POEM Lover

POEM Lover

Share

B.A(English) and self studied in new languages

20/03/2024

တခါတလေ
ဖြတ်သန်းနေရတဲ့ ကိုယ့်ဘဝကြီးက
မရမ်းသီးသုပ် လေးစားရသလိုပဲ
မရမ်းသီးရဲ့ အချဥ်ကြောင့်ရှုံ့တွပြီးစိတ်ညစ်စရာတွေခံစားလိုက်
ဆေးသကြား အချိုကြောင့် စိတ်ပင်ပန်းမှုတွေပြေပျောက်လိုက်
အချိုအချဥ် နှစ်မျိုးပေါင်းလေးကလည်း စိတ်ကိုပျော်ရွှင်မှုတွေ ဖြစ်လာလိုက်
ငြုပ်သီးမှုန့် ကစပ်ပြန်တော့ မျက်ရည်စက်စက်ယိုပြီး
ဒေါသထွက်စရာတွေ တွေ့လိုက်
Sodium လေးကြောင့် သွေးတိုးစရာလေးတွေခံစားလိုက်နဲ့
အခုတော့ သွားတော်တော် ကျိန်းနေလို့
နောက်မှ ထပ်စားမယ်🤗

11/03/2024

သည်းခံလာရတာတွေ များလွန်းလို့
ကိုယ့်ကို လမ်းကြိတ်စက် ကတောင်
မကြိတ်ချင်တော့ဘူး ဘဝ က
နင်းပြား ဖြစ်နေပြီ

kharu

11/03/2024

ကိုယ့်ရင်ထဲက မျှော်လင့်ချက်တွေ
မပျောက်ဆုံးသေးသ၍
ဘယ်အရာမှ
ကိုယ့်ကိုမလွှမ်းမိုးနိုင်သေးဘူး
မျှော်လင့်ချက်က
ခင်ဗျား ဖြစ်နေလို့လေ

kharu

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon