SMIT - Training & Coaching

SMIT - Training & Coaching

Share

gold calculate & sales training for gold shop

Photos from SMIT - Training & Coaching 's post 15/06/2026

ကိုယ်က ရွှေဆိုင်ပိုင်ရှင်လား? ရွှေဆိုင်ရဲ့ Team Memberလား?

ကိုယ့်ရွှေဆိုင်ရဲ့ Team Member တွေ နဲ့ ကိုယ်ကိုယ်တိုင်ရဲ့ Skill တွေကို Update လုပ်ချင်တဲ့ မိတ်ဆွေရဲ့ ဆန္ဒကို ကျွန်တော်နားလည်ပါတယ်။

ဒါပေမယ့် အရောင်းအဝယ်နဲ့ ဆိုင်လုပ်ငန်းတွေရဲ့ကြားမှာ အချိန်မပေးနိုင်တဲ့ မိတ်ဆွေရဲ့ အခြေအနေကိုလည်း ကျွန်တော်နားလည်ပါတယ်။

ကျွန်တော်အရင်က ရွှေဆိုင်တွေမှာပဲ လိုက်သင်ပါတယ်။ အချိန် ၁၅ ရက်နဲ့ ရွှေအကြောင်း၊ ရွှေအတွက်အချက်နဲ့ ရွှေအရောင်းပညာ၊ အခြေခံ Marketing ပညာတွေကို သင်ကြားလေ့ကျင့်ရင်း Team Member တွေရဲ့ mindset နဲ့ Attitudes တွေကို ကောင်းမွန်တဲ့ပြောင်းလဲတိုးတက်မှုတွေအတွက် လေ့ကျင့်သင်ကြား ပေးခဲ့ပါတယ်။

တစ်ချို့မိတ်ဆွေတွေက Team Member တွေကို Update လုပ်ပေးချင်ပေမယ့် ဆိုင်မှာအရောင်းအဝယ်နဲ့ အလုပ်များနေတာမို့ ၁၅ရက်တာ အချိန်မပေးနိုင် ဖြစ်နေကြတယ်။ တစ်ချို့မိတ်ဆွေတွေက ကျွန်တော့်ကို အကြံပေး တောင်းဆိုတာကြောင့်...

ရွှေဆိုင်တွေနဲ့ Team Member တွေအားလုံးရဲ့ အခြေအနေ၊ အချိန်တွေနဲ့အဆင်ပြေအောင် Essential Skill for Goldshop's Member ဆိုတဲ့ Zoom သင်တန်းကိုစီစဉ်ထားပါတယ်။

ဒီသင်တန်းမှာဘာတွေသင်မှာလဲ ❓
-------------------------------------------------------

📒 ရွှေနဲ့ ရွှေဆိုင်လုပ်ငန်းနဲ့ ပါတ်သတ်တဲ့ မဖြစ်မနေသိထားရမယ့် ဗဟုသုတတွေ

📒 ရွှေရောင်းတဲ့အချိန်မှာ သိရမယ့် ကျပ်ပဲရွေးကနေ ကျပ် unit ဖွဲ့ပြီး စျေးတွက်တာအပြင်ကို၊ အပြင်စပ်၊ အတွင်းစပ်၊ ရွှေရည်အသီးသီးရဲ့ ကျပ်သားစျေးတွက်ပုံတွေ၊ စနစ်သစ်/စနစ်ဟောင်း gram ချိန်မှ ကျပ်ပဲရွေးဖွဲ့ပုံတွေ၊ အထည်ဟောင်းအထည်ပျက်တွေ ဝယ်ယူစျေးဖြတ်တာကနေ ဆိုင်အတွက်အထည်ဟောင်းတွေကို စီမံခန့်ခွဲနိုင်ဖို့ အခေါက်ချွတ်တွက်နည်းအစုံ ကို သင်ကြားလေ့ကျင့်ပြီး Update လုပ်သွားပေးမှာပါ။

ဒီသင်တန်းကိုဘယ်သူတွေတက်သင့်လဲ ❓
-----------------------------------------------------------------

