Sport House
Football & Game Service
09/05/2026
ရော်နယ်ဒိုနဲ့ပြိုင်ဆိုင်ခဲ့မှုတွေအပေါ် မက်ဆီက
"ဖြစ်ပျက်ခဲ့သမျှအရာအားလုံးက လှပတဲ့ အားကစားဆိုင်ရာ ပြိုင်ဆိုင်မှုတစ်ခုပါပဲ။"
"ဒါဟာ ဘောလုံးလောကမှာ သဘာဝကျတဲ့ အရာတစ်ခုပါ။ ကျွန်တော်က ဘာစီလိုနာမှာရှိနေပြီး သူက ရီးရဲလ်မက်ဒရစ်မှာ ရှိနေခဲ့တာပါ။ ကျွန်တော်တို့ဟာ အသင်းလိုက်ရော တစ်ဦးချင်းပါ အရာအားလုံးအတွက် အပြိုင်အဆိုင် ကြိုးစားခဲ့ကြတယ်၊ ဒါကြောင့်လည်း လူတွေက ကျွန်တော်တို့ကို အမြဲတမ်း နှိုင်းယှဉ်နေခဲ့ကြတာပါ။"
"ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကတော့ အမြဲတမ်း ကောင်းမွန်ပြီး အပြန်အလှန် လေးစားမှု ရှိခဲ့ပါတယ်။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကလည်း အားကစား သဘောသက်သက်သာ ဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရ ဘာပြဿနာမှ မရှိခဲ့ပါဘူး။"
"ကျွန်တော်တို့ဟာ ပွဲစဉ်တွေမှာ ဒါမှမဟုတ် ဆုပေးပွဲ အခမ်းအနားတွေမှာလွဲရင် မကြာခဏ ဆုံဖြစ်လေ့မရှိပါဘူး၊ ဒါပေမဲ့ ဆုံတဲ့အခါတိုင်းမှာတော့ အမြဲတမ်း အဆင်ပြေပြေ ရှိခဲ့ပါတယ်။"
"အခုတော့ ကျွန်တော်တို့ဟာ ဘဝရဲ့ မတူညီတဲ့ အနေအထား ကို ရောက်နေကြပါပြီ။ ဒါပေမဲ့ ဖြစ်ပျက်ခဲ့သမျှကတော့ လှပတဲ့ အားကစားဆိုင်ရာ ပြိုင်ဆိုင်မှုတစ်ခုသာ ဖြစ်ခဲ့ပါတယ်။
#မက်ဆီ
07/05/2026
"ပီတိတွေနဲ့ နိုးလာတာဗျို့။ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ခဲ့တာ အခုဆိုရင် အနှစ် ၂၀ တောင် ရှိသွားပြီလေ။
အခုလိုမျိုး ပရီးမီးယားလိဂ်မှာလည်း ပြိုင်ဆိုင်နိုင်စွမ်းရှိတဲ့ အနေအထား ရောက်နေတာကလည်း ကျွန်တော်တို့ ဖလားရခဲ့တဲ့ လွန်ခဲ့တဲ့ ၂၂ နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ပါပဲ။
အခုထိ ဥရောပစင်မြင့်မှာလည်း ကျွန်တော်တို့ မရှုံးသေးသလို၊ ဂိုးတွေလည်း အများကြီး အပေးမခံရဘူး။ ဒါက အတ္တတစ်ခုခုတော့ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။
ဒါပေမဲ့ PSG ကတော့ ချန်ပီယံဆုကို ဆွတ်ခူးဖူးတဲ့ အတွေ့အကြုံရှိသလို သူတို့မှာ ကြောက်ရွံ့မှုလည်း ရှိမှာမဟုတ်ဘူး။ ကျွန်တော်တို့ဘက်က အဝေးကွင်းမှာ သတ္တိရှိရှိ ကစားနိုင်ဖို့ မျှော်လင့်ရတာပဲ။
လက်ရှိချန်ပီယံကို အနိုင်ယူရမှာဆိုတော့ ဒါဟာ လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။
ကျွန်တော်က ပုံမှန်ဆိုရင် သိပ်ပြီး စိတ်မလှုပ်ရှားတတ်ပေမဲ့ ဒီဗိုလ်လုပွဲအတွက်တော့ စိတ်လှုပ်ရှားမိမယ် ထင်တယ်။
ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင် မလုပ်နိုင်ခဲ့တာကို သူတို့ လက်ရှိအာဆင်နယ်အသင်းက လုပ်ပြနိုင်မယ့် အခွင့်အရေးရှိနေလို့ပါ။
ကိုယ့်အသင်းကို နိုင်စေချင်သလို အဲဒီအောင်ပွဲ အရသာကိုလည်း ခံစားစေချင်တာပေါ့။ ဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်။
ဒါပေမဲ့ ဒီည PSG ကစားသွားတာကို ကြည့်ဦး၊ သူတို့က မင်းထက် ဂိုးတွေအများကြီး ပိုသွင်းပြီးတော့ပဲဖြစ်ဖြစ်၊ မင်းရဲ့ ကစားကွက်ကို ထိန်းချုပ်ပိတ်ဆို့ပြီးတော့ပဲဖြစ်ဖြစ် နည်းလမ်းမျိုးစုံနဲ့ မင်းကို အနိုင်ယူသွားနိုင်တဲ့အသင်းပါ။
ဘိုင်ယန်နဲ့ပွဲမှာ သူတို့ ကစားသွားပုံက တခြားပွဲတွေနဲ့ မတူဘူး။ အဲဒီညက အကောင်းဆုံးကစားနိုင်တဲ့ အသင်းပဲ နောက်တစ်ဆင့် တက်သွားတာပါ။
သူတို့မှာ လိုအပ်တဲ့ အရည်အချင်း အကုန်ရှိပါတယ်။ ဒါပေမဲ့ အာဆင်နယ်ကလည်း ကြံ့ကြံ့ခံနိုင်ရည်ရှိသလို အခွင့်အရေးရရင်လည်း ဂိုးတွေ သွင်းနိုင်ပါတယ်။ ပွဲကတော့ ခက်ခဲမှာပါ၊ ဒါပေမဲ့ စောင့်ကြည့်ရမှာပေါ့။”
#အွန်နရီ
Click here to claim your Sponsored Listing.