Mya's Daily Blogs

Mya's Daily Blogs

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mya's Daily Blogs, Blogger, Yangon.

11/06/2026

မ မြဆိုင်က စျေးတန်နေတာ ဘာလို့လဲ။ ဘာ treatment တွေရလဲ။
ဘာလို့ booking ယူပြီးမှ လာလို့ရတာလဲ စတဲ့ မေးခွန်းတွေ အတွက်
အဖြေလေး ပါရှင်💕

10/06/2026

မြတို့ ဆိုင်မှာ AYA PAY နဲ့ ငွေရှင်းရင်
Keratin Treatment Free ရပါမယ်ရှင်။
မယူရင် 10000 လျော့ပေးပါမယ်။

ဆံပင်လုပ်တာက ပိုတန်ပါမယ်။
Cash back ပြန်ယူချင်ရင်တော့
ငွေသား တသောင်း ရပါမယ်ရှင်။

10/06/2026

Hair Rebond မလုပ်ခင် သိထားသင့်တဲ့
အရေးကြီးဆုံး ငါးချက် ။

1. ဆံသားကို အရင်စစ်ဆေးရပါမယ်ရှင်။
ဧည့်သည်က ဆံပင်ကို Rebond လုပ်မယ်ဆိုတိုင်း တန်းလုပ်ပေးလို့မရပါဘူး။ဆိုင်တွေအနေနဲ့ ကလဲ
ဒါကို ဧည့်သည်တွေ နားလည်အောင်လဲ
သေချာလေး ရှင်းပြဖို့လိုပါတယ်။
Rebond လုပ်လို့မရတဲ့ဆံသားဖြစ်နေရင်
လုပ်လို့မရပါဘူး။ ဆံပင်က မကြာခင်ကမှ
Bleach လုပ်ခဲ့ရင်, ပျက်စီးနေတဲ့ ဆံပင်မှာ
Rebond လုပ်လို့မရသေးပါဘူး။
ဒါကြောင့် Hair test အရင်လုပ်ရပါမယ်။

2.Rebond ဆိုတာ ဖြောင့်ဆေး အပျော့စား ပဲ ဖြစ်ပါတယ်။ Rebond လုပ်ပြီးရင်
‌ငါးလမှ ရှစ်လနီးပါးတာရှည်ခံပါတယ်။
မူလဆံပင် ပြန်ထွက်လာတာနဲ့ Rebond အရမ်းမကွာစေဖို့ Rebond ဆေးအစစ်သုံးဖို့တော့လိုပါတယ်။မာကောက်ကြမ်းဆံသားဖြစ်နေလို့ ဖြောင့်ဆေးအနည်းငယ်
ရောပြီး လုပ်ပေးလိုက်တဲ့ အခါ
အသစ်ထွက်လာတဲ့ ဆံပင်က
မာကောက်ကြမ်းပွနေပြီး Rebond လုပ်ထားတဲ့ဆံသားနဲ့ ကွာခြားပြီး ကြည့်ရဆိုးတတ်ပါတယ်။ ဒါကြောင့် Rebond သက်တမ်း ရှစ်လနီးပါးခံပေမဲ့လဲ
အရင်းတွေ လက်လေးလုံးကျော်လာတိုင်း
တကြိမ် ပြန်ပြန်လုပ်ပေးဖို့လိုပါတယ်။

3.Rebond ပြုလုပ်ပြီးတာနဲ့ ဆံသားကို
အရင်က ထက် ပိုပြီး ဂရုစိုက်ဖို့လိုလာပါတယ်။ ဂရုမစိုက်နိုင်ရင် အစထဲ Rebond မလုပ်ဖို့ပြောပါရစေ။ Rebond ဆံသားတွေ
အတွက် Hair mask, Sulfate free shampoo,hair serum တွေကို
သေချာသုံးပေးဖို့ အထူးလိုအပ်ပါတယ်။
Rebond လုပ်တဲ့ အခါဆိုင်မှာ
တခါထဲ ဆောင်ရန်၊ရှောင်ရန်တွေ
မှာပေးလိုက်ပါတယ်။သေချာလေး
လိုက်နာဖို့ လိုပါတယ်နော်။

4.Salon သေချာရွေးဖို့လိုအပ်ပါတယ်။
ရွေးလိုက်တဲ့ Salon တခုအနေနဲ့
ဆိုင်လဲ အတန်သင့် နာမည်ရှိတယ်။
ဆရာကောင်း ရှိတယ်။ ဒါပေမဲ့
တပည့်တွေနဲ့ လွှတ်ထားတာမျိုး မဖြစ်စေဖို့ သတိပြုပါ။ အသုံးပြုတဲ့ဆေး ၊ လက်ရာ
အာမခံမှု သေချာရွေးဖို့ လိုပါတယ်။
ဆိုင်ကြီး နာမည်ကြီးတွေ မှ
ကောင်းတာ ရှိသလို မကောင်းတာလဲ
ရှိပါတယ်။
တချို့ဆိုင်သေးပေမဲ့
ရှယ်ကောင်းတာတွေလဲ ရှိပါတယ်။ သေချာလေးရွေးဖို့လိုအပ်ပါတယ်။

5.Rebond မလုပ်ခင် ဆေးနဲ့ တည့် မတည့်
စမ်းသပ်ဖို့ လိုအပ်ပါတယ်။
Rebond ဆေးထဲ ဖြောင့်ဆေးရောတဲ့ အခါ
Chemical အရမ်းများသွားပြီး
ဦးရေပြား အနာဖြစ်တတ်ကြလို့ပါ။
Rebond ဆေးထဲ ဖြောင့်ဆေးမရောလဲ
Patch test လုပ်ပြီးမှ ခေါင်းပေါ်ဆေးတင်ပါ။ အရေပြား sensitive သမား
တွေအတွက် အရမ်းအရေးကြီးပါတယ်။

ဆိုင်ကို အားမနာပဲ သေချာလေး
Patch test လုပ်ပေးဖို့ပြောလို့ရပါတယ်။

📌Hair Rebond ဘာလို့လုပ်ကြတာလဲ။

မြတို့ အမျိုးသမီးတွေအားလုံးက
ဘာလို့ Rebond လုပ်ချင်ကြတာလဲ။
အဖြေက ရှင်းပါတယ်။

ဆံသားဖြောင့်ဖြောင့်ဝဲဝဲလေးနဲ့
သဘာဝအတိုင်း လှနေသယောင်
Hair look ကို ရချင်ကြလို့ပါပဲ။

ဖွာနေတာတွေ ဝပ်ပြီး ဝဲစေဖို့
ကောက်နေတာတွေစင်းစေဖို့
လှိုင်းတွေ ပြေပြီး လှဖို့
Self confidence တိုးတတ်စေဖို့
ဆံပင်အတွက် စိတ်ချမ်းသာချင်လို့
ဆိုတဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့
Rebond လုပ်ကြတာဖြစ်ပါတယ်။

📌အဲ့တော့ မေးစရာရှိလာပါတယ်။
ဘယ်ဆံပင်မဆို Hair Rebond လုပ်လို့
ရလား ။ မရပါဘူး နော်။

Rebond လုပ်လို့မရတဲ့ ဆံသားတွေ ရှိပါတယ်။

Bleach လုပ်ထားတဲ့ဆံသား
တွေဟာ hair cuticle ဖွင့်ပြီးသား
ဖြစ်နေတဲ့ အတွက် Rebond လုပ်လိုက်ရင်
ဆံပင်တွေ ကျွမ်းတတ်ပါတယ်နော်။

Color ခဏခဏ ဆိုးနေကြသူတွေ
လဲ Rebond လုပ်လို့မရပါဘူး ။

အဖျားနှစ်ခွများနေတဲ့ဆံသားတွေနဲ့
ဆံပင်ပါးလွန်းသူများ အနေနဲ့
Rebond လုပ်လို့မရပါဘူးရှင်။

ဒီလောက်ဆို Rebond နဲ့ပတ်သက်ပြီး
သိချင်သူများ အဆင်ပြေကြမယ်လို့
ယုံကြည်ပါတယ်။

ဆံပင်နဲ့ ပတ်သက်ပြီး သိချင်တာရှိရင်
မေးလို့ရပါတယ်။

ဆံသားအတွက် လိုအပ်တဲ့
Haircare တွေ သေချာတိုင်ပင်ပြီး
ဝယ်ချင်ရင်လဲ ရောင်းပေးပါတယ်။

မှာယူလိုပါက ပေ့မတ်ဆေ့ဂျာမှာ
ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင်။

မြရဲ့ HAIR Treatment salon
လေးမှာ Rebond လာလုပ်ချင်လဲ
ရပါတယ်ရှင်။ ဘိုကင်လေး တရက်ကြို
ယူပေးရင်ရပါတယ်ရှင်။

အားလုံး ပဲ ကျန်းမာ ပျော်ရွှင်
ချမ်းမြေ့ပါစေ။

ချစ်တဲ့ မြမြ 🩷🩷🩷

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon