Progress Biochem

Progress Biochem

Share

Product/Service

06/10/2025

မဂ်လာရှိသော သီတင်းကျွတ်အခါသမယမှာရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ProgressBiochem မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

17/05/2025

DHA အကြောင်း ဘာတွေသိထားသင့်လဲ..........
ကျန်းမာနေစေ ဖို့အတွက် အာဟာရပြည့်အောင် စားသုံးတဲ့အထဲမှာ သတိလက်လွတ် ဖြစ်နေတတ်တဲ့အချက် တစ်ခုရှိပါတယ်။

ကျန်းမာ ပျော်ရွှင်နေစေဖို့ လိုအပ်ချက်တစ်ခု (သို့မဟုတ်) DHA
ကျန်းမာ ပျော်ရွှင်နေစေဖို့ လိုအပ်တဲ့ အာဟာရတွေကတော့ အများကြီးပေါ့။ ဒီအထဲမှာမှ ပရိုတင်း၊ ကယ်လ်ဆီယမ်၊ ဗီတာမင် C တို့ကို လူသိများပေမယ့် DHA ဆိုတာကိုတော့ အခုနောက်ပိုင်း ဖြည့်စွက်အာဟာရတွေကို သတိထားမိလာကြတာပါ။

DHA ဆိုတာ ဘာလဲ……….
DHA ကို Docosahexaenoic acid လို့ ခေါ်ကြပြီး omega-3 fatty acid တစ်မျိုးပါ။ omega-3 fat ကDHA အပြင် omega-3 fat eicosapentaenoic acid (EPA) ဆိုတာလည်းရှိပါတယ်။ အဆီများတဲ့ငါးတွေအထူးသဖြင့် ဆယ်လ်မွန် နဲ့ တူနာတို့မှာ အတွေ့ရများပါတယ်။

ခန္ဓာကိုယ်က DHA ပမာဏ နည်းနည်းလောက်ပဲ ထုတ်နိုင်တာပါ။ ဒါကြောင့် ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ DHA ပမာဏကို ပြည့်ဝစွာ ရရှိဖို့ဆိုရင် အစားအသောက် ကနေတဆင့် ဒါမှမဟုတ် ဖြည့်စွက်အာဟာရတွေကို အားကိုးရပါမယ်။ DHA နဲ့ EPA တို့ကို ပြည့်ဝလုံလောက်စွာ ရရှိမှ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပြီး နှလုံးရောဂါ လိုမျိုး နာတာရှည်ရောဂါတွေကို သက်သာစေနိုင်မှာပါ။ DHA က ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပြီး မျက်လုံးကို ကျန်းမာစေနိုင်မှာပါ။

DHA ဘာတွေ လုပ်ပေးလဲ………
DHA က အဓိကအားဖြင့် ဆဲလ်အမြှေးပါးတွေထဲမှာ ရှိတတ်ပြီး ဆဲလ် တစ်ခုနဲ့တစ်ခုကြားမှာ အရည်အဖြစ်နဲ့ ရှိနေတတ်ပါတယ်။ ဒီလို တည်ရှိမှုက အာရုံကြောဆဲလ်တွေဆီကို electrical signals ပေးပို့ ရောက်ရှိမှုကို မြန်ဆန်လွယ်ကူစေပါတယ်။ ကိုယ်တွင်းမှာ DHA များလေလေ အာရုံကြောဆဲလ်တွေ အချင်းချင်း ဆက်သွယ်မှုကို မြန်ဆန် လွယ်ကူ ထိရောက်စေတယ်။ မျက်လုံး နဲ့ ဦးနှောက်ကြားမှာ ချိတ်ဆက်မှု အားနည်းလာတဲ့အခါ မျက်လုံးမှုန်တာ၊ ဦးနှောက် လုပ်ဆောင်မှု အားနည်းတာတွေကို ဖြစ်စေနိုင်ပါတယ်။

ဦးနှောက် ကျန်းမာရေးအတွက် DHA

DHA က ဦးနှောက် နဲ့ အမြင်အာရုံကို ကျန်းမာစေဖို့ အဓိက ထောက်ပံ့ပေးတာပါ။ DHA ကို ပြည့်ဝလုံလောက်စွာ ရရှိမှုက

ဦးနှောက် တစ်ရှူးတွေကို ကြီးထွားစေပြီး ဦးနှောက် ကြီးထွားဖွံ့ဖြိုးမှုကို အကောင်းဆုံး အားဖြည့်ပေး ပါတယ်။
အသက်အရွယ်ကြောင့် ဖြစ်တဲ့ ဦးနှောက် စွမ်းဆောင်ရည် ကျဆင်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။
သတိမေ့တာလိုမျိုး ဦးနှောက် နဲ့ မှတ်ဉာဏ် ဆိုင်ရာ ပြဿနာတွေ မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေး နိုင်တယ်။
အသက်အရွယ်ကြီးရင့်လာလေလေ ကိုယ်တွင်းမှာ DHA ပမာဏ နည်းလာလေလေ ဖြစ်ပြီး ခဏခဏမေ့တာ အပါအဝင် ဦးနှောက်နဲ့ မှတ်ဉာဏ်ဆိုင်ရာ ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒီပြဿနာတွေ ကင်းစေဖို့ဆိုရင် လိုအပ်တဲ့ DHA ပမာဏ ပြည့်ဝဖို့ လိုမှာပါ။

DHA ရဲ့ ကျန်းမာရေး အကျိုးအာနိသင် အချို့
DHA က ဦးနှောက် ကျန်းမာရေးတင်လားဆိုတော့ မဟုတ်ပါဘူး။ အခြားကျန်းမာရေး အကျိုးအာနိသင်တွေကိုလည်း ပေးပါသေးတယ်။

မျက်လုံးတွေကို ဖွံ့ဖြိုးစေတယ်။
အမြင်အာရုံ ပြဿနာ ကင်းစေတယ်။

မှတ်ဥာဏ်ကိုတိုးပွား​စေတယ်။
နှစ်ခြိုက်စွာအိပ်စက်ခြင်းကိုအားပေးတယ်။
သွေးတွင်း ကိုလက်စထရောကို ထိန်းညှိပေးတယ်။
နှလုံး ကျန်းမာ စေနိုင်တယ်။
သွေးပေါင်ချိန် ထိန်းညှိပေးနိုင်တယ်။
အရိုးအဆစ်ရောင်နာ သက်သာစေတယ်။
ပန်းနာရင်ကျပ် သက်သာစေနိုင်တယ်။

crd Hello Sayarwon
Biochem

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

145/146 Pa Tin Wun U Shwe Bin Street, Industrial Zone 1, Hlaing Thar Yar Township
Yangon