Burma Market

Burma Market

Share

Greeting From Burma Market

08/06/2025

💛 အကလေးနဲ့တဖြတ်

Photos from Dwan Shop's post 27/05/2025

Women Centric Movies

25/05/2025

**"အမြစ်တွယ်နေသော မျှော်လင့်ချက်"**

- ငလျင်ဒဏ်ကြောင့် ကွဲအက်နေသော မြေကြီးပေါ်မှာ သစ်ပင်ကြီးတစ်ပင်ကတော့ မတ်မတ်ရပ်နေလျှက် အရွက်တစ်ချို့ပြို၊ ကိုင်းတစ်ချို့ကျိုးသော်လည်း အမြစ်တွေက မြေနက်ထဲမှာ ခိုင်မြဲစွာ တွယ်ကပ်နေဆဲ။

- ရွာသားတွေက ဒီသစ်ပင်ကို ဒါက "အသက်ရှင်သော ကျောက်တိုင်" ပဲလို့ ခေါ်လိုက်ကြတော့တယ်။

- ရွာအလယ်က ရေတွင်းဟောင်းကြီးဘေးမှာ မှုန်ဝါနေသော ပန်းပွင့်လေးတချို့ကို မြေငလျင်က မထိခိုက်စေခဲ့သော်လည်း အဘွားအိုတစ်ယောက်က ပန်းလေးတွေကို ကြည့်ပြီး ။ "ကြည့်ပါလား... ဘယ်လောက်ပျက်စီးပျက်စီး၊ ဘဝက ပြန်ပေါက်တတ်တယ်" လို့ သူမက တသသ ပြောလိုက်တယ်။

- ညအချိန် မီးအိမ်မှိန်းရိပ်ထဲမှာ လူငယ်တစ်စုက ပြိုလဲသွားတဲ့ ရွာကျောင်းဟောင်းရဲ့ နံရံတွေကို ခွာချလိုက်ပြီး သူတို့ရဲ့မျက်လုံးတွေထဲမှာတော့ ဝမ်းနည်းမှုကို အထင်းသား​မြင်နေရတယ်...

- သူတို့ကြားထဲက စကားသံတစ်ခု ကြွေးကြော်လာတယ်— "ဒီနေရာမှာ ကျောင်းအသစ်တစ်ခု ဆောက်မယ်။ ပျောက်ဆုံးသွားသူတိုင်းရဲ့ အိပ်မက်တွေကို သယ်ဆောင်မယ့် ကျောင်း။" ဟု ပြတ်သားစွာထွက်လာတယ်။

- ထိုအချိန်မှာပဲ ထပ်မံ လေကြီးမိုးကြီးတွေကျလာခဲ့တယ် ဖုန့်မှုန့်ကင်းကာ မြေကြီးကိုစိုစွတ်စေပေမယ့်လဲ ''သြော် များလိုက်တဲ့မိုးဟု'' တစ်ဦးတစ်ယောက်ချင်းစီတိုင်း တွေးလိုက်မိကြမယ်ဆိုတာ ငြင်းရက်စရာမရှိလောက်အောင်ပါပဲ။

- သို့သော်လည်း ဒီမျက်ရည်တွေထဲမှာ ဝမ်းနည်းမှုထက် မျှော်လင့်ချက်ကဆိုးရွားစွာ ပျောက်ဆုံးနေခဲ့တယ် ။ အခုတော့ သစ်ပင်ကြီးရဲ့အောက်မှာ ရွာသားအားလုံး စုဝေးကြတယ်။ သူတို့ရဲ့လက်ထဲမှာ မီးအိမ်လေးတွေ၊ ပေါက်တူး၊ ဂေါ်ပြားတွေနဲ့ပေါ့။

- မီးအိမ်တွေရဲ့အလင်းက ရွာကိုဖုံးနေတဲ့ အမှောင်ကို တစ်စစီ ဖြိုခွင်းလိုက်တယ်။

- "ငလျင်က မြေကြီးကို ကွဲစေနိုင်ပေမယ့်၊ လူသားတွေရဲ့ စည်းလုံးမှုကိုတော့ မကွဲစေနိုင်ပါဘူး။

