Another Development - AD

Another Development - AD

Share

AD is a policy Think Tank organization, to be part of the solutions to the problem and conflicts that prevailed in Myanmar via advocating public policy.

22/01/2021

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း - ပိုမိုကောင်းမွန်သော ပြည်သူ့ချိတ်ဆက်ဆောင်ရွက်ရေးအတွက် မူဝါဒဆိုင်ရာ အခွင့်အလမ်းများ
-------------------------------------------------------------

ပြည်သူ့ချိတ်ဆက်ဆောင်ရွက်ရေးသည် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုကို မြှင့်တင်ပေးပြီး ပြည်သူလူထု၏ စွမ်းရည်ကိုလည်းတည်ဆောက်ပေးသည်ဖြစ်ရာ ထိရောက်သောအုပ်ချုပ်မှုအတွက် လိုအပ်သော အခြေအနေ တစ်ရပ်အဖြစ် ရှုမြင်နိုင်သည်။ မှန်ကန်သောအခြေအနေများတွင် ဆောင်ရွက်လျှင် ဒေသန္တရအစိုးရအတွက် ပို၍ကောင်းမွန်သော တိုးတက်မှုရလဒ်များ ရရှိအောင် ပံ့ပိုးပေးနိုင်သည်။ တနင်္သာရီတိုင်းဒေသကြီး၏ ပြည်သူ့ချိတ်ဆက်ဆောင်ရွက်ရေးကဏ္ဍတွင် အပြုသဘောဆောင်သော တိုးတက်မှုများ ရှိခဲ့သည်။ သို့သော် တိုင်းဒေသကြီးအတွင်း အဓိပ္ပာယ်ပြည့်ဝသော၊ အားလုံးပါ၀င်သော ချိတ်ဆက်ဆောင်ရွက်ရေးရရှိရန် စိန်ခေါ်မှုများ ရှိနေသေးသည်ကို ဤစာတမ်းတွင် တွေ့ရှိရသည်။ ၎င်းတို့တွင် ဖွဲ့စည်းပုံဆိုင်ရာ၊ ရှုမြင်ပုံဆိုင်ရာနှင့် စွမ်းရည်ဆိုင်ရာ စိန်ခေါ်ချက်များ ပါဝင်သည်။

ဤစာတမ်းသည် အွန်လိုင်းစစ်တမ်းများ၏တွေ့ရှိချက်များ၊ Another Development (AD) ၏ ယခင်အလုပ်ရုံဆွေးနွေးပွဲများနှင့် အစီရင်ခံစာများအပြင် အကျိုးစပ်ဆိုင်သူများနှင့်တွေ့ဆုံခြင်းကို အခြေခံထားပြီး ရှိနှင့်ပြီးဖြစ်သောအချက်အလက်များအား ဖတ်ရှုသုံးသပ်၍ ရေးသားထားသည်။ ဤစာတမ်းတွင် AD သည် တနင်္သာရီတိုင်းဒေသကြီးတွင် ပိုမိုအဓိပ္ပါယ်ပြည့်ဝသော ပြည်သူများနှင့် ချိတ်ဆက်ဆောင်ရွက်မှုကို ဖြစ်လာစေရန်အတွက် မျှော်မှန်းထားပြီး ၎င်းအားတိုးတက် ကောင်းမွန်လာစေရန်နှင့် အားကောင်းလာစေရန်အတွက် မူဝါဒဆိုင်ရာ အခွင့်အလမ်းများကိုလည်း ဖော်ပြထားပါသည်။

ဤစာတမ်းကို အင်္ဂလိပ် - မြန်မာနှစ်ဘာသာဖြင့် ဖတ်ရှုနိုင်ပြီးအောက်ပါလင့်မှတစ်ဆင့် ဒေါင်းလုဒ်ရယူနိုင်ပါသည်။

https://www.anotherdevelopment.org/publications/

23/12/2020

မကြာမီအချိန်တွင် “တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း - ပိုမိုကောင်းမွန်သော ဆက်ဆံရေး အတွက် မူဝါဒဆိုင်ရာ ရွေးချယ်စရာများ” သုတေသနစာတမ်း မိတ်ဆက်ပွဲအစီအစဉ်စတင်တော့မှာဖြစ်ပါတယ်။

အောက်ပါ Zoom Link မှတက်ရောက်နိုင်သလို AD' pageမှလည်း Live လွှင့်တင်သွားမှာဖြစ်ပါတယ်။

Zoom Link (Meeting ID, Passcode)
--------------------------------------
Join Zoom Meeting
https://l.facebook.com/l.php...
Meeting ID: 860 2788 7405
Passcode: 384466

17/12/2020

မာဘော့ (Marbot)

ဒီ “မာဘော့” ဇာတ်လမ်းမှာဆိုရင် ငွေစက်ရုပ်၊ သံစက်ရုပ် နဲ့ ရွှေစက်ရုပ် တွေက သူတို့မူလနေထိုင်တဲ့ လကမ္ဘာဂြိုဟ် ပျက်စီးသွားပြီးတဲ့နောက်မှာ ဂြိုဟ်အသစ်ဆီသို့ပြောင်းရွေ့လာခဲ့ကြပြီး နိုင်ငံသုံးနိုင်ငံ တည်ထောင်ခဲ့ကြတယ်။ အဲ့နိုင်ငံသုံးနိုင်ငံထဲက ငွေစက်ရုပ်တွေရှိတဲ့ ရန်းနိုင်ငံမှ မာဘော့လို့အမည်ရတဲ့ စက်ရုပ်က ဂြိုဟ်သစ်ဆီသို့ပြောင်းရွေ့လာခဲ့စဉ် ခြေထောက်တစ်ဖက် ပျက်စီးသွားခဲ့တယ်။ အဲ့လိုနဲ့ ကျောင်းတက်တဲ့အချိန် ရောက်လာတဲ့အခါ မာဘော့စက်ရုပ် ဘယ်လိုစိန်ခေါ်မှုတွေကို ရင်ဆိုင်ရမလဲ ဆိုတာ စိတ်ဝင်တစားနဲ့ ဗဟုသုတရဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။

11/12/2020

“အားလုံးအကျုံးဝင်ပညာရေးပန်းတိုင်ဆီသို့” ဇာတ်လမ်းမှာဆိုရင် ဆရာ၊ ဆရာမတွေနဲ့ပညာရေးဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေအကြား အားလုံးအကျုံးဝင်မှုမြှင့်တင်ဖို့အတွက် လွယ်လင့်တကူ ဖော်ဆောင်နိုင်မည့်နည်းလမ်းတချို့ကို အကြံပြုတင်ပြထားတာဖြစ်ပါတယ်။ ဒါကြောင့် Mizzima နဲ့ DVB ရုပ်သံလိုင်းတွေမှာ ပုံပါအချိန်ဇယားအတိုင်း စောင့်မျှော်ကြည့်ရှုနိုင်ဖို့ ထပ်မံဖော်ပြလိုက်ပါတယ်။

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


62, 5th Floor, Nyaung Tone Street
Yangon
11111

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00