Kyaw Car Auto Service
ဝန်ဆောင်မှု အတွက် စိတ်ကျေနပ်မှုရရှိစေရန် အာမခံသော Kyaw Car Auto Service
ရန်ကုန် ။ ရွှေပေါက်ကံတွင် လုပ်ကိုင်ရန်။
Cashier (Female 1post)
Reception (Female 1post)
Store (Female 1post)
လစာ- 250000 ~ 350000
180000 ~ 250000(နေစားငြိမ်း)
အလုပ်ချိန် _ မနက် ၈ ည ၅
မနက် ၈:၃၀ ည ၆
21/11/2024
Kyaw Car Auto service မှ
(၁) ရည်ရွယ်ပြီး လှူတဲ့ အလှူ 🙏
(၂) မရည်ရွယ်ပဲ လှူဖြစ်သွားတဲ့ အလှူ 🙏
(၁) ရည်ရွယ်ပြီး လှူတဲ့အလှူလေးကတော့
တန်ဆောင်တိုင် လပြည့်ကျော် တစ်ရက်နေ့
ဆိုင်တွင်း တရားနာ အချိုပွဲကပ်ရင်း
ကထိန်အလှူအတွက် ရေစက်ချ တရားနာ 🙏
ဆိုင်မှ ဝန်ထမ်းများအား ဇီးကျောက်ကျောတိုက်
ကြက်သားဘူးသီး စပါယ်ရှယ်ချက် 🤩
(၂) မရည်ရွယ်ပဲ လှူဖြစ်တဲ့ အလှူလေးကတော့ 🙏
ဝန်ထမ်းလေးတွေ အတွက် ဖျော်ရည်လေးတွေထဲက
တဝက်ကို အနားက နိဗ္ဗာန်စျေးကို လာကြတဲ့
လမ်းသွားလမ်းလာ တွေကို လှူမယ်ကြံရွယ်ပြီး
အအေးတိုက်ရန် စီစဉ်လိုက်ပေမဲ့
အအေး သောက်ရန် လာရောက်တန်းစီသူ
ထင်မထားလောက်အောင်အရမ်းများလာတာနဲ့
ထပ်ဖျော် ထပ်ဖျော်ရင်း 🤭
အအေးပုလင်း အဆီ ၈ပုလင်း
ကျောက်ကျော ၂ပိဿတောင် ကုန်တဲ့အပြင်
ထပ်တန်းစီနေသေးလို့ အအေးသွားဝယ်ပေမဲ့
ဆိုင်တွေပိတ်သွားလို့ လှူတာ မရပ်ချင်ပဲ
ရပ်လိုက်ရပါတယ်ရှင် 😁
ဝန်ထမ်းလေးတွေက လဲ သူတို့တောင်
မသောက်လိုက်ရပေမဲ့
လှူလိုက်ရတဲ့အတွက် ဝမ်းသာပီတိ ဂွမ်းဆီထိတဲ့
ပုံလေးတွေကို
ဆိုင်သို့ အစဉ်မပြတ်လာရောက်အားပေးသော
ကျေးဇူးရှင် Customer များကိုလဲ
ထပ်တူ ဝမ်းသာပီတိ ဂွမ်းဆီထိအောင်
တင်းပေးလ်ုက်ပါတယ်ရှင် 🤩
အလှူ အကြီးကြီး မဟုတ်ပေမဲ့
ရင်ထဲက လှိုက်လှိုက်လဲလဲ ပျော်ရွှင်မိပါတယ်ရှင်
16/11/2024
Kyaw Car Auto Service ဝန်ထမ်းများ နှင့်
လာရောက်အားပေးသာ Customer များ၏
စုပေါင်း ပဒေသဘင် အလှူ 🙏
အလှူငွေပါဝင်လှူဒါန်းပေးသော
Customer များနှင့်
လာရောက်အားပေးသော
မိတ်ဟောင်း မိတ်သစ် Customer များအားလုံး
အတူတကွ ကုသိုလ်ရကြပါစေရှင် 🙏
#မဟာဘုံကထိန်
#အမှတ် ၄၀၄ ၊၁၇ ရပ်ကွက် ၊တောင်ငူလမ်း
မြောက်ဥက္ကလာ
Soe Kyaw Thu
Kay Thi
Arkar Myo Zin
26/10/2024
စက်ပေါလစ်
အတွင်းခန်း အခြောက်လျှော်
Lather Floor Mat
ထိုင်ခုံစွပ်/seat cover
တစ်စီးလုံးစာ Set လိုက် အပြည့်အစုံ
အားပေးသွားပါသော ဆရာတော်အား
ကျေးဇူး အထူးတင်အပ်ပ်တယ်ရှင် 🙏
Wash /ဆီဖြန်း / စက်ပေါလစ် /အတွင်းခန်းလျှော်
Car Accessories
Engine Oil
Suspension
စသော ဝန်ဆောင်မှု အားလုံး တနေရာထဲ ရရှိနိုင်တာမို့
အမှတ် (၄၀၄)၊တောင်ငူလမ်း၊(၁၇) ရပ်ကွက်၊ရွှေပေါက်ကံမြို့သစ်။
09889222235/09889222253
သို့ဆက်သွယ် နိုင်ပါတယ်ရှင်
09/10/2024
For September 🎉
19/08/2024
အားလုံး တောင်းဆိုကြပြီး
စောင့်မျှော်နေတဲ့ Promotion Card လေးတွေ
ရောက်ပါပြီဗျို့ 📨
ဆိုင်စဖွင့်ထဲက စဉ်ဆက်မပြတ်
မိုးရွာရွာ နေပူပူ ဂရုမစိုက်ပဲ
တကူးတက အမြဲလာရောက်အားပေးကြပါသော
ကျေးဇူးရှင် customer များကို
ကျေးဇူးတုန့်ပြန်တဲ့ အနေနဲ့
9 ကြိမ်ရေဆေးပြီးတိုင်း
Free 1 ကြိမ် ပေးနေပါပြီ 🤍
ဆိုတာလေးကို
အကြောင်းကြားပေးလိုက်ပါတယ်ရှင့်🔔
အမှတ် (၄၀၄)၊၁၇ ရပ်ကွက်၊တောင်ငူလမ်း၊ရွှေပေါက်ကံမြို့သစ်၊မြောက်ဥက္ကလာ။
09889222235
09889222253
19/07/2024
#အာဇာနည်နေ့ တို့မမေ့
" အာဇာနည်နေ့"
•••••••••••••••••••
"19 July မမေ့နိုင်"
ဇူလှိုင် တစ်ဆယ့်ကိုး "
၁၉ ဇူလိုင်"ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် သူရဲကောင်းအပေါင်းအား အလေးပြုအပ်ပါတယ်"
19/07/2024
အင်ဂျင်ခန်းထဲက လေစစ် (Air Filter) မှာ အင်ဂျင်ဝိုင်တွေ တွေ့နေရတယ်ဆိုရင်
လေစစ် (Air Filter) ဆိုတာကတော့ ယနေ့ခေတ် ကားအင်ဂျင်တိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတခုပါ ၊ လေစစ် ( Air Filter ) တွေကို ကားအင်ဂျင်ရဲ့ လေအ၀င်ပေါက် ( Inlet Manifold ) ကနေ တဆင့် ချိတ်ဆက်ထားတဲ့ လေစစ်အထိုင်ခွက်ထဲမှာ ဖွဲ့စည်းတည်ဆောက်ထားပါတယ် ။
လေစစ် ( Air Filter ) ရဲ့ အဓိက တာ၀န်က အင်ဂျင်အတွင်းပိုင်းထဲမှာ မီးလောင်ပေါက်ကွဲဖို့ လိုအပ်တဲ့ လေ ( Oxygen ) တွေထဲက ဖုန်တွေ ၊ သဲတွေ ၊ အညစ်အကြေးတွေ ၊ ရေခိုးရေငွေ့တွေကို သန့်စင်ပေးဖို့ပါပဲ ။ ကျနော်တို့ လက်ရှိသုံးနေတဲ့ ကားအင်ဂျင်တွေဟာ ဆီ ( လောင်စာဆီ) နဲ့ လေတွေ ရောနှောပြီးမှ မီးလောင်ပေါက်ကွဲစွမ်းအင်ရတာမို့ လေစစ် ပိတ်ဆို့တယ် ဆိုရင် မီးလောင်ပေါက်ကွဲဖို့ အဓိက လိုအပ်ချက်ဖြစ်တဲ့ လေ ( Oxygen) ပမာဏ လျော့နည်းသွားတာမို့ ကားအင်ဂျင်ရဲ့ လုပ်ငန်းဆောင်တာတွေကို အနှောက်အယှက်ပေးမှာ မလွဲမသွေပါပဲ ။
လေစစ် (Air Filter) တွေ သာမာန်ပိတ်ဆို့တာထက် ပိုဆိုးတဲ့ အခြေအနေတခုက လေစစ် (Air Filter) မှာ အင်ဂျင်ဝိုင်စတွေ ၊ ဆီ အစအန တွေ မြင်တွေ့ရတာပါ ။ လေစစ် (Air Filter) တွေကို ဖြုတ်စစ်ဆေးရင်း ဒီလို အင်ဂျင်ဝိုင် အစအနတွေ ၊ ဆီအစ အနတွေ မြင်တွေ့ရတယ်ဆိုရင် ဘာတွေဖြစ်နိုင်တယ် ၊ ဘာတွေ ဖြစ်တတ်တယ်ဆိုတာ ဆွေးနွေးတင်ပြပေးချင်ပါတယ် ။
လေစစ် (Air Filter) ဆိုတာ လေအ၀င် (Inlet အ၀င်)လမ်းကြောင်းမှာရှိတာမို့ ပုံမှန်အတိုင်းဆိုရင် အင်ဂျင်ဝိုင် တို့ ဆီစတွေဟာ ဒီလေစစ်မှာ ရောက်နေစရာမရှိပါဘူး ။ ဒါပေမယ့် အင်ဂျင်ချို့ယွင်းမှုတခုခုကြောင့် ဒီလို လေစစ် (Air Filter) မှာ အင်ဂျင်ဝိုင်စတွေ တွေ့ရတယ်ဆိုရင် ဒီလိုတွေ့ရတဲ့ အဓိက အကြောင်းအရင်းက Blow By Gas ကြောင့်ဖြစ်ပြီး အဲ့ဒီ Blow By Gas တွေဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေထဲ ကမှ အဖြစ်များဆုံး အကြောင်းရင်း (3) ခုကတော့
1. PCV ( Positive Crankcase Ventilation Valve ) ပိတ်တာ
2. Piston Ring တွေ မကောင်းတာ
3. Oil Passages ဆိုတဲ့ လမ်းကြောင်းတွေ ပိတ်ဆို့တာ ပါ ။
အဲဒီအကြောင်းရင်းတွေ မပြောခင် Blow By Gas ဆိုတဲ့အကြောင်း အရင်ဆုံးရှင်းပြချင်ပါတယ် ။
Blow By လို့ခေါ်တဲ့ အင်ဂျင်အတွင်းပိုင်း မလိုအပ်တဲ့ ဖိအားတွန်းအားတွေဆိုတာ ……
ကျနော်တို.လက်ရှိအသုံးပြုနေတဲ့ Internal Combustion Engine လို.ခေါ်တဲ့ အတွင်းပိုင်း မီးလောင် ပေါက်ကွဲပြီးမှ စွမ်းအင်ရရှိတဲ့ အင်ဂျင်တွေမှာ Blow By လို.ခေါ်တဲ့ အင်ဂျင်အတွင်းပိုင်းမှာ မလိုလားအပ်တဲ့ ဖိအားတွန်းအားတွေ တည်ဆောက်မှုရှိပါတယ် ။ အဲ့ဒီ Blow By ဘယ်လိုဖြစ်ပေါ်လာသလဲဆိုရင်တော့ ကားအင်ဂျင်တွေမှာရှိတဲ့ 4 Strokes ( Intake , Compression , Power , Exhaust ) ထဲကမှ ကားအင်ဂျင်အတွက် အဓိက စွမ်းအင်ရတဲ့ Power Stroke ကနေဖြစ်ပေါ်လာတာပါ ။ အင်ဂျင်လည်ပတ်ဖို. Intake Stroke မှာ ဆီနဲ. လေကိုဆွဲသွင်းမယ် ၊ အဲ့ဒီလေကို ဖိကျစ်မယ် ၊ ပြီးရင် မီးလောင်ပေါက်ကွဲမှုဖြစ်ပြီး Crank Shaft ကိုတွန်းဖို. Power Stroke ကိုရရှိပါတယ် ။
အဲ့ဒီ Power Stroke တခုရဖို. အင်ဂျင်ရဲ. Combustion Chamber ဆိုတဲ့ မီးလောင်ခန်းထဲမှာ ဖိကျစ်ထားတဲ့ ဆီနဲ.လေအရောအနှောတွေဟာ အပြင်းအထန်ပေါက်ကွဲရပါတယ် ။ ဒါမှလည်း အင်ဂျင်မှာတပ်ဆင်ထားတဲ့ အဓိက လည်ပတ်ရမယ့် Crank Shaft ကို လည်အောင် တွန်းအားပေးနိုင်မှာပါ ။
ဒီလို မီးလောင်ပေါက်ကွဲမှု ဖြစ်ပေါ်တဲ့အခါ မီးလောင်ပေါက်ကွဲမှု စွမ်းအားတွေ မဆုံးရှုံးရလေအောင် အဓိက ထိန်းပေးထားတဲ့ ပစ္စည်းက မီးလောင်ခန်းနံရံနဲ. ပစ်စတင် (Piston) မှာတပ်ဆင်ထားတဲ့ Rings တွေပါ ။ ဒီ Piston Rings တွေက မီးလောင်ခန်းနံရံကို တွန်းကန်ထားပြီး မီးလောင်ခန်းအတွင်းက စွမ်းအား Power တွေ အပြင်မထွက်အောင် ထိန်းပေးထားပါတယ် ။
(ဒါကြောင့် အင်ဂျင်သက်တမ်းကြာလာလို. ဒီ Piston Rings တွေပွတ်တိုက်မှုများပြီး ပွန်းစားလာပြီဆိုတာနဲ. အင်ဂျင်ပါဝါကျလာရတာပါပဲ ၊ စာကြွင်း)
ဒါပေမယ့် မီးလောင်ခန်းအတွင်းက ဖိကျစ်ထားတဲ့ ဆီလေအရောအနှောကို မီးရှို.လိုက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ပေါက်ကွဲမှုက အင်မတန်ပြင်းထန်ပါတယ် ၊ ဒီလိုပြင်းထန်လှတဲ့အတွက် ဘယ်အမျိုးအစားကောင်းတဲ့ Piston Rings တွေကမှာ ဒီ ပေါက်ကွဲမှု ပါဝါတွေကို 100 % လုံခြုံအောင် ထိန်းထားနိုင်စွမ်းမရှိပါဘူး ။ ဒီမှာပဲ Power Stroke ကနေ ဖြစ်ပေါ်လာတဲ့ တွန်းအားဖိအားတွေက Piston Rings ကနေလွတ်ထွက်လာတာကို အခြေပြုပြီး Blow By လို.ခေါ်ဝေါ်ကြတာမျိုးပါ ။
ဒီလွတ်ထွက်လာတဲ့ တွန်းအားဖိအားတွေက အင်ဂျင်ရဲ. အင်ဂျင်ဝိုင်ဆီကန်လို.ခေါ်တဲ့ Crank Case ထဲမှာသွားစုစုနေပါတော့တယ် ။ ဒီလိုနဲ. အင်ဂျင်ရဲ.အတွင်းပိုင်းမှာ မလိုအပ်တဲ့ ဖိအားတွန်းအား Pressure တွေဖြစ်ပေါ်လာတာပါပဲ ။

PCV ဆိုတာ Engine Head မှာရှိတဲ့ Tappet အဖုံးရယ် Inlet လေ၀င်ပေါက်ရယ်ကို ချိတ်ဆက်ပေးထားတဲ့ တဖက်တည်းကိုပဲ စီးဆင်းနိုင်တဲ့ One Way Valve လေးတခုပါ ။ သူရဲ့ အဓိက လုပ်ဆောင်ချက်က အင်ဂျင်အတွင်းပိုင်းမှာ ရှိတဲ့ Piston တွေဖိသိပ်တဲ့အချိန် Piston တွေကို ကျော်ထွက်ပြီး အင်ဂျင်အတွင်းမှာပါ တည်ဆောက်နေတဲ့ အတွင်းပိုင်းဖိအား Blow By ဆိုတဲ့ ဖိအားမြင့် Gas တွေကို လေထုထဲ မရောက်စေဘဲ အင်ဂျင် Inlet ထဲရောက်အောင် ပြန်လည်ထည့်ပေးတဲ့ အလုပ်ကို လုပ်ဆောင်ပေးတာပါ ။
ဒီလိုဖိအားတွေကို အင်ဂျင်မီးလောင်ခန်းထဲ ပြန်ရောက်အောင် လုပ်ပေးရတဲ့ PCV Valve လေးက အင်ဂျင်အတွင်းပိုင်း အခိုးအငွေ့တွေကနေ ပါလာတဲ့ ဆီတွေ အမှုန်အမွှားတွေ ၊ မီးခိုးမှိုင်းတွေကြောင့် ပိတ်ဆို့ကုန်တယ်ဆိုရင် အင်ဂျင်အတွင်းမှာ ဖိအားမြင့်တဲ့ Blow by Gas တွေ စုဝေးလာတတ်ပါတယ် ။ ဒီလို စုဝေးလာတာကြောင့် ဒီ Blow By Gas တွေ အင်ဂျင်အတွင်းပိုင်းက နေရာအနှံ့အပြားဆီကို ဖိအားတွေ သက်ရောက်စေပြီး အင်ဂျင်ဝိုင်တွေကို နေရာအသီးသီးကနေ ကန်ထွက်စေပါတယ် ။ အထူးသဖြင့် အင်ဂျင်ဝိုင်တွေကို တားဆီးထားတဲ့ Engine Oil Seal တွေကနေ တဆင့်ယိုစိမ့်ထွက်တယ် ၊ အဲ့လိုယိုစိမ့်ထွက်စရာ မရှိဘူးဆိုရင် Inlet ပေါက်နေ တဆင့် အင်ဂျင်ဝိုင်တွေကို မှုတ်ထုတ်တတ်ပါတယ် ။ ဒါကြောင့် အဲ့ဒီ Inlet ကနေ တဆင့် ကျနော်တို့ရဲ့ လေစစ် (Air Filter) အထိကို အင်ဂျင်ဝိုင်အစ အနတွေ ရောက်လာရတာပါပဲ ။
2. Piston Ring တွေ မကောင်းတာ
အပေါ်မှာ ရှင်းပြခဲ့သလိုပဲ Piston Ring ဆိုတာကလည်း ကားအင်ဂျင်ရဲ့ မီးလောင်ခန်းအတွင်းမှာ ဆီနဲ့ လေတွေကို ဖိသိပ်ပြီး မီးလောင်ပေါက်ကွဲဖို့ လိုအပ်တဲ့ အခြေအနေရောက်အောင် ဖိအားတွေပေးရတဲ့ အရာပါ ။ ဒီလို မီးလောင်ခန်းအတွင်းဖိအားတွေ ပေးရတဲ့ Piston Rings တွေက မီးလောင်ခန်းနံရံတွေနဲ့ ပွတ်တိုက်ပါများလာတဲ့အခါ ပွန်းစားမှုတွေဖြစ်ပေါ်လာပြီး မီးလောင်ပေါက်ကွဲလိုက်တဲ့ အချိန်မှာဖြစ်ပေါ်လာတဲ့ မီးလောင်ခန်းအတွင်းက ဖိအားတွေကို အကုန်မထိန်းသိမ်းနိုင်တော့ဘဲ ၊ အဲ့ဒီဖိအားတွေက မီးလောင်ခန်းကနေ တဆင့် အင်ဂျင်ရဲ့ အင်ဂျင်ဝိုင်ကန်အထဲထိရောက်ပြီး အတွင်းပိုင်းမှာ ဖိအားတည်ဆောက်မှုတွေဖြစ်ပေါ်ပါတယ် ။
ပုံမှန်အခြေအနေတွေမှာလည်း ဒီလိုမီးလောင်ခန်းထဲက ဖိအားတွေကျော်ထွက်ပြီး အင်ဂျင်ဝိုင်ကန် ထဲရောက်ပါတယ် ။ ပုံမှန်အခြေအနေမှာ ရောက်လာတဲ့ မီးလောင်ခန်းထဲက ဖိအားတွေက အပေါ်မှာပြောခဲ့တဲ့ PCV ကနေ တဆင့် မီးလောင်ခန်းထဲပြန်ရောက်ပြီး ပြန်လည်လောင်ကျွမ်းစေတာမို့ ဘာပြဿနာမှ မရှိပါဘူး ။ နို့ပေမယ့် Piston Ring တွေ ပွန်းစားကုန်လို့ Ring တွေဟာကုန်တဲ့အခါမှာတော့ မီးလောင်ခန်းထဲက ဖိအားတွေဟာ ပိုမိုများပြားလာပြီး အင်ဂျင်အတွင်းပိုင်းနေရာ အနှံ့ တွန်းကန်ကုန်တာမို့ PCV Valve တခုတည်းနဲ့ မထိန်းချုပ်နိုင်တော့ပါဘူး ။ ဒီလိုနဲ့ အင်ဂျင် Inlet ထဲထိရောက် လေစစ် (Air Filter) မှာ အင်ဂျင်ဝိုင်တွေ ရောက်ကုန်ရတာပါပဲ ။
ကျနော်တို့ ကားတွေ အရောင်းအ၀ယ်လုပ်ရင် ကားစက်နှိုးထားချိန် ၊ ကားအင်ဂျင်ဝိုင်တိုင်းတဲ့ ဂိတ်တံလေးကို နှုတ်ပြီး အင်ဂျင်မှုတ်မမှုတ် ၊ အငွေ့တွေထွက်မထွက်ကြည့်တာလည်း ဒီသဘောပါပဲ ။ ဒီဇယ် အင်ဂျင်တွေမှာဆိုရင် Compression ဖိအားပိုများတာမို့ အင်ဂျင်ဝိုင် ဂိတ်တံကနေ အငွေ့ထွက်တာ သိသိသာသာ မြင်တွေ့ရပါတယ် ။ ဒီလို Rings တွေကျသွားလို့ ပွန်းစားသွားလို့ အင်ဂျင် အငွေ့လိုက်နေပြီ ဆိုရင်တော့ လေစစ် (Air Filter) မှာ အင်ဂျင်ဝိုင်အစတွေ ကြိမ်းသေမြင် တွေ့ရမှာဖြစ်ပါတယ် ။
3. Oil Passages ဆိုတဲ့ လမ်းကြောင်းတွေ ပိတ်ဆို့တာ
Oil Passage ဆိုတဲ့ အင်ဂျင်ဝိုင်သွားရာ လမ်းကြောင်းတွေ ပိတ်ဆို့ရင်လည်း လေစစ် (Air Filter) မှာ အင်ဂျင်ဝိုင် နဲ့ အခြား ဆီအစ အနတွေ မြင်တွေ့ရတတ်ပါတယ် ၊ အထူးသဖြင့် အင်ဂျင်ဝိုင် ဂရိတ်မမှန်တာတွေ သုံးတဲ့ ကားတွေ ၊ နောက် အင်ဂျင်ဝိုင်အမျိုးအစားညံ့တာတွေ သုံးတဲ့ကားတွေမှာ Oil Sludge ဆိုတဲ့ ဆီမိလ္လာလို ချေးပိတ်ဆို့တာတွေ ဖြစ်ပေါ်တတ်ပါတယ် ။
ဒီလိုပိတ်ဆို့ကုန်တဲ့အတွက် အင်ဂျင်ခန်းအတွင်းမှာ ဖြစ်ပေါ်နေတဲ့ B low By Gas တွေက PCV Valve ဆီကို ကောင်းကောင်းမွန်မွန်မရောက်နိုင်တော့ဘဲ အင်ဂျင်အတွင်းပိုင်းထဲမှာပဲ ဖိအားတွေဖြစ်ပေါ်ကုန်ပါတယ် ။ ဒီလို ဖိအားတွေ များများစုမိတဲ့အခါ အကုန်တွန်းကန်ထွက်လာပြီး အင်ဂျင်ရဲ့ လေ၀င်လမ်းကြောင်းတွေထိပါ ရောက်ရှိပြီး Air Filter ( လေစစ်) တွေကို အင်ဂျင်ဝိုင် အစအနတွေ ၊ ဆီအစ အနတွေ စွန်းထင်းကုန်စေတာပါပဲ ။
ဒီအချက်တွေက အင်ဂျင်အတွင်းပိုင်းမလိုလားအပ်တဲ့ဖိအား Blow By Gas တွေနဲ့ဆက်စပ်ပြီး လေစစ် ( Air Filter ) ထိ အင်ဂျင်ဝိုင်အစအနတွေရောက်စေရတဲ့ အကြောင်းအချက်တွေပါ ။ ဒီလို လေစစ်မှာ အင်ဂျင်ဝိုင်အစ အနေတွေ မြင်တွေ့ရတာဟာ ပုံမှန်အခြေအနေမဟုတ်ဘဲ ကားအင်ဂျင်ပိုင်းဆိုင်ရာတွေ တခုခု ချို့ယွင်းနေတာမို့ ကြီးကြီးမားမားပျက်စီး ဆုံးရှုံးမှု မဖြစ်ခင် အမြန်ဆုံးပြုပြင်ထိန်းသိမ်းရမှာဖြစ်ကြောင်း ဆွေးနွေး တင်ပြ ပေးလိုက်ရပါသည် ။
Air filter (လေစစ်) လဲတော့မယ်ဆိုရင်တော့ ကားအစုံနီးပါးရနိုင်တဲ့ auto parts online shop ကို သတိရလိုက်ပါ
-Prime Auto Technology (လေးစားစွာဖြင့်) အင်ဂျင်ခန်းထဲက လေစစ် (Air Filter) မှာ အင်ဂျင်ဝိုင်တွေ တွေ့နေရတယ်ဆိုရင်

-Prime Auto Technology (လေးစားစွာဖြင့်)
09/07/2024
မှန် မလိုတော့ဘူး နော် 🪩
ကား ကို စက်ပေါလစ် တိုက်ပြီးရင်
ဘော်ဒီက ကြည်တောက်ပြီး မှန်တောင်ကြည့်လို့ရလို့
မှန် မလိုတော့ ဘူးနော် 🤭
Suzuki Swift (Black) 🖤
စက်ပေါလစ် တိုက်ခြင်း
လာရောက်အားပေးသွားပါသော အကိုအား
အထူးပင် ကျေးဇူးတင်ပါတယ်ရှင် 🙏
ဝန်ဆောင်မှုပိုင်း အာမခံမှု အပြည့်ပေးပြီး
Customer စိတ်ကျေနပ်မှု ရရှိစေဖို့
အဓိက ထားတာမို့ လာရောက်အားပေးနိုင်ပါတယ်
ဝေဖန် အကြံပြုလိုသည်များရှိပါကလဲ
လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်
လိုအပ်ချက်မရှိအောင် ကြိုးစားရင်း
ဝန်ဆောင်မှု အပြည့်အဝ ပေးနိုင်ဖို့
အမြဲ ကြိုးစားပေးနေတဲ့
Kyaw Car Auto Service
Car စက်ပေါလစ်တိုက်ခြင်းအတွက်
စျေးနှုန်း 80000 မှ 250000 ထိ
ကားအရွယ်အစားအလိုက်
အသုံးပြုသည့်ဆေးအလိုက်
စျေးနှုန်းအမျိုးမျိုးရှိတာမို့
စုံစမ်းမေးမြန်းလိုပါက
09889222235
09889222253
ကိုသာ Hello လိုက်ပါရှင် 😉
အမှတ်(၄၀၄)၊တောင်ငူလမ်း ၊၁၇ရပ်ကွက် ၊ရွှေပေါက်ကံမြို့သစ်၊မြောက်ဥက္ကလာ။
12/06/2024
🚨ညစ်နေရင်တော့ လျှော်မှ ရမယ်ဗျို့ 🚨
ဘာပဲညစ်ညစ် ဒီတိုင်းထားရင်တော့ ပိုပိုဆိုးလာမှာမို့
ငွေကြေးအနဲငယ်ပဲ ကုန်ကျပြီး 🤑
အချိန်လဲ အနဲငယ်သာ ပေးရတဲ့ 🤔
လေဂန်း(စက်) နဲ့ ကားစီလင် (ခေါင်မိုး)လျှော်
ဝန်ဆောင်မှုကို ကျွန်မတို့ရဲ့
“Kyaw Car Auto Service “
မှာလာရောက် ဝန်ဆောင်မှုရယူလို့ရပါပြီရှင့် ❣️
မိုးတွင်းလဲရောက်နေတော့
မှိုနံ့ /ရေမခြောက်တဲ့အနံ့တွေ နံနေတာကို
ကာကွယ်ပေးပြီးသားဖြစ်မယ် 👍
ကားထဲ ဝင်လိုက်တာနဲ့
ကားစီလင်(ခေါင်မိုး) လေးက 🤗
ဖွေးဖွေးလေးနဒ့ သန့်နေမယ်ဆိုရင်တော့ 😇
ကားမောင်း/ကားစီး ရတာ စိတ်ထဲ ပိုအဆင်ပြေပြီလေ
စိတ်ချမ်းသာ ဖို့က အဓိကမို့
စိတ်ချမ်းသာချင်ရင်
Kyaw Car Auto Service
ကို အမြန်သာကြွလှမ်းခဲ့ပါရှင် 🙏
အခြားသော ဝန်ဆောင်မှုများစွာရှိတဲ့အတွက်
သိချင်/စုံစမ်းချင်သော ဝန်ဆောင်မှုများရှိပါက
☎️ 09889222235
☎️ 09889222253
🍀 အမှတ် (၄၀၄)၊တောင်ငူလမ်း ၊-၇ ရပ်ကွက် ၊
ရွှေပေါက်ကံမြို့သစ်၊မြောက်ဥက္ကလာ ။
25/05/2024
ဒီတစ်ခါတော့ အရောင်တတ်လေ လှလေလှတဲ့
——————Black Honda Fit ——————
Kyaw Car Auto Service မှ ဝန်ဆောင်မှုကို
Car Pro ကဆေးလေးနဲ့ ပေါင်းဖက်လိုက်တော့
Customer မျက်နှာမှာ ကျေနပ်မှုတွေ
အပြုံးတွေဝေဆာ သွားတာတွေ့ရလို့
ဝန်ဆောင်မှုပေးခွင့်ရတဲ့အတွက် ကျေနပ်ရပါတယ်ရှင်
ယုံကြည်စွာနဲ့ လာရောက်အားပေးတဲ့
အကို နဲ့ အမတို့ ဇနီးမောင်နှံအားလဲ
အထူးပင် ကျေးဇူးတင်အပ်ပါတယ်ရှင် 🙏
#ကားဘော်ဒီ
#စက်ပေါလစ်
Car Wash/ကားရေဆေး
Car body Polishing & Interior Dry Wash
ကားဘော်ဒီပေါလစ်တိုက်ခြင်း နှင့် အတွင်းခန်းအေခြာက်လျှော်ခြင်း
Premium Wash
Car Body & Paint
Engine Oil Sale & Service
Car Accessories sale & Service
Car Suspension Sale & Service
Kyaw Car Auto Service
အမှတ် (၄၀၄)၊တောင်ငူလမ်း၊၁၇ရပ်ကွက်၊ရွှေပေါက်ကံမြို့သစ်၊မြောက်ဥက္ကလာ။
09889222235/09889222253
17/05/2024
အနီ ဆိုမှ အနီ ❣️
ရဲရဲတောက် လှလှလေး အသစ်အတိုင်း
ပြန်စီးစေချင်လို့ တစ်စီးလုံး အစအဆုံး
ဆေးဘော်ဒီကို ရှယ်ဝန်ဆောင်မှုပေးလိုက်ပါတယ်
Toyota
Vitz
body paint
interior dry Wash
ဝန်ဆောင်မှု တွေ အများကြီးကို 🎁
အချိန်တွေအများကြီးပေးပြီး 🕰️
ယုံကြည်စွာ လာရောက် အပ်နှံ အားပေးမှုအတွက်
အထူးပင် ကျေးဇူးတင်အပ်ပါတယ် ရှင်🙏
Kyaw Car Auto Service (ရွှေပေါက်ကံ)တွင်
Wash
Interior Dry Wash
Polishing & detailing
Suspension
Engine Tuning
Oil (or)
Sales & Service
တွေကို တနေရာထဲမှာ စိတ်ကျေနပ်မှု အပြည့်အဝရစေရန် လာရောက်ဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်ရှင်
Kyaw Car Auto Service
အမှတ် (၄၀၄) ၊တောင်ငူလမ်း ၊ ရွှေပေါက်ကံမြို့သစ်၊
မြောက်ဥက္ကလာ။
09889222235,09889222253
Click here to claim your Sponsored Listing.
Telephone
Website
Address
Yangon
Opening Hours
| Monday | 07:00 - 18:30 |
| Tuesday | 07:00 - 18:30 |
| Wednesday | 07:00 - 18:30 |
| Thursday | 07:00 - 18:30 |
| Friday | 07:00 - 18:30 |
| Saturday | 07:00 - 18:30 |
| Sunday | 07:00 - 18:30 |