EduHub
More than just consultants—we are your mentors.
MEXT scholarship (COT category) Part 3 အနေနဲ့ ရေးဖြေတွေအတွက် ကိုးကားခဲ့တဲ့စာအုပ်များအကြောင်းပြောပြပေးထားပါတယ်
#
GED ဖြေပြီးပြီ... ဂျပန်တက္ကသိုလ်တက်ဖို့ဘာဆက်လုပ်မလဲ? 🤔
GED ဆိုတာ high school equivalency ပဲရှိပါသေးတယ်။ တက္ကသိုလ်တက်ဖို့ (သို့မဟုတ်) ပညာသင်ဆုလျှောက်ဖို့အတွက် GED တစ်ခုတည်းနဲ့ မလုံလောက်သေးပါဘူး။ အဓိက လိုအပ်တာတွေကိုတော့ video ထဲမှာ ပြောပြပေးထားပါတယ်
ဒီအချက်တွေကို ဘယ်လိုပြင်ဆင်ရမလဲဆိုတာ မသိသေးဘူးဆိုရင်တော့ Eduhub ကနေတစ်ဆင့် အသေးစိတ် အကြံဉာဏ်ရယူနိုင်ပါတယ်။
GED,SAT, IELTS အစရှိတဲ့ သင်တန်းတွေ ပြင်ဆင်ဖို့တက်ချင်တာဆိုရင်တော့ Innoed ကိုဆက်သွယ်လို့ရပါတယ်
ကိုယ့်ရဲ့ ဘဝရည်မှန်းချက်အတွက် အချိန်မဖြုန်းဘဲ အခုပဲ စတင်ပြင်ဆင်လိုက်ကြရအောင်! 🚀
MEXT SCHOLARSHIP (COT category) မောင်လေး မြင့်မြတ်ဇာနည်မှ သံရုံးအဆင့်အတွက် ပြင်ဆင်ခဲ့ရတာလေးတွေ ဆက်တင်ပေးထားပါတယ်
အပိုင်း ၂ ဗီဒီယိုလေးလဲဖြစ်ပါတယ် မေးချင်တာလေးတွေရှိရင်လဲ comment မှာmsg ချန်ခဲ့လို့ရပါတယ်
MEXT Scholarship ရရှိနိုင်ဖို့ အတွက် College of technology တက်ချင်တဲ့ကျောင်းသားတွေအတွက် တစ်ဆင့်ချင်းစီ လမ်းညွှန်ချက်တွေပြောပြပေးထားပါတယ် ခုလဲ စကော်လာခေါ်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့် လေ့လာနိုင်အောင် video တင်ပေးလိုက်ပါတယ်
ကူညီပြီးပြောပေးတဲ့မောင်လေးကတော့ 2025 MEXT scholarship (COT category) Myint Myat Zarni ဖြစ်ပါတယ်
22/05/2026
ဂျပန်အစိုးရရဲ့ အမြင့်ဆုံးပညာသင်ဆုဖြစ်တဲ့ MEXT ကို လျှောက်ထားရာမှာ မိမိတက်ရောက်မယ့် Level အလိုက် ပြင်ဆင်ရမယ့် ပုံစံချင်း လုံးဝမတူပါဘူး။
တကယ် ထိရောက်တဲ့ လမ်းကြောင်းကို ရွေးချယ်နိုင်ဖို့ Undergraduate (ဘွဲ့ကြို)နဲ့ Postgraduate (ဘွဲ့လွန်)အတွက် အဓိက လမ်းကြောင်း (၂) သွယ်ကို ခွဲခြားလေ့လာကြည့်ရအောင်။
🏛 ၁။ Embassy Recommendation (သံရုံးလမ်းကြောင်း)
မြန်မာနိုင်ငံရှိ ဂျပန်သံရုံးကနေ တိုက်ရိုက် စိစစ်ရွေးချယ်တဲ့ စနစ်ဖြစ်ပြီး ရေးဖြေစာမေးပွဲနဲ့ လူတွေ့စစ်ဆေးခြင်း (Interview) တို့ကို အဆင့်ဆင့် ဖြတ်ကျော်ရပါတယ်။
🎓Undergraduate (ဘွဲ့ကြို)(၁၀ တန်း/Grade 12 အောင်မြင်ပြီးသူများ) အတွက် အဓိက လမ်းကြောင်းကြီး ဖြစ်ပါတယ်။ အင်္ဂလိပ်စာ၊ သင်္ချာနဲ့ physics ဘာသာရပ်တွေရဲ့ ရေးဖြေရလဒ် အားကောင်းဖို့ အဓိက လိုအပ်ပါတယ်။
🎓Postgraduate (ဘွဲ့လွန် - Research/Master/PhD) မိမိ သုတေသနပြုလုပ်မယ့် ခေါင်းစဉ် (Research Proposal) အပေါ် ပညာရှင်တွေရှေ့မှာ ခိုင်ခိုင်မာမာ တိတိကျကျပြောဆိုနိုင်မှုက အဆုံးအဖြတ် ပေးသွားပါတယ်။
🏫 ၂။ University Recommendation (တက္ကသိုလ်လမ်းကြောင်း)
ဂျပန်တက္ကသိုလ်တွေဆီကို တိုက်ရိုက်ချိတ်ဆက်ပြီး တက္ကသိုလ်ကတစ်ဆင့် အစိုးရဆီ MEXT ရရှိဖို့ အမည်စာရင်း တင်သွင်းပေးတဲ့ စနစ်ပါ။
Undergraduate (ဘွဲ့ကြို)ဒီလမ်းကြောင်းမှာ Undergraduate အတွက် အခွင့်အလမ်း အလွန်နည်းပါးပါတယ်။
Postgraduate (ဘွဲ့လွန်) မိမိစိတ်ဝင်စားတဲ့ Lab က ပါမောက္ခ (Professor) နဲ့ တိုက်ရိုက်အင်တာဗျူးပြီး ကျောင်းအဆင့်မှတစ်ဆင့် MEXT ကနေရွေးချယ်ခံရတတ်ပါတယ်။ အောက်တိုဘာကနေ ဇန်နဝါရီအတွင်းမှာ ကြိုတင်ပြင်ဆင် ချိတ်ဆက်ရပါတယ်။
💡MEXT (Undergraduate) ရေးဖြေစာမေးပွဲရဲ့ သင်ရိုးညွှန်းတမ်းဟာ EJU သင်ရိုးနဲ့ အတော်လေး တူညီပါတယ်။ ဒါကြောင့် EJU ကို သေချာလေ့လာထားသူဟာ MEXT ရေးဖြေမှာ အလိုအလျောက် အမှတ်ကောင်းဖို့ ရာခိုင်နှုန်း ပိုများသွားပါတယ်။
Consultant's Note:အထူးသဖြင့် Postgraduate လျှောက်မယ့်သူတွေအနေနဲ့ မိမိရဲ့ Research Plan (SOP)ကို သူများရေးပေးတာမျိုး မဟုတ်ဘဲ၊ ကိုယ်တိုင် စနစ်တကျ ရေးသားတတ်ဖို့ အရေးကြီးပါတယ်။ အင်တာဗျူးခန်းထဲမှာ မိမိကိုယ်တိုင် ရေးသားထားတဲ့ အစီအစဉ်ကသာ အစစ်အမှန်ဆုံး ဖြေဆိုနိုင်မှုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
နောက်ရက်မှာတော့ MEXT scholarship embassy track ရဲ့ engineering အပိုင်းစိတ်ဝင်စားတဲ့ COT categoryအတွက် ပြင်ဆင်ရမယ့်အချက်တွေ သိထားသင့်တဲ့အကြောင်းအရာများကို ဆက်လက်ဖော်ပြသွားမှာဖြစ်ပါတယ်🚀
20/05/2026
MEXT alumna တစ်ယောက်လဲဖြစ် အားလဲအားနေတာနဲ့ eduhub founder တွေ စကားလေးနည်းနည်းလောက်ဝင်ပြောပေးပါမယ် career opportunities ပိုင်းလေးနည်းနည်းဝင်ပြောကြည့်ပါမယ်လို့
စိတ်ဝင်စားရင် လာနားထောင်ကြည့်ကြပါရှင်
အားလုံးပဲ မင်္ဂလာပါရှင် 🌸
