Rose Entertainment

Rose Entertainment

Share

why! what are we interest in?

27/05/2024

မကြာခင်မှာ Rose Entertainment မှ ဝါသနာရှင်မျိုးဆက်သစ်အနုပညာရှင်များနဲ့အတူလက်တွဲပြီး Motivation short video ကိုရိုက်ကူးသွားတော့မှာဖြစ်တဲ့ကြောင်းသတင်းကောင်းလေးပါးလိုက်ပါတယ်နော်...
ဒီ page မှာအရင်ကစိတ်ဝင်တစားနဲ့စာရင်းပေးထားတဲ့သူတွေကိုပြန်လည်ဆန်းစစ်ပြီးရွေးချယ်ပေးသွားပါမယ်./ နောက်ထပ်နောက်ထပ်လဲပါဝင်ချင်သူများအတွက်လည်း cmt မှာမိမိပုံလေးနဲ့ဆက်သွယ်ရမဲ့နံပတ်လေးတွေတွေကိုပေးပို့လို့ရပါသေးတယ်/
Like & Share လေးလုပ်ပြီး.ဝါသနာပါတဲ့.မိတ်ဆွေတွေကိုမျှဝေပေးပါားနော်

22/05/2024

သား သမီးကို
သခင်လို မထားပါနဲ့
****************
ဖတ်ကြည့်နော်

မိဘအရှိန်အဝါနဲ့ တောက်ပနေတဲ့
သား သမီးတွေ
ကိုယ်ရည်ကိုယ်သွေး မရှိဘဲ
လူ့ပတ်ဝန်းကျင်မှာ များလွန်းတာက

မိဘတွေရဲ့
အပြစ်မကင်းဘူးဆိုတာကို
မိဘတွေကိုယ်တိုင်က
လက်မခံကြပါဘူး။

မိဘတွေက
ချွေးစက်တွေကြားမှာ
ရုန်းကန်နေပေမဲ့

သား သမီးကျတော့
တောက်ပနေတာ

ငယ်စဉ်ကတည်းက
သင်ယူသင့်တာတွေကို
သင်ယူခွင့် မပြုကြဘဲ
မျက်မမြင်က ပြတဲ့လမ်းကို
ပေးလျှောက်နေသလို

ကိုးရိုးကားရားနဲ့
ဘဝမှာ ကူရာမဲ့ ကယ်ရာမဲ့
ဖြစ်သွားကြတဲ့ မိသားစုတွေ
ပြောမကုန်ပါဘူး။

သား သမီးတွေကို
လောကကြီးမှာ
ကြုံရမယ့် အမှန်တရားကို
သိခွင့်မပေးဘဲ
ကြီးပြင်းလာဖို့ ခွင့်မပြုသင့်ပါဘူး။

သား သမီးနဲ့ မိဘကြားက
မေ တ္တာ တရားကို
မှန်ကန်တဲ့နည်းလမ်းနဲ့ပဲ
ချပြပေးသင့်ပါတယ်။

သား သမီးကို
သခင်လို ထားပြီး
မိဘက ကျွန်လိုနေကာ
ရေခပ်ပေးတာက အစ
ခြေထောက် မလှမ်းရ
မကြွရတော့တဲ့အထိ
ဖူးဖူးမှုတ်နေတာက
သား သမီးကို
ဖျက်ဆီးနေကြတာပါ။

စာပဲ ကျက်ပါ ဘွဲ့ရအောင် လုပ်ပါ
ဆိုပြီး
ဘာမှကို ပေးမလုပ်ဘူး။

မရှိ ရှိတာလုပ်ပြီး ဆင်ပေးတယ်။

မိဘရဲ့
အပူအပင် သောကတွေကို
ဘာမှ သိခွင့်မပေးဘဲ
လိုအပ်သမျှကို
ဖြည့်ဆည်းပေးနေတာမျိုးက
ကလေးရဲ့
လူ့အသိဉာဏ်ကို ပျက်စီးစေလို့ပါပဲ။

ကလေးရဲ့Intelligent ကို
ဖျက်ဆီးတဲ့မိဘက
Education ကို
ဘယ်လောက် ထည့်ပေးထည့်ပေး
ဘာမှ အသုံးမဝင်နိုင်သလို

ကလေးရဲ့ ဘဝအတွက်
တာဝန်ယူတဲ့စိတ်
တာဝန်သိတတ်တဲ့စိတ်
Safe-Care ဆိုတဲ့
ကိုယ့်ကိုယ်ကို
ဂရုစိုက်နိုင်ခြင်းကနေ

အများကို ဂရုစိုက်ခြင်းကိုလည်း
သိနားလည်ခွင့် ပြုမထားရင်

အတ္တကြီးတဲ့
လူတစ်ယောက်ဖြစ်အောင်
ကလေးရဲ့ဘဝကို သတ်နေတဲ့သူက
မိဘတွေပါပဲ။

သက်တောင့်သက်သာနဲ့
ကြီးပြင်းလာတဲ့
ကလေးဖြစ်အောင် မထားပါနဲ့။

ဘာမှ အပူအပင်မရှိတဲ့ ကလေးက
ရုန်းကန်တတ်ဖို့ကို
ဘယ်တော့မှ
သင်ယူဖို့ မဖြစ်နိုင်လို့ပါ။

ကလေးကို
ငယ်စဉ်ဘဝတည်းက
ချစ်လွန်းလို့
ထမင်းဝါးပြီး ခွံ့ရင်တောင်
ကလေးက မြိုချမှ
ဗိုက်ပြည့်နိုင်မယ် ဆိုတာလေးတော့
နားလည်ခွင့် ပြုကြပါ။

အမှားနဲ့ အမှန်ကိုလည်း
ခွဲခြားဖို့မတတ်နိုင်တဲ့ ကလေးဖြစ်အောင်

ခြေကောင်း လက်ကောင်းနဲ့
ဒုက္ခိတဖြစ်အောင်
ကလေးကို အဆိပ်မခတ်ကြပါနဲ့။

မိဘအပေါ်
သား သမီး
သိတတ်ခြင်း/မသိတတ်ခြင်းက
မိဘရဲ့
မှန်ကန်တဲ့ ပျိုးထောင်မှုအပေါ်
မူတည်ပါတယ်။

လူ့ဘဝ ရပ်တည်နည်းကို
အမှန်တရားအတိုင်း ချပြပါ။

စိတ်ကောင်း စိတ်မြတ်ထားခြင်း
ကိုယ့်တန်ဖိုးကို သိတတ်ခြင်း
ကိုယ့်ကိုယ်ကို
မှန်မှန်ကန်ကန် ချစ်တတ်အောင်
သင်ယူခွင့် ပြုပါ။

မိဘဆိုတာ
သေတတ်တဲ့ သူတွေမို့
လောကကြီးထဲ
ကျန်ခဲ့မယ့် ကလေးကို
အောက်ခြေခိုင်အောင်

လူ့ဘဝထဲ
မှန်ကန်တဲ့ စိတ်ကောင်းစိတ်မြတ်နဲ့
ရပ်တည်နိုင်အောင်

အခြေခံ
စိတ်ကောင်းစိတ်မြတ်တွေကို
ငယ်စဉ်ဘဝတည်းက
ထည့်ပေးထားကြဖို့
အကြံပြု တိုက်တွန်းလိုက်ပါတယ်။

သား သမီး မြေးတွေကို ချစ်ရင်
အလိုမလိုက်ပါနဲ့။

သူ့ကိုယ်သူ အားကိုးတတ်အောင်
လေ့ကျင့်ပေးပါ။

စိတ်ဓါတ်ခိုင်မာအောင်
ပျိုးထောင်ပေးပါ။

ပညာကို တန်ဖိုးထားတတ်ပါစေ

ကြိုးစားလိုစိတ် ရှိပါစေ

အကောင်းမြင်တဲ့ စိတ်လေးတွေ
အမြဲရှိနေပါစေ

သူတစ်ပါးကို စာနာစိတ်
ကူညီလိုစိတ် ထားတတ်ပါစေ

သည်းခံ ခွင့်လွှတ်တတ်ပါစေ

မိဘ ဆရာသမားတွေကို
ရိုသေ တန်ဖိုးထားတတ်ပါစေ

Photos from Rose Entertainment's post 25/03/2024

#`ရွှေ´ ကိုသာဝယ်လို့ရမယ်
Editor ကတော့ဘယ်လို့မှရှာမရလို့စိတ်ညစ်နေကြသူများ #
တချက်ခုတ်၃ချက်လောက်ပြတ်တဲ့Idea နဲ့Laser World ကသူတို့ရဲ့ဝန်းထမ်းတွေကို၁၅ရက်အပြတ် သင်ကြားပေးဖို့တောင်းဆိုလာတဲ့အတွက်၂၀၂၄နှစ်မှာပြန်လည်သင်
ကြားပေးခဲ့တဲ့Edit သင်တန်းပါ။
သင်တန်းရက်မကုန်မှီ10ရက်ထဲနဲ့
Editing ပညာကိုလက်တွေ့တည်းဖြတ်နိင်ကြလို့ ဝမ်းသာဂုဏ်
ယူပါတယ်။

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Category

Art

Telephone

Website

Address

Thuwunna Tsp
Yangon
11072