Gender Studies Center - MIT.
Our Vision: Educate and empower people to value and promote Gender justice and equality.
14/02/2026
Today is "V-Day or Va**na Day"
🌸ဒီနေ့ကတော့ ကမ္ဘာတစ်ဝန်းမှာ ကျင်းပလေ့ရှိတဲ့ ချစ်သူများနေ့ Valentine's day and Vday နေ့လေးပါ။
🌸Vday ကိုစပြီးတည်ထောင်သူကတော့ အမေရိကန် စာရေးဆရာမတစ်ဦးဖြစ်တဲ့ Eve Ensler (V) ဘဲဖြစ်ပါတယ်။ သူမဟာ Va**na Monologue ဆိုတဲ့ စာအုပ်ကိုရေးသားပြုစုသူတစ်ဦးပါ။
👉ဘာကြောင့် Vday စဖြစ်လာရလဲ?👈
🌸ကမ္ဘာပေါ်ရှိ အမျိုးသမီး သို့မဟုတ် မိန်းကလေးငယ် ၃ဦး အနက် ၁ဦး ဟာ နေ့စဉ် အကြမ်းဖက်ခြင်းခံနေရပါတယ်။ စိတ်ပိုင်းဆိုင်ရာ သာမက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကိုလဲ ခံနေရပါတယ်။ ဒါကြောင့် ဒီလို အမျိုးသမီး နဲ့ မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု တွေ ရပ်တန့်၊ ပပျောက်သွားဖို့ရန် အတွက် V-Day Campaign ကိုကျင်းပပြုလုပ်ရခြင်းဖြစ်ပါတယ်။
👉V-Day ကို 1998 February 14ရက်နေ့ကနေစပြီး ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
💕မိမိတို့ပတ်ဝန်းကျင်မှာလဲ အမျိုးသမီးများ သို့မဟုတ် မိန်းကလေးငယ်များကို အကြမ်းဖက်မှုတွေ တွေ့ရှိနေရင် နှုတ်ဆိတ်မနေဘဲ မိမိတို့တတ်စွမ်းနိုင်တဲ့ဘက်ကနေဝိုင်းဝန်းကူညီပေးခြင်း သာမကသက်ဆိုင်ရာအဖွဲ့အစည်း များထံမှာ အကူအညီတောင်းခြင်း၊ ညွှန်းပို့ပေးခြင်းများ ဖြင့် လက်တွဲကူညီဖေးမကြရအောင်။
💕အမျိုးမျိုးသောအကြမ်းဖက်ခြင်းခံရသော အမျိုးသမီးများ နဲ့ မိန်းကလေးငယ်များ အားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာပိုင်းဆိုင်ရာ ကျန်းမာလာစေဖို့ရန်အတွက် ဝိုင်းဝန်းကူညီပေးကြရင်း သာယာလှပတဲ့လူ့ဘောင်အသိုက်အဝန်းလေး ကို အတူတကွ လက်တွဲလုပ်ဆောင်သွားကြပါစို့။
Photo : Crd
🌲အားလုံးဘဲ Sweet December လို့ ဦးစွာ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
🌟၁၆ ရက်တာလှုပ်ရှားမှုရဲ့ ကျရောက်လာတဲ့ ဒီနေ့လေးကတော့
ဒီဇင်ဘာလ 1️⃣ - ကမ္ဘာ့ အေအိုင်ဒီအက်(စ်)နေ့ ဘဲဖြစ်ပါတယ်.....
၁၆ ရက်တာလှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ link များမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်......
💁♀️History of 16 days of Activism - https://www.facebook.com/share/v/1FmiaMRou1/?mibextid=wwXIfr
❤️November 2️⃣5️⃣ - https://www.facebook.com/share/v/1FvxJV9nCL/?mibextid=wwXIfr
🟨 November 2️⃣9️⃣ -
https://www.facebook.com/share/v/19zWKTTGZ8/?mibextid=wwXIfr
🤎 November 3️⃣0️⃣ - https://www.facebook.com/share/v/1FL2EYTSaV/
Click here to claim your Sponsored Listing.
Category
Website
Address
Seminary Hill, Insein
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |