Ywa Engineering Co.,ltd
ဆိုလာ တပ်ဆင် ရောင်းဝယ်ရေး လုပ်ငန်း
28/05/2026
Hybrid Inverter Circuit Diagram နားလည်ဖို့ အချိန် 3 လေးရက်လောက်ယူလိုက်ရတယ်။
ကိုယ်တိုင်က Electronic သမားမဟုတ်တော့ Electronic device တွေအကြောင်းအတော်လေ့လာဖတ်ယူရတယ်။
သင်တန်းတက်ဖို့ကလည်း အားခဲ အချိန်ယူနေပေမယ့် အခုထိအခွင့်ရေးမရသေး
-----
Arduino & Programming ပိုင်းလေ့လာခဲ့မိတော့
Sensor တွေ Controller တွေနဲ့မစိမ်းတော့ပဲ ရင်းနှကျွမ်းဝင်ခဲ့တယ်။
Arduino ကောင်းမူ့ကြောင့် Electrical Control ဆက်စပ်နားလည်မိသွားတယ်။
Control နားလည်သွားတော့ PLC အတွက်အထောက်ပံ့ကောင်းကောင်းရသွားတယ်။ Control + Programming + sensor and actuator ဆက်စပ်သွားတယ်။
ဟော ဆိုလာလည်း လုပ်ရော EV အကြောင်းက အကုန်ပေါင်းပြီးဆက်စပ်သွားရော
----
Control ရပေမယ့် electronic ပိုင်းကျ အခုမှအသည်းသန် ချိတ်ဆက်မိအောင်လုပ်နေရတုန်း
လောလောဆယ်
Online Course တွေ Free ဝင် Join လို့ရအောင် Telegram GP တွေလုပ်နေပါတယ်။ တင်ပေးပါမယ်။
Ywa engineering Co.ltd
09970315878
23/05/2026
ကျွန်တော့်ရဲ့ Error ရှင်းကိုင်တွယ်ပုံနည်းစနစ်များ
Er တခု
တပ်ဆင်ပေးခဲ့ပြီးတာ မကြာသေးတဲ့ ဟိုတယ်တခုက နေ့ည အဆင်ပြေစွာသုံးနေခဲ့ပေမယ့် တညမှာတော့ အင်ဗာတာက ခဏခဏ ဖြတ်ချနေကြောင်းပြောပါတယ်။
ဘက္ထရီကလည်းအားရှိနေတယ်။ အင်ဗာတာပူပြီးဖြတ်ချနေတယ်လို့ပြောပြလာပါတယ်။ အဆင်ပြေအောင်လာကြည့်ပေးဖို့ လုပ်ပေးဖို့ပြောလာပါတယ်။
---------
ပထမဦးဆုံး ဘယ်သူ(အိမ်ရှင်) ပဲပြောလာလာ ကျွန်တော်အရင်ဆုံးတောင်းတာက fault record ပါပဲ။
အိမ်ရှင်ဟာ ဒီစနစ်တွေနဲ့ပတ်သတ်ပြီး ဘာမှ သိနားလည်စရာမလိုပါဘူး မသိထားလည်း ဘာမှမဖြစ်ပါဘူး။
Fault ဖြစ်တဲ့အခါ ဘာမှမလုပ်သေးခင် ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ပျက်နေတဲ့ပုံစံအနေထားတွေကို Video Or photo ရိုက်ပေးဖို့ပဲလိုတာပါ။
-----
ဒါမှ ဘာကြောင့်ဖြစ်တယ်ဆိုတဲ့အဖြေကိုရမှာပါ။ အဖြေရမှ Fault ရှင်းတဲ့အခါ တိကျတဲ့ရှင်းလင်းချက်ကိုရမှာပါ။
မဟုတ်ရင် ဆေးမှီးတိုနဲ့ကုသလို ခဏတာပဲပြေမှာပါ။ မည်သည့် အိမ် မည်သူကိုမဆို အာမခံကာလ အတွင်းဖြစ်စေ ကျော်လွန်နေသည်ဖြစ်စေ အခုထိ မညီးမညူ လုပ်ကိုင်ပေးနေပါတယ်။
တချို့အရာတွေက လုပ်ကိုင်ဖန်တီးပေးထားတဲ့အနေထားအရ လူကိုယ်တိုင်လာစရာမလိုတဲ့အခြေနေတွေရှ်သလို လူလွတ်ပြီးဖြေရှင်းရမယ့်ဟာမျိုးလည်း လူလွှတ်ဖြေရှင်းပေးနေဆဲပါ။
----------
ပြန်ဆက်ရရင် အခု အင်ဗာတာပူလို့ ခဏခဏ ဖြတ်ချလာမူ့အပေါ် ဖြေရှင်းဖို့ လိုအပ်တဲ့ Data Record တွေတောင်းကြည့်ပါတယ်။
ပိုင်ရှင်ကလည်း အဝေးရောက်နေတော့ ဟိုတယ်မှာရှိတဲ့သူဆီတောင်းပြီး ဖြစ်စဥ်ကိုမေးကြည့်တယ်။
အင်ဗာတာက ညပိုင်းမီးပျက်ချိန်မှာဖြစ်တာ အရင်လိုပဲသုံးနေတာပါပဲ။
-----
မေး
အဲ့လိုဖြစ်ချိန် အင်ဗာတာက အော်သလား အင်ဗာတာက မီးဖျက်ချလို့ Panel ထဲကမီးတွေပိတ်သွားသလား
ဖြေ
Panel ထဲကမီးတွေမလင်းတော့ဘူး။
ပိတ်သွားတယ်။အင်ဗာတာက အော်တယ်။
စဥ်းစား အဖြေရှာခြင်း
ဒါဆို ဟုတ်ပြီ panel ထဲက မီးမလင်းတော့တာဟာ အင်ဗာတာက ဖြတ်ချပစ်လို့ပဲ။
အင်ဗာတာ ဖြတ်ချတာက အင်ဗာတာ ပူလို့လည်းဖြစ်နိုင်သလို ကိုယ်သတ်မှတ်ခဲ့တဲ့ Load ထက်ပိုသုံးနေလို့လည်းဖြစ်နိုင်တယ်ဆိုတာတွေးမိတယ်။
အင်ဗာတာကတော့ ပူစရာအကြောင်းမရှိ သေချာတာ သတ်မှတ်ထားတဲ့ Load ထက်ပိုသုံးနေတယ်ဆိုတာတွေးမိတယ်။
Record ကအလွယ်တောင်းမရနိုင်တာရယ် မတောင်းချင်တော့တာကြောင့်
လူလွှတ်လိုက်တယ် ညဖက်ကြီး အိပ်စောင့် ကြည့်ပေးဖို့အတွက် နေစရာပါစီစဥ်ပေးဖို့ပြောလိုက်တယ်။
----
ညရောက်တော့ ပြသာကို အင်ဗာတာရဲ့ Fault record ကိုကြည့်လိုက်တယ်။
Battery OverCurrent or Over discharge ပြနေတယ်။
------
Battery OvDs ကိုကာကွယ်ဖို့က Battery Breaker နဲ့ထိန်းထားတယ်။ Breaker မကျဘူး။
နောက်တခုက Battery OvDs ကို အင်ဗာတာမှာထိန်းထားတယ်။ 50amp
ဒါနဲ့ အင်ဗာတာက ညဖက်မီးမလာချိန် Load ဘယ်လောက်သုံးမိလို့ဖျက်ချခဲ့ရတာလဲသိနိုင်ဖို့ Deye cloud ထဲဝင်စစ်လိုက်တယ်။
Graph ထဲမှာ 17.6 kw အသုံးရှိနေခဲ့တယ်။ ဘက္ထရီက(8) လုံးတွဲဆိုတော့
17600 / 310v = 54amp
ထိအင်ဗာတာက ဆွဲတယ်။ အင်ဗာတာမှာက 50amp ပဲပေးထားတော့ အင်ဗာတာက ဖြတ်ချပစ်တယ်။
----
အမှန်က လူလွှတ်စရာမလိုပါဘူး။ ဒီဟာက အစောက record ကို Deye cloud ကကြည့်ရင် Ok ပြီ။
သို့သော် ဟိုတယ်နဲ့အနီး လုပ်နေတဲ့ Site ရှိနေတာကြောင့် လွှတ်လိုက်ပြီး စစ်လိုက်တယ်။
ဘက္ထရီထပ်ထည့်ဖို့ပြောခဲ့လိုက်ပါတယ်။
Batter OvDs = အင်ဗာတာကဖြတ်ချရင် အင်ဗာတာမှာပေးထားတဲ့တန်ဖိုးထက်များလို့
တန်ဖိုးမြင့်လို့ရနိုင်နဲ့အခြေနေဆို မြှင့်ပါ။ မရနိုင်တဲ့အခြေနေဆို မလုပ်ပါနဲ့။ ဘက္ထရီ & အင်ဗာတာ Data တွေကြည့်ရမှာပါ။
Ywa engineering Co.ltd
09979315878
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
11181
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |
| Sunday | 09:00 - 18:00 |