Oh Myanmar
Photo and video ( pre wedding)
Car Rental Service
ကားအငှါးဝန်ဆောင်မှု
08/08/2025
#သေရမှာကြောက်စရာလား
( #တရားအားထုတ်သည့်အလေ့အကျင့်ကသူ့အလုပ်သူလုပ်သွားပါလိမ့်မည်)
(ဒေါက်တာ ဖေသက်ထွန်း)
မိမိရဲ့ဆရာဝန်သက်တန်းတစ်လျှောက်မှာ လူနာများစွာ၊ ရောဂါပြင်းထန်သူများစွာ၊ သေတဲ့သူ များစွာနဲ့ လုပ်ငန်း သဘာဝအရ ရင်းနှီးစွာ ဆုံခဲ့ရဘူးပါတယ်။
အများစုကတော့ပုထုဇဉ်ပီပီသေရမှာကြောက်တဲ့သူတွေသာများပါတယ်
တချို့ဆိုဘာမဟုတ်တဲ့ အနာရောဂါလေးဖြစ်တာ ခေါင်းကိုက်တာ တုတ်ကွေးဖျားလေး ဖျားတာလောက်ကိုပဲ မျက်စိမျက်နှာတွေ ပျက်ပြီး တခွေခွေနဲ့ အိပ်ရာထဲ လဲနေလောက်အောင် စိတ်ဆင်းရဲနေကြပါတယ်။
ဦနှောက်သွေးကြောပြတ်ပြီး သေသွားသူတွေ အကြောင်းကို ကြားဘူးနားဝနဲ့ သာမာန် ခေါင်းမူးတာလေးကိုပဲ သူ့ကိုယ်သူ ဦးနှောက်ကြော ပြတ်တော့မှာလို့ ထင်တဲ့စိတ်နဲ့ ငိုကာယိုကာ ထိမ်းမနိုင် သိမ်းမရ သေမှာကြောက်နေတဲ့ သူတွေကိုလည်း မကြာခဏ ဆေးကုပေးခဲ့ရ ပါတယ်။
နေမကောင်းတာနဲ့ အိပ်ရာထဲက မထတော့ပဲ မျက်နှာငယ်ကလေးနဲ့ တငြီးငြီး တငြူငြူလုပ်နေတဲ့
#တရားသမားအရင့်အမာကြီးတွေကိုတောင်တွေ့ဘူးပါတယ်။
ကျန်းမာရေးကောင်းနေတဲ့အခါမှာတော့သေရမှာမကြောက်ဘူးလို့ပြောတတ်တဲ့သူတွေလည်း ရှိပါတယ်။
အများစုကတော့ အခုလောလောဆယ်တော့ ကိုယ်ကိုယ်ကို မသေနိုင်လောက်သေးဘူး ဆိုတဲ့ အထင်နဲ့ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေရင်း ဟန်ဆောင်ကြွားဝါပြီး မကြောက်ဘူး ပြောနေ ကြတာများပါတယ်
#တကယ့်အရေးမှာကျတော့လူအများစုဟာသေရမှာကိုသေမတတ်ကြောက်ကြပါတယ်
တစ်ချို့လူတွေလည်း သေလောက်တဲ့ရောဂါတွေ ဖြစ်နေပြီလို့ သိကာစမှာ ကြောက်တဲ့စိတ်နဲ့ ပူကာ လောင်ကာ ဖြစ်တတ်ပေမဲ့ တကယ်တမ်း ကြိုးစားကုသရင်း ဘယ်လိုမှ ကုသလို့ မရနိုင် တာကိုသိပြီး
တကယ်သေရတော့မှာကိုနားလည်သွားတဲ့အခါမှာတော့စိတ်လျှော့ပြီးလက်ခံနိုင်လိုက်တာမျိုးလည်းရှိပါတယ်
အဲဒီလို သေချာပေါက် သေရတော့မယ်ဆိုတာကို သိသွားတဲ့ အချိန်မှာ
#စိတ်လျှော့လက်လျှော့နဲ့သေခြင်းတရားကိုကျေကျေနပ်နပ်လက်ခံလိုက်တာတောင်မှအလွန်အကျိုးများပါတယ်
အဲဒီလို လက်ခံနိုင်လိုက်တဲ့စိတ် ထားနိုင်တဲ့ သူတွေဟာ ငြင်းဆန်နေတဲ့သူတွေစာရင်
သူတို့ရဲ့နောက်ဆုံးခရီးဟာပိုပြီးသက်တောင့်သက်သာနဲ့ငြင်ငြင်သာသာရှိတတ်ပါတယ်။
နိုင်ငံခြားက ရောဂါပြင်းထန်လို့ သေခါနီးတဲ့ လူနာတွေကို သီးသန့် ပြုစုစောင့်ရှောက်ပေးတဲ့ ဋ္ဌာနတွေက မှတ်တမ်းတွေမှာ ရေးထားတာတွေ ရှိပါတယ်။
အဲဒီလို သေလောက်တဲ့ရောဂါတွေနဲ့သေဖို့စောင့် နေကြတဲ့ လူနာတွေထဲမှာ
သေမှာကိုကျေကျေနပ်နပ်လက်ခံလိုက်တဲ့သူတွေဟာ နာကျင်မှုတွေကိုဆိုးဝါးစွာမခံစားရပဲတည်ငြိမ်အေးဆေးစွာ
သေခြင်းတရားကိုရင်ဆိုင်သွားကြတဲ့အကြောင်း
သုတေသနလုပ်ထားတာတွေနဲ့အထင်အရှားသက်သေပြထားပါတယ်။
#သေမှာကိုကျေနပ်စွာလက်ခံလိုက်တဲ့စိတ်ကလေးထားနိုင်လိုက်တာနဲ့
#သေခြင်းတရားကိုရင်ဆိုင်တဲ့နေရာမှာများစွာလွယ်ကူသက်သာသွားစေပါတယ်။
#တကယ်သေရမှာမကြောက်ပဲ
#သေခြင်းတရားကိုစိတ်အေးလက်အေးနဲ့ရင်ဆိုင်သွားတဲ့သူတွေလည်းရှိပါတယ်။
အဲဒီအထဲက မှတ်မှတ်ရရ ဖြစ်ခဲ့ရတဲ့ သေရမှာ မကြောက်တဲ့သူ ( ၂ )ယောက်အကြောင်းကို ဥပမာပေးပြီး ပြောပြချင်ပါတယ်။
တစ်ယောက်ကအသက် ၉၀ လောက် အမေကြီး တစ်ယောက် ပါ။မိမိသိသလောက် နှစ်ပေါင်းများစွာ ဘယ်သူ့ကိုမှ အပြစ်တင်တာမျိုး ဒုက္ခပေးတာမျိုး မရှိပါဘူး။
မသေခင် (၂ )နှစ် လောက်ကထဲက သူသေရင် လာကြည့်ပြီး သေမသေ ဆုံးဖြတ်ပေးဖို့ မိမိကို မှာထားပါတယ်။
ပြီးတာနဲ့ ချက်ချင်း အသုဘချဖို့ ကြိုပြောထားတာပါ။
သူအသည်း အသန်ဖြစ်တော့ မိမိသွားကြည့်ပေးရပါတယ်။
ဘယ်လိုမှ အခြေအနေမကောင်းတဲ့ ကြားက မိမိကို ခပ်ယဲ့ယဲ့ပြုံးပြရင်း
#ဆရာလေးမရတော့ဘူးမဟုတ်လားလို့မေးလိုက်ပါသေးတယ်
တစ်နာရီလောက်ကြာတော့ ဆုံးသွားပါတယ်။ တချက်မှမငြီးပါဘူး။ အေးအေးဆေးဆေး သေသွားတာပါပဲ။
သမထ ဝိပဿနာတွေ အားထုတ်မထားပေမဲ့ သူဟာ
#နှစ်ပေါင်းများစွာသီလတွေလုံခဲ့ပါတယ်
#စိတ်ကောင်းတွေရှိခဲ့ပါတယ်
#အဲဒီနှစ်ချက်နဲ့သေခြင်းတရားကိုမတုန်မလှုပ်ရင်ဆိုင်သွားနိုင်ခဲ့ပါတယ်
နောက်တစ်ယောက်ကတော့
#နည်းလမ်းမှန်စွာတရားအားထုတ်ထားတဲ့မိတ်ဆွေတစ်ယောက်ပါ
#သေခါနီးမှာနီးပြီနဲ့တူတယ်ဆိုတဲ့စကားတစ်ခွန်းသာပြောပြီးတည်ငြိမ်အေးဆေးစွာတရားနဲ့သေသွားခဲ့တာပါ။
#သူတို့နှစ်ယောက်လုံးဟာအားလုံးကြားဘူးထားကြသလို
#ဝေဒနာတွေပြင်းပြင်းထန်ထန်ခံစားသွားရတာမျိုးမရှိပါဘူး။
တစ်နေ့က အရေးပေါ် လူနာလာပင့်တာနဲ့ လိုက်ကြည့်ပေးရပါတယ်။
လူနာနေတဲ့အိမ်က မိမိအိမ်နဲ့ နီးနေတာမို့ ချက်ချင်းဆိုသလို ရောက်သွားပါတယ်။
မိမိရောက်သွားတော့ လူနာကပက်လက် ကုလားထိုင် မှာထိုင်နေရက်သား တွေ့ရပါတယ်။အိပ်ပျော်နေသလိုပါပဲ။ စမ်းသပ်ကြည့်တော့ အသက်တော့မရှိတော့ပါဘူး။
အသက် ၇၈ နှစ် ရှိပါပြီ။ အထွေအထူး ရောဂါမရှိပါဘူး။
နေ့တိုင်းဒီကုလားထိုင်မှာ ထိုင်ရင်း သားသမီးတွေနဲ့ စကားပြောနေကျပါ။ ဆုံးတဲ့နေ့ကသမီး တစ်ယောက်က အနားမှာ ဆန်ရွေးနေတာပါ။ သူ့အမေနဲ့ စကားပြောနေရင်း သူ့ကိုဘာမှပြန်မပြောလို့ အိပ်ပျော်နေတယ်ပဲ ထင်နေခဲ့တာ။
တော်တော်ကလေးကြာမှ စိတ်ထဲမှာ မသင်္ကာလို့ သေချာကြည့်တဲ့အခါ အသက်ရှုတာ မတွေ့တာနဲ့ တခုခုမှားတယ် ထင်ပြီး မိမိကို လာပင့်တာပါ။
#ရုန်းရင်းဆန်ခတ်မရှိရုံမကဘာတခုမှတောင်မသိသာလိုက်ပါဘူး
#ဒီလူနာဘဝကူးသွားပုံဟာညင်သာလှပါတယ်
အကြောင်းသိတဲ့ လူနာတွေမို့ မိမိ သိထားတာတွေ ရှိပါတယ်။
သူဟာ တရားတွေကြိုးစား အားထုတ်ထားတာ လုံးဝ မရှိပါဘူး။ သာမာန်မိရိုးဖလာ ဗုဒ္ဓဘာသာပါပဲ။
မိမိရဲ့ဆရာဝန်သက်တမ်း ၂၅ နှစ်ကျော်အတွင်းမှာ မြို့ခံ ဆရာဝန်ဆိုတော့ အခုလိုဆေးကုစရာ မလိုတဲ့ လူနာတွေ များစွာကို လုပ်ငန်းသဘာဝအရ ကြည့်ခဲ့ရပါတယ်။ တချို့လည်းသေခါနီးဆဲဆဲပါ
#စောစောကလူနာလိုပဲတချို့လူတွေသေဆုံးသွားကြတာဟာအလွန်ငြင်သာပါတယ်
#ခြုံထားတဲ့စောင်ကလေးတောင်မတွန့်ပါဘူး
