ALINA

ALINA

Share

Design & Fashion

24/04/2023

ALINA Page လေးငြိမ်နေတာ တခြားမဟုတ်ပါဘူးနော်☺️

ALINA မင်မင် သမီးလေးမွေးနေလို့ပါ😁

ALINA က ကာကာလေးတို့အတွက် အမြဲတမ်း စဥ်းစားပြီး အကောင်းဆုံးတွေပေးချင်တာ မင်မင်ရဲ့စေတနာပါ🥰

ခုလာမယ့် ၂၈ ရက်နေ့ သမီးလေး ရက် ၁၀၀ ပြည့်မှာမို့ အထူးအစီအစဥ်ရှိပါတယ်ရှင့်😍

စောင့်မျှော်နေမယ်လို့ မင်မင် ယုံကြည်ပါတယ်ရှင့်😊

🤩အကောင်းဆုံးတွေပေးချင်တာ
ALINA ရဲ့စေတနာ🤩

21/04/2023

ကလေးများနှင့် အပူဒဏ်🌻
---------------------
နွေရာသီ ဝင်ခါနီးလို့ ကလေးတွေကို အပူဒဏ်က ဘယ်လိုကာကွယ်မလဲဆိုတာ ရေးပေးလိုက်ပါတယ်။

ပူပြင်းတဲ့ရာသီမှာ ကလေးတွေအတွက် အရေးကြီးဆုံး အချက်ကတော့ ရေဓာတ်မဆုံးရှုံးဖို့ပါပဲ။ ကလေးတွေဟာအချိန်တိုအတွင်းရေဓာတ်လျင်မြန်စွာဆုံးရှုံးနိူင်ပါတယ်။ အဲဒီတော့ အရင်ဦးဆုံး ကလေးတွေ ရေဓာတ်လျော့ပါးပြီဆိုရင်တွေ့နိူင်တဲ့ လက်ခဏာတွေကို အရင်သိစေချင်ပါတယ် --
၁ ကလေးဟာ ပင်ပန်းနူံးနေခြင်း
၂ မျက်ကွင်းတွေ ချိုင့်နေခြင်း
၃ ပုံမှန်ထက်ဆီးသွားနည်းခြင်း သို့မဟုတ် ဆီးအရောင်ရင့်နေခြင်း
၄ ကိုယ်ကပူပြီးခြောက်သွေ့နေခြင်း
၅ လျှာတွေ နှုတ်ခမ်းတွေခြောက်နေခြင်း
၆ ကိုယ်ပူချိန်တက်ခြင်း
၇ အစားကောင်းကောင်းမဝင်တော့ဘဲတချိန်လုံးပျော့ခွေအိပ်နေခြင်း
၈ အသက်ရှုမြန်နေခြင်း

စသဖြင့် အခြေအနေတွေရှိရင် ဆေးရုံဆေးခန်းပြသင့်ပါတယ်။
ဆေးခန်းမရောက်ခင်စပ်ကြား လုပ်ပေးနိူင်တာတွေကတော့---
၁ အေးတဲ့နေရာကိုရွှေ့ပြီးကိုယ်ပေါ်ကအပိုအဝတ်အစားအားလုံးကိုဖယ်ပါ
၂ သတိရှိတယ်၊သောက်နိူင်တယ်ဆို အရွယ်ပေါ် မူတည်ပြီး မိခင်နိူ့၊ နိူ့ဘူး၊ ရေ ချက်ချင်းတိုက်ပါ
၃ ရေထိုင်းထိုင်းနဲ့ ရေပတ်တိုက်ပေး၊ ကပ်ပေးပါ

#ရေဓာတ်မခန်းခြောက်အောင်ဘယ်လိုကာကွယ်မလဲ?

၁ နိူ့တိုက်ကလေးဆို တတ်နိူင်သမျှ စို့နိူင်သမျှ ခဏခဏတိုက်ပေးပါ၊ မိခင်ကိုယ်တိုင်လည်း ရေများများသောက်၊ နိူ့တိုက်ပြီးတိုင်းအရည်တခုခုသောက်ပါ။ နိူ့တိုက်ချိန်မှာအမေအသားနဲ့တိုက်ရိုက်ကြီးပူးကပ်မနေအောင် မျက်နှာသုတ်ပုဝါ သို့မဟုတ် အနှီးလေးခံထားရင် အသားချင်းထိပြီးအပူချိန်တက်တာကို ကာကွယ်နိူင်ပါတယ်။
၂ နိူ့ဘူးတိုက်ကလေးတွေကို နိူ့ဘူးဖျော်ပြီးသေချာအေးမှတိုက်ပါ။
၃ ကလေးကြီးတွေကတော့ တနေ့လုံးရေပုံမှန်သောက်နေအောင်တိုက်တွန်းပါ။ အရည်ရွှမ်းတဲ့ လိမ္မော်သီး ဖရဲသီး စသဖြင့်ဖြည့်စွက်စားနိူင်ပါတယ်။ အဓိကကတော့ ရေပါပဲ။

#အပူဒဏ်ကိုဘယ်လိုကာကွယ်မလဲ?

၁ ပေါ့ပေါ့ပါးပါးအဝတ်အစားပဲဆင်ပါ
၂ နေပူထဲထွက်ရင် လုံခြုံတဲ့ဦးထုပ်ဆောင်းပေးပါ
၃ တတ်နိူင်သမျှ နေရိပ်မှာထားပါ
၄ နေရောင်ကာ sunscreen ကို တစ်နှစ်အထက်ကလေးဆို လူးပေးနိူင်ပါပြီ ( မထွက်ခင်မိနစ် ၂၀ လောက်ကြိုလူးပြီး ၂ နာရီကြားတခါ ထပ်ထပ်လူးပေးနိူင်ရင်ပိုကောင်းပါတယ်) - ပထမဆုံးစသုံးတာဆို နေရာကွက်အသေးလေးမှာလူးပြီး တည့်မတည့်အရင်စမ်းကြည့်ပါ
၅ ကလေးတွေကို ကားထဲမှာမထားခဲ့ပါနှင့်
(လှောင်နေတဲ့ကားထဲကအပူချိန်ဟာ အရမ်းအန္တရာယ်ကြီးပါတယ် - ကလေးသေဆုံးတဲ့အထိဖြစ်နိူင်ပါတယ်- မှန်လေးနည်းနည်းချပေးရုံနဲ့ အဲဒီအပူကို မကူနိူင်ပါ)
၆ ကားမှန်တွေမှာ sunshade အပြားလေးတွေနဲ့ ကာပါ
၇ အိမ်မှာအအေးဆုံးနေရာကိုရှာထားပြီးကလေးတွေကို တတ်နိူင်ရင်အဲ့ဒီနေရာမှာသိပ်ပါ
၈ ပုခက်ထဲမှာ မလိုအပ်ဘဲစောင်တွေကာထားတာမျိုးရှောင်ပါ လေဝင်လေထွက်ကောင်းပါစေ
၉ ကလေးတွေကို ပူပြင်းတဲ့ရာသီမှာ လက်တွန်းလှည်းထဲ တတ်နိူင်ရင်မအိပ်ပါစေနဲ့။ အရမ်းပူလာတတ်ပါတယ်။
၁၀ ပန်ကာသုံးပါ ဒါပေမယ့်ကလေးကို တည့်တည့်ချိန်ပြီးမဖွင့်ပါနဲ့
၁၁ ကလေးအိပ်ရာမှာ ကော်တွန်အခင်းများသာသုံးပါ
၁၂ ကလေးအိပ်လိုက်ရင် ခေါင်းတွေ ကိုယ်တွေနစ်ဝင်သွားတဲ့သိပ်ပျော့လွန်းတဲ့အခင်း၊ခေါင်းအုံးတို့ကိုရှောင်ပါ။
၁၃ မျက်နှာသုတ်ပုဝါအချို့ကို ရေစွတ်ပြီး ကလေးပုခက်တန်းမှာ အိပ်နေတုန်းတင်ပေးထားခြင်းက သူ့ပတ်ဝန်းကျင်ကအပူဓာတ်ကိုထိန်းပေးနိူင်ပါတယ်
၁၄ နေ့လည် ၁၁ နာရီမှ ညနေ ၅ နာရီဟာ အပူဆုံးမို့ တတ်နိူင်ရင် အဲ့ဒီအချိန်ကလေးတွေကို အပြင်မထုတ်ပါနှင့်။

ကလေးများအားလုံးအပူဒဏ်ကြောင့်ဖြစ်တဲ့ပြဿနာများမှ သက်သာပါစေကြောင်း ...

သိမ့်သိမ့်ဇော် ( Child Health Myanmar)
: raising children network, betterhealth channel

21/04/2023

အပူလိူင်းကျရင်...ဘာလုပ်ရမှာလည်း?

ပြင်ပအပူချိန်သည် ၄၅'စင်တီဂရိတ်ရောက်ရှိလာပါက
အပူရှပ်ပြီးသတိလစ်နိုင်ပါတယ်။
ကျန်းမာသူလူကြီးတစ်ယောက်၏
ကိုယ်တွင်းအပူချိန်သည် ၉၆.၇ဖာရဟိုက်ဖြစ်ပါတယ်။
၁၀၈ ဖာရင်ဟိုက်သည် လူအသက်သေဆုံးပါတယ်။
အပူလိူင်းမကျခင် ကြိုတင်ကာကွယ်ထားနိုင်မှကုသမူ အောင်မြင်နိုင်ပါတယ်။
သတိထားရမည့်သူများက အသက်ကြီးသူများ နှင့် ရောဂါအခံရှိသူများဖြစ်ပါတယ်။
Heat Stroke ရရှိသူအားကုသရာတွင် ရေခဲတုန်းများလိုအပ်ပါတယ်။
ထိုသို့ရေခဲများ ရရန်မဖြစ်နိုင်ပါ။
ကြိုတင်ကာကွယ်မူသာအသက်ရှင်နိုင်ပါတယ်။
အောက်ပါအချက်များကိုလိုက်နာထားရန်လိုအပ်ပါတယ်။
၁-အရက်၊ဘီယာ၊ဝိုင်များမသောက်သင့်တော့ပါ။
၂-လိုအပ်သည်ထက်ပိုမစားရန်
၃-နေပူအောက်တွင်ထီးမပါပဲမသွားရပါ။
၄-သွေးတိုးသမားများအငန်လျော့စားထားရန်
၆-ဆီးချိုသမားများအချိုလျော့စားထားရန်
၇-ရေကိုကြိုတင်သောက်ထားရန်
၈-ချွေးထွက်များပါက ရေ နှင့် ဓါတ်ဆားရည်ကြိုတင်သောက်ထားရန်
၉-သွေးပေါင်ကျဆေး နှင့် ဓါတ်ဆားရည်ကိုသွားလေရာ ယူဆောင်သွားရန်
၁၀-လူနာရှိအိမ်များတွင် ဓါတ်ဆားထုတ်အား ကြိုတင်ဆောင်ထားရန်
၁၁- ကလေးများနေပူအောက်တွင်မထားရန်
၁၂.အပူချိန်ပြင်းထန်နေချိန်တွင် အစားအစာကို လျော့စားထားရန်လိုအပ်ပါတယ်။

28/12/2022

🌟ALINA´s_Happy_New_Year_Sale🌟

ALINA ချစ်သူများအတွက် အများဆုံးအမိုက်စား လျှော့စျေးနဲ့ ဝယ်ယူနိုင်မယ့် ALINA ရဲ့
𝗬𝗲𝗮𝗿 𝗘𝗻𝗱 𝗦𝗮𝗹𝗲အထူးပရိုမိုးရှင်းကြီးလာပါပြီရှင့် 😍😍😍

