Chit Pu Ma Lay

Chit Pu Ma Lay

Share

Mingalapar

21/05/2025

ပတ္တမြား ဆွဲကြိုးလေး တူတယ်နော် ဘယ်သူဝတ်ထားတာပိုလှလဲ 💎👀💕😍

Photos from Chit Pu Ma Lay's post 25/07/2024

မဂ်လာပါရှင့်!!
ထူးခြားအသုပ်စုံဆိုင်မှ ကြိုဆိုပါတယ်ရှင့်!🥗🍝🥘🍜🌶️
ဤဆိုင်လေးမှရရှိနိုင်သော အစားစာများမှာ
1.မုန့်ဟင်းခါး
2.နန်းကြီးသုပ်
3.ခေါက်ဆွဲသုပ်
4.ကြာဇံကြော်သုပ်
5.မုန့်ဖတ်သုပ်
6.လက်ဖက်ထမင်းသုပ်
7.ငါးနီတူသုပ်
8.ကျောက်ပွင့်သုပ်
9.သဘော်သီးသုပ်
10.လက်ဖက်သုပ်
11.ဆေးဘဲဥသုပ်
12.မြင်းခွါရွက်သုပ်
13.ခရမ်းချဉ်သီးသုပ်
14.ထမင်းသုပ်
15.ထမင်းဆီဆမ်း
16.ကြက်ဥပေါင်မုန့်ကြော်နှင့်တစ်ကွ
နောက်ထပ်အစားသောက်လေးများကိုလည်းထပ်တင်ပေးသွားပါဦးမယ်နော်!!
🙂🙂🙂
ဆိုင်လိပ်စာလေးကတော့...👇

👉ဘုရင့်နောင်လမ်းမကြီး၊ (၄၉)ရပ်ကွက်၊
စိန်ပန်းမြိုင်လမ်းထိပ်၊ မြောက်ဒဂုံ။
Ph: 09778817770

18/07/2024

With Yangon Cele Channel – I just got recognized as one of their top fans! 🎉

08/07/2024

Hello!!
မဂ်လာပါရှင်!!
ချစ်ပုမလေးးဟင်းချက်အစီစဉ်မှ ပထမဦးစွာ
ချက်ပြမယ့် ဟင်းလျာလေးကတော့
(၂၅၀၀)ကျပ်ပဲကုန်ကျမယ့်
ထမင်းအရမ်းမြိန်စေတဲ့
ဟင်းလျာလေးတစ်ခွက်ပဲ ဖြစ်ပါတယ်ရှင့်!!
😉🤤🤤🤤

28/05/2024

မိုးအေးအေးနဲ့ ဖက်ထုပ်ပေါင်းစားနည်း
🌮🌮🌮🌮🌮🌮🌮

အကင်စက် အမျိုးမျိုး လက်လီ လက်ကားရောင်းဝယ်ရေး

လိုအပ်သောပစ္စည်းများ

(1)ဖက်ထုပ်ရွက်
(2)ကြက်ဥတစ်လုံး ( အကာအရည်သာယူရပါမယ် )
(3)ကြက်သား သို့ ဝက်သား
(4)ကြက်သွန်မြိတ်တစ်စည်း
(5)ကော်မှုန့် ( အထုပ်သေးတစ်ထုပ် )
(6)ကြက်သွန်ဖြူ၅မွှာ

2.3.4.5.6 နှင့် ငရုတ်ကောင်းမှုန့် ခရုဆီ ကြက်သားမှုန့် အကုန်ရောပြီး သမသွားအောင် ကြိတ်စက်ဖြင့်ကြိတ်ပေးပါ။ ရလာတဲ့အစာပလာကို ဖက်ထုပ်ရွက်ရဲ့အလယ်မှာ အနည်းငယ်ဆီထည့် ပြီး အနားသားများကိုကျုံလိုက်ပါ။ ပြီးမှ ထမင်းပေါင်းအိုးအသုံးပြုပြီးပေါင်းပါ။ ၄၅မိနစ်လောက်ဆို ဖက်ထုပ်ပေါင်းလေးရပါပြီနော်။ ကြက်သွန်ကြော်ကြိုက်သူများလည်း တွဲဖက်သုံးဆောင်နိုင်ပါတယ်။

Credit :

ဖက်ထုပ်ပြုတ်
-----------------
ဒီဖက်ထုပ်ပြုတ်က လွယ်ကူရိုးရှင်းပြီး အရသာလည်းရှိတဲ့ ဟင်းလျာလေးပါ။ သားသား၊ မီးမီးတို့အတွက် အလွယ်တကူ ပြင်ဆင်ပေးနိုင်ပြီး အကြိုက် တွေ့စေတဲ့ ဖက်ထုပ်ပြုတ် ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ
ဝက်သား - ၁ဝဝ ဂရမ်
ဆီ - လိုအပ်သလို
ကြက်သွန်ဖြူ - ၃ မြွှာ (ဓားပြားရိုက်ပါ)
ကော်မှုန့် - စားပွဲဇွန်း ၁ ဇွန်း
ကြက်သွန်နီ - ၁ လုံး (၄ စိတ်စိတ်ပါ)
ဆား - အနည်းငယ်
မုန်လာဥနီ၊ ဂေါ်ဖီ၊ မုန်ညင်း၊
ကြက်သွန်မြိတ် - အနည်းငယ်စီ
(ပါးပါးလှီးထားပါ)
တရုတ်နံနံ - အနည်းငယ်
ဖက်ထုပ်အရွက် - ၂၀ ရွက်ခန့်
ပဲပြား - ၁ တုံး
ဟင်းခတ်မှုန့် - အနည်းငယ်
ပဲငံပြာရည်အကြည် - အနည်းငယ်
သကြား - အနည်းငယ်

ပြုလုပ်နည်း
၁။ ဇလုံတစ်လုံးထဲ ဝက်သားကို ငရုတ်ကောင်းမှုန့်၊ ဆား၊ သကြား၊ ကော်မှုန့်နှင့် ဆီ အနည်းငယ်ထည့်ပြီး အရသာ နယ်ပါ။
၂။ အသားလုံး ၅ လုံးခန့် လုံးပါ။
၃။ ဝက်သားပြားကို ဖက်ထုပ်ထဲ ထည့်ပါ။
၄။ ဖက်ထုပ်ကို ပြုတ်ပါ။
၅။ ရေဆူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန် မြိတ် အနည်းငယ်၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ဟင်းခတ်မှုန့်နှင့် ပဲငံပြာရည်အကြည်တို့ကို ထည့်ပါ။
၆။ ရေဆူလာလျှင် ဝက်သားလုံးနှင့် ဖက်ထုပ်ကို တစ်ခါ
တည်း ထည့်ပါ။
၇။ ပဲပြားကို ထည့်ပါ။
၈။ ရေဆူလာလျှင် ပါးပါးလှီးထားတဲ့ အသီးအနှံများ
ထည့်ပါ။
၉။ ပြီးလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။
-----------------------------------

Crd
Eant Wint Htut

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

M. Dago
Yangon
11431