2027 MEXT Scholarship အတွက် preparation လုပ်နေသူများကို အထောက်အကူဖြစ်စေရန် MMSA မှ ဦးဆောင်ပြီး Information Sharing Session ကို ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
🎓 Research Category (ဘွဲ့လွန်တန်း)
• Phoo Phoo Myint Aung
(Department of Civil and Earth Resources Engineering)
• Si Thu Hein
(Department of Electrical and Electronics Engineering)
MEXT စာမေးပွဲကို လတ်တလော ဖြေဆိုထားတဲ့ ကျောင်းသား/ကျောင်းသူများမှ updated information များ၊ preparation tips များနှင့် personal experiences များကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။
🎓 MEXT Alumni Speakers
• Dr. Khin Kyaemon Thwin
(2014 MEXT Alumni – Academic Pathway)
• Phoo Pwint Thiri Kyaw
(2018 MEXT Alumni – Corporate Pathway)
MEXT Alumni အမ ၂ ယောက်မှလည်း Career opportunities (Academia / Corporate Pathway) နှင့် ပတ်သက်ပြီး knowledge sharing ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။
📍 Session ကို Zoom နှင့် Facebook Live မှတစ်ဆင့် တက်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
💬 Sharing Session အပြီးတွင် Speaker များနှင့် Q&A Session လည်း ပါဝင်မည်ဖြစ်ပြီး မေးမြန်းလိုသော questions များကို ကြိုတင်ပေးပို့နိုင်ပါတယ်။
📝 Registration Link
(ဖြည့်ပြီးသားသူများ ထပ်မံဖြည့်ရန် မလိုအပ်ပါ)
https://forms.gle/HpWQYDRr12TsPXSw8
💻 Zoom Link
https://us06web.zoom.us/j/81800374770
Meeting ID: 818 0037 4770
Passcode: 791091
MEXT Scholarship ကို စိတ်ဝင်စားသူများ၊ လျှောက်ထားရန် စဉ်းစားနေသူများအတွက် useful ဖြစ်မယ်လို့ မျှော်လင့်ပါတယ် ✨
12/05/2026
မနေ့ကတင်လိုက်တဲ့ 編入systemလေးစိတ်ဝင်စားကြတာတွေ့ရပါတယ်။ အဓိကတက္ကသိုလ်ဝင်ခွင့် (Transfer) ကို လျှောက်ထားဖို့အတွက် တက္ကသိုလ်ဆက်တက်ဖို့ရည်ရွယ်ထားရင် တက်သင့်တဲ့ကောလိပ်တွေနဲ့ သတ်မှတ်ထားတဲ့ အချက်တွေရှိပါသေးတယ်။
✅နိုင်ငံတကာကျောင်းသားများအတွက် အခြေခံသတ်မှတ်ချက်ကတော့ လျှောက်ထားသူရဲ့ ဂျပန်စာအရည်အချင်းဖြစ်ပါတယ် JLPT N2နှင့်အထက် အောင်မြင်ထားသူ။
