Htike Aung Computer & Mobile Services

Htike Aung Computer & Mobile Services

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htike Aung Computer & Mobile Services, Business service, အမှတ်​ ၆၄၂ ​ရွှေပြည်​သာလမ်းမကြီး ၆အ​နောက်​ရပ်​ကွက်​ သာ​ကေတမြို့နယ်​, Yangon.

04/09/2024

🙏 #အရဟံ_နှင့်_အရဟံသိဒ္ဓိ🙏
___________________________

အရဟံ သိဒ္ဓိ
အခါခါ ပွားများပါ...
ဝိဇ္ဇာ တစ်ယောက်က
မိစ္ဆာတစ်ထောင်ကို နိုင်ပါတယ်...
(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)

အရဟံ နှင့် အရဟံသိဒ္ဓိ
* * * * * * * * * * * *
မဟာဗောဓိမြိုင်ဆရာတော်ကြီးသည်၊
မိမိ တောင်တန်းသာသနာပြုနေစဉ်အခါက
အရဟံသိဒ္ဓိကို ပုတီးစိပ်ခိုင်းလေသည်၊၊
ပရိယတ်သမားဖြစ်သော မိမိသည်
အရဟံဆိုပြည့်စုံနေပြီဖြစ်ပါလျက်
သိဒ္ဓိထည့်စိပ်ခိုင်းတာ
စိတ်ထဲက သိပ်မကြိုက်ချေ။ (အတွေးဝင်နေတုန်း)
ဆရာတော်ကြီးက မိမိအား
သိဒ္ဓိအကြောင်းကိုအောက်ပါအတိုင်း
ရှင်းပြတော်မူသည်။။

အရဟံ
အရ ဟံ
အ ရဟံ (၃)မျီုး ရှိပါသည်။

အရဟံ
လူ နတ် ဗြဟ္မာ သက်ရှိသတ္တဝါအပေါင်း၏
ကိုးကွယ်ရာ မြတ်စွာဘုရား။

အရ ဟံ
ကိလေသာ မြူ မှုန်တစ်စက်တောင်မရှိသော
ကိလေသာကင်းစင်သော မြတ်စွာဘုရား။


အ ရဟံ
မကောင်းမှုကို ဆိတ်ကွယ်ရာအရပ်မှာ
မပြုသော မြတ်စွာဘုရား ။

ဂုဏ်တော်(၉) ပါး၏ ထိပ်ဆုံး ဂုဏ်တော်
အရဟံ တစ်မျီုးထဲ ပွားများနေရင်တောင်
အပါယ်တံခါးပိတ်ယုံမကဘူး
ဗုဒ္ဓဘာသာ၏ အမြတ်ဆုံးပန်းတိုင်
နိဗ္ဗာန်လမ်းအထိ အရောက်ပို့ပေးနိုင်စွမ်းရှိသည်။
ကုသိုလ်ကလည်း အနှိုင်းမဲ့ကုသိုလ်မျိုးဖြစ်သည်။

" စံပယ်ပန်းဆောင်ရင်
စံပယ်ပန်းရနံ့လေး
သင့်ခန္ဓာမွှေးနေသလို ပဲ

အရဟံဂုဏ်ကိုဆောင်ရင်လည်း
အရဟံရဲ့ဂုဏ်ရနံ့လေး
သင့်ခန္ဓာမွှေးနေလိမ့်မယ်

လူတွေ နတ်တွေ ဗြဟ္မာတွေက
သင့်ကိုလေးစားလာမယ် ။
ဒါကြောင့်
လူနတ်ဗြဟ္မာတွေ သင့်ကိုချစ်မယ်
အရဟံဂုဏ်တွေ အပြည့်ရလာရင်
လိုချင်တဲ့ဆန္ဒတွေလည်း ပြည့်ဝလာမယ်
အောင်မြင်လာမယ်။