🔵 Big Sale Promotion - 𝟰𝟬% off 🔵

⚫️ Sale Item - All Items ⚫️

🔴 Promotion Period - ( 7 )ရက် (29.𝟭𝟮.𝟮𝟬𝟮𝟮 မှ 4.𝟬𝟭.𝟮𝟬𝟮𝟯 ထိ ) 🔴

🔶 Customer Service 🔶
- ရန်ကုန်မြို့တွင်းနှင့် မန်းတလေးမြို့တွင်း မှာယူပါက အိမ်အရောက်ငွေချေစနစ် နှင့်
-ကျန်မြို့များကို ကြိုတင်ငွေရှင်း အိမ်အရောက်ပို့ဆောင် ပေးစနစ်များဖြင့် ၀န်ဆောင်မှုပေးပါတယ်ရှင့်

‼️Order Cancel မရတာမို့ အထည်တကယ်ယူနိုင်မှ မှာပေးကြဖို့ ကြိုပြီး မေတ္တာရပ်ခံပါတယ်ရှင်...
‼️သတ်မှတ်ထားတဲ့ အထည်အရေအတွက်သာ 40% promotion နဲ့ရောင်းချပေးမှာပါရှင်...
‼️အထည်အရေအတွက် အကန့်အသတ်နဲ့သာ ရနိုင်မှာမို့ ကိုယ်ကြိုက်နှစ်သက်တဲ့ဒီဇိုင်းကို ချက်ချင်း မှာယူဖို့ လက်မနှေးပါနဲ့နော်...

ကြိုတင်ငွေရှင်းဖို့ဆိုရင်......
Kpay Phone no.- 09 797 207 553
Acc name - Tin Nilar Aung
Wavemoney - 09 797 207 553
( % လုံးဝ (လုံးဝ) ပေးစရာမလိုပါဘူးရှင်..)

မှာယူချင်တယ်ဆိုရင်.......
Cb မှ မှာယူနိုင်သလို
📞Phone - 09 977 390 277
- 09 961 605 000
📲Viber Phone - 09 797 207 553 မှ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်

“ALINA မှ အစဉ်အမြဲယုံကြည်အားပေးနေသော Customer တစ်ဦးချင်းစီကို အထူးပင် ကျေးဇူးတင်ရှိပါ​တယ်ရှင့် ”

😍ALINA_Fashion များနဲ့ ပိုမိုလှပနိုင်ပါစေရှင့်😍

ရဲ့Design_Collection
---------------------------------------------
🌺ALINA_Kids_Fashion ရဲ့မိုးရာသီနဲ့ လိုက်ဖက် မယ့် ဒီဇိုင်းလေး😍
https://m.facebook.com/story.php?story_fbid=3367119550183667&id=1410975349131440

🌺Alina_Kids_Fashion ရဲ့ မိမိမိုက်မိုက်ချစ်စရာ ကောင်းတဲ့ ဒီဇိုင်းလေး😍
https://m.facebook.com/story.php?story_fbid=3371738216388467&id=1410975349131440

🌺Alina_Kids_Fashion ရဲ့ ဘောင်းဘီဒီဇိုင်း dress လေး😍
https://m.facebook.com/story.php?story_fbid=118047614355820&id=100084517461792

🌺Alina_Kids_Fashion ရဲ့အမိုက်စားဒီဇိုင်းလေး😍
https://m.facebook.com/story.php?story_fbid=122321763928405&id=100084517461792

🌺Alina_Kids_Fashion ရဲ့ Twin Design အသစ်လေး😍
https://m.facebook.com/story.php?story_fbid=129775953182986&id=100084517461792

🌺Alina_Kids_Fashion ရဲ့ Baby Boy Design အသစ်လေး😍
https://m.facebook.com/story.php?story_fbid=132230482937533&id=100084517461792

ALINA Design & Fashion

06/11/2022

ပျော်ရွှင်စရာ တန်ဆောင်တိုင်ပွဲတော် အခါသမယတွင်
ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း
ALINA မိသားစုမှ ဆုမွန်ကောင်းပို့သလိုက်ပါတယ်..
🙏🙏🙏🙏🙏

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon