BIM Hub Engineering
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BIM Hub Engineering, Engineering service, Taungoo.
02/04/2025
Will AI Replace BIM Modelers?
Is it just me, or is everyone talking about AI these days? AI is changing everything. We see it in automation, generative design, and machine learning, and BIM is no exception. AI-driven tools can now generate complex models, detect clashes, and optimize designs faster than ever.
So, does that mean BIM professionals are at risk of being replaced?
Not exactly.
✅ AI is a tool, not a replacement. It can automate repetitive tasks, but it doesn’t have the creativity, problem-solving skills, or real-world experience that BIM professionals bring to projects.
✅ Automation still needs human judgment. AI can process data, but it can’t replace the expertise required to coordinate across disciplines, resolve conflicts, and make informed design decisions.
✅ The future belongs to those who adapt. Instead of fearing AI, we should learn how to work with it, leveraging tools like Dynamo, Python, and AI-assisted workflows to boost efficiency and stay ahead in the industry.
20/03/2025
Junior BIM Modeler တွေ ကြုံတွေ့နိုင်တဲ့ အခက်အခဲများ
BIM လောကထဲ အသစ်ဝင်လာတဲ့သူတွေ အနေနဲ့ အစမှာတော့ အနည်းနဲ့အများ အခက်အခဲတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုအခက်အခဲတွေကို ရင်ဆိုင် ဖြတ်ကျော်နိုင်ဖို့ ဇွဲရှိဖို့က လိုအပ်ပါတယ်။
ဒီpostမှာတော့ အခက်အခဲ အချို့နဲ့ ဘယ်လို ဖြေရှင်းရမလဲ ပြောပြ ပေးချင်ပါတယ်။
1. Software Challenges
Revit, naviswork, Dynamo လို software တွေ စလေ့လာတဲ့အခါမှာ မှတ်ရတာများပြီး လူက ပူထူသွားတတ်ပါတယ်။ အဲ့အတွက် YouTube မှာ tutorial တွေကြည့်တာ၊ project အသေးလေးတွေ ဆွဲကြည့်တာ ၊ senior တွေဆီက အကြံဉာဏ်ယူတာတို့ လုပ်န်ိုင်ပါတယ်။
2. Coordination Problems
တစ်ခါတစ်လေ အခြား discipline တွေနဲ့ coordinate လုပ်တဲ့အခါ clashတွေ အများကြီးတက်နေတာတွေ၊ construction modelအနေနဲ့ သုံးမရတာတွေ ဖြစ်နိုင်ပါတယ်။ အဲ့အတွက် clash detect tools တွေသုံးပြီးတော့ internally အရင်ရှင်းပါ၊ model ကို double check လုပ်ပါ။
3. Data Management and Documentation
ဒါကတော့ အဖြစ်အများဆုံးပါပဲ။ ကိုယ် linkချိတ်မယ့် file တွေက update ဖြစ်နေဖို့ ကိုယ်ကပြန်ပို့တဲ့ဖိုင်တွေကလဲ မရောထွေးစေဖို့ လိုပါတယ်။ မဟုတ်ရင် project quality ပိုင်းမှာ များစွာထိခိုက်စေနိုင်ပါတယ်။ အဲ့အတွက် ကိုယ့် company ရဲ့ BEP ကိုနားလည်အောင်လုပ်ပါ။ ပြီးတော့ ဖိုင်တွေကို back upပါ မကျန် စနစ်တကျ သိမ်းပါ။
4. Team Collaboration
Senior Modeler တွေ coordinator တွေနဲ့ အလုပ်လုပ်ရတာ teamwork မကျွမ်းကျင်တဲ့ junior တွေအနေနဲ့ ခက်ခဲတတ်ပါတယ်။ စီနီယာတွေဆီက သင်ယူပါ၊ မသိတာမေးဖို့မရှက်ပါနဲ့။ မေးလို့မရရင် self research လုပ်ပါ၊ အဲ့အတွက် forum တွေလဲရှိပါတယ်ာ team meeting မှာ confident ရှိရှိ ပါဝင်ပြောဆိုဖို့လဲလိုပါတယ်။
ကျန်တဲ့ ကြုံတွေ့နိုင်တဲ့အခက်အခဲတွေ အများကြီးရှိနိုင်ပါသေးတယ်။ အတွေ့အကြုံဆိုတာကလဲ ကိုယ်တိုင်ကြုံဖူးမှ သေချာရနိုင်တာဆိုတော့ စိတ်ဓာတ်မကျဖို့ရယ် မလျှော့သောဇွဲ လုံ့လတို့ရယ်ရှိဖို့ လိုအပ်ပါတယ်။ စီနီယာတွေ အနေနဲ့လဲ BIM လောက ပိုပီး တိုးတက်လာဖို့ အဆင့်မြင့်လာဖို့ junior တွေကို လက်တွဲခေါ်ဖို့လဲ လိုအပ်ပါတယ်။ အားလုံး အတူလက်တွဲ ကြိုးစားသွားကြဖို့ ပြောရင်းနဲ့ နိဂုံးချုပ်ချင်ပါတယ်။
Click here to claim your Sponsored Listing.