✅လျှောက်ထားနိုင်သည့် ကျောင်းအမျိုးအစားများထဲမှာတော့ မနေ့ကပြောထားတဲ့ အချက်တွေထဲမှာမှ တက္ကသိုလ်ထိဆက်တက်မယ်သေချာရည်ရွယ်ထားရင်တော့ 短期大学Tanki Daigaku (Short-term College)ကိုတော့ 専門学校ထက်ရွေးချယ်စေချင်ပါတယ်။ အမတို့ဆီလာဆွေးနွေးတဲ့ညီမလေးတစ်ယောက်ဆိုလဲ 大学ဆက်သွားချင်လို့ 短期大学ကိုပဲရွေးချယ်နိုင်အောင်အကြံပေးခဲ့ဖူးတယ်
‼️နောက်အရေးကြီးဆုံးအချက်ကတော့ 専門学校卒業ရထားပြီးသူတွေဆိုပေမယ့် 専門学校တိုင်းလက်ခံတာမဟုတ်ပါဘူး ကျောင်းတွေရဲ့ သင်ရိုးညွှန်တမ်း၊ credit တွေပေါ်မှာမူတည်ပြီး ဘယ်လိုကျောင်းမျိုးမှလက်ခံမယ်ဆိုတာကို guidelines တွေမှာအသေးစိတ်ထပ်မံရေးထားတာရှိပါတယ်။ Senmon တက်တိုင်း Transfer (編入) လုပ်လို့ရတာ မဟုတ်ပါဘူး။ (တချို့ ၁ နှစ်သင်တန်းတွေ ဒါမှမဟုတ် နာရီမပြည့်တဲ့ သင်တန်းတွေဆိုရင် တက္ကသိုလ်က လက်မခံဘူးလို့ ဆိုလိုတာပါ) အဲ့အချက်ကတော့ 専門学校卒業တွေအတွက်နည်းနည်းရှုပ်တာပါပါတယ်။
ဘာကြောင့် ရှုပ်ထွေးရတာလဲ?
Credit တွက်ချက်ပုံ: Tanki Daigaku သို့မဟုတ် တက္ကသိုလ်ကနေ ပြောင်းလာသူတွေကို Credit (ယူနစ်) ပေးတာ ပိုရှင်းပေမဲ့၊ Senmon ကလာတဲ့သူတွေကိုတော့ သူတို့သင်ခဲ့တဲ့ ဘာသာရပ်က တက္ကသိုလ် မေဂျာနဲ့ ဘယ်လောက်ကိုက်ညီလဲဆိုတာကို သေချာပြန်စစ်ပြီးမှ Credit ပေးလေ့ရှိလို့ပါ။
ကျောင်းအမျိုးအစား: ကိုယ်တက်နေတဲ့ Senmon က ပညာရေးဝန်ကြီးဌာန (MEXT) က အသိအမှတ်ပြုထားတဲ့ ကျောင်းဖြစ်ဖို့လည်း လိုပါတယ်။
ကျွန်တော်ကျွန်မတို့ 専門学校ပြီးပါပြီ၊編入ရမလား၊လာမေးရင် အမတို့ဖြေရခက်ပါတယ် ကိုယ်တက်ခဲ့တဲ့ကျောင်းအလိုက် လက်ခံတဲ့ကျောင်းအလိုက်ကွာနိုင်တာမို့ အဲ့အချက်လေးတွေတော့ ဂရုပြုစေချင်ပါတယ်
✅နောက် transfer system အတွက် engineering or technology ပိုင်းတက္ကသိုလ်ဆက်သွားရင်လဲအဆင်ပြေဆုံးဖြစ်တဲ့ နည်းပညာကောလိပ်ကိုတက်စေချင်ပါတယ်။ Kosen (Technical College) လို့ခေါ်တဲ့နည်းပညာကောလိပ်တက်ဖို့ MEXT scholarship ကတိုက်ရိုက်ခေါ်တာလဲရှိပါတယ် အသေးစိတ် video လေးလဲထပ်တင်ပေးပါမယ်
အပေါ်ကအချက်လေးတွေကတော့ ဖြည့်စွက်ချက်အနေနဲ့ ထပ်ဖြည့်ပေးထားပါတယ်
အဲ့ထဲကမှ transfer အတွက်စိတ်ဆုံးဖြတ်ပြီးလို့ အသေးစိတ်ထပ်ဆွေးနွေးချင်ရင်တော့ Eduhub မှာ appointment ယူပြီး consultation လုပ်ပေးနိုင်ပါတယ်
#ဂျပန်တက္ကသိုလ်
11/05/2026
EduHub ကို လာရောက်ဆွေးနွေးတဲ့ ညီမလေးတစ်ယောက်နဲ့ စကားပြောဖြစ်ရင်း၊ 専門 ကနေ တက္ကသိုလ်ပြောင်းချင်တဲ့ ကျောင်းသူ/ကျောင်းသားတွေ အများကြီးရှိမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ဂျပန်က တက္ကသိုလ်တွေကို ပြောင်းရွှေ့တက်ရောက်နိုင်တဲ့ Hennyu (編入 - Transfer System) အကြောင်းကို အသေးစိတ် မျှဝေပေးလိုက်ပါတယ်။
1. Hennyu (編入) ဆိုတာ ဘာလဲ?
ဂျပန်ရဲ့ Transfer System ဟာ များသောအားဖြင့် 3rd Year (တတိယနှစ်)ကနေ တိုက်ရိုက် စတက်ရတာမျိုးပါ။
🎓ဘယ်သူတွေ လျှောက်လို့ရလဲ
* မြန်မာပြည်ကနေ ဘွဲ့ရပြီးသူများ
* တက္ကသိုလ်၂ နှစ်/ ၃ နှစ် တက်ရောက်ပြီးသူများ
* ဂျပန်မှာ 専門学校သို့မဟုတ် Kosen တက်နေသူများ
💡 အထူးအားသာချက်: EJU ဖြေဆိုရန် မလိုတော့ဘဲ၊ မိမိလျှောက်ထားမည့် မေဂျာအလိုက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (Written Test & Interview) ကိုသာ တိုက်ရိုက်ဖြေဆိုရမှာ ဖြစ်ပါတယ်။
2. ဝင်ခွင့်စာမေးပွဲ ပုံစံ (Entrance Exams)
ဘာသာရပ်အတွက် အဓိက စစ်ဆေးလေ့ရှိတာတွေကတော့ ဥပမာ computer science မေဂျာအတွက်ဆိုရင်
✅Mathematics (数学)
✅Computer science Knowledge အခြေခံ
✅English Proficiency TOEIC or TOEFL
✅Short Essay (小論文)
✅Interview (面接)
(မှတ်ချက် - အခြားမေဂျာများအတွက် ဝင်ခွင့်ရေးဖြေဘာသာရပ်များ ကွာခြားနိုင်ပါတယ်။)
3. လျှောက်ထားရမယ့် အချိန်ဇယား (Timeline)
Universities တွေက တစ်ကျောင်းနဲ့ တစ်ကျောင်း အချိန်မတူပေမယ့် အကြမ်းဖျင်းအားဖြင့်
募集要項 (Application Guide) အတွက် ဧပြီ - မေ
Application လျှောက်လွှာတင်ခြင်းအတွက် ဇွန် - ဇူလိုင်
ဝင်ခွင့်စာမေးပွဲဖြေဆိုခြင်း အတွက် ဩဂုတ် - စက်တင်ဘာ
🎯ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်ဖို့ဆိုရင်တော့စာမေးပွဲမေးခွန်းတွေက ဂျပန်လိုဖြစ်တဲ့အတွက် အနည်းဆုံး N2Level ရှိမှသာ မေးခွန်းနားလည်ပြီး ဖြေဆိုနိုင်မှာပါ။
Past Papers (過去問)တွေအရေးကြီးပါတယ်။ ကျောင်းရဲ့ Website မှာ ကြည့်လို့ရသလို၊ ကျောင်းကို request လုပ်ပြီးတောင်းရတာမျိုးလဲရှိပါတယ်
Hennyu (編入) စနစ်နဲ့ ပတ်သက်ပြီး ကိုယ်တက်ရောက်ချင်တဲ့ မေဂျာအတွက် ဘာတွေပြင်ဆင်ရမလဲဆိုတာကို သေချာသိချင်တယ်ဆိုရင်တော့ EduHubမှာယုံကြည်စိတ်ချစွာ လာရောက်ဆွေးနွေး အကြံဉာဏ်ရယူနိုင်ပါတယ်။
09/05/2026
🇯🇵နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့ ရည်ရွယ်ထားရင်ကိုယ်သွားချင်တဲ့ တက္ကသိုလ်ရဲ့ ဝင်ခွင့်သတ်မှတ်ချက်တွေကို တိတိကျကျ သိထားဖို့ အရေးကြီးပါတယ်
ဂျပန်တက္ကသိုလ်တွေအတွက်ကတော့ Website တွေက ဂျပန်လိုချည်းပဲဆိုပြီး မရှာတတ်တာတွေရှိနိုင်သလို တစ်ချို့ ကျောင်းတွေကတော့ ကျောင်းသားတွေအတွက် english လိုရေးထားပေမယ့်လဲ translation မတိကျတာ information မပြည့်စုံတာတွေရှိနေတတ်ပါတယ် တတ်နိုင်ရင်တော့ ဂျပန်လို website ကိုအသုံးပြုသင့်ပါတယ်
EduHub ကနေ အချိန်မကုန်ဘဲ ထိထိရောက်ရောက် ရှာဖွေနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။
1. Google မှာ တက္ကသိုလ်နာမည်ရိုက်ထည့်ပြီးရှာလို့ရပါတယ်
• ဂျပန်လို: [တက္ကသိုလ်အမည်] + 外国人留学生入試(နိုင်ငံခြားကျောင်းသား ဝင်ခွင့်) 募集要項(Application Guidelines)
• အင်္ဂလိပ်လို: [University Name] + International Undergraduate or master or PhD Admission
2. Boshu Yoko" (募集要項) ကို မဖြစ်မနေ Download ဆွဲပါ
Website ပေါ်က စာတွေထက်စာရင် တက္ကသိုလ်က တရားဝင်ထုတ်ပြန်ထားတဲ့ "Application Guidelines (PDF)" ဖိုင်ကို ရအောင်ရှာပြီး သိမ်းထားပါ။ အဲ့ဒီထဲမှာမှ အချက်အလက် အပြည့်စုံဆုံး ပါဝင်တာဖြစ်ပါတယ်။
‼️PDF ဖိုင်ထဲမှာ ဒီ (၅) ချက်ကို အဓိကထားဖတ်ပါ
✅လျှောက်လွှာတင်ရမည့် ကာလ - Admission Calendar" ကို အမြဲစစ်ဆေးပါ၊ Application period and intake year ကို confirmပါ
✅ပညာအရည်အချင်း၊ မိမိဖြေဆိုထားသော GED လို လက်မှတ်တွေကို အသိအမှတ်ပြု/မပြုဖတ်ပါ
✅EJU ဘာသာရပ်များ ဘယ်ဘာသာရပ်တွေ ဖြေဆိုထားဖို့ လိုအပ်လဲဆိုတာကြည့်ပါ (English or Japanese ဖြေတာလက်ခံလား)
✅အနည်းဆုံး ရမှတ် (Cut-off Score) ရှိမရှိ? တစ်ချို့ score တွေကတော့ ကျောင်းတိုင်းမပြောပြပါဘူး
✅အင်္ဂလိပ်စာ အရည်အချင်း- TOEFL / IELTS အပြင် တချို့တက္ကသိုလ်တွေမှာ Duolingo ကို လက်ခံတာမျိုး ရှိ/မရှိ သေချာစစ်ဆေးပါ။
✅Pre admission scholarship လျှောက်ဖို့လိုမလိုဆိုတာရှာပါ
နောက်ဆုံး ဂျပန်လို ဖတ်ရတာ အခက်အခဲရှိနေသေးရင် Chrome Browser မှာ "Google Translate Extension" ကို တပ်ဆင်ထားပြီး တစ်မျက်နှာလုံးကို English လို ပြောင်းဖတ်ပါ။ ဒါကတော့နောက်ဆုံးနေမှ သုံးစေချင်ပါတယ် translations error တွေဖြစ်တတ်လို့ပါ
🎓 ကိုယ်တက်ချင်တဲ့ တက္ကသိုလ်နဲ့ လိုအပ်ချက်တွေကို သိပြီဆိုရင်တော့ လက်တွေ့ပြင်ဆင်ဖို့ အချိန်နီးလာပါပြီ ၂၀၂၇ intake အတွက် admission period တွေစတော့မှာပါ
အဲ့နည်းနဲ့ပဲ ကိုယ်စိတ်ဝင်စားတဲ့ ကျောင်းရဲ့ Requirement တွေကို ရှာကြည့်နိုင်ပါပြီနော်
အသေးစိတ်ထပ်မံဆွေးနွေးချင်ရင်တော့ EduHub ရဲ့ Messenger မှာလာရောက် စုံစမ်းနိုင်ပါပြီ။ ✨
07/05/2026
🇯🇵 Ritsumeikan Universitရဲ့၂၀၂၇ Intake အတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် applications period လေးရှယ်ပေးလိုက်ပါတယ်။
🎓Ristumeikan University ရဲ့ ကျောင်းသားစိတ်ဝင်စားမှုအများဆုံးနှင့် လျှောက်ထားမှုအများဆုံးဖြစ်တဲ့ english လိုသင်တဲ့ မေဂျာတွေလဲဖြစ်ပါတယ်
💰 Principle အရကျောင်းဝင်ခွင့်ရရှိတဲ့ကျောင်းသားတိုင်းအတွက် ၂၀% Scholarship အခွင့်အလမ်းပေးနေပြီး ထူးချွန်ကျောင်းသားများအတွက် ၅၀-၁၀၀% ပေးနေတဲ့ကျောင်းလဲဖြစ်ပါတယ်
⚠️ မကြာခင်မှာလဲ application period ရောက်လာတော့မှာဖြစ်တဲ့အတွက် မလျှောက်ထားမီ သတိထားရမည့်အချက်များကိုပြောပြချင်ပါတယ်
1. English Score:IELTS/TOEFL/Duolingo ရမှတ်များကို ကြိုတင်ပြင်ဆင်ရန်။
2. SOP & Essays:မိမိ၏ ရည်မှန်းချက်ကို ပေါ်လွင်အောင် ရေးသားနိုင်မှုသည် Scholarship အတွက် အဓိကကျပါသည်။
3. Application Timeline:၂၀၂၇ Intake အတွက် Application Period မစမီ လိုအပ်သောစာရွက်စာတမ်းများ စုဆောင်းထားရန် အချက်များဖြစ်ပါတယ်
Ritsumeikan University နှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များ၊ Application အဆင့်ဆင့်နှင့် သတိထားရမည့် အချက်များကို Eduhub မှာအသေးစိတ်ဆွေးနွေးတိုင်ပင်နိုင်ပါပြီ။
Click here to claim your Sponsored Listing.
Contact the school
Website
Address
Opening Hours
| Monday | 10:00 - 18:00 |
| Tuesday | 10:00 - 18:00 |
| Wednesday | 10:00 - 18:00 |
| Thursday | 10:00 - 18:00 |
| Friday | 10:00 - 18:00 |
| Saturday | 10:00 - 18:00 |