Future Glory

Future Glory

Share

Future Glory produces organically grown fresh fruit and vegetable, sold under the name Glory Farm.

22/03/2024

📣Future Glory page ကို like & follow လုပ်ထားကြသော မိတ်ဆွေများအားလုံးမင်္ဂလာပါ။
----------------------------------

ဒီကနေ့မှာတော့ ရာသီဥတုပူပြင်းနေပေမဲ့ အလွယ်တကူ မပင်မပန်းပဲ ပြုလုပ်စားသုံးနိုင်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော ဟင်းလျာအကြောင်းကို ဘာသာပြန်တင်ဆက်သွားမှာပဲဖြစ်ပါတယ်။

-----------------------------------

🥗Cool & Crunchy Chicken Salad🥗

ရိုမိန်းဆလတ်ရွက်နှင့် ကြက်သားကိုအသုံးပြုပြီး စားသုံးနိုင်သော ဟင်းလျာ

📝ပါဝင်ပစ္စည်းများ
အဆီလျှော့ထားသော မရောနိစ် - ၁/၂ ခွက်
နုတ်နုတ်စဉ်းထားသောနံနံပင်(parsley) - စားပွဲတင်ဇွန်း ၂ ဇွန်း
ရှောက်သီးအရည် (lemon) - စားပွဲတင်ဇွန်း ၁ ဇွန်း
ပန်းသီးရှာလကာရည် - စားပွဲတင်ဇွန်း ၁ ဇွန်း
မုန်ညင်းဆော့စ်အနှစ်(yellow mustard) - လဖက်ရည်ဇွန်း ၁ ဇွန်း
သကြား - လဖက်ရည်ဇွန်းဝက်
ဆား၊ ငရုတ်ကောင်း - လဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ကြက်သားတုံးအကျက်(အသေး) - ခွက် ၃ခွက်ခန့်
အစေ့လွတ်စပျစ်သီး - ခွက် ၁ခွက်ခန့်
တရုတ်နံနံအကြီး ပါးပါးလှီး (celery) - ခွက် ၁ခွက်ခန့်
လှော်ထားသောအစေ့အဆန် - ခွက် ၁ခွက်ခန့်
ဆလတ်ရွက် (Romaine) - လိုအပ်သလို

⌛ပြင်ဆင်ချိန် - ၂၅ မိနစ်

💪ရရှိနိုင်သော အာဟာရများ - ၃၄၀ ကယ်လိုရီ၊ အဆီဓာတ် ၂၄ ဂရမ်၊ ကိုလက်စတရော ၆၉ မီလီဂရမ်၊ ဆိုဒီရမ် ၃၁၁ မီလီဂရမ်၊ ပရိုတိန်း ၂၂ ဂရမ်

🍳ပြင်ဆင်နည်း

ပါဝင် ပစ္စည်းများဖြစ်သော အဆီလျှော့ထားသော မရောနိစ်၊ နုတ်နုတ်စဉ်းထားသော နံနံပင်(parsley)၊ ရှောက်သီးအရည် (lemon)၊ ပန်းသီးရှာလကာရည်၊ မုန်ညင်းဆော့စ်အနှစ် (yellow mustard)၊ သကြား၊ ဆား၊ ငရုတ်ကောင်း တို့ကိုရောသမမွှေပြီး အနစ်ကဲ့သို့ ဖြစ်အောင်လုပ်ပါ။ ထို့နောက်ကျန်တဲ့ ကြက်သားတုံးအကျက်(အသေး)၊ အစေ့လွတ်စပျစ်သီး၊ တရုတ်နံနံအကြီး ပါးပါးလှီး (celery)၊ လှော်ထားသောအစေ့အဆန် တို့ကိုပါထည့်ပြီး နှံ့အောင်ရောလိုက်ပါ။ ပြီးလျှင် ဆလတ်ရွက် (Romaine) အရွက်လိုက်ပေါ်တွင် တင်ပြီး စားသုံးနိုင်ပါပြီ။

