနာတော်တော်များများကလည်း အခြေခံအားဖြင့်တော့ Coolant leakage ကနေဖြစ်တယ် ။ ရေပိုက်တွေကွဲတာ ၊ ရေလည်အုံတွေ ၊ ရေဇလုပ်ခေါ်တာတွေ ပေါက်တာ ကွဲတာ အက်တာ ၊ ပန်ကာဘွတ်ချောင်ပြီး လိုအပ်တဲ့ လည်နှူန်းမရတာ တွေကနေ ရေတိုင်ကီထဲက အင်ဂျင်အအေးပေးတဲ့ စနစ်ပျက်ယိုယွင်းပြီး Heat တက် စက်ရပ်အဖြစ်များပါတယ် ။
ကားမောင်းတဲ့သူတွေ သိထားရမှာက
Heat Gauge indicator ကို ကားမောင်းတိုင်း သတိပြုဖို့ပါ ၊ Heat Gauge indicatod ဟာ ပုံမှန်အားဖြင့် ဒိုင်ခွက် C နဲ့ H အလည်မှာရှိပါတယ် ။ ဒါဟာပုံမှန်အခြေအနေပါ ။ ပုံမှာပြထားပါတယ် ။ တချို့ကလည်း နားလည်မှုလွဲပြီး C မှာ ပြမှ ပုံမှန်ထင်နေတတ်လို့ပါ ။ အဲ့ဒါမှားပါတယ် ။ ပုံမှန်က C နဲ့ H အလည်မှာရှိရပါမယ် ။
ကားမောင်းနေရင်း Indicator က ပုံမှန် အလည်မှတ်ကနေ H အမှတ်ဆီ အတင်းထောင်တက်လာတယ်ဆို (သို့ )heat indicator ပေါ်လာပြီး နီနေတယ်ဆိုရင် သင့်ကား Cooling System မှာ တခုခု ချို့ယွင်းနေပြီး သင့်ကားHeat တက်နေပါပြီ ။
ဒါဆို ကားရှင်းတဲ့နေရာ မြန်မြန်ရှာ လမ်းဘေး (သို့) လမ်းကြားထဲ ဝင်ပြီး ကားအမြန်ရပ်တန့်သင့်ပါပြီ ။

သတိထားပါ💥💥💥

ကားရပ်ရပ်ခြင်း တချို့ ကားမောင်းသူတွေ လုပ်တတ်တဲ့ အမှားတခုက ရေရှိမရှိ ရေတိုင်ကီ အဖုံးပြေးဖွင့်ကြည့်တတ်ပါတယ် ။ A little knowledge is dangerous ပါ ။
ရေတိုင်ကီ အဖုံး Radiator Cap မှာရေးထားပါတယ် ။
Never open when hot ပါတဲ့ ။ ပူနေတဲ့ အချိန် လုံးဝ မဖွင့်ပါနဲ့တဲ့ ။ ပူနေတဲ့ အချိန်ဖွင့်ပါက Pressure တခုနဲ့ ဖိသိပ်ထားတဲ့ ရေတိုင်ကီထဲက ရေနွေးပူပူတွေနဲ့ မိတ်ဆွေ ရေချိုးရပါမယ် ။
ရေတိုင်ကီအေးအောင် အချိန်တခုထိစောင့်ပြီးမှ ရေတိုင်ကီ အဖုံးကိုဖွင့်ပါ ။ ရေခမ်းနေရင် ရေဖြည့်ပါ ။ ကားအင်ဂျင်ခန်းအောက် ရေယိုစိမ့်မှုရှိမရှိ စစ်ကြည့်ပါ ။
ဘာမှ မလုပ်တတ်ရင် ဝပ်ရှော့ဖုန်းဆက်ပါ ။
အထူးသတိပြုရမှာက ကားမမောင်းခင် ရေတိုင်ကီ ရေရှိမရှိစစ်သင့်ပါတယ် ။
မစစ်ဘဲ မောင်းမိရင် Heat Gauge ကို သတိပြုကြည့်ပါ ။ Heat တက်မှန်းမသိလို့ ကားစက်ထိုးရပ်တာ အခါခါဆိုရင် Gasket တွေပြတ်ပြီး အပေါ်ခြမ်းဖွင့် Car Head လိမ်တာ ၊ ကစလို့ အင်ဂျင် ပြဿနာတွေဖြစ်လာရင်
သင့်ပိုက်ဆံအိတ်လေး လည်း ကျန်းမာရေးခြူခြာသွားနိုင်ကြောင်းပါခမျာ ။
အားလုံး သတိထားနိုင်ကြပါစေ ။ စေတနာဖြင့်


Referred Internet
Photos Internet
မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit
ပေးပါသည်။

Photos from Auto Land -Car Service's post 28/12/2023
28/12/2023

#အင်ဂျင်ကူးလန့် (Coolant) ကို_ပြည့်လျှံနေအောင်_ဖြည့်သင့်လား??? 💥💥💥

ကားအင်ဂျင် အအေးပေး စနစ်မှာ အင်ဂျင် ကူးလန့် (Coolant) ကို အသုံးပြုကြပါတယ်။
ကူးလန့်ကို အသုံးပြုရခြင်း အဓိက
ရည်ရွယ်ချက်တွေကတော့
🔺အေးခဲမှုကို ကာကွယ်ခြင်း၊
🔺သံချေးတက်မှုမှ ကာကွယ်ခြင်း၊
🔺ရေဆူမှတ်ကို မြှင့်ပေးခြင်း နှင့်
🔺ယိုစိမ့်မှု ဖြစ်တဲ့အခါ အလွယ်တကူ မြင်နိုင်ခြင်းတို့ဘဲ ဖြစ်ပါတယ်။
ဒီဆောင်းပါးလေးမှာ အင်ဂျင် ကူးလန့်ကို
ပြည်လျှံအောင် ထည့်သင့်လားဆိုတာ နဲ့ ပါတ်သက်ပြီး ဗဟုသုတ အဖြစ် မျှဝေပေးချင်ပါတယ်။ 🙋‍♂️🙋‍♂️🙋‍♂️
အင်ဂျင် အအေးပေး စနစ်မှာ ရေပြန်ဗူးလို့ ခေါ်တဲ့ Reservoir Tank မှာ စနစ်နှစ်မျိုးရှိပါတယ်။
တစ်မျိုးက Expansion Tank ဖြစ်ပြီး
နောက်တစ်မျိုးကတော့ Overflow Tank ဖြစ်ပါတယ်။
တော်တော်များများကားတွေမှာ Overflow Tank
(အိုဗာဖလိုး) ကို အသုံးပြုကြပြီး မော်ဒယ်မြင့်ကားတွေမှာတော့ Expansion Tank ကို အသုံးပြုကြပါတယ်။
နှစ်မျိုးစလုံးကတော့ ပိုလျှံနေတဲ့
အင်ဂျင်ကူးလန့်တွေကို ယာယီ သိုလှောင်ပေးဖို့
ဖြစ်ပါတယ်။
ကူးလန့်ဖြည့်တဲ့အခါ ရေတိုင်ကီ နှင့် အင်ဂျင်ထဲကို အပြည့် ဖြည့်ပြီးသွားရင် ရေပြန်ဗူးထဲကိုလည်း
ထပ်ဖြည့်ပါတယ်။
ရေပြန်ဗူးမှာ Full နှင့် Low (Max နှင့် Min) ဆိုပြီး
အမှတ် (၂) ခုပါဝင်ကာ Full အထိ ဖြည့်ရပါတယ်။
ကူးလန့် ဖြည့်ပြီးသွားတဲ့အခါ အင်ဂျင်ပူအောင်
နှိုးထားရပါတယ်။
အင်ဂျင် သတ်မှတ် အပူချိန်ရောက်တဲ့အခါ
သာမိုစတက် (Thermostat) ပွင့်ပြီး အအေးပေးစနစ်လည်ပတ်သွားတဲ့အခါ ရေပြန်ဗူးထဲက ကူးလန့်တွေ လျော့သွားပါတယ်။
အဲ့ဒီအခါ အင်ဂျင် ကူးလန့်ကို Full အထိ ပြန်ထပ်
ဖြည့်ရပါတယ်။
ဒါပေမယ့် အင်ဂျင်ကူးလန့်ကို ပြည့်လျှံ ကျတဲ့အထိ
မထည့်သင့်ပါဘူး။
ပြည့်လျှံကျတဲ့အထိ ဖြည့်ထားတဲ့အခါ ကား
အသုံးပြုပြီလို့ အင်ဂျင်ပူ သွားတဲ့အချိန် ကူးလန့်
ထုထည်ပွလာပြီး ပိုလျှံနေတဲ့ ကူးလန့်တွေကို
ရေပြန်ဗူးဆီကို ပို့ပေးပါတယ်။
တကယ်လို့ ရေပြန်ဗူးထဲမှာ ကူးလန့်တွေ
ပြည့်နေတယ်ဆိုရင် ရေပြန်ဗူးမှ အင်ဂျင်ကူးလန့်တွေက လျှံကျကာ အင်ဂျင်ခန်းကို ကူးလန့်များ ဖိတ်စင်
ပေကျံကုန်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် အင်ဂျင်ကူးလန့်တွေက ပူနေတဲ့
အစိတ်အပိုင်းတွေပေါ် စီးကျတယ်ဆိုရင်လည်း
ကူးလန့်ညော်နံ့တွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။
အင်ဂျင်ကူးလန့်တွေ စီးကျတဲ့အခါ ကြီးကြီးမားမား ပျက်စီးစေနိုင်တဲ့ အချက်တခုကတော့
ဝါယာဆော့ကဒ်တွေထဲကို စိမ့်ဝင်စေတာဘဲဖြစ်ပါတယ်။
ပိုလျှံကျနေတဲ့ ကူးလန့်တွေက အင်ဂျင်ခန်းထဲက
ဆင်ဆာများ၊ အက်ကျူရေတာများ နှင့် လျှပ်စစ်ပစ္စည်းများပေါ်ဖိတ်စင်ကျတဲ့အခါ ဝါယာရှော့ကိုလည်း
ဖြစ်စေနိုင်သလို လျှပ်စစ်ပစ္စည်းတွေလည်း
ပျက်စီးစေနိုင်ပါတယ်။
နောက်ထပ် ဆိုးကျိုး တစ်ချက်ကတော့
အင်ဂျင်ကူးလန့် ပြည့်လျှံ ကျသွားတဲ့အခါ
သက်ရှိသတ္တဝါတွေက အင်ဂျင်ကူးလန့်ကို
သောက်သုံးမိရင် အင်ဂျင်ကူးလန့်ထဲမှာ ပါဝင်တဲ့ အဆိပ်အတောက်တွေက သေစေနိုင်လောက်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် အင်ဂျင်ကူးလန့်ကို သတ်မှတ်ထားတဲ့
ပမာဏဖြစ်တဲ့ Full အထိသာ ထည့်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

credit-မူရင်းရေးသားသူ
မူရင်းရေးသားသူအားလေးစားစွာဖြင့်

Photos from Auto Land -Car Service's post 28/12/2023

မင်္ဂလာပါရှင်🙏🏻

Auto Land-Car Service မှကြိုဆိုပါတယ်​ရှင် ….

ဒီအပတ်ထဲကြည့်ဖစ်တဲ့ ကားလေးတွေပါရှင်

ယုံကြည်စိတ်ချစွာနဲ့ လာရောက်ပေးသော

ဧည်သည်များလဲ အထူးကျေးဇူးတင်အပ်ပါသည် …

လိပ်စာလေးကတော့ 🚘-{အမှတ် -124} မြတ်လေးလမ်း |ပုလဲမြို့သစ် ရခိုင်ကျောင်းမှတ်တိုင် 🚏

Ph No ☎️ -09425050637
-09693016488

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

အမှတ်/၁၂၄ မြတ်လေးလမ်း ပုလဲမြို့သစ် ရခိုင်ကြောင်းမှတ်တိုင်
Yangon
11021