NITI

NITI

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NITI, Consulting Agency, Ranchi.

25/02/2026

SME လုပ်ငန်းရှင်များအတွက်... Consultant ထံမှ ပညာလည်းယူ၊ Cashback အပြည့်နဲ့ အခမဲ့လည်း တက်ရောက်နိုင်မယ့် "Fundamental Finance For Absolute Non-Finance Course" 🔰

NITI က SME လုပ်ငန်းရှင်တွေအတွက် လိုအပ်တဲ့ ငွေကြေးစီမံခန့်ခွဲမှုပုံစံကို အကြံပေးချင်တာကြောင့် ဒီ "Fundamental Finance For Absolute Non-Finance (Batch 3) Zoom Class" ကိုဖွင့်လှစ်ပေးရခြင်း ဖြစ်ပါတယ်။

ဒီသင်တန်းမှာ စာအုပ်ကြီးထဲက သီအိုရီတွေမဟုတ်ဘဲ SME လုပ်ငန်းပေါင်းများစွာကို လက်တွေ့အကြံပေးနေတဲ့ Financial Consultant ဆရာမိုက်ကယ် ကိုယ်တိုင် သင်ကြားပေးသွားမှာပါ။ ဆရာက စာရင်းမပိုင်လို့ တိုင်ပတ်နေတဲ့ လုပ်ငန်းရှင်တွေအတွက်
🎯 လုပ်ငန်းမှာ အခြေခံစာရင်းရေးမှတ်တတ်အောင်
🎯 လုပ်ငန်း စီမံခန့်ခွဲရာမှာ Finance သမားတစ်ယောက်လို စဉ်းစားတတ်အောင်
🎯 စာရင်းရေးမှတ်ခြင်း အခြေခံ သဘောတရားများကို စနစ်တကျ လေ့လာနိုင်အောင် Practical Solutions တွေကို ထုတ်နှုတ်သင်ကြားပေးမှာ ဖြစ်ပါတယ်။ ✨️

ℹ️ ဒီသင်တန်းကို တက်ရောက်တဲ့အခါမှာ သင်တန်းကာလ (၆) ပတ်စလုံး အတန်းချိန်အပြည့်တက်ပြီး Assignment တွေကိုလည်း မှန်ကန်အောင် လုပ်မယ်ဆိုရင် သင်တန်းကြေး 100% အပြည့် ပြန်ထုတ်ပေးသွားမှာပါ။ ဒီတော့ SME လုပ်ငန်းပိုင်းဆိုင်ရာ စာရင်းများကို အခမဲ့ လေ့လာသင်ယူနိုင်မှာမို့ လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးပါပဲ။

🚨 သင်တန်းက ဖေဖော်ဝါရီ (၂၇) ရက်နေ့မှာ အတန်းစမှာမို့လို့ အခုပဲ အမြန်ဆုံးစာရင်းသွင်းလိုက်ပါရှင်။ 🚨
(Zoom Only ဖြင့်သင်ကြားမည်)

📍 Register လုပ်ရန် Link - https://forms.gle/qdmSRRNwdwPd6r4n8

သင်တန်းအချက်အလက်များ
🗓 ရက်စွဲ - ၂၇.၂.၂၀၂၆ မှ ၄.၄.၂၀၂၆ ထိ (၆ ပတ်) [27.2.2026 (သောကြာနေ့) | 7.3.2026 (စနေနေ့) | 14.3.2026 (စနေနေ့) | 21.3.2026 (စနေနေ့) | 28.3.2026 (စနေနေ့) | 4.4.2026 (စနေနေ့) - Course End]

⏰ အချိန် - ညနေ ၆:၀၀ မှ ၈:၃၀ ထိ
💰 သင်တန်းကြေး - ၃၅၀,၀၀၀/- ကျပ်
☎️ အသေးစိတ်မေးမြန်းရန် : 099 - 777 - 30754 (သို့မဟုတ်) Page Messenger သို့ ဆက်သွယ်နိုင်ပါသည်။

21/02/2026

စပ်တူလုပ်ငန်းတွေရဲ့ အားနည်းချက်၊ အားသာချက်များ

21/02/2026

အကျိုးတူစီးပွားရေးလုပ်တဲ့အချိန်မှာ သိထားသင့်တဲ့ အချက်(၃)ချက်

20/02/2026

SME, MSME, Startups နှင့် စီးပွားရေးလုပ်ငန်းများ တိုးတက်ရေးနှင့် ရေရှည် အောင်မြင်စွာ ရပ်တည်နိင်ရန် ရည်ရွယ်ပြီး DIKA Group ၏ SMEs Empowerment Program တစ်ခုဖြစ်သည့် (ERS) Empowering Resilient SMEs ၏ Webinar အစီအစဉ်တစ်ခုအနေဖြင့် လာမည့် ဖေဖော်ဝါရီလ (၂၃) ရက်၊ တနင်္လာနေ့ည (၈)နာရီတွင် ဆရာငြိမ်းမောင် (ကျနော်အရောင်းသမား) မှ ""ပစ္စည်းကောင်းပေမယ့် ဈေးကွက်ထဲ ဘာလို့ မပေါက်တာလဲ? (Go-To-Market ရဲ့ လျှို့ဝှက်ချက်များ)" ” အမည်ရှိ ခေါင်းစဉ်နဲ့ Zoom ကနေ ဟောပြောမျှဝေပေးသွားမှာဖြစ်ပါတယ်။