👤 မိတ်ဆွေက ရွှေဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်တယ်။ ကိုယ့်ဆိုင်ရဲ့ Team Member တွေရဲ့ Skill ကို update လုပ်ပေးချင်တယ်။ ဒါပေမယ့် သင်တန်းကိုလွှတ်ဖို့၊ ဆိုင်မှာအချိန်ပေးပြီးခေါ်ဖို့အတွက် အရောင်းအဝယ်တွေနဲ့ အဆင်မပြေဖြစ်နေရင် ခုသင်တန်းက မိတ်ဆွေနဲ့ မိတ်ဆွေရဲ့ Team အတွက်ပါ။

👤 မိတ်ဆွေက ရွှေဆိုင်တစ်ဆိုင်မှာ တာဝန်ယူလုပ်ကိုင်ပေးနေတဲ့ Team Member တစ်ယောက်ဖြစ်ပြီး၊ ကိုယ့်ရဲ့ Skill တွေကိုမြှင့်တင်ဖို့၊ ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို မြှင်တင်ဖို့ စိတ်အားထက်သန်နေပြီး အချိန်မရှိတဲ့သူဆိုပါတော့။ ဒီသင်တန်းက မိတ်ဆွေအတွက်ပါပဲ။

👤 မိတ်ဆွေက ရွှေဆိုင်တစ်ဆိုင်ဖွင့်ဖို့ စိတ်ဝင်စားတဲ့သူ (ဒါမှမဟုတ်) ရွှေဆိုင်မှာအလုပ်အကိုင်အခွင့်အလမ်းတစ်ခုနဲ့လုပ်ကိုင်လိုတဲ့သူ (ဒါမှမဟုတ်) ရွှေကို ဝတ်ရင်း၊စုရင်း၊ ပြန်လဲပြန်ရောင်း လုပ်နေကျသူ (ဒါမှမဟုတ်) ရွှေဆိုင်နဲ့ ရွှေအကြောင်းကို စိတ်ဝင်စားတဲ့သူ ဆိုရင် ဒီသင်တန်းက မိတ်ဆွေအတွက်ပါ။

ဒီသင်တန်းက ဘယ်လိုသင်မလဲ❓ဘာတွေပြန်ရမလဲ ❓

📢 သင်ခန်းစာတွေကို ရှေ့က ရွတ်ပြရှင်းပြနေရုံနဲ့ခေါင်းထဲမရောက်တာ ကိုယ်တွေ့မို့ (ကျွန်တော်ကိုယ်တိုင် လိုက်မမှတ်နိုင်ခဲ့လို့) သင်ကြားမှုတွေကို Training, coaching, counselling, counsulting Technique တွေနဲ့ စိတ်ထဲစွဲမြဲသွားအောင် workshop ပုံစံမျိုးနဲ့ သင်ကြားပေးသွားမှာပါ။

📢 သင်တန်းပြီးရင် ရွှေအကြောင်း ဗဟုသုတ၊ ရွှေဆိုင်လုပ်ငန်းနဲ့ပါတ်သတ်တဲ့ ဗဟုသုတတွေရသွားမယ်။

📢 ရွှေအတွက်အချက်နဲ့ပါတ်သတ်ပြီး ပန်ထိမ် ကုန်သည်တွေနဲ့ အပေးအယူအတွက်အချက်၊ အထည်ဟောင်းနဲ့ ရွှေချွတ်နည်းအတွက်အချက်တွေ ပိုင်နိုင်သွားမယ်။

📢 ကိုယ့်ရွှေကို ရောင်းဝယ်တဲ့အခါမှာ စျေးတွက်ချက် ခန့်မှန်းနိုင်မယ်။

📢 အလုပ်အကိုင်ရှာဖွေနေတဲ့ လူငယ်တွေအတွက် ရွှေဆိုင်တွေနဲ့ အဆက်အသွယ်အချိတ်အဆက်တွေရသွားပါမယ်။

သင်တန်းကြေးက ဘယ်လောက်လဲ ❓
-----------------------------------------------------------

