KSH Consultancy Services
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KSH Consultancy Services, Consulting Agency, Yankin Township, Yangon.
20/05/2026
CBM Notification
20/05/2026
DICA Announcement
အမွေဆိုင်မြေပေါ်တွင် အဆောက်အအုံ ဆောက်မိလျှင်......
“ကျွန်မက အခုနေတဲ့ နေအိမ်မှာ အနှစ် ၄၀ နီးပါးနေလာခဲ့တာ ဆရာ။ အိမ်အသစ်ဆောက်မယ်လုပ်ခါမှ ကန့်ကွက်တယ်ဆိုပြီး ပေါ်လာတယ်။ သက်ဆိုင်ရာ စည်ပင်ကော်မတီက ကန့်ကွက်သူရှိလို့ ဆက်မဆောက်ဖို့ တားမြစ်ထားပါတယ် ဆရာ။ ဒီကိစ္စကို ကျွန်မဘယ်လိုဆက် လက်ဆောင်ရွက်ရမယ်ဆိုတာ သိချင်လို့ပါ”
“နေအိမ်ကို အသစ်ပြန်ဆောက်တယ်ဆိုတော့ မြေနဲ့ အိမ်နှစ်မျိုးလုံးနဲ့ သက်ဆိုင်လာပါတယ်။ မြေကွက်က ဘယ်သူ့အမည်ပေါက်လဲ”
“မြေကွက်ကတော့ ပါမစ်မြေပါ ဆရာ။ အမေက အစိုးရဝန်ထမ်းဆိုတော့ မြေကွက်ရထားတာပါ။ အမေ့ အမည်ပေါက်လို့ ဆိုရမှာပေါ့။ ဆရာလည်း သိမှာပါ၊ အဲဒီခေတ်ကာလက အိမ်ဆောက်ရင်လည်း ဘဏ်ချေးငွေနဲ့ ဆောက်ခွင့်ချပေးခဲ့တာတွေ ဖြစ်ပါတယ်”
“အဲဒီတုန်းက သမီးငယ်ဦးမယ် ထင်တယ်”
“ဟုတ်ပါတယ်။ သမီးအသက် ခုနစ်နှစ်ခန့်ရှိမယ်ထင်တယ်။ ဒါကြောင့် နှစ်ပေါင်း ၄၀ နီးပါးရှိနေပြီ ဆရာ”
“သမီးအမေရဲ့ မြေပါမစ်စာရွက်ထဲမှာ မြေကွက်မြေပုံနဲ့အတူ မိသားစု ဓာတ်ပုံပါတယ် မဟုတ်လား”
“ဓာတ်ပုံပါရှိပါတယ် ဆရာ။ မိသားစု လေးဦး ဓာတ်ပုံပါ”
“ခုနကပြောတော့ မိဘနှစ်ဦးနဲ့ သမီးတို့ သားအမိ သုံးဦးပဲရှိတယ်လို့ ပြောမိသလား၊ နောက်တစ်ယောက်က ဘယ်လိုဆွေမျိုးတော်စပ်သလဲ”
“သူပေါ့ ဆရာရယ်။ သူရှုပ်နေတာပဲ။ ကျွန်မရဲ့ ညီမတစ်ဝမ်းကွဲ တော်ပါတယ်။ အမေ့ရဲ့ အစ်မတော် စပ်သူက မွေးတဲ့တူမပါ ဆရာ”
“ဒါဆိုသူကလည်း အသက်အတော်ငယ်စဉ်က ရိုက်ထားတဲ့ မိသားစု ဓာတ်ပုံဖြစ်နေတာပေါ့”
“အဲဒီအချိန်က ကျွန်မအနေနဲ့ ရှစ်နှစ်သမီးခန့်ဆိုတော့ သူက အသက် ငါးနှစ်လောက်ရှိမယ်ထင်တယ်”
“မိခင်ဖြစ်သူက သူ့ရဲ့ တူမတော် သူကို တရားဝင် မွေးစားတာမျိုးရှိပါ သလား”
“ကျွန်မသိရသလောက်တော့ အမေနဲ့ အဖေက သူ့ကို မွေးစားထားတဲ့ ကိစ္စမရှိပါဘူး ဆရာ။ အိမ်ထောင် စုစာရင်းမှာလည်း တူမလို့ ဖော်ပြထားပါတယ်”
“အမွေစား အမွေခံအဖြစ် မွေးစားခဲ့တယ်ဆိုရင်တော့ အမွေပစ္စည်းနဲ့ ပတ်သက်ပြီး ဆက်စပ်ခံစားခွင့်ရှိ လာနိုင်တာပေါ့”
“သူကတော့ မွေးစားသမီးပါဆိုပြီး ကန့်ကွက်တာပေါ့ ဆရာ၊ ဒါပေမယ့် မွေးစားစာချုပ်ဘာတစ်ခုမှ မရှိပါဘူး ဆရာ”
“မွေးစားသမီးပါလို့ ပြောလာပြီဆိုတော့၊ သူက မိဘရင်းဆီ အသွား အလာ မရှိဘူးလား”
“မရှိဘူး ဆရာ။ မိဘတွေက သူငယ်စဉ်မှာပဲ ကားအက်ဆီးဒင့် တစ်ခုနဲ့ ကွယ်လွန်သွားခဲ့တာ ဆရာ”
“သြော် … ဒါကြောင့်မို့ သမီးရဲ့ မိခင်က ခေါ်ယူထားလိုက်တဲ့ သဘောပေါ့”
“ဟုတ်ပါတယ် ဆရာ။ ဒါပေမယ့် မွေးစားသမီးအဖြစ် တရားဝင် မွေးစားခဲ့တာ မရှိပါဘူး”
“သူက အခုဘယ်မှာနေသလဲ။ အိမ်ထောင်ကျသွားပြီလား”
“အိမ်ထောင်ကျသွားတာ အနှစ် ၂၀ လောက်ရှိတော့မယ် ဆရာရယ်။အဲဒီကတည်းက အိမ်ခွဲဆင်းသွားပါတယ်”
“တရားဝင်ကိတ္တိမ မွေးစားသမီး မဟုတ်ရင်တော့ အမွေဆက်ခံခွင့်ရှိမှာ မဟုတ်ပါဘူး”
“ဒါနဲ့ဆရာ၊ ပါမစ်မြေဆိုတာ ဥပဒေအရ အမွေဆက်ခံခွင့်မရှိဘူးဆိုတာ ဟုတ်ပါသလား”
“ဂရန်မြေ ဘိုးဘပိုင်မြေတွေကတော့ ရှင်းတယ်။ အမည်ပေါက်ကွယ်လွန်ရင် အမွေဆက်ခံသူ သားသမီးက အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ် ချုပ်ဆိုခွင့်ရှိကြောင်း ဥပဒေအရ ခွင့်ပြုထားပါတယ်။ ပါမစ်မြေက တော့ အမွေဆက်ခံသူအဖြစ် အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ် မြွက်ဟကြေညာပြုလုပ်ခွင့်မရှိပါဘူး”
“ဒါဆိုရင် မိသားစုဓာတ်ပုံမှာ ပါဝင်သူတွေက ပါမစ်မြေမှာ အမွေဆက်ခံခွင့် မရှိဘူးလား ဆရာ”
“သက်ဆိုင်ရာမြို့တော်စည်ပင် သာယာရေး ကော်မတီက ထုတ်ပေးထားတဲ့ ပါမစ်စာရွက်နဲ့ အိုးအိမ်ဦးစီး ဌာနက ထုတ်ပေးထားတဲ့ မြေချပါမစ်ဆိုတာမျိုးရှိတယ်။ တချို့ ပါမစ်တွေမှာ အမည်ပေါက်သူက မိသားစုထဲမှ မည်သူ့ကို ဆက်ခံခွင့်ပေးကြောင်း ဖော်ပြပါရှိတာတွေလည်း တွေ့ရတယ်။ ပါမစ်မြေဆိုတာ အဆောက်အအုံဆောက်လုပ် နေထိုင်ခွင့်ပြုခြင်းသာဖြစ်ပါတယ်။ မြေပိုင်ဆိုင်မှုကို အဓိက ပေးအပ်ခြင်းမဟုတ်ပါ။ မြေပိုင်ဆိုင်မှုအတွက် မြေငှား ဂရန် လျှောက်ထားရယူရမှာ ဖြစ်ပါတယ်”
“ဟုတ်ကဲ့ ဆရာ၊ ပါမစ်စာရွက်ကို ကျွန်မသေချာကြည့်လိုက်ပါမယ်။ အမေက အမွေဆက်ခံသူအဖြစ်မည်သူ့ကို ပေးခဲ့ကြောင်း ပါရင်တော့ အဆင်ပြေတာပေါ့ ဆရာ”
“ရှင်းအောင်ပြောရမယ်ဆိုရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးမျိုးမင်းသိန်း (ကွယ်လွန်သူ ဦးခင် မောင်ရင်၏ တရားဝင်ကိုယ်စားလှယ်) နှင့် ဒေါ်ခင်ဌေးမြင့်ပါ ခြောက်ဦး၊ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ – ၈၇ အမှုတွင် အစိုးရက ဂရန်ထုတ်ပေးထားခြင်းမရှိသော အစိုးရပိုင်မြေပေါ်တွင် နေထိုင်သူသည် အမွေဆက်ခံ ခွင့် လွှဲပြောင်းခွင့်မရှိပေ။ အစိုးရက ဂရန် ထုတ်ပေးမှသာလျှင် ထိုမြေနှင့် စပ်လျဉ်း၍ အမွေဆက်ခံခွင့် လွှဲပြောင်း ခွင့် ရရှိသည်လို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် ပါမစ်မြေတွေဟာ အမွေဆက်ခံခွင့်မရှိပါဘူး။ ဂရန် ဆက်လက်လျှောက်ယူရန် ဖြစ်ပါတယ်”
