Hnin Hnin

Hnin Hnin

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hnin Hnin, Design & Fashion, Ngu War Road. . Ahlone township . ph 09420279131. 09797976617, Yangon.

07/12/2025

စက်ချုပ်လောကထဲ မဝင်ပါနဲ့🚫 . . . . . . . . . . . . . . . . .

စိတ်မရှည်ဘဲနဲ့
စက်ချုပ်လောကထဲ မဝင်ပါနဲ့

အလောတကြီး
အချိန်ခန ပိုရုံနဲ့
စက်ချုပ်လောကထဲ မဝင်ပါနဲ့

သူများစက်ချုပ်သင်လို့
လိုက်သင်မယ်
ဝါသနာမပါဘူးဆိုရင်
စက်ချုပ်လောကထဲ မဝင်ပါနဲ့

အကျီတစ်ထည် ကိုယ့်ဘာသာ
ချုပ်ဝတ်နိုင်ရုံလောက်နဲ့
စက်ချုပ်လောကထဲ မဝင်ပါနဲ့

သူများတွေ ကိုယ်တိုင်ချုပ်ပြီး
လှနေတာအားကျရုံ နဲ့
ဓာတ်ပုံ ရိုက်ရုံ
အထင်ကြီးခံရလောက်နဲ့တော့
စက်ချုပ်လောကထဲ မဝင်ပါနဲ့

ကဂျီဂဂျောင် ဂျီးများတဲ့ဒဏ်
မခံနိုင်ရင် စက်ချုပ်လောကထဲ
မဝင်ပါနဲ့

သီလိုက် ဖြေလိုက်
တွဲလိုက် ဖြုတ်လိုက် ပျင်းရင်
စက်ချုပ်လောကထဲ မဝင်ပါနဲ့

အကျီချုပ်ဆိုင် ကြာတယ်
ဆိုရုံလောက်နဲ့
စက်ချုပ်လောကထဲ မဝင်ပါနဲ့

အချိန်ပေးပြီး
ညဉ့်နက်တဲ့ဒဏ်
အပြင်မသွားရတဲ့ ခံစားမှုတွေ
မခံစားနိုင်ရင် စက်ချုပ်လောကထဲ
မဝင်ပါနဲ့

စက်ချုပ်သမား မကောင်းပြောပြီး
ကိုယ်တိုင် ခန နဲ့ တက်မယ်ထင်ရင်
စက်ချုပ်လောကထဲ မဝင်ပါနဲ့

သင်တာနားထောင်ပြီးကွယ်ရာမှာ
ဆရာမကောင်းကြောင်း
ပြောမယ်ဆို စက်ချုပ်လောကထဲ
မဝင်ပါနဲ့

ကိုယ်ပိုင် တီထွင်ဖန်တီးနိုင်စွမ်းမရှိ ဘဲ ကြိုးစားမကြည့်ဘဲနဲ့
ဘယ်လို လုပ်ရမလဲ fb မှာ
ထိုင်မေးရုံ မေးပြီး မလေ့လာဘူး
ဆိုရင် စက်ချုပ်လောကထဲမဝင်ပါနဲ့

အခြေ ခံ သဘောတရား
နားလည်ဖို့ထက်
သင်တန်းဆင်းဖို့
ဘယ်ချိနိဆင်းမလဲ
တွက်နေရရင်
စက်ချုပ်လောကထဲမဝင်ပါနဲ့

ပညာဒါန မို့ အလကားရတယ်
ဆိုရင်လည်း စက်ချုပ်လောကထဲ
မဝင်ပါနဲ့

စက်ချုပ်ပြီး ပိုက်ဆံ လွယ်လွယ်ရမယ် ထင်ရင် စက်ချုပ်လောကထဲ
မဝင်ပါနဲ့

သင်ဆရာတင်မကဘူး
မြင်ဆရာတွေရော
Fb က ပညာဒါနတွေပါ
မလေးစားရင်
စက်ချုပ်လောကထဲ
မဝင်ပါနဲ့

စက်ချုပ်တယ်ဆိုတာ
ပညာတစ်ခု ဖြစ်လို့
တန်ဖိုးမထားနိုင်
မလေးစား နိုင်ရင်
စက်ချုပ်လောကထဲ မဝင်ပါနဲ့

ဝါသနာ ပါပြီး
တီထွင်ဖန်တီးမယ်
သူများလည်း လှစေချင်တဲ့စိတ်
အချိန်ပေးပြီး အိနြေရရ
ကိုယ်ပိုင်အလုပ် လုပ်ချင်တဲ့စိတ်
အချိန် ငွေ ပညာ ရင်းနှီးနိုင်မှ
စက်ချုပ်လောကထဲ
ဝင်ခဲ့ပါ သူငယ်ချင်း 🤝

....လေးစားစွာဖြင့်
မူရင်းရေးသူ......

Photos from Hnin Hnin's post 20/02/2024

Perth မှာဝတ်မဲ့မကြီးနဲ့တူမလေးတွက်
🥰🥰🥰🥰🥰🥰

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Ngu War Road. . Ahlone Township . Ph 09420279131. 09797976617
Yangon

Opening Hours

Monday 09:00 - 17:00