Next In

Next In

Share

K ရေစီးကြောင်းကို Next In နဲ့အတူ စီးမျောလိုက်ပါ။

21/06/2026

■ ဝန်ထမ်းတွေရဲ့ ဖိအားပေးတောင်းဆိုခြင်းခံနေရတဲ့ Cha Ga-won

- - - ONE HUNDRED ကုမ္ပဏီဥက္ကဋ္ဌ Cha Ga-won ပတ်သက်နေတဲ့ အရှုပ်တော်ပုံတွေကတော့ ပိုမိုကြီးထွားလာနေပါတယ်။ ဝမ်သန်းပေါင်း ၃၀,၀၀၀ လိမ်လည်မှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုခဲ့ပေမဲ့ စွပ်စွဲချက်တွေကို ရှေ့နေတွေက ပယ်ချခဲ့တာကြောင့် အခုအခါမှာတော့ ကုမ္ပဏီလက်အောက်ခံ ဝန်ထမ်းဟောင်းနဲ့ လက်ရှိဝန်ထမ်းတွေက လစာပေးဖို့နဲ့ တရားဝင် တောင်းပန်ဖို့အတွက် ထပ်မံတောင်းဆိုလာကြပါတယ်။

ONE HUNDRED၊ Big Planet Made Entertainment နဲ့ INB100 က ဝန်ထမ်းဟောင်းတွေနဲ့ လက်ရှိဝန်ထမ်းတွေနဲ့ ် ဖွဲ့စည်းထားတဲ့ “ထိခိုက်နစ်နာသူ ဝန်ထမ်းများအဖွဲ့”ဟာ ဇွန်လ ၁၈ ရက်နေ့မှာ ဒုတိယအကြိမ် တရားဝင် ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ “ပြည်သူလူထုက ကျွန်တို့အခြေအနေကို စိတ်ဝင်စားပေးကြတဲ့အတွက်ကြောင့် Cha Ga-won ဘက်က ဝန်ထမ်းတွေကို လစာတွေ စတင်ပေးချေလာပါပြီ”လို့ သူတို့က ဆိုပါတယ်။

ဒါပေမဲ့လည်း သူတို့က “ကျွန်တော်တို့ အသက်ရှူချောင်လာပြီလို့ ဆိုနိုင်ပေမဲ့ မပြီးပြတ်သေးတဲ့ ပြဿနာတွေ အများကြီး ရှိပါသေးတယ်။ ကုမ္ပဏီသုံးခုလုံးမှာရှိတဲ့ ဝန်ထမ်းဒါဇင်ပေါင်းများစွာဟာ လစာမရသေးသလို ဝန်ထမ်းတွေရဲ့ လူမှုဖူလုံရေးကြေး ၄ ခုကိုလည်း ပေးဆောင်ဖို့ ကျန်ရှိနေပါသေးတယ်”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

“လစာတွေ လနဲ့ချီပြီး မရတာကြောင့် နေ့စဉ်ရုန်းကန်နေရတဲ့ ဝန်ထမ်းတွေအတွက်တော့ အလွန်ကို ခက်ခဲတဲ့ ဒုက္ခတစ်ခုပါပဲ။ Cha Ga-won ဟာ ကျန်ရှိနေတဲ့ ဝန်ထမ်းတွေကို ချက်ချင်းလစာပေးရမှာဖြစ်ပြီး ကျန်ရှိနေတဲ့ လူမှုဖူလုံရေးကြေးတွေကိုလည်း အမြန်ဆုံး ရှင်းပေးရပါမယ်။ လစာမပေးခင်မှာ အပြစ်မပေးဖို့ တောင်းဆိုတဲ့ စာတွေကိုပဲ အရင်တင်ခိုင်းနေတာမျိုးကို လုပ်နေတာပါ”လို့လည်း သူတို့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဆက်ပြီးတော့ သူတို့က “ကုမ္ပဏီရန်ပုံငွေ ဝမ်သန်းပေါင်းများစွာကို Cha Ga-won ရဲ့ ကိုယ်ရေးကိုယ်တာ ဒါမှမဟုတ် တခြားလက်အောက်ခံ ကုမ္ပဏီတွေဆီ ပြောင်းရွှေ့ခဲ့တယ်လို့ နားလည်ထားပါတယ်။ ဒီပျက်စီးဆုံးရှုံးမှုအားလုံးကို Cha Ga-won နဲ့ ကုမ္ပဏီကို ယုံကြည်ခဲ့တဲ့သူတွေပဲ ခံစားနေရတာပါ။ ဝန်ထမ်းတွေ လစာမရကြသလို အနုပညာရှင်တွေကလည်း အချိန်ကြာမြင့်စွာ ပိုက်ဆံမရတာကြောင့် အေဂျင်စီကနေ ထွက်ခွာသွားကြပါတယ်။ ပိုက်ဆံမရသေးတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေထဲမှာ အဝတ်လျှော်ဆိုင်လိုမျိုး လုပ်ငန်းငယ်လေးတွေလည်း အများကြီး ပါဝင်နေပါတယ်”လို့ ပြောပါတယ်။

“နစ်နာသူတွေကြားထဲမှာ ‘Cha Ga-won ရဲ့ Ferrari တစ်စီးလောက် ရောင်းလိုက်ရင်တောင် အဝတ်လျှော်ဆိုင်အကြွေးတွေ အကုန်ကျေသွားမှာပါ’ ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်စနောက်တဲ့ စကားတွေတောင် ရှိနေပါတယ်။ အခုထိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကြည့်ရရင် နောင်အနာဂတ်မှာ ပျက်စီးဆုံးရှုံးမှုတွေက ပိုပြီး ကြီးမားလာဦးမယ်လို့ ထင်ပါတယ်”လို့ သူတို့က ဆိုပါတယ်။

တစ်ဖက်မှာလည်း ဆိုးလ်မြို့ ရဲတပ်ဖွဲ့ရဲ့ ငွေကြေးဆိုင်ရာ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာနကတော့ ဥပဒေချိုးဖောက်မှုနဲ့ ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုခဲ့ပေမဲ့ ရှေ့နေတွေကတော့ စစ်ဆေးမှုတွေ ထပ်လုပ်ဖို့ တောင်းဆိုကာ ပယ်ချခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကတော့ Cha Ga-won ဟာ ကုမ္ပဏီအနုပညာရှင်တွေရဲ့ IP စီးပွားရေးနဲ့ ပတ်သက်ပြီး ကြိုတင်ငွေကြေး အမြောက်အမြား ရယူခဲ့ပေမဲ့ စာချုပ်ပါအတိုင်း မလုပ်ဆောင်ခဲ့ဘူးဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

Source : SBS Star

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon
11221