- ကျွန်တော်တို့ရဲ့ ပြိုလဲသွားတဲ့အရာတိုင်းကို ကွဲကြေနေတဲ့ နှလုံးသားတွေနဲ့ ပြန်လည်ဆောက်တည်ရင်း၊ ကျန်ရစ်တဲ့အရာတွေနဲ့ပဲ ကမ္ဘာသစ်ကို မွေးဖွားရမှာပါပဲ။''

22/05/2025

**ပြန်လည်မရနိုင်သော အတိတ်များ**

- ငလျင်ဒဏ်ရာတွေ မပြေသေးတဲ့ မြို့ကြီးထဲမှာ လမ်းတွေဟာ မျက်နှာပြင်ကွဲအကြောင်းတွေ၊ ပြိုလဲပြတ်စီးနေတဲ့ တိုက်တွေ၊ မီးခိုးမည်းတွေနဲ့ ဖုံးလွှမ်းနေပြီး...

- လေထဲမှာ ဖုန်မှုန့်တွေ လွင့်ပါလျက်၊ ဈေးသည်တွေရဲ့ အသံတွေ ကြားရတဲ့ လမ်းမကြီးဟာ အခုတော့တိတ်ဆိတ်နေခဲ့ပါပြီ။

- အိမ်တစ်အိမ်ရဲ့ ပြတင်းပေါက်ဘေးမှာ ကွဲထွက်နေတဲ့ ဓာတ်ပုံဘောင်လေးတစ်ခု လဲကျနေကာ ဓာတ်ပုံထဲက လူတွေရဲ့ ပြုံးနေတဲ့ မျက်နှာတွေဟာ အခုထိ ပကတိအတိုင်းဖြစ်နေသော်လည်း သူတို့ထဲက တစ်စုံတစ်ယောက်ကတော့ အသက်မရှင်တော့ပါဘူး။

- အဘိုးအိုတစ်ယောက် သူ့သား ပြိုလဲသွားတဲ့ အိမ်ရှိရာကို နေ့တိုင်း သွားကြည့်ကာ သူ့လက်ထဲမှာ မီးခိုးမဲပေနေတဲ့ စာရွက်တစ်ရွက်ကို မျက်ရည်များစွာနှင့် ဖွင့်ဖတ်လျှက် သူ့မြေးလေးရေးထားတဲ့ နောက်ဆုံးစာလေးကတော့ "အဖေ့ကို ချစ်တယ်" ဆိုတဲ့စာသားလေး တစ်ကြောင်းသာ...

- သူ့မျက်လုံးတွေထဲမှာ မျက်ရေတွေဝဲနေပေမယ့်၊ ငလျင်ကြီးက ချန်ထားပေးခဲ့တဲ့ ဒီစာလေးကိုတော့ သူ့အတွက် တစ်သက်မေ့နိုင်တော့မှာမဟုတ်ပါဘူး။

- ဒါပေမယ့်... မနက်ဖြန်တိုင်းမှာ နေထွက်ဦးမှာပါ။ ပြိုလဲသွားတဲ့ ဘဝတွေကြားထဲက လူတွေဟာ တဖြည်းဖြည်း လက်တွေကို ဆုပ်ကိုင်ကြပြီး ဝမ်းနည်းမှုတွေကို မျှဝေကာ အတိတ်ရဲ့ နာကျင်မှုကို အနာဂတ်အတွက် ခွန်အားအဖြစ် ပြောင်းလဲဖို့ ကြိုးစားရဦးမှာပါပဲ...

- ငလျင်က သူတို့ကို ချိုးနှိမ်နိုင်ပေမယ့်၊ မျှော်လင့်​ခြင်းရဲ့ အမြစ်ကိုတော့ မနုတ်နိုင်ခဲ့ပါဘူး။

"ဘဝဆိုတာကလဲ ပြန်လည်တည်ဆောက်ရတဲ့ အနုပညာပါ။ ကျွန်တော်တို့ရဲ့ ကျိုးပဲ့သွားတဲ့ အတိတ်တွေကို ကိုင်တွယ်ပြီး၊ မြင့်မြတ်တဲ့ စိတ်နှလုံးတွေနဲ့ပဲ အနာဂတ်ကို ထွင်းထုရမှာပါပဲ။''

21/05/2025

**ငလျင်ကြီးနှင့် ကျန်ရစ်သူတို့၏ ဝမ်းနည်းခြင်း**

- အရှိန်ပြင်းထန်သော မြေငလျင်ကြီးသည် လူ့ဘဝများကို စက္ကန့်ပိုင်းအတွင်း ဖြတ်စီးသွားခဲ့ပြီ...

- မိုးလင်းစ ငြိမ်သက်နေသော မြို့ကလေးတစ်ခုသည် ရုတ်တရက် မြေပြင်တုန်လှုပ်သံ၊ အိမ်များ ပုံပျက်ကျိုးပဲ့သံ၊ လူတို့၏ အကူအညီဟစ်အော်သံတွေနှင့် ပြည့်လာခဲ့ပြီး...

- တစ်ခဏအတွင်း ဖြစ်ပေါ်လာသော ဒဏ်ရာများနှင့်အတူ ပြင်းထန်စွာငိုကြွေးနေကြတဲ့ ကလေးငယ်များ၊ မိသားစုများ ကွဲကာ၊ အိမ်နီးချင်းတစ်ဦးကို တစ်ဦးက မြေကြီးအောက်မှ ဆွဲထုတ်​နေရပြီး အချို့မှာ ကံမကောင်းစွာ သူတို့၏ လက်များသာ ကျန်ရစ်ခဲ့ရသည်။ မကြာမီ ...

- လေထဲတွင် ငိုသံတွေ၊ မျှော်လင့်ချက်တွေ ပျောက်ကွယ်သွားပြီး သေဆုံးသူများ၏ အမည်များကို အော်ခေါ်နေကြသော အသံတွေပြည့်နှက်လာပြီး..

- ပြိုလဲသွားသော အိမ်ဟောင်းတစ်အိမ်အနီး၌ ကလေးတစ်ယောက် သူ့မိခင်ကို ကြောက်လန့်တကြီး ရှာဖွေနေပြီး သူ၏မျက်လုံးများထဲတွင်လဲ ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့မှုများ ရောထွေးနေကာ သူ့မိခင်သည် သူ့အား ထာဝရထားရစ်ခဲ့ပြီဟု သိလိုက်ရပြီ...

- ငလျင်ပြီးသည့်နောက် ကျန်ရစ်သူတို့သည် ဝမ်းနည်းမှု၊ ကြောက်လန့်မှုများနှင့် ရုန်းကန်နေကြရသည်။ သူတို့ရဲ့ မျှော်လင့်ချက်များသည် ပြိုလဲသွားသော နံရံများလို ကွဲအက်နေခဲ့ပြီ။

- သို့သော်... ဤဘဝသည် ဆက်လက်ရှင်သန်ရမည်။
ငလျင်သည် လူတို့ကို သေစေနိုင်သော်လည်း၊ လူသားများ၏စိတ်ဓာတ် ခိုင်မာမှုကိုတော့ မတိုက်ခိုက်နိုင်ခဲ့ပါဘူး...

- သူတို့၏အမှတ်တရများကို စာနာထောက်ထားမှုဖြင့် ဝိုင်းဝန်းကူညီကြပါစို့။

- ငလျင်၏ဒဏ်ရာများကြောင့်ဖြစ်ပေါ်လာသော အနာ များသက်သာစေပြီး မျှော်လင့်ချက်မီးအိမ်ငယ်လေးများ ပြန်လည်ထွန်းလင်းနိုင်ပါစေ။

❤ သဘာဝဘေးသည် ကြမ်းတမ်းသော်လည်း၊ လူသားတို့၏ စည်းလုံးမှုသည် ပို၍ခိုင်မြဲနိုင်ကြပါစေဟု...

15/11/2023

Burmese Traditional Dance

14/11/2023

Indonesia Traditional Dance

14/11/2023

Tari Traditional Dance

29/10/2023

သုခိနောဝ ခေမိနော ဟွန်တု၊ သတ်ဗ သတ်တာ ဘဝန်တု သုခိတတ်တာ။

မြန်မာသက္ကရာဇ်-၁၃၈၅ခုနစ်တွင် ကျရောက်သော "ဝါလကင်းလွတ် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့" တွင် အနန္တစကြာဝဠာ၊ အနန္တသတ္တဝါတို့ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပါဒ်ရန်ဘေးကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

28/10/2023

Song Name_Three Sisters.

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon
11091