တစ်ချို့ကျ တော့ လဲ cancer လိုရောဂါမျိုးနဲ့ ဆိုတော့ မသေခင်မှာ နာကျင်မှုကို တော်တော် ခံစားကြရ ပါတယ်။
ဘာဘဲပြောပြော လူအများစုဟာ သေမှာကို တော်တော် ကြောက်ကြပါတယ်။
တချို့အစ အနောက်တောင် မခံနိုင်ပါဘူး။ အစမ်းသေကြည့်တာတောင် စိတ်ထဲမှာမခံနိုင်ပါဘူးဆိုတဲ့ သူတွေလည်း အများကြီးရှိနေပါတယ်။
မိမိလေ့လာကြည့်မိသလောက်လူတွေဟာ
(၁)
#ကြားဘူးနားဝစကားတွေနဲ့မသေခင်မှာသေလောက်အောင်နာမှာပဲဆိုပြီး
#အဲဒီနာမဲ့အနာကြီးကိုတွေးပြီးကြောက်နေကြတာမို့
#သေရမှာကိုကြောက်ကြပါတယ်
(၂)
#ထားခဲ့ရမဲ့သက်ရှိသက်မဲ့အရာတွေအပေါ်မှာစွဲလန်းတဲ့စိတ်နဲ့လည်းသေမှာကိုကြောက်ကြပါတယ်
(၃)
နောက်ဆုံးအချက်က
#သေပြီးရင်အပါယ်ကျမှာစိုးလို့လည်းဒီဘဝကိုစွန့်ပြီးမသေရဲကြပါဘူး
သေတာနဲ့ပါတ်သက်ပြီး ဒီအကြောင်းတွေကို နည်းနည်း စဉ်းစားကြည့် စေချင်ပါတယ်။
တကယ်တော့ သေတယ်ဆိုတာဟာ အလွန်ကြောက်စရာ ကောင်းတဲ့ အရာကြီးတစ်ခု
ကိုယ့်ဆီရောက်လာတာ မဟုတ် ပါဘူး။
#မနေရတော့တာတစ်ခုပါပဲ
#နေခွင့်မရှိတော့တာနေခွင့်တစ်ခုကုန်ဆုံးသွားတာဟာသေတာပါပဲ
#ရှေ့ကလူတွေလည်းဒီလိုပဲနေခွင့်တွေကုန်ဆုံးသွားခဲ့ရတာပါ
#ကြောက်တဲ့သူလည်းကြောက်ရင်းသေရတာပါပဲ
#မကြောက်တဲ့သူလည်းမကြောက်ပေမဲ့သေရတာပါပဲ
#ခံစားချက်တွေဘယ်လိုပဲရှိရှိ
#နောက်ဆုံးမှာတော့သူတို့လည်းဒီလိုပဲရင်ဆိုင်သွားခဲ့ကြတာပါ
ကိုယ်လောက်အသိဥာဏ်မရှိ၊ ကိုယ်လောက် ပြင်ဆင်ထားတာ မရှိတဲ့ သူတွေတောင် ရင်ဆိုင်နိုင်သေးတာ
#ဘုရားရှင်ရဲ့တရားတော်တွေကိုကျင့်ကြံပွားများအားထုတ်ခွင့်ရနေတဲ့ကိုယ်ကဘာလို့ကြောက်နေရမှာလဲ
#နေခွင့်မရှိရင်မနေရုံပဲပေါ့
#သေရင်တောင်မသေခင်လေးမှာသေလောက်အောင်နာမှာပဲဆိုတဲ့စကားကိုလည်း သေချာစဉ်းစားဖို့လိုပါတယ်
စောစောက ပြောခဲ့တဲ့လူနာတွေလို ဘာမှ သိပ်မခံစားရပဲ သေသွားတဲ့ သူတွေကိုလည်း အားလုံးကြုံဖူးကြမှာပါ။
ကိုယ့်အလုပ်နဲ့ ဆက်စပ်နေတာမို့
***သေခါနီးလူနာများစွာကို
***နောက်ဆုံးအချိန်အထိ ထိုင်စောင့်ပေးခဲ့ရဘူးပါတယ်
***တကယ်သေခါနီးအချိန်မှာ
***တချို့ဆယ့်ငါးမိနစ်နာရီဝက်လောက် အလိုမှာ အသက်ရှူတယ်ဆိုရုံ ရှူရင်း ငြိမ်ကျသွားပါတယ်
***နာလွန်းလို့ တွန့်လိမ် ရုန်းကန်နေရတာမျိုးတွေ မရှိတော့ပါဘူး
***ငြိမ်းခါနီးမီးတောက်တစ်ခုလိုပဲ တချို့ဆို သေခါနီးမှ စကားတွေ ဘာတွေတောင် ပြောသွားလိုက်ပါသေးတယ်
***သေလောက်အောင် ဖေါက်ပြန်လို့သာ သေသွားတယ် ဆိုတာမှန်ပါတယ်
***ဒါပေမဲ့ အဲဒီ ဖေါက်ပြန်တာကို
#အလွန်နာမှာပဲလို့တော့မယူဆစေချင်ပါဘူး
ိုရောဂါမျိုးမို့နာကျင်မှုတွေခံစားရမယ်ဆိုရင်လည်း
#နာစရာရှိတာနာပေါ့
#အနာသက်သာတဲ့ဆေးတွေနဲ့လည်းကုမှာပေါ့
***အစပိုင်းဘယ်လိုပဲနာနေပေမဲ့
#နောက်ဆုံးအချိန်သေခါနီးမှာတော့မနာတော့ပါဘူး
***အဲဒီအချက်နဲ့ပါတ်သက်ပြီး ဘုရားရှင် ဟောကြားထားတာ ရှိပါတယ်။
***သေခါနီးမှာ ကာယပသာဒတွေ အရင်ဆုံး ချုပ်ပါတယ်။
***ကျန်တာတွေလည်း တဖြည်းဖြည်းချုပ်သွားရင်းနဲ့ တဖြည်းဖြည်း ဆုပ်သွားလိုက်တာ
#နောက်ဆုံးမနောဝိညာဉ်စိတ်ကလေးတစ်ခုသာကျန်ပါတယ်
#ကာယပသာဒချုပ်ကထဲကဘာနာကျင်မှုမှ မရှိတော့ပါဘူး
***ဘာထိတွေ့မှုကိုမှ မသိတော့ပါဘူး
ဒီအကြောင်းတွေကို မြတ်စွာဘုရားဟောတဲ့ ဖဂ္ဂုနသုတ္တန် မှာ အသေးစိတ်ပါပါတယ်
***သေခါနီးလူတွေ အစက ဘယ်လောက်ပဲ နာလို့ အော်ဟစ် ရုန်းကန် နေပေမဲ့
***တကယ်သေတော့မဲ့ အချိန်နီးလာရင်
***ငြိမ်သွားတတ်တာ
***ဆရာဝန်တွေ ဆေးဝန်ထမ်းတွေ တော်တော်များများ သတိထားမိမယ် ထင်ပါတယ်
#ဆိုလိုချင်တာကမိမိတို့အများစုကြောက်နေကြတဲ့နာကျင်မှုဆိုတာတွေလုံးဝမရှိဘဲနဲ့
#သေခါနီးမှာတရားနှလုံးသွင်းဖို့
#အချိန်ကောင်းစွာရပါတယ်
#ကိုယ့်စိတ်ကလေးကိုကြည့်နေရင်းနဲ့ သေရမှာပါ
#ဆရာတော်ဦးဇောတိကလည်းဒီအကြောင်းတွေဟောခဲ့ဘူးပါတယ်
#အသက်ရှုရပ်ပြီးမိနစ်၂၀လောက်ကြာတဲ့အထိ
#သိတဲ့စိတ်ကဆက်ရှိနေပါတယ်
#အဲဒီအချိန်လေးမှာသာ
#မိမိတို့အနေနဲ့အားထုတ်ရင်းသေနိုင်ခဲ့မယ်
#ကုသိုလ်စိတ်တွေနဲ့သေနိုင်ခဲ့မယ်ဆိုရင်
#ဘာမှကိုပူစရာမလိုတာပါ
မိမိအနေနဲ့ pressure 40/0 နဲ့
***( ၉ )နာရီ လောက် ဘယ်လိုနာကျင်မှုမျိုးကိုမှ မခံစားရတော့ပဲ
***အချိန်ကောင်းစွာ ရပြီး
***တရားအားထုတ်ရင်း ဆုံးသွားတဲ့
***အစာအိမ် cancer လူနာ တစ်ယောက်ကို တွေ့ခဲ့ဘူးပါတယ်။
#မိမိတို့သာသူတော်ကောင်းတရားတွေနဲ့
#ထိုက်သင့်သလောက်ပြည့်စုံအောင်ရင့်ကျက်အောင်လေ့ကျင့်ထားမယ်အားထုတ်ထားမယ်ဆိုရင်
#အဲဒီအချိန်လေးမှာဆက်ပြီးအားထုတ်သွားရုံပါပဲ
#အဲဒီလိုသာအားထုတ်နိုင်ရင်
#အခုဘဝတရားမရရင်တောင်
#ဒုတိယဘဝမှာရနိုင်တဲ့အကြောင်းကိုဘုရားရှင်အာမခံထားတော်မူခဲ့ပါတယ်
***အဲဒီလို quality ကောင်းတဲ့စိတ်နဲ့သာ သေနိုင်သွားရင်
***ကျန်ခဲ့တာတွေကို ဘာများစွဲစရာ ရှိသေးလို့လဲ
#နောက်ဘဝဘာဖြစ်မယ်ဆိုတာကိုလည်းတွေးပူစရာမရှိပါဘူး
#အပါယ်ကျဖို့ဆိုတာခေါင်းထဲမှာထည့်ထားစရာတောင်မလိုတာပါ
***အရေးကြီးတာက
***မိမိတို့ဘက်က
***အခုလို ကျန်းမာရေး ကောင်းလို့ စွမ်းနိုင်တုံးမှာ သီလ၊ သမာဓိ၊ ပညာ အကျင့်တွေကို
***နည်းလမ်းမှန်စွာ ကြိုးစားအားထုတ်ဖို့ပါပဲ။
***နေတဲ့အချိန်မှာ ကာယကံ၊ ဝစီကံ၊ မနောကံတွေ ကောင်းသည်ထက်ကောင်းအောင်၊ စိတ်ထားတွေ မြင့်မြတ်သည် ထက် မြင့်မြတ်အောင်၊ ကုသိုလ်စိတ်တွေ အမြဲဖြစ်လို့ ယဉ်ကျေးသည် ထက်ယဉ်ကျေးအောင်၊ စိတ်ထားတွေ စင်ကြယ်သည်ထက် စင်ကြယ်အောင်
#လေ့ကျင့်ထားမယ်ဆိုရင်
#သေတဲ့အခါမှာလည်း
#ဒီအလေ့အကျင့်တွေက
***သူ့အလုပ်သူလုပ်ဆောင်သွားပါလိမ့်မယ်
#တကယ်လေ့ကျင့်ထားတဲ့အားကိုးလောက်တဲ့တရားအသိတွေရှိနေသူအတွက်သေတော့လည်း
#ဂွပ်ကနဲသေလိုက်ရုံပါပဲ
" ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ "
**"တရားကျင့်သောသူကို
***တရားက ပြန်ပြီး စောင့်ရှောက်တယ်ဆိုတဲ့ ဘုရားရှင်ဟောကြားခဲ့တဲ့ တရားတော်ကို
#အကြွင်းမဲ့ယုံစေချင်ပါတယ်
#ကဲသေရမှာကြောက်စရာလား
Click here to claim your Sponsored Listing.
Website
Address
Yangon
606-815