Aung Chan Thar Photography
ဝါသနာနဲ့ ပိုကောင်းတဲ့ ဘဝကို တည်ဆောက်ပါ။
ဇွဲဆုအဖြစ် ချီးမြှင့်ခဲ့တဲ့
Xiaomi Grand Prize Winner 📸🎉
ငွေသားဒေါ်လာ (၁၀၀၀) စရဖူးတဲ့
အင်းလေးရေပေါ်စျေး ဓာတ်ပုံအကြောင်း 📸🎉
11/06/2026
တစ်ခါတစ်လေ အခွင့်အလမ်းတွေက
ကျွန်တော်တို့ ကြောက်တဲ့ အရာတွေဆီကနေ
လာတတ်တယ်ဆိုတာကို ဒီ Volunteer ပုံလေးတွေနဲ့ သိခဲ့ရတယ်။
Covid-19 ကာလတွေမှာ ရောဂါကူးမှာကြောက်လို့ အိမ်ထဲက အိမ်ပြင် မထွက်ခဲ့ဘူး။ ဓာတ်ပုံတောင် သိပ်မရိုက်ဖြစ်ပဲ ပုံဟောင်းတွေပဲ ရှာဖွေပြိုင်နေခဲ့တာ။ ပုံဟောင်းတွေနဲ့ ထိုက်သင့်သလောက် ဆုတွေရခဲ့ပေမယ့် မက်လောက်စရာ ဆုကြီးတွေတော့ မရခဲ့ဘူး။ အဲ့တာကြောင့် စိတ်ကို ရဲတင်းပြီး လက်ရှိအချိန်နဲ့ အချိန်ကိုက်ဖြစ်နေတဲ့ Volunteer လူငယ်တွေရဲ့ Daily life တွေကို လိုက်ရိုက်ခဲ့တယ်။ ရောဂါကြောက်ကြောက်နဲ့ ရိုက်ခဲ့ရတာဆိုတော့ ပုံကောင်းလည်း ထင်သလောက် မရခဲ့ဘူး။
အဲ့ချိန် EU-ASEAN က လုပ်တဲ့ လူငယ်ဓာတ်ပုံပြိုင်ပွဲမှာ စရိုက်ထားတဲ့ Volunteer ပုံလေးတွေ Top 10 စာရင်းထဲပါသွားတော့ ထပ်ပြီးတော့ နက်နက်နဲနဲ ရိုက်ဖို့ အကြောင်းဖန်လာတယ်။ ပြိုင်ပွဲမှာ Top 10 ပါတဲ့သူတွေကို Photo Essay ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ အွန်လိုင်းကနေ ထပ်လေ့ကျင့်ပေးပြီး Volunteer Project ကို နက်နက်နဲနဲ ထပ်ရိုက်စေခဲ့တယ်။ ရောဂါကြောက်ပြီး ပျင်းနေတဲ့ ကျွန်တော့်အတွက် တွန်းအားတစ်ခု ဖြစ်စေခဲ့တယ်။
အဲ့လိုနဲ့ Volunteer ဓာတ်ပုံတွေကို နည်းလမ်းမျိုးစုံ၊ ရှုထောင့်မျိုးစုံနဲ့ အများကြီး ရိုက်ဖြစ်ခဲ့ပြီး ဒီ Photo Essay တစ်ပုဒ်ကိုလည်း တည်ဆောက်နိုင်ခဲ့သလို EU-ASEAN ပွဲမှာ Third Prize Winner နဲ့ Favorite Winner ဆုတွေကို ရခဲ့တယ်။ ပြီးတော့ တစ်ခြားသော ပြိုင်ပွဲမျိုးစုံမှာလည်း အဲ့ဒီ Project ထဲက ဓာတ်ပုံတွေနဲ့ Grand Prize Winner, First Prize Winner ဆုကြီးတွေကို ဆက်တိုက်ရခဲ့ပါတယ်။
Covid-19 ကာလတွေမှာ ကျွန်တော်ကြောက်နေတဲ့ အရာတွေကို ရင်ဆိုင်ရင်း ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံတွေကို ကျွန်တော့်ကို ဆုတွေ၊ အခွင့်အလမ်းတွေ ယူဆောင်လာပေးတဲ့အပြင် Photo Essay တစ်ပုဒ်ကို ဘယ်လိုတည်ဆောက်ရိုက်ကူးရမလဲဆိုတဲ့ ပညာတွေနဲ့ အတွေ့အကြုံတွေများစွာလည်း ယူဆောင်လာပေးခဲ့ပါတယ်။
တစ်ခါတစ်လေ အခွင့်အလမ်းတွေက
ကျွန်တော်တို့ ကြောက်တဲ့ အရာတွေဆီကနေ လာတတ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon