Haier

Haier

Share

Haier Appliances create reliable & affordable air conditioners, refrigerators, washing machines and h

07/06/2026

စားသောက်ကုန်လုပ်ငန်းရှင်တွေအတွက် "လတ်ဆတ်မှု" က စီးပွားရေးရဲ့ အသက်ပဲ မလား?

အသားငါးတွေ၊ ဟင်းသီးဟင်းရွက်တွေ အမြောက်အမြားကို တစ်ပြိုင်နက်တည်း ထည့်ထားရင်တောင် အခဲမြန်ပြီး အရသာမပြောင်းဖို့က တကယ်ကို အရေးကြီးပါတယ်။

ဒါကြောင့် Haier (HCF-228P2 / 300DP) Freezer မော်ဒယ်တွေမှာဆိုရင်

✅ Freezer ရဲ့ ဘေးပတ်ပတ်လည် ၅ ဖက်စလုံးကနေ အအေးဓာတ်ကို ထုတ်လုပ်ပေးနိုင်ပြီး

✅ Compressor ဘေးမှာ Fan ပါဝင်လို့ အအေးဓာတ်ကို Freezer အနှံ့ ညီတူညီမျှ အမြန်ဆုံးရောက်ရှိစေကာ အသားငါးတွေရဲ့ အရသာနဲ့ အာဟာရကို အပြည့်အဝ ထိန်းထားပေးနိုင်တဲ့အပြင်

✅ အဖွင့်အပိတ်လုပ်ရတာ ချောမွေ့ပြီး အသုံးပြုရတာ တကယ့်ကို အဆင်ပြေစေပြီးတော့

✅ မီးပြတ်သွားရင်တောင် Freezer အတွင်းက အအေးဓာတ်ကို ၁၀၀ နာရီအထိ ကြာရှည်ထိန်းထားပေးနိုင်လို့ အစားအသောက်တွေ ပျက်စီးမှာကို လုံးဝ စိတ်ပူစရာမလိုတော့ပါဘူး...

🎁 Haier Freezer တွေကို ဝယ်ယူတယ်ဆိုရင် ပထမ (၁) နှစ်မှာ ပစ္စည်းဖိုးနဲ့ လက်ခ အခမဲ့၊ ကျန် (၂) နှစ်ကိုတော့ လက်ခ အခမဲ့ ဆိုပြီး စုစုပေါင်း (၃) နှစ်တိတိ Warranty ပေးထားတာမို့ ရေရှည်အတွက်လည်း စိတ်အေးရပါတယ်။

ဒါကြောင့် အသားငါးတွေ လတ်ဆတ်မှ ဝယ်သူလည်း စိတ်ကျေနပ်၊ ကိုယ့်စီးပွားရေးလည်း ဟန်ကျစေတဲ့ Haier Freezer ကိုသာ အခုပဲ ရွေးချယ်လိုက်ပါ ✨

20/05/2026

အားလုံးစောင့်မျှော်နေတဲ့ PRO1 Global Home Center (စက်ဆန်း) ရဲ့ 10th Year Anniversary ပွဲကြီး ရောက်ရှိလို့ လာပါပြီ 🥳

ဒီပွဲကြီးမှာ Haier ကလည်း အိမ်တိုင်းအတွက် ခေတ်မီဆန်းသစ်တဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို အလန်းစား Promotion တွေနဲ့အတူ ပါဝင်ဆင်နွှဲပေးထားပါတယ်...

ဘယ်လို အထူးအစီအစဉ်တွေ ပါဝင်မလဲဆိုရင် -

Haier ရဲ့ ဘယ် Product ပဲဝယ်ဝယ်... Cash Back ပြန်ရမယ့်အပြင် အမှတ်တရအနေနဲ့ Haier အိတ်လှလှလေးတစ်လုံးကိုပါ လက်ဆောင် ပေးသွားဦးမှာပါ။

အခုလို (၁၀) နှစ်ပြည့် Promotion ပွဲကြီး ကျင်းပနေတုန်း မိသားစုနဲ့အတူ ဒီပိတ်ရက်မှာ အိမ်အတွက် လိုတဲ့ ပစ္စည်းလေးတွေကို စျေးတန်တန်နဲ့ ဝယ်ယူနိုင်အောင်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်

