Kyaw Mega Power
Electrical Trading and Installation Service
20/11/2020
အိမ်တွေ ရုံးတွေ မှာ Wire size ကိုဘယ်လိုသုံးမလဲ
*****************************************************
အိမ်တွေ မှာ wire ကိုသုံးတဲ့ အခါ အကောင်းဆုံး က cover ကို Double insulation single core ကိုသုံး ကျပါတယ်။ အိမ်ထဲ မှာဆိုရင် PVC cover ပဲ သုံးလို့ရပါတယ်။ အပြင်မှာ ဆိုရင်တော့ ရာသီဥတု ဒါဏ် ခံနိုင်တဲ့ XLPE cover ကို သုံးသင့်ပါတယ်။
Wire size ကို တပ်မဲ့ Breaker / RCBO / RCCB ရဲ့ တန်ဖိုး ပေါ်မူတည်ပြီး ထား ကျပါတယ် ။ အိမ်တွေ မှာက C-10 , C-16, C-20 အများဆုံး သုံး ကျပါတယ်။ main ကိုတော့ C-32 သုံးကျပါတယ်။
အဲတော့ C-10 တပ်ထားတဲ့ အတွက် ဘယ်လောက် Wire size သုံး မလဲဆိုရင် 1.5 mm2 ကို သုံးရပါမယ်။
အဲတော့ C-16 တပ်ထားတဲ့ အတွက် ဘယ်လောက် Wire size သုံး မလဲဆိုရင် 2.5 mm2 ကို သုံးရပါမယ်။
အဲတော့ C-20 တပ်ထားတဲ့ အတွက် ဘယ်လောက် Wire size သုံး မလဲဆိုရင် 2.5 or 4 mm2 ကို သုံးရပါမယ်။
အဲတော့ C-32 တပ်ထားတဲ့ အတွက် ဘယ်လောက် Wire size သုံး မလဲဆိုရင် 6 mm2 ကို သုံးရပါမယ်။
အဲဒါတွေ က စနစ် တကျ သတ်မှတ်ထားတဲ့ IEC standard အတွက် Copper cable အတွက် ရေးထားတာတွေ ဖြစ်ပါတယ်။
ဥပမာ
ပုံထဲ မှာ 1.5 mm2 wire အတွက် အများဆုံး သယ်ဆောင်နိုင်တဲ့ current က 37 ~ 15.5 amp ရှိပါတယ်။ A,BC ~ M က cable laying method ရဲ့ type တွေပါ ။ အဓိပ္ပါယ် ကတော့ အဆိုးဆုံး cable laying method မှာ 15.5 Amp အထိ ကောင်းကောင်း စီးနိုင်တယ်လို့ပြောတာပါ ။ အဲတော့ 10 amp Breaker က ကောင်းကောင်း handle လုပ်နိုင်တယ်လို့ပြောတာပါ။
မီတာ ၅၀ ထက် မကျော်ရင် Volt drop ကို မတွက်တော့ပါဖူး ။ အိမ်တွေ က wire ဆွဲတဲ့ အခါ မီတာ ၅၀ မကျော်ကျပါဖူး။
ကဲ မြန်မာ ပြည်မှာ ပြ သနာက ဘာလဲ ။ cable တွေ size မပြည့်တာ Conductor Copper တွေ ၉၉.၉၅% လောက် မသန့်စင်တာ တွေ ရှိပါတယ်။ သတ္တုစပ်တွေ သုံးတာပေါ့။
အဲတော့ International မှာ သုံးတဲ့ reference ယူရင် မရတော့ပါ ဖူး။
အဲတော့ ဆရာသမားတို့ သိရမှာ ကိုယ်သုံးတဲ့ wire အခြေ အနေ ကို ကြည့်ပြီး Size ကြီးတန်ရင် ကြီး ကျပါ ။
ဥပမာ… 1.5 mm2 သုံးမဲ့နေရာမှာ 2.5 mm သုံးတာ,မျိုးပေါ့လေ ။
Cable တွေ ခို ရင်တော့ Current တွေ သယ်တဲ့ အခါပူပြီး insulation မကောင်းရင် မီးလောင်တတ်ပါတယ် ။ အိမ်တွေ ရုံးတွေ မှာ အဓိ က လျပ်စစ်ကြောင့် ဖြစ်ရတာ လေ့လာမှု အရ wire တွေ ကြောင့် က များပါတယ်။
ဖတ်ရှုလေ့လာ တဲ့ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ
Credit to:
Kyaw Oo
EI Engineering
AETHER Solar Engineering
19/04/2020
Covid 19 ရောဂါရပြီဆိုရင် ကြောက်စရာမဟုတ်ပါ၊
---------------------------------------------------------------
ရွံ့စရာမဟုတ်ပါ၊ ရှက်စရာမဟုတ်ပါ။
မိမိ၊ မိသားစု နှင့် ပါတ်ဝန်းကျင်အတွက် လူတစ်ဦးတစ်ယောက်စီတိုင်း တာဝန် သိစိတ်ရှိကြပါ။ အသိတရားရှိကြပါ။ စည်းလုံးကြပါ။
မိမိကိုယ်ကိုသံသယဝင်မိတယ်ဆိုရင်-(ဥပမာ- ကျန်းမာရေးဝန်ကြီးဌာနကတရားဝင် ထုတ်ပြန်သောစာရင်းတွင် ပါရှိသူသည် မိမိပါတ်ဝန်းကျင်တွင်နေထိုင်ခဲ့သူဖြစ်ပါက ထိုသူနှင့်စကားလက်ဆုံကျမိသလား။ ထိုသူသွားခဲ့သောနေရာတွင် ရှိခဲ့သလား။ ဘုန်းကြီးကျောင်း၊ မုန့်ဟင်းခါးဆိုင်၊ ကွမ်းဆိုင်၊ ထမင်းဆိုင် စသဖြင့် သွားခဲ့၊ ဆုံခဲ့မိရင်) မိမိအသိစိတ်နဲ့မိမိ နီးစပ်ရာ Quarantine Center ၊ ဆေးရုံမှာ သွားရောက်စစ်ဆေးမူ့ခံ၍ Q ဝင်ပြီး lock down လုပ်ပါ။ (သို့မဟုတ်) မိမိနေသောအခန်း၊အိမ်ကို မိမိအသိစိတ်ဖြင့် Self Quarantine, lock down လုပ်ပါ။
ပါတ်ဝန်းကျင်တွင် သံသယလူနာတွေ့ရှိပါက နီးစပ်ရာတာဝန်ရှိသူများကို အကြောင်းကြားပါ။ ကြည်ဖြူစွာ အစစ်ဆေးခံယူကြပါ။
ပြည်ထောင်စုသမ္မတမြန်မာနိူင်ငံတော်အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအချက်လက်များ/အမိန့်များ
ကို မျက်ခြေပြတ်မခံဘဲ လိုက်နာဆောင်ရွက်ခြင်းဖြင့် မိမိနဲ့မိမိပါတ်ဝန်းကျင်ကို ကူညီကြပါ။
အိမ်အပြင်ကပြန်လာပြီးတိုင်း၊ အများသုံးပစ္စည်းတွေကိုင်တွယ်ပြီးတိုင်း၊ အိမ်သာသုံးပြီးတိုင်း၊ အစာမစားမီတိုင်း၊ နှာချေ/ချောင်းဆိုး/နှာရည်ညှစ်ပြီးတဲ့အခါတိုင်း၊ နှာခေါင်းစည်း(Mask) ကို မကိုင်တွယ်မီနဲ့ ကိုင်တွယ်ပြီးတဲ့အခါတိုင်း လက်ကိုဆပ်ပြာနှင့်ရေအသုံးပြုစက္ကန့်(၂၀)ကြာ စနစ်တကျဆေးပါ။ ဆပ်ပြာနှင့်ရေအလွယ်တကူမရလျှင်(Alcohol 60%) အနည်းဆုံးပါဝင်သော လက်သန့်ဆေးရည်အသုံးပြုဆေးကြောပါ။
မိမိကြောင့် ရောဂါပြန့်ပွားခြင်း၊ သေဆုံးခြင်းများ မဖြစ်အောင် ကာကွယ်ပါ။
✅ လက်ဆေးပါ။
✅ Mask တပ်ပါ။
✅ လူစုလူဝေးရှောင်ရှားပါ။
✅ အိမ်မှာနေပေးပါ။
ဧပြီ-၁၉-၂၀၂၀ခုနှစ်
Credit: photo
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:30 |
| Tuesday | 09:00 - 17:30 |
| Wednesday | 09:00 - 17:30 |
| Thursday | 09:00 - 17:30 |
| Friday | 09:00 - 17:30 |
| Saturday | 09:00 - 12:30 |