StarFish Tarot

StarFish Tarot

Share

Starfish Tarot Reading

17/04/2026

📜 ​မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် (Tarot ဟောစာတမ်း) 🌟
🎉 ယနေ့ကျရောက်သော မြန်မာနှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူးအတွက် Starfish Tarot ၏ ​ဤဟောစာတမ်းသည် နိုင်ငံရေး၊ စီးပွားရေး နှင့် ၇ နေ့ သားသမီးများအတွက် ကတ်များကို ခြုံငုံသုံးသပ် ဖတ်ရှုထားသော Tarot အဟောများသာဖြစ်သည်။
🎴ကဒ်များကို ဆွဲထုတ်ဖတ်ကြည့်ချက်များအရ...

🎡 ​**The Wheel of Fortune** ကတ်၏ လွှမ်းမိုးမှုကြောင့် ယခုနှစ်သစ်တွင် အွန်လိုင်းအခြေပြုလုပ်ငန်းများ၊ နည်းပညာလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး နှင့် အကျိုးဆောင် ဝန်ဆောင်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်အောင်မြင်ပြီး အပြောင်းအလဲကြီးကြီးမားမား ကြုံရမည်... 🚀
အသစ်ကို ရဲရဲဝံ့ဝံ့စတင်သူတို့ အကျိုးကြီးမည်... ✨
⚖️ ​**Two of Pentacles** ကတ်အရ ရွှေစျေး၊ ငွေစျေး အတက်အကျ အပြောင်းအလဲ အလွန်ကြမ်းမည်... 💰
စျေးကွက်တည်ငြိမ်မှုမရှိဘဲ တက်ပြီးမှ ရုတ်တရက်ထိုးကျတာမျိုး ဖြစ်မည်.. 📉
ကျပြီးမှ ချက်ချင်းထိုးတက်တာမျိုးဖြစ်မည်.. 📈
🚢 ​ကုန်သည်များ၊ ပို့ကုန်သွင်းကုန် သမားများအဖို့တော့ မျှော်မှန်းထားသလို ချောမွေ့မှုမရှိဘဲ သယ်ဆောင်မှု ကြန့်ကြာခြင်းများ၊ အခက်အခဲများ ကြုံရမည်... ⏳
🌊 ​**Queen of Cups** ကတ်ပါဝင်နေ၍ ယခုနှစ်သည် ရေဓာတ်အားကောင်းမည်... 🌧️
မိုးလေဝသ ကောင်းမွန်မည်... ရေလုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်းများ အလွန်ကောင်း၏ 🐟
သို့သော် စိုက်ပျိုးရေးသမားများအတွက် ရေကြီးရေလျှံမှု အနည်းငယ် သတိပြုသင့်သည်... ⚠️
🏇 ​**The Chariot** ကတ်၏ အားကြောင့် ခရီးသွားလာရခက်သော ဒေသများအချို့ သွားလာရ ပိုမိုလွယ်ကူသွားမည်... 🛣️
✈️ ​နိုင်ငံရပ်ခြား ပညာရေး နှင့် သွားလာရေးကိစ္စများ၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပွင့်လန်းလာမည်.. 🌍
🎓 ​နိုင်ငံခြားဘာသာစကား၊ ကျွမ်းကျင်မှု သင်တန်းများ အောင်မြင်မည် 🗣️
🛑 ​**Four of Pentacles (Reversed)** ကတ်ကြောင့် ခြံစျေး မြေစျေးများ တန့်သွားနိုင်သည်... 🏠
မြေကိုင်ထားခြင်း၊ အိမ်ခြံမြေတွင် ငွေအမြောက်အများပုံအောပြီး ငွေကစားခြင်းမပြုသင့် 🚫 ငွေမြုပ်သွားတတ်သည်... 💸
🏺 ​ထူးခြားဖြစ်စဥ်အနေဖြင့်
ရှေးဟောင်းပစ္စည်းများ၊ သမိုင်းဝင် အမွေအနှစ်များ မြေကြီး သို့မဟုတ် ရေထဲမှ ပြန်လည်ပေါ်ထွက်လာခြင်းမျိုး ✨ နိမိတ်ကောင်းသော ကိစ္စရပ်များ ကြုံရတတ်သည်..... 💎

🃏 ​ယခုနှစ်သည် Major Arcana ကတ်ကြီးများ၏ သဘောအရ အပြောင်းအလဲ အလွန်များသော နှစ်တစ်နှစ်ဟုဆိုနိုင်ပေသည်.... 🌪️

🌟 ​**Starfish Tarot ရဲ့ မိတ်ဆွေတွေအနေနဲ့...**

🍀 ​The Sun နှင့် The Emperor ကတ်များ ရရှိထားသော **တနင်္ဂနွေ၊ ဗုဒ္ဓဟူးနဲ့ စနေ** သားသမီးတွေ ယခုနှစ်တွင် အလွန်ကံကောင်း၏ ✨
🌞 ​**တနင်္ဂနွေသားသမီးများ (The Sun)** - ကံအခွင့်အလန်းပွင့်လန်းပြီး ရည်မှန်းချက်ပြည့်ဝ အောင်မြင်မည်.... 🎯
💰 ​**ဗုဒ္ဓဟူး သားသမီးများ (Ten of Pentacles)** - ငွေကြေး အစုလိုက်အပုံလိုက် ဝင်ခြင်း၊ မိသားစု အမွေအနှစ်ရခြင်း နှင့် လုပ်ငန်းပိုင်း သိသာထူးခြားစွာ အောင်မြင်ခြင်း ကြုံမည် 🏆
👑 ​**စနေသားသမီးများ (The Emperor)** - ရာထူးတိုး ရာထူးတက်ခြင်း၊ လုပ်ငန်းခွင်တွင် ဦးဆောင်ရခြင်း၊ ခေါင်းဆောင်နေရာသို့ ရောက်ရှိခြင်း 📈 အကြီးအကဲ ဖြစ်တတ်ခြင်းတို့ ကြုံမည်.... 🥇
⚠️ ​**ဤနှစ်အတွက် ညံ့သော၊ သတိထားရမည့် နေ့နာမ်များမှာ**
🌩️ ​**ကြာသပတေး (The Tower)** နှင့် **တနင်္လာ (Five of Pentacles)** တို့ဖြစ်၏ 🤕
⚖️ ​ကျန်ရှိနေသော နေ့သားများအနေဖြင့်မူ ဘဝ၏ ကဏ္ဍအလိုက် တည်ငြိမ်မှုနှင့် တိုးတက်မှုများကို အေးအေးဆေးဆေး ခံစားရမည့် အနေအထားမျိုးတွင် ရှိနေပါသည်။ 🌱
🚀 ​**အင်္ဂါသားသမီးများ (Three of Wands)** - အလုပ်အကိုင် အသစ်များချဲ့ထွင်ရခြင်း၊ နိုင်ငံရပ်ခြားနှင့် ဆက်သွယ်လုပ်ကိုင်ရခြင်းများ အဆင်ပြေမည်။ လုပ်ငန်းတိုးချဲ့ရန် အကြံအစည်များ အကောင်အထည်ပေါ်လာမည်။ 🌍
💞 ​**သောကြာသားသမီးများ (Two of Cups)** - လူမှုဆက်ဆံရေး နယ်ပယ်တွင် အထူးကောင်းမွန်ပြီး၊ ချစ်ရေးချစ်ရာကိစ္စများနှင့် အကျိုးတူ ပူးပေါင်းလုပ်ဆောင်ရသော ကိစ္စများတွင် သဟဇာတဖြစ်စွာ အောင်မြင်မှုရရှိမည်။ 🤝

🙏 ​ယနေ့ကျရောက်သော မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစ၍ နေကောင်းကျန်းမာ စိတ်ချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ... ✨

🔮 ​**Starfish Tarot** 🌟

Photos from StarFish Tarot's post 22/03/2026

🌟 Pick a Pile! ဒီလအတွက် သင့်ဆီ ရောက်လာမယ့် အခွင့်အရေးသစ် 🌟
​အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ဒီတစ်လတာအတွင်းမှာ ကိုယ့်အတွက် ဘယ်လိုမျိုး အခွင့်အလမ်းသစ်တွေ၊ ကံကောင်းခြင်းတွေ ရောက်လာနိုင်မလဲဆိုတာ သိချင်နေကြပြီလား။ တစ်လတာရဲ့ အလုပ်အကိုင်၊ ငွေကြေးနဲ့ ဘဝတိုးတက်မှုတွေအတွက် တားရော့ကတ်လေးတွေကနေတဆင့် အကြံဉာဏ်လေးတွေ ရယူကြည့်လိုက်ရအောင်နော်။
​အခုပဲ မျက်လုံးလေး ခဏမှိတ်၊ ကိုယ့်မေးချင်တဲ့ သူတစ်ယောက်ရဲ့ မျက်နှာကို (သို့မဟုတ် ကိုယ့်အခြေအနေကို) စိတ်ထဲမှာ မြင်ယောင်ကြည့်လိုက်ပါ။ ပြီးရင်တော့ သင့်စိတ်က အလိုလို ညွှန်ပြနေတဲ့ 📮 Pile 1, 📮 Pile 2, ဒါမှမဟုတ် 📮 Pile 3 ထဲက တစ်ခုခုကို ရွေးချယ်လိုက်ပါ။ ✅

​ကတ်က ပြောပြလာမယ့် စကားသံအဖြေကိုတော့ ပုံအောက်မှာ ရေးပေးထားပါတယ်ဗျာ။ သင်ရွေးချယ်လိုက်တဲ့ 📮 Pile လေးတွေကိုလည်း မှန်ကန်မှုရှိမရှိ Comment မှာ မန့်ခဲ့ပေးပါဦးနော်။ 👇💬

​📮🔮 တားရော့မေးမြန်းလိုသူများအနေနဲ့ 💬 msg 📂 or Telegram ကနေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျာ... 😊📩

21/03/2026

🤔🧐 "ဘယ်တော့ ချဲပေါက်မလဲ" လို့ တားရော့မှာ မေးလို့ မရပါဘူး 😅
​တားရော့ဖတ်တဲ့အခါ ရှောင်ရမယ့် မေးခွန်း (၃) မျိုးနဲ့ မေးနည်းအမှန်ကို မျှဝေပေးလိုက်ပါတယ်။
​တားရော့ဆိုတာ ကိုယ့်ဘဝအတွက် လမ်းပြမြေပုံ (GPS) လိုမျိုးပါပဲ။ အတိအကျကြီး ကန့်သတ်ထားတဲ့ အဖြေတွေထက်၊ ကိုယ်တိုင် ဘယ်လို ရှေ့ဆက်ရမလဲ ဆိုတဲ့ အကြံဉာဏ်တွေ တောင်းတာက ပိုပြီး ထိရောက်ပါတယ်။ ဒါကြောင့် Starfish Tarot ကနေ လုံးဝ ရှောင်သင့်တဲ့ မေးခွန်း (၃) မျိုးကို ပြောပြပေးမယ်နော်။
​၁။ အချိန်အတိအကျ မေးတဲ့ မေးခွန်းများ ("ဘယ်တော့...")
​❌ ရှောင်ရန်: "ကျွန်တော် ဘယ်တော့ ချမ်းသာမလဲ။" "ဘယ်တော့ ချဲပေါက်မလဲ။"
​✅ မေးနည်းအမှန်: "ကျွန်တော့်ရဲ့ ဘဏ္ဍာရေး အခြေအနေ တိုးတက်လာအောင် လက်ရှိ ဘာတွေ လုပ်ဆောင်သင့်လဲ။"
(တားရော့က အချိန်ကို အတိအကျ ပြောပြတာထက်၊ အဲ့ဒီအချိန်ကို ရောက်ဖို့ သင် ဘာလုပ်ရမလဲ ဆိုတာကိုပဲ လမ်းညွှန်ပေးတာပါ။)
​၂။ Yes / No သီးသန့် အဖြေတောင်းတဲ့ မေးခွန်းများ
​❌ ရှောင်ရန်: "သူ ကျွန်တော့်ကို ပြန်ချစ်လာမလား။" "ဒီအလုပ် ရနိုင်မလား။"
​✅ မေးနည်းအမှန်: "ဒီ Relationship မှာ ပိုပြီး နားလည်မှုရအောင် ဘာတွေ ပြင်ဆင်သင့်လဲ။" "ဒီအလုပ်ရဖို့ ကျွန်တော့်ဘက်က ဘာတွေ လိုအပ်နေသေးလဲ။"
(Yes/No မေးခွန်းတွေက တစ်ခါတစ်လေ ကိုယ့်ရဲ့ ရွေးချယ်နိုင်စွမ်းကို ပိတ်လှောင်လိုက်သလို ဖြစ်စေပါတယ်။)
​၃။ သူများအကြောင်း စပ်စုတဲ့ မေးခွန်းများ
​❌ ရှောင်ရန်: "သူ အခု ဘာလုပ်နေလဲ။" "သူ တခြားတစ်ယောက်နဲ့ တွဲနေလား။"
​✅ မေးနည်းအမှန်: "သူနဲ့ ကျွန်တော့်ကြားက ပြဿနာတွေကို ပြေလည်အောင် ဘယ်လို ဖြေရှင်းသင့်လဲ။"
(တားရော့က သူတစ်ပါးရဲ့ Privacy ကို ဖောက်ထွင်းကြည့်ဖို့ မဟုတ်ဘဲ၊ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့အတွက် ပိုကောင်းပါတယ်။)
​🔮 Starfish Tarot ရဲ့ အကြံပြုချက်: တားရော့မေးတဲ့အခါ "What" (ဘာတွေလုပ်သင့်လဲ) နဲ့ "How" (ဘယ်လို ကျော်ဖြတ်ရမလဲ) ဆိုတဲ့ မေးခွန်းတွေက သင့်အတွက် အကောင်းဆုံးနဲ့ အမှန်ကန်ဆုံး အဖြေတွေကို ပေးစွမ်းနိုင်ပါတယ်။
​👇 ကဲ... တားရော့မေးရတာ ဝါသနာပါတဲ့ သင့်သူငယ်ချင်းတွေကို Mention ခေါ်ပြီး သတိပေးလိုက်ပါဦးဗျ။ ဒါမှမဟုတ် ကိုယ်တိုင်ရော အရင်က ဘယ်လို အလွဲလေးတွေ မေးဖူးလဲဆိုတာ Comment မှာ ရယ်စရာအနေနဲ့ ရေးခဲ့ပါဦး။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Address

Yangon