“တချို့က ပြောတော့ ကိတ္ထိမ မွေးစားခြင်းမဟုတ်ပေမယ့် သာမန်မွေးစားရင်လည်း အမွေဆက်ခံခွင့်ရှိတယ်လို့ ပြောကြတယ် ဟုတ်ပါသလား”
“အဲဒီလိုတော့ မဟုတ်ပါဘူး။ သားရင်းသမီးရင်းနဲ့ တန်းတူအမွေ ဆက်ခံခွင့်ရှိတဲ့ မွေးစားသားသမီးဆိုတာ မှတ်ပုံတင်စာချုပ်စာတမ်းနဲ့ ကိတ္ထိမ သားသမီးအဖြစ် မွေးစားတဲ့ သူကို ဆိုလိုတာဖြစ်တယ်။ မှတ်ပုံတင် စာချုပ်စာတမ်းနဲ့ မွေးစားခြင်းမဟုတ် ရင်တော့ အမွေဆက်ခံခွင့်ကို သားရင်းသမီးရင်းကဲ့သို့ အမွေရခွင့်မရှိပါ ဘူး။ အဲဒီလိုမွေစားသားသမီးကို အပတိဋ္ဌသားသမီးလို့ ခေါ်ပါတယ်”
“ဒါဆိုရင် အခုကိစ္စမှာ ညီမဖြစ် သူက မွေးစားသမီးလို့ ပြောရင်လည်း အပတိဌသားသမီးမျိုးပဲ ဖြစ်မှာပေါ့။ ဒီလိုလား ဆရာ”
“မှန်ပါတယ်။ ဥပဒေအရ အပတိဌသားသမီးသည် မွေးစားမိဘ၌ ကျန်ရစ်သူ ဇနီး၊ ခင်ပွန်း၊ သား၊ သမီး၊ မြေး၊ မြစ်၊ ကိတ္ထိမ သားသမီး မကျန်မှသာ အမွေရခွင့်ရှိသည်လို့ မစောမြနှင့် မချိုချိုပါ နှစ်ဦး ၁၉၈၁ မြန်မာနိုင်ငံ တရားစီးရင်ထုံး စာမျက်နှာ – ၂၅ မှာ လမ်းညွှန်ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် ယခုကိစ္စမှာလည်း မွေးစားသား သမီးပါလို့ ပြောဆိုသည့်တိုင် ကိတ္ထိမ မွေးစားသမီးမဟုတ်တဲ့အတွက် သမီးရင်းကသာ အမွေဆက်ခံခွင့်ရှိ မှာဖြစ်လို့ သေချာ ရေးသားပြီး မြို့တော်စည်ပင်သာယာ ရေးကော်မတီထံ တင်ပြရင် ဆောက် လုပ်ခွင့်ရမှာ ဖြစ်ပါတယ်”
“ကျွန်မက အိမ်ဟောင်းကိုပြင်တာမဟုတ်ဘဲ နှစ်ထပ်တိုက်ဆောက်မှာမို့ သိသာသွားတာဆရာ”
“ဘယ်လိုပဲဖြစ်ဖြစ် သမီးရင်းလည်း ဖြစ်တယ်။ နေလာတာလည်း နှစ်ပေါင်း ၄၀ နီးပါးဆိုတော့ ဥပဒေ နှင့်အညီရပိုင်ခွင့်ရှိပါတယ်။ ပြီးတော့ ဂရန်လျှောက်လိုက်ပါ”ဟု အကြံပေး ဆွေးနွေးလိုက်ပါသည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်
Struck Off ကုမ္ပဏီများ
DICA၏ ကုမ္ပဏီမှတ်ပုံတင်စာရင်းတွင် အချို့ကုမ္ပဏီများသည် Annual Returnအား နှစ်စဉ်ပုံမှန်တင်ပြခြင်းမရှိပါသောကြောင့် Company registeredမှာ company suspended နောက်ဆုံး Struck Offအဆင့် (ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်းခံရ)သည်အထိ ဖြစ်ပေါ်ကြပါသည်။
ထို့ကြောင့် ကုမ္ပဏီဆက်လက်လုပ်ဆောင်၍မရခြင်း၊ အခွန်ကိစ္စများ အခြားသော ကုမ္ပဏီဆိုင်ရာကိစ္စအဝဝဆောင်ရွက်ရန်မရတော့သောကြောင့်
Struck Offအားပြန်လည်အသက်သွင်းပေးရပါသည်။ (company ဆက်လက်လည်ပတ်နိုင်စေရန်)