အခုလိုသင်တန်တွေစီစဥ်နိုင်ဖို့ ကျွန်တော့်အနေနဲ့ အချိန် ၁၈ နှစ်တာကာလအတွင်း သိန်းရာဂဏာန်းနဲ့ချီပြီကုန်ကျခံလေ့လာထားခဲ့ရပါတယ်။
မိတ်ဆွေတို့အတွက် သတင်းကောင်းအနေနဲ့က zoom သင်တန်း တစ်ဦးစာအတွက် ၂၀၀၀၀၀ ကျပ်သာ ကျသင့်ပါမယ်။
Zoom သင်တန်းဖြစ်တာမို့ လူဦးရေအကန့်အသတ်ရှိပါတယ်။
ယခု Batch (1) အတွက် ပထမဆုံးအပ်နှံသူ အယောက် (၃၀) ကို 30% Discount အနေနဲ့ 1400000 ကျပ်နဲ့ လက်ခံပေးပါမယ်။
အယောက် (၃၀) ကျော်ပါက ပုံမှန်ကြေး ၂၀၀၀၀၀ ကျပ်ဖြစ်ပါမယ်။
***ကျွန်တော်နဲ့ Training ယူဘူးတဲ့ သင်တန်းသားဟောင်းမိတ်ဆွေတွေအတွက် special diacount ရှိပါမယ်***

မိတ်ဆွေရဲ့ရှေ့ကိုရောက်လာတဲ့အခွင့်အရေးကို လက်ရောက်ရယူနိုင်ဖို့...

Register Now...
--------------------------

Page messenger (or) Viber No. 09771007200 သို့စုံစမ်းဆက်သွယ် အပ်နှံနိုင်ပါတယ်..

သင်တန်းအချက်အလက်
-----------------------------------------
📅
Start Date - 27.6.2026(sat)

Time - 7:00 pm to 9:00pm
📆
Duration - 5 weeks (every Sat & Sun)
🚩
Platform - Zoom
💵
Fees - Nomal price 200000
persount price - 140000 (Only first 30 person)

❗ သင်တန်းဆိုပေမယ့် သင်ကြားပေးရုံမဟုတ်ပဲ လေ့ကျင့်ပေး၊ ပြောင်းလဲပေးမှာ ဖြစ်တဲ့အတွက် ပင်ပန်းပါမယ်။ အိမ်စာတွေလုပ်ရပါမယ်။
အမှန်တကယ် ပြောင်းလဲတိုးတက်ချင်မှ join ပေးပါ။ ❗

Photos from SMIT - Training & Coaching 's post 22/05/2026

"ငွေ တစ်ပြားမှ ကုန်စရာမလိုပဲ အချိန်တစ်နာရီခွဲ ပေးယုံနဲ့ idea တစ်ခုရပြီး Sales Team ရဲ့ Skill တွေကိုသာ မြှင့်တင်နိုင်မယ်ဆိုရင် အကျိုးအမြတ် ဘယ်လောက်ပိုတိုးသွားနိုင်လဲ..."

လုပ်ငန်တစ်ခုလည်ပါတ်ဖို့အတွက် အရေးကြီးဆုံးအရာတစ်ခုက ဝင်ငွေရဖို့ပါ။

လုပ်ငန်းရဲ့ အသက်သွေးကြောဖြစ်တဲ့ ဝင်ငွေကို Sales team တွေက ရှာပေးပါတယ်။

Sales team တွေက ဝင်ငွေကိုရှာပေးနိုင်ဖို့ ရောင်းချခြင်း (Selling) ကိုလုပ်ရပါတယ်။

အရောင်းအဝယ်တစ်ခုဖြစ်ဖို့ ပြောကောင်းရုံနဲ့ မလုံလောက်ပါဘူး။

ရောင်းချခြင်းမှာ ကျင့်ဝတ်တွေ၊ နည်းလမ်းအဆင့်တွေရှိပါတယ်။

တကယ်သာ အဲ့ဒီနည်းလမ်းတွေသိပြီး တကယ်ကို အသုံးချခဲ့ရင်...

မိတ်ဆွေဆိုင်ရဲ့ ရောင်းအား ခုထက်ဘယ်လောက်ပိုတိုးလာမလဲ?

တကယ်လို့များ အရောင်းသမားတွေ ရှိရမယ့် Skill တွေလိုအပ်လို့ ဧည့်သည်က ကိုယ့်လုပ်ငန်းအပေါ် ယုံကြည်မှုမရှိ၊ စိတ်ကျေနပ်မှုမရခဲ့ရင် မိတ်ဆွေဆိုင်အတွက် ဘယ်လောက်နစ်နာသွားနိုင်လဲ..?

ဆိုင်တစ်ဆိုင်ရဲ့ အဓိကနေရာကိုတာဝန်ယူထားတဲ့အရောင်းသမားတစ်ယောက်အနေနဲ့ရော... ကိုယ့် Skill ကို ခုထက်ပိုပြီးမြှင့်တင်နိုင်ခဲ့ရင်... ကိုယ့်အတွက် ဘာပိုပြီးအကျိုးရှိလာနိုင်လဲ..?
ကိုယ်တာဝန်ယူထားတဲ့ ဆိုင်အတွက် ဘာပိုပြီးအကျိုးရှိလာနိုင်လဲ..?

ဒီ Seminar ကို join မယ်၊ မ join ဘူးဆိုတာ မိတ်ဆွေရဲ့ ရွေးခြယ်ဆုံးဖြတ်မှုပါ...

Join ဖို့ ရွေးခြယ်ခဲ့မယ်ဆိုရင်တော့ ..

အောက်က link လေးကို နှိပ်ပြီး Telegram group လေး join ထားပေးပါ...

⬇⬇⬇
Telegram group link - https://t.me/+UviFhODFefk1OGE9

Grow Your Career (for gold shop) Seminar

📆 နေ့စွဲ - 23 May 2026 ( Sat )
🕰 အချိန် - 7:00 pm to 8:30 pm
💻 နေရာ - Zoom meeting
💵 ဝင်ကြေး - 💯 % free

See you soon..
Ye Win
SMIT - Training & Coaching

20/05/2026

"ရွှေဆိုင်တစ်ဆိုင်ရဲ့ sale team member တွေ skill လိုအပ်မှုကြောင့် ဖောက်သည်တွေကို ယုံကြည်မှုမပေးနိုင်ရင် ဘယ်လောက်ထိ ရောင်းအားဆုံးရှုံးနိုင်လဲ?..

မိတ်ဆွေတို့ သိတဲ့အတိုင်းပါပဲ..
လူတွေက ယုံမှဝယ်ကြတာပါ..

Product ကိုယုံမှ..
ကိုယ့်လုပ်ငန်းကို ယုံမှ..
အရောင်းသမားကိုယုံမှ...ဝယ်ကြပါတယ်။

လိုအပ်နေလို့ (ဒါမှမဟုတ်) အခြေအနေတစ်ခုခုကြောင့် ဝယ်သာဝယ်ခဲ့ရပေမယ့် ကိုယ်စိတ်ထဲမှာ စိတ်ကျေနပ်မှုမရသလို အဖြစ်မျိုး ကြုံဘူးကြလိမ့်မယ်ထင်ပါတယ်...
အဲ့လို မျိုးဖြစ်ခဲ့ရင် အဲ့ဆိုင်၊ အဲ့ product ကို နောက်တစ်ကြိမ်သွားဝယ်ဖို့ကို မိတ်ဆွေအတွက် ဝန်လေးသွားပါလိမ့်မယ်။

ဘာလို့ အဲ့လိုဖြစ်တာလဲ?

အဲ့လိုဖြစ်ရပ် အများစုက အရောင်းသမားကြောင့် အဖြစ်များပါတယ်။
အရောင်းသမားက product အကြောင်း ကောင်းကောင်း မရှင်းပြနိုင်တာ၊
ပြောဆိုဆက်ဆံမှု (communiction skill)၊ Customer service skill တွေလိုအပ်နေတာ၊
အရောင်း (sales skill) လိုအပ်နေတာကြောင့် ဝယ်သာဝယ်လိုက်ရတယ် စိတ်ထဲ ကျေနပ်မှုမရလိုက်ဘူး ဖြစ်နေတာပါ။

မိတ်ဆွေရဲ့ ရွှေဆိုင်မှာရော ဆိုင်ရဲ့ sales team က အဲ့ဒီ skill တွေကောင်းပြီလား?

အပေါ်ကလို အဖြစ်မျိုးတွေ မဖြစ်အောင် လုပ်နိုင်ပြီလား?

အဲ့လိုတွေ ဖြစ်နေရင်ရော ဆိုင်က customer တွေရဲ့ ယုံကြည်မှုကို မရတာကြောင့် ရောင်းအားဘယ်လောက် ဆုံးရှုံးနိုင်သလဲ?

ကိုယ်တိုင်က အရောင်းသမားတစ်ယောက် ဆိုရင်ရော ကိုယ်ဘယ်နေရာတွေမှာ လိုအပ်နေလဲ?

ဘာတွေဖြည့်ရမလဲ ?
ဘယ်လိုဖြည့်ရမလဲ?

မေးခွန်တွေရဲ့အဖြေကို ကျွန်တော်ကူပြီးစဥ်းစားပေးပါမယ်။

အခု လာမယ့် ၂၃ရက်နေ့ (၂၃- ၅ - ၂၀၂၆) စနေနေ့ ည ၇:၀၀ နာရီကနေ ည၈နာရီခွဲအထိ ပြုလုပ်ပေးမယ့် Grow Your Career ဆိုတဲ့ Seminar လေးမှာ-
ရွှေဆိုင်ရဲ့ အရောင်းသမားတွေ မ​ဖြစ်မနေ ဖြည့်ရမယ့် skill ၃ မျိုးအကြောင်းကို ဆွေးနွေးပေးသွားပါမယ်။

ဘယ်လိုသူတွေ join သင့်လဲဆိုတော့ -
- မိတ်ဆွေက ရွှေဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်ပြီး ကိုယ့် team ကို အကောင်းဆုံးအနေအထား ဖြစ်အောင်လုပ်ချင်တဲ့ သူတစ်ယောက်
- မိတ်ဆွေက ရွှေဆိုင်ဖွင်ချင်တယ် ကိုယ့် team ကို အကောင်းဆုံး ပြင်ဆင်တည်ဆောက်ထားချင်တဲ့ သူတစ်ယောက်
- မိတ်ဆွေက ရွှေဆိုင်ရဲ့ အရောင်းပိုင်းမှာ တာဝန်ယူလုပ်ကိုင်နေပြီး ဆိုင်ကို အကောင်းဆုံးရလဒ်တွေ ပေးချင်တဲ့သူ၊ ကိုယ်တိုင် အရည်အချင်းတိုးတက်မှုကို ရှာဖွေနေတဲ့ သူတစ်ယောက်
- မိတ်ဆွေက ရွှေဆိုင်နဲ့ ရွှေလုပ်ငန်းထဲမှာ ပါဝင်လုပ်ကိုင်ဖို့ ကိုယ့်ကိုယ်ကို ပြင်ဆင်ဖြည့်ဆည်းထားချင်တဲ့ သူတစ်ယောက်

အဲ့လိုသူတွေဆိုရင် ခု Seminar လေးကို join ပါ..

Seminar join ဖို့အတွက် Registration fees က...

💯% free ပါ။

"မိတ်ဆွေက တစ်ခုခု idea ရခဲ့ရင် ချက်ခြင်း အကောင်ထည်ဖော်ဖို့ပဲ တာဝန်ယူပေးပါ..."

"Grow Your Career Seminar"
📆 နေ့စွဲ - 23 May 2026 ( Sat )
🕰 အချိန် - 7:00 pm to 8:30 pm
💻 နေရာ - Zoom meeting
💵 ဝင်ကြေး - 💯 % free

Seminar ကို join မယ်ဆိုရင်..အောက်မှာပေးထားတဲ့ Telegram group ကို join ထားပေးပါ။

⬇⬇⬇

https://t.me/+UviFhODFefk1OGE9

Seminar နဲ့ပါတ်သတ်တဲ့ information တွေကို group မှာပြောထားပေးပါမယ်..
Seminar လေးမှာပြန်စုံပါမယ်..

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Tharkayta
Yangon
11231