အရဟံ မှ အရဟံသိဒ္ဓိအဆင့်
ရောက်လာတဲ့သဘောက

အရဟံဂုဏ်ကို အကြိမ်ကြိမ်ပွားများ အားထုတ်တာ
အင်အားကြီးမားလာရင် သိဒ္ဓိမြောက်လာတယ်။
သိဒ္ဓိမြောက်ပြီးရင် သိဒ္ဓိပေါက်လာမယ်

အရဟံသိဒ္ဓိကို အကြိမ်ကြိမ်ပွားရင်
သမ္မာသမာဓိ စိတ်တည်ငြိမ်မှု့ ၊စွမ်းအားကြီးလာပြီး
တန်ခိုးထက်မြက်လာမယ်။
ဒါကြောင့်
ထွက်ရပ်လမ်းပေါက်ခဲ့တဲ့ပုဂ္ဂိုလ်ထူးတွေက
အရဟံတစ်လုံးကို ကြိမ်ဖန်များစွာပွားလို့
ဝိဇ္ဇာတွေ ဖြစ်ကုန်ကြတယ် ။
ဝိဇ္ဇာတစ်ယောက်က မိစ္ဆာတစ်ထောင်ကို နိုင်တယ်။
ဒါကြောင့်
အရဟံ ပုတီးစိပ်တာ
ပြဿ နာ မရှိဘူးကုသိုလ်ရတယ်
စိတ်ကို စင်ကြယ်စေတယ်။

အရဟံသိဒ္ဓိဆိုရင် သင်ဟာတန်ခိုးရှိလာမယ် ။
ဝိဇ္ဇာစွမ်းအင်တွေရလာမယ့်
အောင်မြင်သူဖြစ်လာမယ်ဆိုတော့
ပြဿ နာက မိစ္ဆာအဖြတ်သမားများနဲ့
ရင်ဆိုင်ရခြင်းပဲ။

အောင်မြင်သူတိုင်းမှာ
ကြီးမားတဲ့အခက်အခဲရှိတယ်
သဘာဝရဲ့ နိယာမတစ်ခုပေါ့ ။

ဝိဇ္ဇာက တန်ခိုးရှင်လိုင်း မေတ္တာအလုပ်သမား
အရဟံသိဒ္ဓိပုတီးကို လက်မှာဆောင်ထားတယ်။

မိစ္ဆာက အာဏာရှင်လိုင်း မလိုမုန်းတီးသမား
လူသတ်လက်နက်ကို လက်မှာဆောင်တယ်။

ဝိဇ္ဇာတန်ခိုးရှင်က
လူတွေအသက်ကို တန်းဖိုးထားတယ်
ဒုက္ခရောက်နေသူကို
ငါးပါးသီလလုံခြုံရင် သရဏဂုံမြဲရင်
ကူညီစောင့်ရှောက်ပေးတယ်။

မိစ္ဆာအာဏာရှင်ကတော့
အာဏာတည်မြဲရေးအတွက်
အာဏာရူးတဲ့စိတ်နဲ့ လူအများကို ညင်းပန်းနှိပ်စက်
အရှင်လတ်လတ် မြေမြုပ်ပြီးသတ်တယ်။
သေနတ်နဲ့ပစ်သတ်တယ် ။
ဗုံးထောင်မိုင်ခွဲလည်း သတ်တယ်
လူသတ်သမားဌားပြီးလဲ သတ်တယ်။
သတ်နည်းအမျီုးမျီုးနဲ့ သတ်ပြီး
မိစ္ဆာကျင့်စဉ်ကို
ပြန့်ပွားအောင် စည်ရုံးလှုပ်ဆော်တတ်ကြတယ်။

ဒါကြောင့် အရဟံသိဒ္ဓိပုတီးစိပ်ရင်
သမ္မာသတိ-အမြဲသတိထားရမှာက
မိစ္ဆာအာဏာရှင်ပဲ ။

အဘဘိုးဘိုးအောင်
သိဒ္ဓိပေါက်အောင်မြင်သွားတော့
သူငယ်ချင်းဖြစ်သူ ဦးဝိုင်းက ဘုရင်ဆိုတော့
အာဏာရူးပြီး မိစ္ဆာအကျင့်နဲ့
အရှင်လတ်လတ် မြေမြုပ်သတ်ဖို့ကြံစည်ပြီး
အကြိမ်ကြိမ်သတ်ဖို့ကြံပေမယ့်
သူယုတ်မာအုပ်စု မိစ္ဆာတွေက
ဝိဇ္ဇာသူတော်ကောင်းကို ဘယ်သောခါမှ
နိုင်ရိုးထုံးစံမရှီ တဲ့အတွက်
အာဏာရှင်ဘုရင်ဦးဝိုင်းဟာ
အဘဘိုးဘိုးအောင်ရဲ့ " ဝ " တစ်လုံးကိုတောင်
မဖျက်နိုင်ခဲ့ဘူး။

ဆိုလိုတာက
အဘဘိုးဘိုးအောင်လို သိဒ္ဓိပေါက်မြောက်သူမှာတောင်
မိစ္ဆာအဖျက်အာဏာရှင်ရှိသလိုပဲ
အခုမှ အရဟံသိဒ္ဓိ ကျင့်ကြံနေသူမှာ
မိစ္ဆာအဖျက်ပို များလိမ့်မယ်။

သိဒ္ဓိ နဲ့ မဟိဒ္ဓိ
မဟိဒ္ဓိ နဲ့ ဣဒ္ဓိ
အချင်းချင်း အပြန်အလှန် အကျိုးဆက်တွေရှိတယ်။

သိဒ္ဓိ
မိမိရည်ရွယ်ထားတဲ့အတိုင်း
အလုပ်ကိစ္စတစ်ခုကို ပြီးမြောက်အောင်မြင်သွားခြင်းကို သိဒ္ဓိမြောက်သွားလိုခေါ်တယ်။

အရဟံသိဒ္ဓိ ပုတီးကို ၄၅ ရက် အဓိဋ္ဌာန်ဝင်ပြီး
ပုတီးစိပ်လို့အတိုင်းတစ်ခုအထိ
အလိုဆန္ဒပြည့်ဝခြင်းဟာ
သိဒ္ဓိမြောက်ခြင်းအောင်မြင်သွားခြင်းပေါ့ ။
ထပ်တလဲလဲ သိဒ္ဓိပြီးမြောက်လာရင်
သိဒ္ဓိထက်မြင့်တဲ့ မဟိဒ္ဓိ အဆင့်ကို
ရောက်လာမယ် ။

သိဒ္ဓိက တန်ခိုးကြီးလာတာ
မဟိဒ္ဓိက ပိုမို၍ တန်ခိုးကြီးလာတာ

မဟိဒ္ဓိက ကြီးမားတဲ့တန်ခိုးစွမ်းအင်
မြေကိုလျှိုး၍ မိုးကိုပျံနိုင်တယ်
စျာန်အဘိညာဏ်ရ တပသီ ရသေ့ ရဟန်း
မဟိဒ္ဓိရှင်တွေ ဖြစ်လာကြတယ်။

ပုတီးစိပ်ခြင်း
သီလဆောက်တည်ခြင်း
ပရိတ်ပဋ္ဌာန်းရွတ်ဆိုခြင်းတွေက
အကြိမ်အရေအတွက်များလာရင်
အဲ့ဒီလူဟာ သိဒ္ဓိဓာတ်ရလာတယ်။

သိဒ္ဓိဓာတ်တွေ မြင့်မားလာရင်
မဟိဒ္ဓိဓာတ်အဖြစ် ပိုမို အစွမ်းထက်တဲ့တန်ခိုးတွေ
ပိုင်ဆိုင်လာမယ်။

ဒါကြောင့် သိဒ္ဓိကြောင့် မဟိဒ္ဓိဖြစ်လာတာက
အကျိုးနဲ့အကြောင်း ပဲ
သိဒ္ဓိဓာတ် မဟိဒ္ဓိဓာတ်တွေရလာရင်
ဣဒ္ဓိဓာတ်လို့ခေါ်တဲ့
အလိုဆန္ဒတွေ ပြီးပြည့်စုံလာတယ်။

ဣဒ္ဓိဓာတ်ဟာ
သိဒ္ဓိဓာတ် မဟိဒ္ဓိဓာတ်တွေထက်
ပိုမိုလေးနက် တန်ခိုးကြီးတယ်။

ဗုဒ္ဓစာပေ အနက်အဓိပ္ပာယ်မှာ
ဣဒ္ဓိ ဟူသည် အလိုရှိရာ ပြီးပြည့်စုံလာခြင်း
ပြီးမြောက်အောင်မြင်ခြင်းလို့ ဝိသုဒ္ဓိမဂ်၌
ဖော်ပြထားတယ်။

ဣဒ္ဓိဓာတ် (၁၀)ပါးရှီတယ်။

၁။ အဓိဋ္ဌာန ဣဒ္ဓိ
အကျင့် စရဏ သမာဓိစွမ်းအားရှိသူမှာ
မိမိအလိုရှိရာကို ဖြစ်ပါစေ ရပါစေ
ဟု အဓိဋ္ဌာန်ပြုလိုက်လျှင်
ပြုလုပ်သည့်အတိုင်း ဖြစ်လာခြင်းအလိုရှိရာ
ရလာခြင်း။

၂။ ဝိကုဗ်ဗန ဣဒ်ဓိ

အကျင့်စရဏ သမာဓိစွမ်းအားရှသူမှာ
မိမိလက်ရှိရုပ်ကို
နဂါး ဂဋ္ဌုန် ဂမ္ဘာန်စသော မိမိအလိုရှိရာ ပုံသဏ္ဍာန်ကို
ဖန်ဆင်းနိုင်ခြင်း ။

၃ ။ မနောမယ ဣဒ်ဓိ
အကျင့်စရဏ သမာဓိစိတ်စွမ်းအားရှင်သည်
မိမိ၏ ပုံတူရုပ်သဏ္ဍာန်ကို
အလိုရှိတိုင်း ဖန်ဆင်းပြုလုပ်နိုင်ခြင်း။

၄။ ဥာဏဝိပ်ဖါရ ဣဒ်ဓိ
အကျင့်စာရဏ သမာဓိစွမ်းအားရှိသူသည်
ထူးခြားသောဥာဏ်အစွမ်းကြောင့် လိုရာခရီးသို့
အန္တရာယ်ကင်းစွာ လျှင်မြန်စွာရောက်ရှိခြင်း
မဂ်ဥာဏ်ဖိုလ် ပေါက်ပြီးမြောက်
အောင်မြင်ရသည်အထိ
အသက်ဘေးကင်းစွာ ဆောင်ရွက်နိုင်ခြင်း ။

၅။ သမာဓိဝိပ်ဖါရ ဣဒ်ဓိ
အကျင့်စာရဏရှီသော သမာဓိစွမ်းအားရှီသည့်
စျာန်သမာပတ်ဝင်စားနေခြင်းဖြင့်
ကာမစ္ဆန္ဒဝရဏ အစရှီသော
နီဝရဏတရားငါးပါးကိုဖယ်ရှားနိုင်ခြင်း
ရေဘေး မီးဘေး စသောအန္တရာယ်များ
မကျရောက်စေနိုင်ခြင်း။

၆။ အရိယ ဣဒ္ဓိ
အကျင့်စရဏ သမာဓိစိတ်စွမ်းအားရှင်သည်
အရိယာမဂ်သို့ကူးပြောင်းရောက်ရှိပြီး
စက်ဆုပ်ဖွယ်ရာ မဟုတ်သောအာရုံ၌
စက်ဆုပ်ဖွယ်ရာ နှလုံးသွင်းနိုင်ခြင်း
အလွန်မုန်းတီးစရာကောင်းသော ပုဂ္ဂိုလ်အပေါ်၌လည်း မေတ္တာစိတ်ပွားနိုင်ခြင်းစသည့်
မိမိစိတ်ကိုနိုင်နင်းသော
အရိယာတို့၏အစွမ်းသတ္တိထူးနှင့် ပြည့်စုံခြင်း။

၇။ ကမ်မဝိပါကဇ ဣဒ်ဓိ
ကံ၏ အရှိန်အစော်အာနုဘော်ကြောင့်
အလိုရှိရာ တန်ခိုးနှင့်ပြည့်စုံနိုင်ခြင်း။

၈။ ပုည ဣဒ္ဓိ
အကျင်စရဏ သမာဓိစိတ်စွမ်းအားရှိသူသည်
မိမိ၏ ထူးခြားသော
ကောင်းမှုကုသိုလ်အစွမ်းအားဖြင့်
ကိလေသာကင်းပြီး ချမ်းသာအစစ်ကို
ရရှိစေနိုင်ခြင်း။

၉။ ဝိဇ္ဇာမယ ဣဒ္ဓိ
အကျင့်စရဏ သမာဓိစိတ်စွမ်းအားရှင်သည်
လောကီဂန္ဓာရီ ဝိဇ္ဇာအတက်ဖြင့် မြေလျှိုးမိုးပျံလိုရာ
ခရီးသို သွာရောက်နိုင်ခြင်း။

၁၀။ ပယောဂပစ္စယ ဣဒ္ဓိ
စနစ်တကျနည်းအားဖြင့် နည်းမှန် လမ်းမှန်
စည်းကမ်းတကျ နည်းလမ်းရရှိ၍
မိမိအလိုရှိရာကို ပြီးမြောက်စေခြင်း။

ဣဒ္ဓိ (၁၀)မျီုး ရှီရာတွင်
လောကီဣဒ္ဓိ နှင့် လောကုတ္တရာဣဒ္ဓိ နှစ်မျီုးစလုံးကို မိမိ၏
ဆန္ဒ ဝိရီယ စိတ္တ ဝိမံသ
လေးပါးတွင် တစ်ပါးအခြေခံရှိရင်
ဣဒ္ဓိဓာတ်အကျိုးက
နိဗ္ဗာန်အထိ အရောက်သွားနိုင်ပါလိမ့်မည်။

အရဟံ ဂုဏ်တော် အစွမ်းက
မိမိစိတ်စွမ်းအင်ကို
တန်ခိုးထက်စေယုံမကဘူး
သိဒ္ဓိ ပေါက်နိုင်တယ်
မဟိဒ္ဓိမြောက်နိုင်တယ်
ဣဒ္ဓိ ရောက်နိုင်တယ်။

အရဟံပုတီးစိတ်ခြင်းသည်
ကုသိုလ်စိတ်ကိုဖြစ်စေတယ်။

အရဟံသိဒ္ဓိကတော့
ကုသိုလ်လည်းရတယ်
စွမ်းအားလည်းရတယ်
တန်ခိုးလည်းကြီးတယ်
အလိုဆန္ဒလည်း ပြည့်ဝတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီး

#ဓမ္မစာစုများ

Photos from Htike Aung Computer & Mobile Services's post 21/07/2024

ကုသိုလ်ပြုနိုင်အောင် အမြဲတမ်းကျန်းမာပါစေ။🙏
ကုသိုလ်ပြုချင်အောင် အမြဲတမ်းစိတ်ချမ်းသာပါစေ။🙏
ကုသိုလ်ပြုသည့်အခါတိုင်း အမြဲတမ်း၀မ်းသာပါစေ။🙏

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

အမှတ်​ ၆၄၂ ​ရွှေပြည်​သာလမ်းမကြီး ၆အ​နောက်​ရပ်​ကွက်​ သာ​ကေတမြို့နယ်
Yangon
11231

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 17:00