GolfPro

GolfPro

Share

Available every golf accessories on our store.... We always try to serve you best....

15/07/2023

သူပြောတာ ဟုတ်လို့လား Golfer ကြီးများ

Golf ကွင်းပုံမှန်သွားနေတဲ့ လူတောင် သံသယဝင်ချင်လာပြီ.....

Golfer တွေ အနေအထိုင်ဆင်ချင်မှရတော့မယ်....😁😁😁😁

Photos from GolfPro's post 13/07/2023

🅢🅐🅛🅔 📣📣📣📣📣📣📣

မိတ်ဆွေ golfer များ အတွက် ပိုနေတဲ့

🏌️🏌️𝙏𝒂𝙮𝒍𝙤𝒓𝙢𝒂𝙙𝒆 𝑱𝙚𝒕𝙎𝒑𝙚𝒆𝙙 𝙍𝑬 𝑭𝙖𝒊𝙧𝒘𝙖𝒚 𝑾𝙤𝒐𝙙 🏌️🏌️

တစ်ချောင်း ရောင်းလိုပါတယ်......

စျေးပေးကြည့်ပြီး သင့်တော်တဲ့ စျေးနှုန်းနဲ့ ဆိုရောင်းပေးပါမယ်ဗျ...

brand new ဖြစ်ကြောင်းအာမခံပါတယ်....
စိတ်ဝင်စားရင် ပုံအစုံတောင်းကြည့်လို့ရပါတယ်ဗျ.....

☎️09695049566/09447576152

04/07/2023

==========================================
လိုရာရောက်ဖို့အခြေခံလိုအပ်ချက်များ
==========================================
ဂေါက်သီးတစ်လုံးကို စပြီး ရိုက်ထုတ်ဖို့ ပထမဆုံးလုပ်ရတာက ရိုက်မဲ့ ဘောလုံးအရှေ့မှာ မတ်တပ်စရပ်ရခြင်းပါပဲ....ဂေါက်အခေါ် (stance) ဝင်တယ်ပေါ့....ပြီးရင် အသုံးပြုရမဲ့ တုတ်ကို ကိုင်တယ်ပေါ့ (grip)..... ပြီး ရင် ချိန်တယ်(Aiming Target)...ပြီးရင် ရိုက်ဖို့ အရှိန်ယူတယ် (back swing).....ရိုက်လွှတ်လိုက်တယ်(down swing).....ရိုက်လွှတ်လိုက်တဲ့ အရှိန်ကိုချုပ်မထားပဲ လွှတ်ပေးလိုက်တယ်(follow through)....နောက်ဆုံးမှာ အရှိန်သေ ပြီး လုပ်ငန်းစဥ် ပြီးမြောက်ခြင်း(finish position)......
အထက်မှာ ဖော် ပြ လိုက်တဲ့ လှုပ်ရှားမှု အားလုံးမှန်မှ ဘောလုံးက လိုချင်တဲ့ နေရာကို ရောက်မှာ ဖြစ်ပါတယ်....‌လှုပ်ရှားမှု တစ်ခုလွဲသွားတာနဲ့ ဘောလုံးက လိုရာရောက်မှာ မဟုတ်တာကြောင့် ဒီအားကစားနည်းက အရမ်း အနုစိတ်ရတဲ့ ပညာရပ်တစ်ခုလို့ဆိုကြတာထင်ပါတယ်....ဒီလှုပ်ရှားမှု တစ်ခု စီထဲကမှ အခြေခံ လိုအပ်ချက်လေးတစ်ချို့ကို ပြန်လည်မျှဝေလိုက်ရပါတယ်...

(၁) နေရာယူမှု မှန်ကန်ခြင်း (stance Position)

ပထမဆုံး လုပ်ရတဲ့ လုပ်ငန်း ဖြစ်တဲ့ stance position မှာ စမှား နေရင် ကျန်တဲ့ အပိုင်းတွေ မှန်ကန်နေလဲ ဘောလုံးတစ်လုံးကို ချောချောမွေ့မွေ့ရိုက်လွှတ်နိုင်မှာမဟုတ်ပါဘူး... stance position တွေဟာ club တွေ ‌အပေါ် မှုတည်ပြီး ကွဲပြား‌ပါတယ်... သာမန်အားဖြင့် stance position တစ်ခု ဟာ comfort မဖြစ်နေဘူး ချုပ်နေသလို ဖြစ်မယ် တောင့်တောင့်တင်းတင်းကြီး ဖြစ်နေမယ်ဆို ပထမဆုံးစလွဲနေပါပီ... နေရာယူပြီးတဲ့ အခါမှာ လူဟာ သက်တောင့် သက်သာ ဖြစ်နေဖို့လိုပါတယ်.....stance Position မှာ သတိထား ပြင်ဆင်ပေးရမှာက ‌‌ခြေထောက်အကျယ်၊ အလေးချိန်မျှတမှု၊ club face ‌အနေအထားမှန်ကန်မှု စတဲ့ အရာတွေပဲဖြစ်ပါတယ်...မှန်ကန်တယ်ဆိုတာ ဘယ်လို အနေအထားလဲလို့မေးတဲ့အခါ အဖြေမပေးခင် အကြံပေးလိုတာကတော့ လေ့ကျင့်ရေးကွင်းမှာ အထက်က ပြောတဲ့အချက်တွေကို တစ်ခု ခြင်းပုံစံမျိုးစုံနဲ့ စမ်းရိုက်ကြည့်ပါ... ဘာဖြစ်သွားလဲဆိုတာကို ခံစားကြည့်ပါ... (ဥပမာ- stance ကို ကျဥ်းပီး ရပ်ကာ ရိုက်ကြည့်ပါ.. နောက်တစ်ခု ပုံမှန်အနေအထားမှာ တစ်ခါရိုက်ကြည့်ပါ.. ဒါ့အပြင် ခြေထောက်နဲ့ ဘောလုံအကွာအဝေးကို ချိန်ညှိပြီး စမ်းသပ်ရိုက်ကြည့်ပါ... မိမိ ရဲ့ anatomy နဲ့လိုက်ဖက်တဲ့ stance position တစ်ခုကို တွေ့ပါလိမ့်မယ်)

(၂) လက်ကောက်ဝတ်လှုပ်ရှားမှုနှင့် ဘောလုံး လမ်းကြောင်း

stance မှန်နေသည့်တိုင်အောင် သို့ မိမိနဲ့ ကိုက်ညီတဲ့ position ရနေသည့်တိုင်အောင် တုတ်ကိုကိုင်ထားတဲ့ လက်ကောက်ဝတ်အနေအထားမှားနေရင်လဲ လိုရာရောက်မှာမဟုတ်ပါဘူး.... players အများစု က stance ပြင်ကြတယ်၊ swing ပြင်ကြတယ်၊ ဒါပင်မယ့် အခြေခံသေးသေးလေးဖြစ်တဲ့ grip ပြင်ဖို့ တော့ အားနည်းနေတတ်ကြပါတယ်... လက်ကောက်ဝတ်လေးတစ်ခု ပြင်လိုက်တာနဲ့ ဘောလုံးလမ်းကြောင်းဦးတည်ချက်၊ ပျံသန်းမှု နဲ့ အကွာ‌အဝေးအကုန် သိသိသာသာပြောင်းလဲသွားပါတယ်.... လက်တွေ့စမ်းသပ်ကြည့်ပါ... grip လေးကို ပြင်ပြီး ကိုင်လိုက်နိုင်တာနဲ့ အခြား ကို့မှာဖြစ်နေတဲ့ တစ်ချို့ကို ပြေလည်သွားစေနိုင်တယ်ဆိုတာ မမေ့ဖို့လိုပါတယ်.... ပုံမှာ ပြထားသလို natural grip ကို ရအောင် ကိုင်နိုင်လေလေ ဘောလုံး ဘယ်ညာ ယိုင်ထွက်သွားတာ နည်းလေလေ ဆိုတာ ကိုယ်တွေ့ သိခဲ့ရပါတယ်....နောက်တစ်ခုက grip pressure ပါ position မှန်ပြီး pressure မမျှရင်လဲ လိုသလောက်ခရီးမပေါက်ပါဘူး....တင်းကြပ်စွာ ကိုင်လွန်းရင်လဲ လှုပ်ရှားမှုကန့်သတ်ချက်ဖြစ်ပြီး power မရတော့လို လျော့ရဲလွန်းရင်လဲ ဟန်ချက်ပျက်ဆီးပြီး impact ထိခိုက်နိုင်ပါတယ်.. grip position and power ကို ချိန်ညှိပြီး စမ်းသပ်ရိုက်ကြည့်ဖို့ မကြောက်ပါနဲ့ လို အကြံပြုတင်ပြပါရစေ....

ဆက်လက်ဖော်ပြပေး သွားပါမည်....
⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️
****ဂေါက်ရိုက်ခြင်းသည် စိတ်ရှည်သည်းခံမှုနှင့် ဇွဲရှိရန် လိုအပ်သော အားကစားတစ်ခုဖြစ်ကြောင်း သတိရပါ။***
⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️

T-3

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address

Yangon
11071