The Movement

The Movement

Share

MAKE YOUR MOVE

Photos from The Movement's post 16/05/2026

ကိုယ့်ရဲ့အကောင်းဆုံး Pace ကိုထုတ်ပြဖို့ ယုံကြည်ချက်အပြည့်ပေးနိုင်မယ့် PUMA နဲ့ SAYSKY တို့ရဲ့ Limited Collaboration ဖိနပ်ဖြစ်တဲ့ Puma velocity nitro 4 လေးရောက်ရှိလို့လာပါပြီ💕

ဘာလို့ ဒီဖိနပ်ကို ရွေးချယ်သင့်လဲ?

☁️ NITRO Foam Technology:
အထူစား Cushion ကြောင့် ခြေဖနောင့်နဲ့ ဒူးပေါ်သက်ရောက်မယ့် Impact (တုန်ခါမှု) ကို အကောင်းဆုံးစုပ်ယူပေးပါတယ်။ 5km, 10km ကနေ ခရီးဝေးပြေးတဲ့အခါ နာကျင်မှုကင်းကင်းနဲ့ အကောင်းဆုံး Support ပေးနိုင်ပါတယ်🙆‍♂️

💨 Breathable & Lightweight:
ခြေထောက်ကို ပေါ့ပါးစေပြီး လေဝင်လေထွက်ကောင်းလို့ အချိန်ကြာကြာ ပြေးတဲ့အခါမှာတောင် ခြေထောက်ကို အေးမြနေစေပါတယ်🥰

Puma grip ကနာမည်ကြီး beginner တွေနဲ့ daily training အတွက်အဆင်ပြေတဲ့ daily trainer ဖိနပ်ဖြစ်ပါတယ်။

ဒဏ်ရာကင်းကင်းနဲ့ ကိုယ့်ရဲ့ Personal Best ကို ချိုးချင်တဲ့ Runner တွေအတွက် လက်လွတ်မခံသင့်တဲ့ ဖိနပ်လေးမို့ The Movement မှာ ယခုပဲ လာရောက်စုံစမ်းဝယ်ယူနိုင်ပါပြီ။ 🏃‍♂️💨

Price - 360000 Ks

✅ AVAILABLE SIZE ONLY
Waiting time ⏳Pre-order (4weeks)

31/03/2026

Runner တွေဆီဖြည့်ဖို့ ပ်ိုက်ဆံမရှိသောအခါ🙃

24/03/2026

သင်က ဘယ်လို Runner လဲ? 🏃‍➡️
================

မနေ့က ဝေဆာ Run အတွက် Form ဖြည့်ရင်း သူတို့ရွေးခိုင်းတဲ့ Runner Experience နေရာမှာ ဘာရွေးရမလဲ ဝေခွဲမရဖြစ်နေရင်... (ဒါမှမဟုတ်) ခုလက်ရှိကိုယ့်အတွေ့အကြုံက ဘယ်လောက်ရှိပြီလဲဆိုတာ သိချင်ရင် ဒါလေးကိုဖတ်ပြီး ခွဲလို့ရပါတယ်...

🥉Beginner (အတွေ့အကြုံသစ် အပြေးသမား)
ပြေးတာ (၆) လအောက်ပဲ ရှိသေးတာ။
အခုမှ လေ့ကျင့်ခန်းအဖြစ် စတင်တာမျိုးပါ။
တစ်ဆက်တည်း ၅ ကီလိုမီတာ (5KM) ပြည့်အောင် မပြေးနိုင်သေးတာ။
တစ်ပတ်မှာ ၁ ရက် ဒါမှမဟုတ် ၂ ရက်လောက်ပဲ ပုံမှန်ပြေးဖြစ်သေးတာ။
အပြေးဖိနပ်၊ နာရီ ဒါမှမဟုတ် Gear တွေအကြောင်း သိပ်မသိသေးဘဲ အခြေခံကနေ စတင်လေ့လာနေသူတွေပါ။

🥈Recreational Runner (အပျော်တမ်းအဆင့်)
ကျန်းမာရေးအတွက် ပုံမှန်ပြေးနေတယ်။
10KM ပွဲတွေမှာ ပါဝင်ဆင်နွှဲဖူးပြီး ပွဲပြီးအောင် (Finisher) ပြေးနိုင်တယ်။
အမြန်နှုန်း (Pace) ထက် ပျော်ပျော်ရွှင်ရွှင်နဲ့ ပန်းဝင်ဖို့ကို ပိုဦးစားပေးတယ်။

🥇Experienced Runner (အတွေ့အကြုံရှိ အပြေးသမား)
ပြေးလာတာ နှစ်ချီနေပြီ။
Pace တွေ၊ လေ့ကျင့်ခန်း ပုံစံတွေကို သေချာနားလည်ပြီး ကိုယ့်ရဲ့ Personal Best (PB) ကို ကျော်ဖြတ်ဖို့ ကြိုးစားလေ့ရှိတယ်။
ပွဲတွေ တော်တော်များများ ပြေးဖူးပြီးသားဖြစ်မယ်။

🎖️Competitive Runner (ယှဉ်ပြိုင်အပြေးသမား)
ဆုရဖို့ ဒါမှမဟုတ် Rank တစ်ခုခုထဲ ဝင်ဖို့ ရည်ရွယ်ချက်နဲ့ ပြေးတာ။
လေ့ကျင့်မှုကလည်း အင်မတန် ပြင်းထန်ပြီး အချိန်စက္ကန့်အလိုက်ကို အလေးထားတဲ့အဆင့်ပါ။

Photos from The Movement's post 23/03/2026

အပြေးသမား တိုင်းသိသင့်တဲ့ တွက်ချက်မှု (အခြေခံ)
-------------------------------------

🎽ပြိုင်ပွဲအတွက်ဖြစ်စေ
🏃‍➡️Training လုပ်နေချိန်ဖြစ်စေ
ကိုယ်ဘယ်လောက် အရှိန်နဲ့ ပြေးနေလဲ.. ဘယ်လောက် အကွာအဝေးရောက်ပြီလဲ ဆိုတာတွေက အပြေးနဲ့ပတ်သတ်ပြီး လေ့ကျင့်နေတဲ့သူတိုင်း သိကိုသိထားရမယ့် အချက်တွေဖြစ်ပါတယ်။

ကိုယ်ပြေးတဲ့အရှိန်နဲ့ ကိုယ်ပြေးတာ ဘယ်လောက်အကွာအဝေးရောက်နေလဲဆိုတဲ့ အခြေခံကျတဲ့ တွက်ချက်မှုမျိုးအတွက် အလွယ်တကူ စိတ်မှန်းနဲ့တောင် တွက်လို့ရတဲ့ တွက်နည်းကို တင်ပေးလိုက်ပါတယ်။

save or share ထားကြပါ... ပြေးခါနီးကျရင် လိုလာပါလိမ့်မယ်။

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon