MyanmarParty.com
မွေးနေ့၊Party၊မင်္ဂလာပွဲများအတွက် One-Stop Service
29/12/2020
AB သွေး တဲ့လေ
ကိုယ်ကလွဲပြီး ကျန်တဲသုံးယောက် က AB တဲ့လေ ။ ။ ။
(Unicode)-ရှားပါတဲ့ သွေးအမျိုးအစားမို့အရေးပေါ်အခြေအနေတိုင်းမှာ အခက်တွေ့နေရတဲ့သွေး အမျိုးအစားဖြစ်ပါတယ်။ အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီး မထူးခြားလှတဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့… မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေးပိုင်ရှင်များက အရာအားလုံးကို ကွက်ကျော်မြင်တတ်လို့ အဆူခံရတာမျိုးလည်း လုံး၀ မရှိသလောက်ပါတဲ့…ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကို လျင်လျင်မြန်မြန် အကဲခတ်နိုင်စွမ်းရှိသူများလည်း ဖြစ်ပါတယ်… ဒါကြောင့်မို့ ပတ်ဝန်းကျင်က လူတွေက အေဘီသွေးပိုင်ရှင်များကို စကားနည်းပြီး ဘုကျကျနိုင်လိုက်တာလို့ အပြောခံရတာမျိုးလည်း ကြုံရတတ်ပါတယ်…ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် နေတတ်လာပြီး လူမှုဆက်ဆံရေးလည်း ကောင်းမွန်ပြေပြစ်လာပါတယ်တဲ့..အစပိုင်းမှာတော့ အလုပ်တစ်ခုကို ကြာရှည်လုပ်နိုင်တဲ့ ဇွဲ နည်းပါးတာကြောင့် အလုပ်တစ်ခုကို လုပ်တဲ့ အခါမှာ မြန်မြန် ပင်ပန်းအားလျော့ လွယ်ပါတယ်တဲ့..ဒါပေမယ့်လည်း ဝီရိယစိုက်ပြီး ကြိုးစားနေတဲ့ ကိုယ်ကိုတိုင်ရဲ့ ပုံစံကို နှစ်သက်သူများ ဖြစ်လို့ ဘယ်အရာကိုမဆို လုပ်လိုစိတ် ပြင်းထန်ပြီး ကြိုးကြိုးစားစား တက်တက်ကြွကြွနဲ့ လုပ်ဆောင်တတ်ပါတယ်တဲ့… လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း အပြောအဆိုကို အတတ်နိုင်ဆုံး သတိထားတတ်ပြီး လုပ်ငန်းခွင်မှာဆိုရင်လည်း အမှားမလုပ်မိအောင် သတိထား လုပ်ကိုင်တတ်သူများ ဖြစ်ပါတယ်… လူတစ်ယောက်နဲ့ တော်တော်လေး ရင်းနှီးလာတာတောင်မှ အဲဒီလူနဲ့ ကိုယ့်ရဲ့ ကြားမှအတား အဆီး တစ်ခုကို ထားပြီးဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်.. ဒါ့ပြင် အေဘီသွေးပိုင်ရှင်များဟာ တစ်ယောက်တည်းကိုဘဲ ခင်တတ်တဲ့ အကျင့်လည်းမရှိပါဘူး။အလုပ်အများကြီးကို တစ်ပြိုင်နက်တည်း လုပ်ကိုင်နိုင်စွမ်းရှိသူများ ဖြစ်သလို အရာအားလုံးကိုလက်တွေ့ကျကျ တွေးခေါ်ဆင်ချင်တတ်သူများလည်း ဖြစ်ပါတယ် အလုပ်တစ်ခုကို လုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေတွေးခေါ်ဆင်ချင်တတ်သူများ ဖြစ်ပါတယ်။မိဘဆွေမျိုး သူငယ်ချင်းရယ်ဆိုပြီး သီးသန့် မခွဲခြားတတ်ဘဲ လူသားအားလုံးကို တန်းတူညီတူ ဆက်ဆံတတ်သူများလည်း ဖြစ်ပါတယ်.. ဒါပေမယ့် တဘက်မှာလည်း အမြဲတမ်း ငွေရေးကြေးရေးကို စိတ်ပူနေတာကြောင့် ပိုက်ဆံရှာနိုင်မယ့် အခြေအနေများကို အပူတပြင်း ရှာဖွေနေတတ်ပါတယ်တဲ့…အေဘီသွေးပိုင်ရှင်များက ကိုယ့်ရဲ့ ခံစားချက်ကို မျက်နှာမှာ မဖော်ပြတတ်သူများ ဖြစ်သလိုတော်ရုံတန်ရုံနဲ့ ဒေါသလည်း မထွက်တတ်ပါဘူးတဲ့…ကိုယ့်ကို သစ္စာဖောက်သွားတဲ့သူကိုတော့ သေချာ မှတ်ထားပြီး ကလဲ့စားခြေတတ်တဲ့ဲ့စရိုက်သဘာဝကို ပိုင်ဆိုင်သူများ ဖြစ်ပါတယ်…
19/12/2020
သင့်လက်ကောက်ဝတ်ပေါ် မှာ ဘယ်နှစ်ကြောင်းပါလဲ ပြီးရင် ဘာတွေဖြစ်တတ်သလဲ…
လက်ဝါးပြင်က လမ်းကြောင်းတွေ လိုပဲ လက်ကောက်ဝတ်က လမ်းကြောင်းလေးတွေကနေလည်း သင့်ရဲ့ ကံကြမ္မာကို ကောင်းကောင်း သိနိုင်ပါတယ်။ လက္ခဏာ ပညာတတ်စရာမလိုဘဲ အလွယ်တကူနဲ့ လူတိုင်းကြည့်ြ့ပီးတော့ နားလည်နိုင်တဲ့ နည်းလေးကိုသုံးပြီး…..
ကံကြမ္မာ တစ်စိတ်တစ်ပိုင်းကို ကျွန်တော် တို့တွေ အခုပဲ ကြည့်လိုက်ရအောင်။ ပုံမှန် ဆိုရင်တော့ သာမန်လူတစ်ယောက် မှာ လက်ကောက်ဝတ် မှာ လမ်းကြောင်း ၂ ကြောင်း သို့မဟုတ် လမ်းကြောင်း ၃ ကြောင်းရှိတတ်ပါတယ်။ ထိုလမ်းကြောင်းတွေကတော့….
လမ်းကြောင်း ၁
အပေါ်ဆုံးလမ်းကြောင်းက လူတစ်ယောက်ရဲ့ ကျန်းမာရေး ကို ပြပါတယ်။ လမ်းကြောင်းထင်ရှားပြီး တစ်ဆက်တည်းရှိမယ်ဆိုရင် ကျန်းမာရေးအရမ်းကောင်းတယ်ဆိုတာကို ပြပါတယ်။
လမ်းကြောင်းက တကယ်လို့ မှိန်းဖျော့နေမယ်၊ အပြတ်တွေများနေမယ် ဆိုရင်တော့ ကိုယ့်ရဲ့နေထိုင်စားသောက်မှုပုံစံကို ပြောင်းပြီးတော့ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်တယ် ဆိုတာကို ပြပါတယ်။
လမ်းကြောင်း ၂
ဒုတိယမြောက် လမ်းကြောင်းက ပျော်ရွှင်မှု နဲ့ အောင်မြင်မှုကို ပြပါတယ်။ ပထမ လမ်းကြောင်းလိုပဲ ဒီလမ်းကြောင်းကလည်း ထင်းပြီး ဖြောင့်တန်းနေမယ်ဆိုရင် အောင်မြင်တွေ ပျော်ရွှင်မှုတွေ ရမယ်…..
စည်းစိမ်၊ဥစ္စာတွေရမယ် ဆိုတာကို ပြပါတယ်။ တကယ်လို့ ဒီလမ်းကြောင်းညံ့တယ် ဆိုရင် ငွေကြေးအခက်အခဲ အမြဲကြုံရတတ်တယ် ဆိုတာကို ပြပါတယ်။
လမ်းကြောင်း ၃
လူတိုင်းနီးပါးမှာ လမ်းကြောင်း ၂ ကြောင်းပုံမှန် ရှိတတ်ပေမယ့် လမ်းကြောင်း ၃ကြောင်း ရှိတဲ့ သူတွေလည်း ရှိပါတယ်။ တတိယလမ်းကြောင်း ရှိတဲ့သူတွေက အရမ်းခိုင်မာ အားကောင်းတဲ့စိတ်ဓာတ်ရှိပြီး….
လူအများကတောင် ကြောက်ရွံံ့ရတဲ့ အစွမ်းရှိပါတယ်။ တကယ်လို့ လမ်းကြောင်း က ထင်ရှားလေ ပိုပြီးတော့ အင်အားကောင်းလေပဲ ဖြစ်ပါတယ်။
လမ်းကြောင်း ၄
ဒီလမ်းကြောင်းကတော့ အလွန် ကိုတွေ့ရခဲ့တဲ့ လမ်းကြောင်းဖြစ်ပြီး သက်တမ်း နဲ့ လည်းဆိုင်ပါတယ်။ ဒီလမ်းကြောင်းသာ တကယ်လို့ ရှားရှားပါးပါးရှိပြီဆိုရင် အသက် အရမ်းရှည်ပြီး သားသမီးကံလည်း ကောင်းပါတယ်။
အားလုံးပဲ လိုရာဆန္ဒတွေပြည့်ကြပါစေ။
11/12/2020
စိန်ပွင့်လေးတစ်ခု ရွေးပြီး သင့်အချစ်ရေးသာယာဖို့ ပြင်ရမယ့်အချက်တစ်ချက်ကို ပြောပြပေးမယ်
စိန်ပွင့်လေးတစ်ခု ရွေးပြီး သင့်အချစ်ရေးသာယာဖို့ ပြင်ရမယ့်အချက်တစ်ချက်ကို ပြောပြပေးမယ်
(၁) ငွေရောင်စိန်ပွင့်
အချစ်ရေးမှာသာယာပျော်ရွှင်ဖို့ဆိုရင်တော့ သင့်အနေနဲ့ ရင့်ကျက်မှရပါလိမ့်မယ်။ ရင့်ကျက်တယ်ဆိုတာ အနေအထိုင်အပြုအမူကို ဆိုလိုတာမဟုတ်ဘဲ စိတ်ဓာတ်ကိုပါ။ သင့်ချစ်သူက သူ့ရဲ့ ဘဝတစ်ခုလုံးကို ရင့်ကျက်တည်ငြိမ်တဲ့ ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ကို လက်တွဲပြီး ဘဝရဲ့ပန်းတိုင်တွေကို အတူတူပန်းဝင်ချင်တာပါတဲ့နော်။
(၂) မိုးပြာရောင်စိန်ပွင့်
သင်တို့နှစ်ယောက်ကြားမှာ ဖော်ရွေမှုလိုအပ်နေပါတယ်။ တရင်းတနှီးရှိမှုတွေ၊ အချိန်ပေးဖို့တွေ၊ ကြင်ကြင်နာနာဆက်ဆံဖို့တွေ စသဖြင့်ပေါ့။ လွယ်လွယ်ပြောရရင် သမီးရည်းစားလိုဆက်ဆံပေးပါ။ လူတစ်ယောက်ဟာ သူများအတွက်ကြီးပဲ အချိန်ပေးရမယ်လို့မဆိုလိုပေမယ့် ကျွန်တော်တို့ဟာ ဒီလူသားနဲ့အတူတူရှိနေဖို့ ရွေးချယ်ခဲ့ပြီးမှတော့ သူတို့ကို ချစ်ခင်ကြင်နာယုယရပါတော့မယ်မဟုတ်လား။
(၃) အစိမ်းရောင်စိန်ပွင့်
အချစ်ရေးလေးသာသာယာယာဖြစ်စေချင်ရင်တော့ သင့်ရဲ့သဝန်တိုမှုတွေကို လျှော့ပေးဖို့ပဲလိုအပ်ပါတယ်။ ချစ်သူချင်းကတော့ သဝန်တိုတာတွေဘာတွေရှိမှာပဲ။ ဒါပေမဲ့ အလကားနေ အလကား အလွန်အကြူး သဝန်တိုတာကိုတော့ ဘယ်သူမှ လက်ခံနိုင်မှာမဟုတ်ပါဘူး။ တစ်ဖက်လူက အနေမှန်ပြီး လူကြီးဆန်နေရင် ပိုလို့တောင်ဆိုး။ ကြာလာရင် အကြီးအကျယ်ပေါက်ကွဲပြီး သင့်ကိုထားသွားလိမ့်မယ်နော်။
(၄) ပန်းရောင်စိန်ပွင့်
အတိတ်ကဖြစ်ရပ်တွေကြောင့် သင်ဟာ ခဲမှန်ဖူးတဲ့စာသူငယ်ဆိုတဲ့အတိုင်း ဘယ်သူ့ကိုမှ မယုံကြည်တော့ဘူး၊ ချစ်လို့လည်းမရတော့ဘူး၊ လူတစ်ယောက်နဲ့ ရည်ရှည်ချစ်သူတော်ဖို့ဆိုတာ ဝန်လေးနေလိမ့်မယ်။ ဒီလိုစိတ်တွေကြောင့် အခုသူမှ မဟုတ်ဘူး၊ ဘယ်သူနဲ့ပဲ တွဲတွဲ သင့်အချစ်ရေးဟာ အလုံးစုံပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး။ ဒီတော့ အကောင်းဆုံးက စိတ်ကိုသေချာပြင်ဆင်ပါ။ လူတိုင်းဟာ အရင်တစ်ယောက်လိုမဟုတ်ဘူးဆိုတာ နှလုံးသွင်းပါ။ သင့်အနေနဲ့ တကယ်လိုလိုလားလား ချစ်သူထားချင်မှ လူတစ်ယောက်ကို ဘဝထဲကို ခေါ်သွင်းပါ။ မဟုတ်ရင် သူရောကိုယ်ပါ မပျော်မရွှင်ဖြစ်နေရပါလိမ့်မယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |