PPK Motors

PPK Motors

Share

PPK Motors Services Co.,Ltd

22/01/2013

(မြန်မာနိုင်ငံ မော်တော်ကား ရောင်းချသူများအသင်း (ဗဟို)မှ ကားပေါက်ဈေးများအား တရားဝင် ကြေညာရောင်းချနိုင်ရန် ဆောင်ရွက်သွားမည်။ )

မြန်မာနိုင်ငံ မော်တော်ကားရောင်း ချသူများအသင်း (ဗဟို)မှ ဂျပန် လေ လံပေါက်ဈေး၊ မြန်မာနိုင်ငံ ကား ပေါက်ဈေးများအား တရားဝင်ကြေ ညာရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မော်တော် ကား ရောင်းချသူများအသင်း (ဗဟို) ၏ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းမှ Auto World ဂျာနယ်သို့ ပြောပြခဲ့ပါ သည်။
ကားအရောင်းအ၀ယ် ဈေးကွက်ကို အရှုံးအမြတ်နည်းအောင် ထိန်းချုပ် တာတွေ လုပ်ကိုင်သွားဖို့ရှိတယ်။ ဂျ ပန်လေလံမှာ ဘယ်ကား၊ ဘယ်မော် ဒယ်လ်က ဘယ်လောက်ပေါက်ဈေးရှိ တယ်။ မြန်မာနိုင်ငံမှာတော့ ဘယ် ကား၊ ဘယ်မော်ဒယ်လ်က ပေါက်ဈေး ဘယ်လောက်ဆိုတာကို တရားဝင် ကြေညာပြီး ရောင်းချနိုင်ဖို့ စီစဉ်ဆောင် ရွက်လျက်ရှိတယ်” ဟု ယင်းမှ ဆို သည်။
“တရားဝင်ပေါက်ဈေး ကြေညာပြီး လုပ်ကိုင်တယ် ဆိုတာကလည်း ရောင်းဝယ်တဲ့အခါ တရားမျှတတဲ့ အရှုံးအမြတ်တစ်ခု ဖြစ်အောင်ပေါ့။ ဂျပန်မှာရှိတဲ့ လေလံဈေးကွက်ရယ်၊ ဒီမှာရှိတဲ့လူတွေရဲ့ ဖြစ်ချင်တဲ့ဆန္ဒ ရယ်၊ ရောင်းသူတွေရဲ့ ဆန္ဒတွေကို ညှိ နှိုင်း လုပ်ကိုင်သွားမယ်။ ပြီးတော့ အ သင်းကို အသိအမှတ်ပြုဝယ်ယူထားတဲ့ ကားဆိုရင် ဖြစ်ပေါ်လာတဲ့ အခြေအ နေမှန်သမျှကို အသင်းက တာဝန်ယူ ဖြေရှင်းသွားမယ်” ဟု အဆိုပါပုဂ္ဂိုလ် မှ ထပ်မံပြောပြခဲ့ပါသည်။
မြန်မာနိုင်ငံ မော်တော်ကားရောင်းချ သူများအသင်း (ဗဟို) သည် တရား ၀င်မှတ်ပုံတင်ခွင့်ရရှိရန် ကမာရွတ်မြို့ နယ် အုပ်ချုပ်ရေးမှူးထံသို့ ဇန်န၀ါရီ ဒုတိယအပတ်တွင် တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။ ယခုဖွဲ့စည်း ထားသည့် အသင်းအစည်းအဝေးသို့ ကားဝယ်ရောင်း၊ ပွဲစား၊ ရေဆေး၊ ဆိုင်ပိုင်ရှင် အယောက် (၇၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် တရားဝင် ဖွင့်လှစ် ထားသည့် သံသုမာကားပွဲစားတန်းနှင့် ဟံသာဝတီကားပွဲစားတန်း (၂) ခု သာရှိကြောင်း သိရသည်။ ဟံသာဝတီ ကားပွဲစားတန်း၌ လူအယောက် (၈၀၀၀) ခန့် ရောင်းဝယ်ဖောက်ကား လျက်ရှိပြီး ကားဝယ်ရောင်းနှင့် ပွဲ စားများ အယောက် (၅၀၀၀) ခန့်နှင့် စားသောက်ဆိုင်၊ ဈေးသည်နှင့် ရေ ဆေးအယောက် (၃၀၀၀) ခန့် ရှိ ကြောင်း သိရသည်။

By: Autoworld Weekly Car Journal

Ref: Motors.com.mm

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


NO(42/44) , KYUN TAW Road , SANCHAUNG T/S
Yangon

Opening Hours

Monday 09:00 - 19:30
Tuesday 09:00 - 19:30
Wednesday 09:00 - 19:30
Thursday 09:00 - 19:30
Friday 09:00 - 19:30
Saturday 09:00 - 19:30
Sunday 09:00 - 19:30