KSH Consultancy and Legal Services အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် (Struck Off) ဖြစ်သွားသော လူကြီးမင်းတို့၏ ကုမ္ပဏီများအတွက် DICA၏ ကုမ္ပဏီမှတ်ပုံတင်စာရင်းတွင် ပြန်လည်အသက်ဝင်စေရန် အသက်သွင်းပေးသော ဝန်ဆောင်မှုကို ဆောင်ရွက်ပေးနေပါသည်။
ထိုသို့ဆောင်ရွက်ရတွင် တရားရုံးပိုင်းဆိုင်ရာလုပ်ငန်းစဉ်များလည်းပါဝင်ပါသောကြောင့် တရားရုံးပိုင်းဆိုင်ရာလုပ်ငန်းစဉ် နှင့် DICA၌ ကုမ္ပဏီမှတ်ပုံတင်ခြင်းအား ပြန်လည်အသက်သွင်းခြင်းလုပ်ငန်းစဉ်အကုန်လုံးအတွက် one stop service ဝန်ဆောင်မှုပေးနေပါသည်။
မိမိ ကုမ္ပဏီသည် အကြောင်းအမျိုးမျိုးကြောင့် Struck Off ဖြစ်သွားပါသော်လည်း ပြန်လည်ရှင်သန်စေရန် KSH Consultancy and Legal Services မှ ဆောင်ရွက်ပေးနေပါတယ်နော်။
"YOUR CONVENIENCE IS OUR PRIORITY"
06/10/2025
စိတ်ချမ်းသာကိုယ်ကျန်းမာပြီး ပျော်ရွှင်ဖွယ်သီတင်းကျွတ်ဖြစ်ပါစေကြောင်း..
01/10/2025
Hello October 👋
Good Luck Everyone 👍
လုပ်ငန်းများတိုးတက်အောင်မြင်ကြီးပွားနိုင်ကြပါစေ။
25/09/2025
Announcement of IP Department
25/09/2025
DICA announcement
13/09/2025
DICA
Directive no. 106/2025
1.9.2025
12/09/2025
INFORMATION
လုပ်ငန်းရှင်များ အရေးယူဆောင်ရွက်ခြင်းကင်းဝေးစေရန် မျှဝေခြင်း...
အခွန်ကောက်ခံမှု အထောက်အကူပြု အဖွဲ့များဖွဲ့စည်းခြင်း
၂၀. ၈. ၂၀၂၅
အမိန့်ကြော်ငြာစာအမှတ် ၁၀၁/၂၀၂၅
လုပ်ငန်းတာဝန်များ-
👉အခွန်ဆိုင်ရာ ဥပဒေ တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်သူများအား ဥပဒေနှင့် အညီ အရေးယူရန်
👉လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာ ဥပဒေများနှင့်
စပ်လျဥ်း ၍ အသိပေးရှင်းလင်းခြင်း
👉မြို့နယ်အတွင်း လုပ်ငန်း လုပ်ကိုင်နေသူများ၊ အခြေပစ္စည်းရောင်းချသူ၊ ဝယ်သူများနှင့် စပ်လျဉ်း၍သတင်းအချက်အလက်များ စုဆောင်းခြင်း
👉စည်းကြပ်တောင်းခံထားသည့် အခွန်များ အပြည့်အဝ ကောက်ခံရရှိရေး
👉လုပ်ငန်းရှင်များ အခွန်အမှတ်တံဆိပ် ( ကုန်သွယ်လုပ်ငန်းခွန်ကဲ့သို့) ကပ်နှိပ်ရန် လုပ်ငန်းရှင်များ လိုက်နာခြင်း ရှိမရှိ စောင့်ကြပ်ကြည့်ရှုခြင်း၊ ဖော်ထုတ်ခြင်းနှင့် မလိုက်နာကအရေးယူခြင်း
👉အခွန်ထမ်းများ တာဝန်သိသိဖြင့် အခွန်ထမ်းဆောင်လာစေရန် စည်းရုံးဆောင်ရွက်ခြင်း
#အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး
အဓိကဆောင်ရွက်ရမည့်ဌာန ကတော့ 👉ပြည်တွင်းအခွန်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11081