----------------------------------

📣Future Glory မှတင်ပို့ရောင်းချသော အသီးအနှံများကို ဝယ်ယူချင်ပါက နီးစပ်ရာ supermarket များဖြစ်သော
🛒City Mart နှင့် Makro တို့တွင် ဝယ်ယူအားပေးနိုင်ပါသည်။

(သို့)

📣Future Glory Messenger တွင်လည်း အသီးအနှံများကို လာရောက်မေးမြန်း မှာယူနိုင်ပါသည်။

----------------------------------
source - www.tasteofhome.com
----------------------------------

26/02/2024

📣Future Glory page ကို like & follow လုပ်ထားကြသော မိတ်ဆွေများအားလုံးမင်္ဂလာပါ။
----------------------------------

ဒီကနေ့မှာတော့ 🥬ဆလတ်ရွက်များကို ဝယ်ယူပြီးနောက်စားသုံးရာတွင် လတ်ဆတ်မှုရှိပြီး ကြွပ်ရွမှုရှိရန် ဘယ်လိုသိမ်းဆည်းလျှင်ပိုကောင်းမလဲဆိုတာကို ဘာသာပြန်မျှဝေသွားမှာဖြစ်ပါတယ်။

-----------------------------------

ဆလတ်ရွက်များကို လတ်ဆတ်ပြီးကြွပ်ရွနေအောင်သိမ်းဆည်းနည်း

🥬ဆလတ်ရွက်များကို ရေဆေး/ရေမဆေး ပဲဘယ်လိုသိမ်းတာပိုကောင်းသလဲ။

ရိုးတံခေါင်းပါဝင်သော ဆလတ်ရွက်များ အထူးသဖြင့် iceberg နှင့် romaine ဆလတ်ရွက်တို့ကို သိမ်းဆည်းရာတွင်လတ်ဆတ်မှုရှိရန် သူ၏ရိုးတံခေါင်းနှင့်အတူ ထားထားသင့်ပြီး ရေမဆေးပဲသိမ်းထားသင့်ပါသည်။ စားသုံးသည့်အခါမှသာ အရွက်ကိုချွေပြီး ရေဆေးသုံးဆောင်ပါ။

----------------------------------

🥬ဆလတ်ရွက်များကို ၂ပတ်ခန့်ဘယ်လိုလတ်ဆတ်အောင်သိမ်းထားမလဲ။

ရိုးတံခေါင်းပါဝင်တဲ့ ဆလတ်ရွက်ကို အဖူးအထုပ်လိုက်သိမ်းထားနိုင်ပြီး ရိုးတံကိုဖယ်ထားနိုင်ပါသည်။ ထို့နောက် အဝတ်တာဝါ သို့ စက္ကူတာဝါဖြင့် ပတ်ထားပြီး မလိုအပ်သော ရေဓာတ်များကို စုပ်ယူရန်ဖြစ်သည်။ သိမ်းဆည်းရာတွင် ရေခဲသေတ္တာ၏ အသီးရွက်များသိမ်းသည့် အံဆွဲတွင်သိမ်းထားပါ။ အနည်းဆုံး၁ပတ် အများဆုံး၃ပတ်အထိ သိမ်းထားနိုင်ပါသည်။
အရွက်သီးသန့် ဆလတ်ရွက်များသည် ၁ပတ်မှ ၁၀ရက်ထိသာ သိုထားနိုင်၍ ‌ရေများကိုစုပ်ယူနိုင်ရန် အဝတ်ကိုအုပ်ပြီး သိမ်းဆည်းခြင်းဖြင့် စားသုံးသည့်အခါလတ်ဆတ်‌နေပါမည်။

----------------------------------

🥬ဆလတ်ရွက်များကို အိတ်တွင်ထည့်တာနှင့် ဘူးတွင်ထည့်သိမ်းတာဘာကပိုကောင်းလဲ။

လေဝင်ထွက်ကောင်းမွန်ခြင်းက ဆလတ်ရွက်၏ လတ်ဆတ်မှုနှင့် ကြွတ်ရွမှု၏ အဓိကအချက်အချာဖြစ်ပါသည်။ လေလုံတဲ့ ပလတ်စတစ်ဘူး သို့ ဖန်ဘူးထဲတွင်သိမ်းခြင်းက အိတ်ထဲတွင်သိမ်းခြင်းထက်ပိုကောင်းပါသည်။ ဘူးတွေထဲတွင်သိမ်းလျှင် ဆလတ်ရွက်များအတွက် နေရာပိုမိုရစေနိုင်ပြီး ဆလတ်ရွက်များသည် ဖိမိခြင်းမရှိသည့်အပြင် ဘူးအတွင် လေများကောင်းမွန်စွာ လည်ပတ်နိုင်ပြီး ပြင်ပလေများလဲမဝင်အောင်ကာကွယ်ပေးပါသည်။

ဤကဲ့သို့ အစိုဓာတ်ကိုလျော့ချနိုင်လျှင် ဆလတ်ရွက်၏သက်တမ်းလည်း ကြာရှည်ခံစေပါသည်။ ထို့ကြောင့် ဆလတ်ရွက်များကို မည်သို့ပင်သိမ်းဆည်းပါစေ အစိုဓာတ်ကိုစုပ်ယူနိုင်သော အဝတ်ဖြင့်အုပ်ပြီးသိမ်းဆည်းသည့်အပြင် ပုံမှန် တစ်ရက်တစ်ကြိမ် အဝတ်ကိုလဲလှယ်ပေးသင့်ပါသည်။ ဤနည်းဖြင့် ဆလတ်ရွက်များကို လတ်ဆတ်စေပြီး ကြွပ်ရွက်နေစေပါမည်။

----------------------------------

📣Future Glory မှတင်ပို့ရောင်းချသော အသီးအနှံများကို ဝယ်ယူချင်ပါက နီးစပ်ရာ supermarket များဖြစ်သော
🛒City Mart နှင့် Makro တို့တွင် ဝယ်ယူအားပေးနိုင်ပါသည်။

(သို့)

📣Future Glory Messenger တွင်လည်း အသီးအနှံများကို လာရောက်မေးမြန်း မှာယူနိုင်ပါသည်။

----------------------------------
source - www.southernliving.com
----------------------------------

16/02/2024

📣Future Glory page ကို like & follow လုပ်ထားကြသော မိတ်ဆွေများအားလုံးမင်္ဂလာပါ။
----------------------------------

ဒီကနေ့မှာတော့ နေ့စဉ်အစားအစာများစားသုံးရာတွင် 🌱အော်ဂဲနစ်အစားစားများကိုစားသုံးသင့်လား၊ 🌱အော်ဂဲနစ်မဟုတ်သောအစားစားများကို စားသုံးသင့်လားဆိုတဲ့ အကြောင်း ကိုဘာသာပြန်မျှဝေသွားမည်ဖြစ်ပါသည်။

-----------------------------------
မြန်မာလိုဖတ်ရန်

🌱အော်ဂဲနစ် နှင့် အော်ဂဲနစ်မဟုတ်သော ဟင်းသီးဟင်းရွက်များ

အော်ဂဲနစ်အစားစာများကိုဘာကြောင့် အခြားအော်ဂဲနစ်မဟုတ်သောအစားအစာများထက် ကောင်းမွန်ကြောင်းကိုသိရန် ၎င်းတို့၏ကွာခြားချက်ကိုသိထားရန် အရေးကြီးပါသည်။

အလွယ်တကူ စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များ၏ ပြဿနာမှာ အန္တရာယ်ရှိသော ဓာတုပစ္စည်းများ မကြာခဏ ပါဝင်လာခြင်းကြောင့် ဖြစ်သည်။ ထိုအလွယ်တကူစိုက်ပျိုးပြီးရရှိသော ဟင်းသီးဟင်းရွက်များသည် ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာအမြောက်အများဖြင့် စိုက်ပျိုးထားသောကြောင့် ရရှိသောအစားစာများသည် ဓာတုပစ္စည်းများကို စုပ်ယူထားတတ်ပါသည်။ ထိုအသီးအရွက်တွေကို ဘယ်လောက်ကောင်းကောင်းဆေးကြောပါစေ ဟင်းသီးဟင်းရွက်များတွင် ကျန်ရှိနေသော ပိုးသတ်ဆေးအကြွင်းအကျန်တွေကို မဆေးကြောနိုင်ပါ။ နောက်ဆုံးတွင် ထိုအန္ဒရာယ်ရှိသောအရာများကို ကျွန်ုပ်တို့ပဲစားသုံးမိတတ်ပါသည်။

----------------------------------

🌱အော်ဂဲနစ်ဟင်းသီးဟင်းရွက်များကိုဘယ်လိုစိုက်ပျိုးထားသလဲ။

အော်ဂဲနစ်ဟင်းသီးဟင်းရွက်များကို ဓာတ်မြေသြဇာများ၊ ဓာတုပိုးသတ်ဆေးနှင့် ဓာတုပစ္စည်းများ နှင့်ကင်းသောမြေဆီလွှာတွင်စိုက်ပျိုးလေ့ရှိပါသည်။
အော်ဂဲနစ်ဟင်းသီးဟင်းရွက်များကိုစိုက်ပျိုးရာတွင် သက်ဆိုင်ရာ၏ အရေအသွေးစစ်ဆေးချက်များနှင့် ကျန်းမာရေးစစ်ဆေးချက်စံနှုန်းများရှိနေရပါမည်။
အော်ဂဲနစ်ဟင်းသီးဟင်းရွက်များစိုက်ပျိုးထုတ်လုပ်ရာတွင် ပတ်ဝန်းကျင်နှင့် စားသုံးသူများ၏ကျန်းမာရေးတို့နှင့် လျော်ညီမှုရှိရပါမည်။

----------------------------------

🌱အော်ဂဲနစ်ဟင်းသီးဟင်းရွက်များဖြစ်ကြောင်းဘယ်လိုခွဲခြားမလဲ။

အော်ဂဲနစ်သီးနှံများကိုဆိုင်များတွင်ဝယ်မည်ဆိုလျှင် ၎င်းတို့သည် ပုံမှန်ထက်ဈေးများလေ့ရှိပေမဲ့ ဈေးများတိုင်းလဲ ‌အော်ဂဲနစ်အစစ်မဟုတ်ပါ။ ထို့အပြင် အော်ဂဲနစ်ဟုတံဆိပ်ကပ်ထားတိုင်းလဲ အော်ဂဲနစ်မဖြစ်နိုင်ပါ။ သက်ဆိုင်ရာ၏ ထောက်ခံချက်နှင့် တံဆိပ်လက်မှတ်ပါမှသာ အော်ဂဲနစ်စစ်စစ်ဖြစ်ကြောင်း သိမှတ်နိုင်ပါသည်။
----------------------------------

🌱အော်ဂဲနစ်သီးနှံများနှင့် ဟင်းသီးဟင်းရွက်များတွင်ပိုးသတ်ဆေးများပါနိုင်လား။

အော်ဂဲနစ်သီးနှံများ နှင့်ဟင်းသီးဟင်းရွက်များတွင် ပိုးသတ်ဆေးအသုံးပြုခြင်းကို တားမြစ်ထားပါသည်။ ‌‌ပိုးသတ်ဆေးအသုံးပြုထားသော သီးနှံများနှင့် ဟင်းသီးဟင်းရွက်များသည် အော်ဂဲနစ်များမဟုတ်ပါ။ လေ့လာတွေရှိချက်များအရ အော်ဂဲနစ်မဟုတ်သော သီးနှံများတွင်ပါဝင်သော အသုံးပြုထားသော ဓာတ်ပေါင်းများသည် ကျန်းမာရေးကိုထိခိုက်စေပြီး လူ၏ဟော်မုန်းမငြိမ်သက်မှု၊ အကြိတ်ဖြစ်ပွားခြင်းနှင့် ကင်ဆာဖြစ်ပွားခြင်း ကိုအားပေးတတ်ပါသည်။ ထို့ကြောင့် ဓာတ်မြေသြဇာများနှင့် ပိုးသတ်ဆေးအမြောက်များသုံးထားသော အစားစာများသည် ကျန်းမာရေးကို အန္ဒရာယ်ဖြစ်စေနိုင်ပါသည်။

