Aqua Logic
Nature Crafted with Logic
15/12/2017
***အဲစကားလေးကကိုယ်တွေ့ပါအားနာပြီးသနားတတ်တော့နောက်ဆုံးကိုယ်ပဲ့ခံစာရးတာပါပဲ့ဒါကြောင့်ယုံအကြည်မလွယ်မိပါစေနဲ့နော်****
အပြင်မှာဆိုရင်တော့လှည့်မကြည့်နဲ့
ပြေးသာပြေးတော့
07/10/2017
အရမ်း အရမ်းကို ကောင်းလွန်းလို့ ဘာသာပြန်ပေးလိုက်ပါတယ်.....
" မင်း သိပ်စိတ်ညစ်နေရင် ပျော်စရာတွေပြောတက်တဲ့
လူပျော် ကြီးတွေဆီသွားပေါ့ကွာ....."
တစ်နေ့ လူတစ်ဦး ဆရာဝန် ဆီ ရောက်လာပါတယ်။
သူ့မျက်နှာက ညှိုးနွမ်းနေပြီး အဝတ်အစား တွေကလဲ
သပ်သပ်ရပ်ရပ် မရှိပါဘူး။
ဆောင်းထားတဲ့ ဦးထုတ် အဝိုင်းကလဲ ခပ်ကြေကြေနဲ့။
မိုးရွာထဲ ထီးမဆောင်းလာခဲ့လို့လားမသိ၊
သူ့ကုတ်အင်္ကျီပေါ်မှာ စိုထိုင်းထိုင်း ရေစက်ရာတွေတောင် ရှိသေး။
အားလျော့နေတဲ့ မျက်လုံးတစ်စုံနဲ့ ဒီလူက ဆရာဝန်ကို ပြောပါတယ်။
" ဒေါက်တာ၊ ကျွန်တော် စိတ်ဓါတ်ကျပြီး အရမ်းထိုင်းမှိုင်းနေတယ်ဗျာ "
ဒီလိုဆိုတော့ ဆရာဝန်က ဆက်ပြောပါဆိုတဲ့ အနေနဲ့.. ခေါင်းဆက်ပြတယ်။ သူက ထပ်ပြောတယ်။
" လူ့ပတ်ဝန်းကျင်က ကြင်နာမှုတွေ နည်းပါးသလိုပဲ၊
ကျွန်တော် ဒီလို ပတ်ဝန်းကျင်မှာ နေရတာ သိပ်အထီးကျန်တယ် ခံစားရပြီး အဓိပ္ပါယ်မဲ့နေတယ်....
ဒီစိတ်တွေနဲ့ လေးလံပြီး ညတွေလဲ အိပ်မပျော်ဘူး ဒေါက်တာ "
ဟိုး.........အတိုင်းအဆမရှိ ကျယ်ပြောတဲ့ ပင်လယ်ပြင်ကြီးမှာ ဦးတည်ရာမဲ့နေတဲ့ လှေငယ်တစ်စင်းအလားဖြစ်နေသူ သူ့ကို
ဆရာဝန်က ပုခုံးပုတ်ပြီး အားတက်သရော ပြန်ပြောပါတယ်။
" အိုဗျား၊ ခင်များလို လူမျိုးအတွက် ကျုပ်မှာ သတင်းကောင်းရှိတယ်.. ခင်များ PAGLIACCI ဆိုတဲ့ လူရွှင်တော်ကြီးကို ကြားဖူးသလား,.? ကျုပ်တို့မြို့ကို ရောက်နေတယ်ဆိုပဲဗျ...
ကျုပ်တောင် တစ်ခါမှ မကြည့်ဖူးပေမယ့် သိပ်ရယ်ရတယ်လို့
နာမည်ကြီးတာ သွားကြည့်မယ်လို့လဲ စိတ်ကူးထားတယ်။
ခင်များလည်း သွားကြည့်သင့်တယ်.. ဒါဆို သက်သာသွားမယ် ထင်တယ် "
ဆရာဝန်က သူ့စကားအဆုံးမှာ လူနာအခြေအနေကို အကဲခတ်လိုက်တယ်... လူနာက
" အဲဒီ PAGLIACCI ဆိုတာ ကျွန်တော်ပါ ဒေါက်တာ "
ဆရာဝန် ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ်။
ဆက်လက် အကြံပေးဖို့လဲ ဆွံ့အလို့ ၊
တခြား စိတ်ပညာဆိုင်ရာ ဆရာဝန်ဆီ ညွှန်းရုံကလွဲပြီး
ဆရာဝန်လဲ မပြောတတ်တော့။
ဒါနဲ့ပဲ နောင် နှစ်ရက်အကြာမှာ ဆရာဝန်ဟာ PAGLIACCI ရဲ့ပွဲကို သွားကြည့်ပါတယ် ....။
ဒီလူရွှင်တော်ကြီးဟာ စင်ပေါ်မှာ သိပ်တက်ကြွနေပြီး သူ့အနုပညာကြောင့် အောက်ကလူတွေလည်း
တဝါးဝါးနဲ့ သဘောတွေကျလို့။
သူ့ကို ကုပေးတဲ့ ဆရာဝန် တစ်ယောက်သာ PAGLIACCI ရဲ့ မျက်နှာဖုံးအောက်က အထီးကျန်ခြင်းကို ခံစားရမယ်ထင်တယ်။
ဒီလိုနဲ့ လ အနည်းငယ်အကြာမှာ .....
လူရွှင်တော်ကြီး စိတ်ကျရောဂါနဲ့ သေဆုံးသွားကြောင်း သတင်းတစ်ပုဒ်ကို ဆရာဝန်ဖတ်လိုက်ရပါတယ်။
" သူများကို ပျော်စေသူတွေ ဝမ်းနည်းတော့ ဘယ်သူချော့ပေးသလဲ "
ဒီမေးခွန်းနဲ့ အတူ ဖတ်လက်စ သတင်းစာကို
ဆရာဝန်လဲ လက်က ချလိုက်ပါတော့တယ်။
***********
လူတိုင်း ကို ပျော်အောင် သင်တို့ ထားပေမယ့် ...
သင်တို့နောက်က ဝမ်းနည်းခြင်းကို ဘယ်သူများ သိသလဲ ???
ဒီနေ့ညတော့ ဒီမေးခွန်းလေးနဲ့တင် အတွေးလည်တော့မယ် ထင်ပါတယ်။
Credit :
Click here to claim your Sponsored Listing.
Category
Website
Address
Yangon