ပရိုမိုးရှင်းကာလ - မေလ (၂၂၊ ၂၃၊ ၂၄) ရက်၊ (၃) ရက်အတွင်း
PRO1 Global (စက်ဆန်း) ကို
အရောက်လှမ်းလာခဲ့ဖို့ မမေ့နဲ့နော် 😍

16/05/2026

အိမ်မှာနေရင်းနဲ့လည်း လေကောင်းလေသန့် လိုအပ်တယ် ဆိုတာ သိလား?

အပြင်မှာ လေထုညစ်ညမ်းတာတွေ ကြောက်လို့ အိမ်ထဲမှာပဲ အောင်းနေပေမဲ့... တကယ်တော့ အိမ်ထဲကလေက ပိုပြီး အန္တရာယ်ရှိနိုင်တယ်ဆိုတာ သတိထားမိကြရဲ့လား?

အဲကွန်းအတွင်းပိုင်းမှာ ကပ်ငြိနေတဲ့ ဖုန်မှုန့်တွေနဲ့ မျက်စိနဲ့မမြင်ရတဲ့ ဘက်တီးရီးယားတွေက သင့်မိသားစုရဲ့ အသက်ရှူလမ်းကြောင်းကို အချိန်မရွေး ဒုက္ခပေးနိုင်ပါတယ်။

ဒီပြဿနာတွေကို အကောင်းဆုံးဖြေရှင်းပေးဖို့ Haier VQAA Series အဲကွန်းတွေမှာ Self-Clean System ကို ထည့်သွင်းပေးထားပါတယ်။

✅ ခလုတ်လေး တစ်ချက်နှိပ်လိုက်ရုံနဲ့ (၁၈) မိနစ်ကနေ မိနစ် (၂၀) အတွင်း အဲကွန်းအတွင်းပိုင်းကို အလိုအလျောက် သန့်စင်ပေးမှာပါ။ Cold Expansion နည်းပညာက အညစ်အကြေးတွေကို အေးခဲစေပြီး Express Washing နဲ့ အမြန်ဆုံး ဆေးကြောပေးတာကြောင့် သန့်ရှင်းစင်ကြယ်တဲ့ လေကိုပဲ အစဉ်အမြဲ ရှူရှိုက်နိုင်မှာပါ။

✅ ဘာကြောင့် Haier VQAA Series ကို ရွေးသင့်တာလဲ?
Anti-bacteria နည်းပညာက မမြင်ရတဲ့ ပိုးမွှားတွေကို အထိရောက်ဆုံး ဖယ်ရှားပေးလို့ လူကြီး၊ လူငယ်မရွေး မိသားစုဝင်တိုင်းအတွက် အစဉ်အမြဲ ဘေးကင်းစိတ်ချရစေပါတယ်။

စက်က အမြဲသန့်ရှင်းနေတာကြောင့် အခြားအဲကွန်းတွေနဲ့ နှိုင်းယှဉ်ရင် မီးအားစားနှုန်းကို ၆၃% အထိ သက်သာစေလို့ အအေးဓာတ်ကို စိတ်အေးလက်အေးနဲ့ အကုန်အကျနည်းနည်း ခံစားနိုင်မှာပါ။

အဲကွန်းထဲကထွက်လာတဲ့ လေက အမြဲတမ်း သန့်ရှင်းလတ်ဆတ်နေမှာမို့လို့ အိမ်ထဲမှာနေရင်းနဲ့ လန်းဆန်းမှုကို ပေးစွမ်းနိုင်ပါတယ်။

မိသားစုကျန်းမာရေးအတွက် အကောင်းဆုံးလက်ဆောင်ကို ပေးချင်တယ်ဆိုရင်တော့ အသက်ရှူတိုင်းမှာ လန်းဆန်းစေမယ့် Haier VQAA Series (Self-Clean System) အဲကွန်းကိုသာ အခုပဲ ရွေးချယ်လိုက်ပါ

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:00