Tetra Pak Myanmar

Tetra Pak Myanmar

Share

Tetra Pak is the world's leading food processing & packaging solutions company.

12/12/2020

အစားအစာထဲမှာရှိနေတဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ရောဂါတွေဟာ ကမ္ဘာတစ်ဝန်းမှာ အထူးသတိထားရမယ့် ကျန်းမာရေးပြသနာတစ်ရပ်ဖြစ်ပါတယ်။ မေမေတို့အနေနဲ့ သားသားမီးမီးလေးတွေ စားသောက်တဲ့ အစားအစာတိုင်းဟာ ဂရုတစိုက်နဲ့ ပြုပြင်ထားပြီး စားသုံးဖို့ စိတ်ချရမှုရှိတယ်ဆိုတာကို သေချာအောင် လုပ်ဖို့ အရေးကြီးပါတယ်။ နို့ဟာ ကလေးငယ်တွေကြီးထွားဖွံ့ဖြိုးဖို့အတွက် အာဟာရအရင်းအမြစ်ကောင်းတစ်ခုဖြစ်တာမို့ မေမေတို့အနေနဲ့ Tetra Pak ဘူးခွံနဲ့ ထုပ်ပိုးထားပြီး ဘေးကင်းတဲ့ နို့ထွက်ပစ္စည်းတွေကို တိုက်ကျွေးနိုင်ပါတယ်နော်။ Tetra Pak ဘူးခွံနဲ့ ထုပ်ပိုးထားတဲ့ နို့ထွက်ပစ္စည်းတွေကို Ultra High Temperature နည်းပညာဖြစ်တဲ့ မြင့်မားတဲ့ အပူချိန် (၁၃၅ ဒီ ဂရီ စင်တီဂရိတ်) မှာ ၂ စက္ကန့်မှ ၄ စက္ကန့်အထိ အပူပေးပြီး အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားပေးထားတာဖြစ်ပြီး နို့ထွက်ပစ္စည်းတွေရဲ့ အာဟာရတန်ဖိုးတွေကိုလည်း ကာကွယ်ထိန်းသိမ်းပေးပါတယ်။

02/12/2020

မေမေတို့ချစ်ရတဲ့ သားသားမီးမီးလေးတွေက ညနေခင်း အဆာပြေမုန့်စားတဲ့အချိန် နို့တစ်ခွက်သောက်ရမှကျေနပ်တဲ့အခါမျိုးမှာ ၂ ပတ်တစ်ခါလောက် အပြင်ထွက်စျေးဝယ်ရတဲ့ ဒုက္ခမျိုးမရှိဘဲ နို့ထွက်ပစ္စည်းတွေကို တစ်ခါတည်းဝယ်သိမ်းထားချင်တာမျိုးဆိုရင်တော့ Tetra Pak ဘူးခွံနဲ့ ထုပ်ပိုးထားတဲ့ UHTနို့ထွက်ပစ္စည်းလေးတွေက အကောင်းဆုံးရွေးချယ်မှုပါပဲ။ Tetra Pak ရဲ့ အမှတ်တံဆိပ်လေးက သားသားမီးမီးတွေရဲ့ အစားအစာ ဘေးကင်းမှုအတွက် အာမခံတံဆိပ်အမှတ်အသားတစ်ခုဖြစ်ပြီး “တန်ဖိုးရှိရာ ကာကွယ်ပါ” ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း အစားအစာထဲမှာရှိနေတဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ရောဂါတွေကနေ ကာကွယ်ပေးတဲ့ ဒိုင်းတစ်ခုသဖွယ် ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ဒါကြောင့် နို့နဲ့ နို့ထွက်ပစ္စည်းတွေဝယ်ယူတဲ့နေရာမှာ မှန်ကန်စွာရွေးချယ်နိုင်ဖို့ ပစ္စည်းဘူးခွံရဲ့ ထိပ်ပိုင်း ဒါမှမဟုတ် အောက်ပိုင်းမှာရှိတဲ့ Tetra Pak အမှတ်တံဆိပ်ကို ရှာဖွေဝယ်ယူခြင်းအားဖြင့် သားသားမီးမိးလေးတွေကို ကာကွယ်ကြရအောင်ပါ။

28/11/2020

မေမေတို့ရေ သားသားမီးမီးတွေ နေ့စဉ် အစားအစာတွေက ဘယ်လောက်အထိ လုံခြုံစိတ်ချရတယ်ဆိုတာ စဥ်းစားမိကြရဲ့လား။ သူတို့စားတဲ့ အစားအစာတွေက ဘေးကင်းလုံခြုံပြီး သန့်ရှင်းစိတ်ချရမှုရှိအောင် မေမေတို့က ဘယ်လောက်အထိ ကြိုးစားနိုင်မယ်ထင်လဲ။ ကလေးငယ်တွေ ကြီးထွားဖွံ့ဖြိုးဖို့အတွက် အာဟာရဓာတ်က အရေးကြီးသလို အာဟာရဓာတ်ပြည့်ဝတဲ့အစားအစာတွေကိုလည်း ဘေးကင်းလုံခြုံမှုရှိအောင် ဘယ်လိုပြင်ဆင်ပေးရမလဲဆိုတာ၊ လုံခြုံစိတ်ချရတဲ့ပုံစံနဲ့ ပြုပြင်ထားတဲ့အစားအစာမျိုးကို ဘယ်လိုရွေးချယ်ပေးမလဲဆိုတဲ့ အချက်တွေက ကလေးငယ်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါပါတယ်။ ဒါကြောင့် အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာ ဝင်းဝင်းမြင့်က မေမေတို့အနေနဲ့ သားသားမီမီးတို့အတွက် ဘေးကင်းလုံခြုံတဲ့အစားအစာတွေ ဘယ်လိုပြင်ဆင်နိုင်မလဲဆိုတဲ့ အခြေခံအချက်လေးနဲ့ ပတ်သက်ပြီး မေမေတို့ သိချင်တာလေးတွေကို နောက်လာမယ့် ဗီဒီယိုလေးမှာ ဖြေကြားပေးသွားမှာမို့ သိချင်တာတွေရှိတယ်ဆိုရင် Comment မှာ မေးခွန်းလေးတွေ မေးမြန်းထားခဲ့နိုင်ပါတယ်နော်။

27/11/2020

အာဟာရဆိုင်ရာအထူးကု ဆရာဝန်မကြီး ဒေါက်တာဝင်းဝင်းမြင့်က ပြီးခဲ့တဲ့အပတ်တွေမှာ မေမေတို့မေးထားတဲ့မေးခွန်းလေးတွေကို ပြန်လည်ဖြေကြားပေးထားတဲ့ ဗီဒီယို နောက်တစ်ပိုင်းကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီဒုတိယအပိုင်းမှာတော့ ဒေါက်တာက ကလေးတွေရဲ့ ကိုယ်ခန္ဓာနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုဖြစ်စဉ်တွေအကြောင်း၊ သားသားမီးမီးတွေ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ကလေးတွေအဖြစ် ကြီးပြင်းလာဖို့အတွက် UHT နို့နဲ့နို့ထွက်ပစ္စည်းတွေက ဘယ်လိုကူညီပေးလဲဆိုတဲ့အကြောင်းတွေကို ရှင်းပြပေးသွားမှာပါ။ သားသားမီးမီးတို့ကို အကောင်းဆုံးအာဟာရတွေ ဘယ်လိုပေးနိုင်မလဲဆိုတာ မေမေတို့ ကြည့်လိုက်ပါဦးနော်!

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address

၁၆(ခ) ငွေဝတ်မှုံရပ်ကွက် ရွှေတောင်ကြား(၁)လမ်း ဗဟန်းမြို့နယ်
Yangon

Opening Hours

Monday 09:00 - 17:00
Friday 09:00 - 17:00