----------------------------------

🌱အော်ဂဲနစ်နှင့် ‌အော်ဂဲနစ်မဟုတ်သော ဟင်းသီးဟင်းရွက်များ၏ကွာခြားချက်များ

‌အော်ဂဲနစ်အစားစာများတွင် antioxidants ပါဝင်မှုမှာ ‌အော်ဂဲနစ်မဟုတ်သော အစားစာများထက် ၆၀ ရာခိုင်နှုန်း ပိုမိုပါဝင်ပါသည်။ antioxidants သည်ကိုယ်ခန္ဓာ၏ စိတ်ဖိစီးမှု နှင့် နာတာရှည်ရောဂါဖြစ်ခြင်းများကို လျော့ချပေးနိုင်ပါသည်။
အော်ဂဲနစ်အစားစာများတွင် အဆိပ်အတောက်ဖြစ်စေနိုင်သော cadmium စသည့်သတ္ထုဓာတ်များ ပါဝင်မှုသည် အော်ဂဲနစ်မဟုတ်သော အစားစာများထက်နည်းပါးပါသည်။ ထိုသတ္ထုဓာတ်များသည် ခန္ဓာကိုယ်အတွင်း ပြန့်နှံ့နေတတ်ပြီး ကျန်းမာရေးကို ထိခိုက်စေပါသည်။
အော်ဂဲနစ်အစားစာများတွင် ပိုးသတ်ဆေးပါဝင်မှုနှုန်း မပါရှိသလောက်နည်းပါး ပါသည်။ ထိုပိုးသတ်ဆေးများသည် လူနှင့် ပတ်ဝန်းကျင်ကို ဆိုးကျိုးဖြစ်စေပါသည်။
အော်ဂဲနစ်အစားစာများတွင် အာဟာရဓာတ်ပါဝင်မှူနှုန်း ပိုမိုများပါသည်။ ဥပမာ - ‌အော်ဂဲနစ်ခရမ်းချဉ်သီးသည် အော်ဂဲနစ်မဟုတ်သောခရမ်းချဉ်သီးထက် ဗီတာမင်စီ ၅၀ ရာခိုင်နှုန်း နှင့် phenolic ဒြပ်ပေါင်း ၁၃၉ ရာခိုင်နှုန်း‌လောက်ပိုမိုပါဝင်ပါသည်။ ဤဒြပ်ပေါင်းများသည် ကိုယ်ခံအားစနစ်အတွက် ကောင်းမွန်စေပါသည်။

----------------------------------

🌱အော်ဂဲနစ်မဟုတ်သော အစားစာများက စားဖို့လုံခြုံရဲ့လား။

အော်ဂဲနစ်ဖြစ်မဖြစ်ထက် ပို၍အရေးကြီးသောအချက်မှာ အစားစာ၏ သန်းရှင့်မှုနှင့် လတ်ဆတ်မှုအပေါ်မူတည်ပါသည်။ ထို့ကြောင့် သီးနှံနှင့် ဟင်းသီးဟင်းရွက်များကိုရွေးရာတွင် လတ်ဆတ်သောသီးနှံနှင့် ဟင်းသီးဟင်းရွက်များ ကိုရွေးချယ်ရန်လိုအပ်ပြီး အိုဟောင်းပြီးညှိုးနွမ်းသော သီးနှံများကို မစားသုံးမိရန်လိုအပ်ပါသည်။
----------------------------------

📣Future Glory မှတင်ပို့ရောင်းချသော အသီးအနှံများကို ဝယ်ယူချင်ပါက နီးစပ်ရာ supermarket များဖြစ်သော
🛒City Mart နှင့် Makro တို့တွင် ဝယ်ယူအားပေးနိုင်ပါသည်။

(သို့)

📣Future Glory Messenger တွင်လည်း အသီးအနှံများကို လာရောက်မေးမြန်း မှာယူနိုင်ပါသည်။

----------------------------------
source - www.vitsupp.com
----------------------------------

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

Ayeyarwady Compound
Yangon
11101

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 12:00