👌 𝙎𝙚𝙢𝙞𝙣𝙖𝙧 𝙩𝙞𝙩𝙡𝙚:""ပစ္စည်းကောင်းပေမယ့် ဈေးကွက်ထဲ ဘာလို့ မပေါက်တာလဲ? (Go-To-Market ရဲ့ လျှို့ဝှက်ချက်များ)"
𝘿𝙖𝙩𝙚: 23/Feb/ 2026 (Monday)
𝙏𝙞𝙢𝙚: 8:00 pm to 9:30pm
𝙋𝙡𝙖𝙩𝙛𝙤𝙧𝙢: Zoom (Free Webinar)

တက်ရောက်လိုပါက zoom link meeting info ကို Email မှတစ်ဆင့် ပေးပိုနိုင်ပါရန် အောက်ပါ google form ကို ဖြည့်စွက်၍ Register လုပ်ထားနိုင်ပါပြီ။

(-Register Link– https://forms.gle/EwWnMzey1N55dcR77 )

***အကောင်းဆုံးအခွင့်အရေးမို့ လက်လွှတ်မခံပဲ တက်ရောက်ဖို့ အခုပဲ စာရင်းပေးလိုက်ပါ***

19/02/2026

အကျိုးတူစီးပွားရေးတစ်ခု လုပ်တဲ့အခါ ဆုံးဖြတ်ချက်မှားတာနဲ့ မိတ်ပျက်တတ်တဲ့နေရာတစ်ခုရှိပါတယ်။
အဲဒါက ဝင်ရောက်လုပ်ကိုင်သူ နဲ့ ငွေရှင်ကြားမှာ ခံစားခွင့်ဘယ်လိုခွဲဝေကြမလဲ ဆိုတဲ့ နေရာပါ။
ဒါကြောင့် ကျွန်တော် တို့ ကို အကျိုးတူစီးပွားရေးတစ်ခု မှာ ဝင်ရောက်လုပ်ကိုင်သူနဲ့ငွေရှင်ကြားမှာ အမြတ်ဘယ်လိုခွဲကြရမလဲဆိုတာ တော်တော်များများက မေးလေ့ရှိပါတယ်
ကျွန်တော်တို့ အနေ နဲ့ လုပ်ငန်းတွေမှာ အခြေခံအားဖြင့် ပုံစံ ၃ မျိုး နဲ့ အမြတ်ခွဲဝေ ဖို့ အကြံပေးလေ့ရှိပါတယ်။
၁) အလုပ်လုပ်တဲ့ သူကို လစာပေးပါတယ်။
ဒီနည်းက အရှင်းဆုံးဖြစ်ပါတယ်။ အလုပ်ဝင်လုပ်တဲ့သူက သူ့ လုပ်အားအတွက် လစာရတာဖြစ်လို့ နောင်အခါမှာအငြင်းပွားဖွယ်ရာကိစ္စ ကိုတွေကို ကာကွယ်ပြီးသားဖြစ်သလို အလုပ်ဝင်လုပ်တဲ့သူ မရှိတော့ဘူးဆိုရင် သူ့နေရာ အစားထိုးဖို့ အတွက် လုပ်ငန်းက ကုန်ကျစားရိတ်ရာထားပြီးသားဖြစ်သွားပါတယ်။
၂) အလုပ်လုပ်တဲ့ သူကို အမြတ်ခွဲပေးပါတယ်။
ဒီနည်းကတော့တော်တော်များများ သုံးကြပါတယ်။ ဝင်လုပ်တဲ့သူ ကို သူ့လုပ်အားအတွက် အမြတ်တစ်ခုကို အရင်ခွဲပေးပြီးကျန်တဲ့ အမြတ်ကို မှ ထည့်ဝင်ငွေအတိုင်းခွဲတာပါ။ လုပ်ငန်းစစချင်းကာလတွေမှာအမြတ်မထွက်တဲ့ အချိန်တွေ ရှိတတ်တော့ အဲလိုအချိန်မျိုးမှာ လုပ်ငန်းကနေ ပြီး ဝင်ငွေမရတဲ့ အခါ အလုပ်လုပ်တဲ့သူ Motivation ပျောက်တတ် တာကို သတိထားရမှာဖြစ်ပါတယ်။
၃) အလုပ်လုပ်တဲ့သူကို Basic Allowance အပြင် KPI နဲ့ ခံစားခွင့်ပေးတာပါ။
အပေါ်က ၂ နည်း ကို ပေါင်းထားတာ လို့ပြောလို့ရပါတယ်။ Basic Allowance အနေ နဲ့လစာတစ်ခုရမယ်။ လုပ်ငန်းအမြတ် ထွက်ရင် ထွက်တဲ့အမြတ် ပေါ်မူတည်ပြီး ခံစားခွင့်ပေးတဲ့နည်းဖြစ်ပါတယ်။ အလုပ်လုပ်တဲ့သူရဲ့ အခြေခံ ခံစားခွင့်ရရှိတဲ့အပြင် သူ့အတွက် လုပ်ရင်လုပ်သလောက် အကျိုးခံစားခွင့်ရစေတဲ့နည်းဖြစ်ပါတယ်။
ဒီ ၃ နည်းအပြင်အခြား နည်းတွေလဲ အများကြီးရှိပါသေးတယ်။ မတူတဲ့ အခြေအနေ တွေမှာ မတူတဲ့လုပ်ငန်းတွေ အတွက်ခွဲပေးရတာကိုး။
ဒါ့အပြင် ဝင်ရောက်လုပ်ကိုင်သူ ဆိုတဲ့နေရာမှာ ငွေထည့်ပြီး ဝင်လုပ်တယ်။ အချို့က ငွေမထည့်ပဲလုပ်အားသတ်သတ်စိုက်တယ်။ အချို့ကကျတော့ ဝင်လုပ်ပေမယ့် သိပ်အရေးကြီးတာတွေ မလုပ်ဘူး။ အချို့က ဝင်တော့မလုပ်ဘူး ဒါပေမယ့်တာဝန်ခံထားတဲ့ကိစ္စ က အရေးကြီးတယ် အစရှိသဖြင့် ဝင်ရောက်လုပ်ကိုင်သူ ဟာလဲ အမျိုးမျိုးကွဲတတ်တာကြောင့် စဉ်းစားစရာတွေ ကိစ္စတွေက အများကြီး ပါပဲ။
အဲဒါတွေ နဲ့ပတ်သက်ပြီး NITI ကနေပြီး အကျိုးတူစီးပွားတည်ထောင်နည်း သင်တန်း ဖွင့်ဖို့ရှိပါတယ်။

- အကျိုးတူစီးပွားရေးတစ်ခု ရဲ့ Structure ကို ဘယ်လိုစဉ်းစားပြီး တည်ထောင်မလဲဆိုတာကနေ
- တည်ထောင်တဲ့အချိန် မှာ စာချုပ်ဘယ်လိုချုပ်မလဲ
- အတူတူလုပ်ကိုင်တဲ့အချိန်မှာ စဉ်းစားသင့်တဲ့ Control
- Share ခေါ်မယ်ဆိုရင် ဘယ်လိုဆောင်ရွက်သင့်လဲ
- လုပ်ငန်း မတည်ငွေရင်းတိုးမယ်ဆိုရင် ဘယ်လိုတွေ ဆောင်ရွက်သင့်လဲ
- အကယ်လို့ သဘောထား မတိုက်ဆိုင်လို့ လုပ်ငန်းဖျက်သိမ်းမယ်ဆိုရင် တောင် နှစ်ဘက်သားမထိခိုက်အောင် ဘယ်လိုကြိုတင်သဘောတူထား ကြမလဲ အစတာတွေ ကို သင်သွားမှာဖြစ်ပါတယ်။
သင်တန်းက ၂၂.၂.၂၀၂၆ ရက် ကနေ ၂၄.၂.၂၀၂၆ ထိဖွင့်ပါမယ်။
သင်တန်းကြေးက ၈သိန်းပါ
သင်တန်းချိန်က ညနေ ၆ နာရီကနေ ည ၈နာရီအထိပါ။
သင်ကြားမယ့်ပုံစံ က တော့ Zoom နဲ့ဖြစ်ပါတယ်။
သင်တန်းရဲ့ Registration Link ကို Comment မှာချထားပေးမှာဖြစ်ပြီး သင်တန်းအကြောင်းရှင်းပြပေးစေချင်တယ်ဆိုရင်လဲ ကျွန်တော့် ကို Message Box ကနေ Phone No ပေးထားလို့ရပါတယ်။
ကျွန်တော်တို့ ပြန်ဆက်သွယ်ပေးပါ့မယ်။


#အကျိုးတူစီးပွား

Want your business to be the top-listed Business in Ranchi?
Click here to claim your Sponsored Listing.

Culinary Team

Attire

Website

Address

Ranchi