The Eyes Creative Design Studio

The Eyes Creative Design Studio

Share

Elevate your business' digital presence with our unique branding, marketing, and website design. Contact us to schedule a consultation.

27/02/2024

⚡The best way to craft portfolio

⚡What is the portfolio
Portfolio ဆိုတာ Designer တစ်ယောက်ရဲ့ လုပ်ခဲ့ဖူးတဲ့ Project တွေ Technical ကျွမ်းကျင်မှုတွေကို ပြသတဲ့ နေရာပါ။ ပြတဲ့နေရာမှာ ကိုယ်လုပ်ဖူးသမျှကို စုပြုံထည့်တာထပ် ကိုယ်အားရတဲ့ Project တွေကို ရွေးချယ်ပီး ပြသသင့်ပါတယ်။Designer တစ်ယောက်အတွက် portfolio ဆိုတာက မရှိမဖြစ်ကို လိုအပ်တဲ့ အသက်သွေးကြောတစ်ခုပါ။ အခုလို နိုင်ငံရေးမတည်ငြိမ်ချိန်မှာ နိုင်ငံရပ်ခြားမှာအလုပ်ရှာဖို့အတွက်ဆိုရင် Portfolio ကောင်းကောင်းတစ်ခု လိုကို လိုပါတယ်။

⚡How to choose the project for your portfolio

Portfolio အတွက် Project တွေ ရွေးချယ်ရာမှာ အရေးကြီးတဲ့ တစ်ချက်က ကိုယ်က ဘယ်လိုလုပ်ငန်းမျိုးမှာ အလုပ်လျောက်မှာလဲ ဆိုတာပါ။ ကိုယ်‌‌‌လျောက်မယ့် အလုပ်က social media design အဆွဲများတဲ့ agency ဆိုရင် ကိုယ့်ရဲ့ Portfolio မှာ ကွဲပြားခြားနားတဲ့ လုပ်ငန်းတွေရဲ့ social media design တွေကို အသားပေးပီး ဖော်ပြမယ်ဆိုရင် generalized လုပ်ထားတဲ့ Portfolio ထပ် အင်တာဗျူးဝင်ရဖို့ ပိုအခွင့်အရေးသာစေမှာပါ။

အဲ့ဒီလိုပဲ inhouse position အတွက်ဆိုရင်လည်း Brand တစ်ခုအတွက် social media post ကို brand guideline နဲ့ ကိုက်ညီအောင်လုပ်ထားတာမျိုးကို Series လိုက် ထည့်ပြတာဟာ Interview ဝင်ဖို့ အခွင့်အရေးကို ပိုသာစေမှာဖြစ်ပါတယ်။

⚡How many projects should I showcase in my portfolio?

Portfolio တစ်ခုမှာ project ဘယ်‌‌‌လောက် ပြရမယ်ဆိုပီးအတိအကျ သတ်မှတ်ထားတာမျိုးမရှိပါဘူး။ ကျွန်တော် Personal အမြင်ကတော့ 12 ခုကနေ 18 ခု လောက်ဆို Designer တစ်ယောက်ရဲ့ Skill level ကို ပိုင်းခြားဖို့ လုံလောက်ပါတယ်။

အခု Share ပေးထားတဲ့ Tips တွေကို သေချာအသုံးမယ်ဆိုရင် Designer ညီငယ် ညီမငယ်တွေအတွက် ပိုကောင်းတဲ့ Portfolio တွေကို ရမှာပဲ ဖြစ်ပါတယ်။

26/01/2024

⚡Upwork သတင်းနောက်ဆက်တွဲ

Upwork ရဲ့ email အသစ်အရတော့ အလုပ်လုပ်ခွင့်ကို ဇန်နဝါရီ 30 နောက်ဆုံးထား ကန့်သတ်မယ်ဆိုတာကို ပျယ်ဖျက်လိုက်တယ်လို့ပြောပါတယ်။

လက်ရှိရှိနေတဲ့ connect အပြင် တလတစ်ခါပုံမှန်ရနေကျဖြစ်တဲ့ 10 connects ကိုလဲ ဆက်ရနေမယ်။ proposal တွေလဲ ဆက်တင်လို့ရနေမယ်လို့ပြောပါတယ်။

မြန်မာနိုင်ငံထဲမှာ လက်ရှိရှိနေတဲ့သူတွေအတွက်ကတော့ payment တွေ Upwork ပေါ်မှာ လုပ်လို့ရမှာ မဟုတ်ပါဖူး။ ဘာကို‌‌ဆိုလိုချင်တာလဲဆိုတော့ credit card တွေ တခြားငွေပေးချေမှုတွေနဲ့ connect ထပ်ဝယ်တာ၊ freelancer plus ဝယ်တာ၊ client အနေနဲ့ တခြား freelancer ကို အလုပ်အပ်တာမျိုးတွေ လုပ်လို့မရပါဘူး။

မြန်မာနိုင်ငံက freelancer တွေရဲ့ clients တွေကို ဇန်နဝါရီလ 30ရက်နေ့ နောက်ဆုံးထားပီး payment တွေကို အပြီးပေးဖို့ ဆိုတဲ့ notification ကိုလဲ မပို့တော့ဖူးလို့ ပြောပါတယ်။

အခုအတိုင်းဆိုရင်တော့ Payoneer ကို သုံးပီး freelance project ကို ဆက်လုပ်လို့ရနေမှာပဲ ဖြစ်ပါတယ်။ Payoneer ကနေ ငွေထုတ်ဖို့ကတော့ local exchange တွေကို Payoneer ကနေ တိုက်ရိုက်ရောင်းပီး ထုတ်လို့‌ရနေမှာပါ။

Upwork ကပို့ထားတဲ့ email ကိုဖတ်ချင်တယ်ဆိုရင် comment မှာ ထည့်ပေးထားတယ်။

25/01/2024

⚡️Upwork နှင့် မြန်မာ designer များအနာဂတ်

လက်ရှိ Upwork ရဲ့ email အရ မြန်မာနိုင်ငံအခြေစိုက် ဘဏ်တွေက ကတ်တွေကနေတဆင့် payment လုပ်လို့မရတော့သလို freelancer တွေ အတွက်လဲ မြန်မာနိုင်ငံက ဘဏ်တွေကို တိုက်ရိုက် claim လုပ်လို့မရတော့ဖူးဆိုပြီး ပြောထားပါတယ်။

အဓိက ဖြစ်တာကတော့ ငွေလွှဲလုပ်တဲ့ transition partners တွေက မြန်မာနိုင်ငံအတွက် ပေးနေတဲ့ service တွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာကြောင့်လို့ သိရပါတယ်။

Upwork ဖက်က freelancer တွေကို ဇန်နဝါရီလ 30 ရက်နေ့ နောက်ဆုံးထားပြီး projects တွေကို ဖြတ်ဖို့ပြောထားသလို clients တွေကိုလဲ payment တွေကို အဲ့နေ့ မတိုင်ခင်ပေးဖို့ ပြောထားပါတယ်။

အခုအတိုင်းဆို မြန်မာနိုင်ငံက designer တွေ အနေနဲ့ နိုင်ငံခြား freelancing platforms တွေမှာ လုပ်ကိုင်ဖို့ ပိုခက်ခဲလာမှာပဲ ဖြစ်ပါတယ်။

အခု rules သာ အတည်ဖြစ်သွားခဲ့မယ်ဆိုရင် crypto payment တွေကို အသုံးပြုတဲ့ platforms တွေကလွဲလို့ တခြား platforms တွေမှာ အလုပ်လုပ်ခွင့်ရဖို့ မရှိသလောက် နည်းသွားမှာပဲ ဖြစ်ပါတယ်။

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

Yangon

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00