Automobile Advertising

Automobile  Advertising

Share

This account is help your automobile business, Car broker and brand new car showroom.

Photos from Car Seeker's post 26/01/2023
08/05/2020

သတင်းထုတ်ပြန်ချက်

သီလဝါအထူးစီးပွားရေးဇုန်တွင် Suzuki ကားစက်ရုံအသစ် တည်ဆောက်မည်

ရန်ကုန် - ၂၃ မတ်လ ၂၀၂၀ - Suzuki Motor Corporation သည် သီလဝါအထူးစီးပွားရေး ဇုန်တွင် Suzuki Thilawa Motor Co., Ltd အဖြစ် ရင်းနှီးမြှုပ်နှံပြီး SKD စနစ်ဖြင့် မော်တော်ယာဉ်များကို ထုတ်လုပ်တပ်ဆင်၍ ပြည်တွင်းတွင် ဖြန့်ဖြူးရောင်းချလျက်ရှိရာမှ CKD စနစ်ဖြင့် ထုတ်လုပ် တပ်ဆင်ရန် Welding Process, Painting Process နှင့် Assembly Process တို့ပါဝင်သည့် စက်ရုံအသစ်ကို တည်ဆောက်သွားမည် ဖြစ်သည်။

Suzuki အနေဖြင့် မြန်မာနိုင်ငံတွင် ဈေးကွက်ကျယ်ပြန့်လာခြင်းနှင့်အညီ စက်ရုံသစ်ကို တည်ဆောက်ခြင်းဖြစ်၍ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် စတင်လည်ပတ်ရန် ရည်မှန်းထား ပြီး နှစ်စဉ် ကားအစီးရေ ၄၀,၀၀၀ ခန့်ထုတ်လုပ်နိုင်မည်ဖြစ်သည်။

Suzuki သည် ၁၉၉၈ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံတွင် ကာလရှည်ကြာစွာ ရင်းနှီးမြုပ်နှံခဲ့ပြီး ၁၉၉၉ တွင် မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များကို အစိုးရနှင့် ဖက်စပ်အဖြစ် ထုတ်လုပ်တပ်ဆင်ရောင်းချခြင်းဖြင့် လုပ်ငန်းများစတင်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက်တွင် Suzuki (Myanmar) Motor Co.,Ltd နှင့် Suzuki Thilawa Motor Co.,Ltd တို့အဖြစ် ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံကာ လက်ရှိတွင် တောင်ဒဂုံစက်ရုံနှင့် သီလဝါ စက်ရုံတို့တွင် Carry, Ciaz, Ertiga နှင့် Swift ကားအမျိုးအစားများကို ထုတ်လုပ်နေသည်။

၂၀၁၉ ခုနှစ် တစ်နှစ်လုံးတွင် မြန်မာနိုင်ငံ၌ ကားအစီးရေ ၁၃,၃၀၀ စီးကို ထုတ်လုပ်ခဲ့ရာ ယခင်နှစ်ထက် ၁၂၅% တိုးတက်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ကားသစ်ရောင်းချမှုတွင် စျေးကွက်ရှယ်ယာ ၆၀.၃% ရရှိခဲ့ပြီး အစီးရေ ၁၃,၂၀၆ စီးကို ရောင်းချနိုင်ခဲ့ရာ ယခင်နှစ်ထက် ၁၂၈% တိုးတက်ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။

Suzuki သည် ယခုစက်ရုံသစ်ကို တည်ဆောက်ခြင်းဖြင့် ဆက်လက်ကြီးထွားလာရန် မျှော်မှန်းထားသော မြန်မာနိုင်ငံ၏ မော်တော်ကားဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်ရန် ကြိုးပမ်းသွားမည်။

Suzuki Thilawa Motor Co., Ltd ၏ အချက်အလက်များ
• လုပ်ငန်းတည်နေရာ : သီလဝါအထူးစီးပွားရေးဇုန်၊ ရန်ကုန်
• မြေအကျယ်အ၀န်း : စတုရန်းမီတာ ၂၀၀,၀၀၀
• အဆောက်အဦး ဧရိယာ
• လက်ရှိစက်ရုံ : စတုရန်းမီတာ ၄,၀၀၀
• စက်ရုံသစ်: စတုရန်းမီတာ ၄၂,၀၀၀
• စက်ရုံသစ်အတွက် ရင်းနှီးမြှုပ်နှံငွေပမာဏ : ဂျပန်ယန်းငွေ ၁၂ ဘီလီယံ
• တာဝန်ခံ : Mr. Keiichi Asano
• လက်ရှိရင်းနှီးမြှုပ်နှံမှု : အမေရိကန်ဒေါ်လာ ၃၅ သန်း (Suzuki ၏ ၁၀၀% ရင်းနှီးမြှုပ်နှံမှု)
• ၀န်ထမ်းအရေအတွက် : ၂၂၄ ဦး (၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ စာရင်းအရ)



သတင္းထုတ္ျပန္ခ်က္

သီလဝါအထူးစီးပြားေရးဇုန္တြင္ Suzuki ကားစက္႐ုံအသစ္ တည္ေဆာက္မည္

ရန္ကုန္ - ၂၃ မတ္လ ၂၀၂၀ - Suzuki Motor Corporation သည္ သီလဝါအထူးစီးပြားေရး ဇုန္တြင္ Suzuki Thilawa Motor Co., Ltd အျဖစ္ ရင္းႏွီးျမႇဳပ္ႏွံၿပီး SKD စနစ္ျဖင့္ ေမာ္ေတာ္ယာဥ္မ်ားကို ထုတ္လုပ္တပ္ဆင္၍ ျပည္တြင္းတြင္ ျဖန႔္ျဖဴးေရာင္းခ်လ်က္ရွိရာမွ CKD စနစ္ျဖင့္ ထုတ္လုပ္ တပ္ဆင္ရန္ Welding Process, Painting Process ႏွင့္ Assembly Process တို႔ပါဝင္သည့္ စက္႐ုံအသစ္ကို တည္ေဆာက္သြားမည္ ျဖစ္သည္။

Suzuki အေနျဖင့္ ျမန္မာႏိုင္ငံတြင္ ေဈးကြက္က်ယ္ျပန႔္လာျခင္းႏွင့္အညီ စက္႐ုံသစ္ကို တည္ေဆာက္ျခင္းျဖစ္၍ ၂၀၂၁ ခုႏွစ္ စက္တင္ဘာလတြင္ စတင္လည္ပတ္ရန္ ရည္မွန္းထား ၿပီး ႏွစ္စဥ္ ကားအစီးေရ ၄၀,၀၀၀ ခန႔္ထုတ္လုပ္ႏိုင္မည္ျဖစ္သည္။

Suzuki သည္ ၁၉၉၈ ခုႏွစ္မွ စတင္၍ ျမန္မာႏိုင္ငံတြင္ ကာလရွည္ၾကာစြာ ရင္းႏွီးျမဳပ္ႏွံခဲ့ၿပီး ၁၉၉၉ တြင္ ေမာ္ေတာ္ဆိုင္ကယ္ႏွင့္ ေမာ္ေတာ္ယာဥ္မ်ားကို အစိုးရႏွင့္ ဖက္စပ္အျဖစ္ ထုတ္လုပ္တပ္ဆင္ေရာင္းခ်ျခင္းျဖင့္ လုပ္ငန္းမ်ားစတင္ခဲ့ျခင္းျဖစ္သည္။

ယင္းေနာက္တြင္ Suzuki (Myanmar) Motor Co.,Ltd ႏွင့္ Suzuki Thilawa Motor Co.,Ltd တို႔အျဖစ္ ရာႏႈန္းျပည့္ရင္းႏွီးျမႇဳပ္ႏွံကာ လက္ရွိတြင္ ေတာင္ဒဂုံစက္႐ုံႏွင့္ သီလဝါ စက္႐ုံတို႔တြင္ Carry, Ciaz, Ertiga ႏွင့္ Swift ကားအမ်ိဳးအစားမ်ားကို ထုတ္လုပ္ေနသည္။

၂၀၁၉ ခုႏွစ္ တစ္ႏွစ္လုံးတြင္ ျမန္မာႏိုင္ငံ၌ ကားအစီးေရ ၁၃,၃၀၀ စီးကို ထုတ္လုပ္ခဲ့ရာ ယခင္ႏွစ္ထက္ ၁၂၅% တိုးတက္ထုတ္လုပ္ခဲ့ျခင္းျဖစ္သည္။ ကားသစ္ေရာင္းခ်မႈတြင္ ေစ်းကြက္ရွယ္ယာ ၆၀.၃% ရရွိခဲ့ၿပီး အစီးေရ ၁၃,၂၀၆ စီးကို ေရာင္းခ်ႏိုင္ခဲ့ရာ ယခင္ႏွစ္ထက္ ၁၂၈% တိုးတက္ေရာင္းခ်ႏိုင္ခဲ့ျခင္းျဖစ္သည္။

Suzuki သည္ ယခုစက္႐ုံသစ္ကို တည္ေဆာက္ျခင္းျဖင့္ ဆက္လက္ႀကီးထြားလာရန္ ေမွ်ာ္မွန္းထားေသာ ျမန္မာႏိုင္ငံ၏ ေမာ္ေတာ္ကားေဈးကြက္လိုအပ္ခ်က္ကို ျဖည့္ဆည္းေပး ႏိုင္ရန္ ႀကိဳးပမ္းသြားမည္။

Suzuki Thilawa Motor Co., Ltd ၏ အခ်က္အလက္မ်ား
• လုပ္ငန္းတည္ေနရာ : သီလဝါအထူးစီးပြားေရးဇုန္၊ ရန္ကုန္
• ေျမအက်ယ္အ၀န္း : စတုရန္းမီတာ ၂၀၀,၀၀၀
• အေဆာက္အဦး ဧရိယာ
• လက္ရွိစက္႐ုံ : စတုရန္းမီတာ ၄,၀၀၀
• စက္႐ုံသစ္: စတုရန္းမီတာ ၄၂,၀၀၀
• စက္႐ုံသစ္အတြက္ ရင္းႏွီးျမႇဳပ္ႏွံေငြပမာဏ : ဂ်ပန္ယန္းေငြ ၁၂ ဘီလီယံ
• တာဝန္ခံ : Mr. Keiichi Asano
• လက္ရွိရင္းႏွီးျမႇဳပ္ႏွံမႈ : အေမရိကန္ေဒၚလာ ၃၅ သန္း (Suzuki ၏ ၁၀၀% ရင္းႏွီးျမႇဳပ္ႏွံမႈ)
• ၀န္ထမ္းအေရအတြက္ : ၂၂၄ ဦး (၂၀၂၀ခုႏွစ္ ေဖေဖာ္ဝါရီလ စာရင္းအရ)

Photos from Drive Media Myanmar's post 18/03/2020
Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

No. 60, Insein Road, Hlaing Township
Yangon
11