JIT - One Stop Business Solutions
"Seamless Sourcing, Spot-On Inspections, Swift Shipping! We Make It Easy, You Make It Big!”
24/02/2026
JIT- One Stop Business Solutions Team နဲ့ လက်တွဲဖို့ စိတ်ဝင်စားသူများအတွက် အခွင့်အရေးကောင်းလေး လာပါပြီ။ 🤝
လုပ်ငန်းခွင်အတွေ့အကြုံရှိပြီး တက်ကြွဖျတ်လတ်တဲ့ ဝန်ထမ်းကောင်းတွေကို အောက်ပါရာထူးများ အတွက် အလိုရှိနေပါတယ်။
-Purchaser (၁ ဦး)
-Assistant General Manager (၁ ဦး)
-Warehouse Assistant (၁ ဦး)
-Chief Accountant (၁ ဦး)
-HR & Admin Assistant (၁ ဦး)
Job Description အနေနဲ့ ဘာတွေလိုအပ်မလဲ?
🔸သက်ဆိုင်ရာ ရာထူးအလိုက် အတွေ့အကြုံရှိသူဖြစ်ရပါမယ်။
🔸အဖွဲ့အစည်းနဲ့ အဆင်ပြေအောင် ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်ရပါမယ်။
🔸တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ အလုပ်လုပ်နိုင်သူ ဖြစ်ရပါမယ်။
📌စိတ်ဝင်စားသူများအနေနဲ့ CV Form ကို Messenger က တစ်ဆင့် ပေးပို့နိုင်ပါတယ်။
" 𝑾𝒆 𝒎𝒂𝒌𝒆 𝒊𝒕 𝒆𝒂𝒔𝒚 , 𝒚𝒐𝒖 𝒎𝒂𝒌𝒆 𝒊𝒕 𝒃𝒊𝒈 "
📱𝑪𝒐𝒏𝒕𝒂𝒄𝒕 𝑼𝒔 : 09 252 337 699
31/12/2025
နှစ်ဟောင်းကုန်ပျောက် နှစ်သစ်ရောက်တဲ့ ၂၀၂၆ မှာ မြန်မာနိုင်ငံသူ၊နိုင်ငံသား အားလုံး ကိုယ်၊စိတ်နှစ်ဖြာ အေးချမ်းသာ၍ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း JiT မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ 🎉🎊
" 𝑾𝒆 𝒎𝒂𝒌𝒆 𝒊𝒕 𝒆𝒂𝒔𝒚 , 𝒚𝒐𝒖 𝒎𝒂𝒌𝒆 𝒊𝒕 𝒃𝒊𝒈 "
📱𝑪𝒐𝒏𝒕𝒂𝒄𝒕 𝑼𝒔 : 09 252 337 699
25/12/2025
🧑🎄Happy Christmas! Now go enjoy the food and family.
Celebrate the Joy of Christmas!
" 𝑾𝒆 𝒎𝒂𝒌𝒆 𝒊𝒕 𝒆𝒂𝒔𝒚 , 𝒚𝒐𝒖 𝒎𝒂𝒌𝒆 𝒊𝒕 𝒃𝒊𝒈 "
📱𝑪𝒐𝒏𝒕𝒂𝒄𝒕 𝑼𝒔 : 09 252 337 699
23/12/2025
ပစ္စည်းသွင်းသူတွေ ဖြစ်လေ့ရှိတဲ့ အကြီးမားဆုံး Shipping Mistakes (၅) ခု
1️⃣ Shipping Way ရွေးချယ်မှု မှားယွင်းခြင်း
ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်းထဲက အသင့်တော်ဆုံး လမ်းခရီးကို ကိုယ်တင်သွင်းမဲ့ ပစ္စည်းပေါ် မူတည်ပြီး မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရပါမယ်။ မဟုတ်ရင်တော့ ကုန်ကျစရိတ် ပိုများပါလိမ့်မယ်။
2️⃣ စာရွက်စာတမ်း မှားယွင်းခြင်း (သို့မဟုတ်) မေ့ကျန်ခြင်း
စာရွက်ပေါ်က အသေးအဖွဲအမှားတွေကနေ သင့်ကုန်ပစ္စည်းတွေကို Custom ဌာနမှာတင် ရပ်တန့်သွားစေနိုင်ပါတယ်။
3️⃣ Teamwork ပိုင်း အားနည်းခြင်း
Suppliers နဲ့ Shippers တွေကြား အတူတကွ ပူးပေါင်းလုပ်ဆောင်မှု မရှိရင်လဲ ကြန့်ကြာမှုတွေ ဖြစ်စေနိုင်ပါတယ်။
4️⃣ ထပ်ဆောင်းအပိုကုန်နိုင်ခြေတွေကို ထည့်သွင်းတွက်ချက်မထားခြင်း
Extra charges တွေကို ကြိုတင်တွေးဆမထားတာကလဲ Importers တွေ အတွက်အမှားတစ်ခုပါပဲ။
5️⃣ Cargo insurance ပြုလုပ်မထားခြင်း
အကြောင်းကြောင်းကြောင့် ပစ္စည်းတွေ ပျက်စီးတာ / ဆုံးရှုံးတာ ကြုံရတဲ့အခါ ငွေကြေးဆုံးရှူံးနိုင်ပါတယ်။
ဒီလို အခြေအနေတွေကြောင့် Shipping လုပ်ဖို့ရာ အတွေးမှားမှာ ကြောက်စရာ မလိုပါဘူး။
JiT က ဒီကဏ္ဍကို အပြည့်အဝ တာဝန်ယူပေးနိုင်ပါတယ်။ သပ်ရပ်တဲ့ စုစည်းလုပ်ဆောင်နိုင်စွမ်းနဲ့ အဆင်ပြေပြေ ညှိနှိုင်းဆောင်ရွက်နိုင်မှုတွေကြောင့် Importers တွေရဲ့ International Shipping process ဟာ ရိုးရှင်း၊ လုံခြုံပြီး စိတ်ဖိစီးမှု ကင်းဝေးစေမှာပါ။
" 𝑾𝒆 𝒎𝒂𝒌𝒆 𝒊𝒕 𝒆𝒂𝒔𝒚 , 𝒚𝒐𝒖 𝒎𝒂𝒌𝒆 𝒊𝒕 𝒃𝒊𝒈 "
📱𝑪𝒐𝒏𝒕𝒂𝒄𝒕 𝑼𝒔 : 09 252 337 699
21/12/2025
နောက်သုံးလအတွက် ခုတည်းက Plan ချပါ။
January မှ အလျင်စလိုတွေ မလုပ်ပါနဲ့။ ဒီဇင်ဘာလထဲမှာ 2026 ရဲ့ ပထမ သုံးလအတွက် သွင်းကုန်တွေ ကြိုတင်စီမံထားပါ။
နောက်ကျမှ အမှာတင်ရင် စျေးပို ပေးရနိုင်တယ်။ ပစ္စည်းတွေလဲ နောက်ကျပြီး ရောက်လာမယ်။ Q1 Period (နှစ်တစ်နှစ်ရဲ့ ပထမသုံးလ) သွင်းကုန်အတွက် December မှာ စီစဉ်ထားရပါမယ်။
ဒီလိုဆိုမှ ဈေးနှုန်း ညှိနှိုင်းရလွယ်ပြီး အရောင်းရဆုံး ရာသီအတွက် စိတ်ချရတဲ့ ထောက်ပံ့ရေး ရရှိမှာပါ။
စောစော စီစဉ်နိုင်လေလေ... ပစ္စည်းအရောက် နောက်မကျဘဲ ဈေးကောင်းရဖို့ သေချာလေလေပါပဲ။
𝑾𝒆 𝒎𝒂𝒌𝒆 𝒊𝒕 𝒆𝒂𝒔𝒚 , 𝒚𝒐𝒖 𝒎𝒂𝒌𝒆 𝒊𝒕 𝒃𝒊𝒈 "
📱𝑪𝒐𝒏𝒕𝒂𝒄𝒕 𝑼𝒔 : 09 252 337 699
19/12/2025
🎉🎊Happy Karen New Year! May your days be blessed with calm, strength, and new spirit
" 𝑾𝒆 𝒎𝒂𝒌𝒆 𝒊𝒕 𝒆𝒂𝒔𝒚 , 𝒚𝒐𝒖 𝒎𝒂𝒌𝒆 𝒊𝒕 𝒃𝒊𝒈 "
📱𝑪𝒐𝒏𝒕𝒂𝒄𝒕 𝑼𝒔 : 09 252 337 699
05/12/2025
Supplierတွေ များလွန်းပြီး စဉ်းစားရ ခက်နေပါသလား ❓
Sourcing ⏩ QC ⏩ Shipping လုပ်ငန်းစဉ် တစ်ခုလုံး JiT က ဆောင်ရွက်ပေးနိုင်ပါတယ်။
လူကြီးမင်းအတွက် JiTက One-Stop Supply Chain Partner ဖြစ်စေရပါမယ်။လူကြီးမင်းနဲ့ သင့်တော်တဲ့ အမှန်အကန် Supplier ရှာတဲ့အဆင့်ကနေ Delivery အဆင့်အထိ JiT က စနစ်ကျကျ စီမံပေးနိုင်ပါတယ်။
နေ့စဉ် အချက်အလက်တွေကို Updated report ပြန်လည် ပေးပို့ပေးပါတယ်။တစ်နေရာတည်းကို ဆက်သွယ်ရုံနဲ့ Order Process တစ်ခုလုံး အဆင်ပြေလွယ်ကူစေမှာမို့ စိတ်ဖိစီးမှု ကင်းဝေးပြီး ကုန်ကျစရိတ် အတွက်ရော အချိန်ကုန်တာပါ သက်သာစေမှာမို့ လိုအပ်တာသာ ပြောလိုက်ပါ။
" 𝑾𝒆 𝒎𝒂𝒌𝒆 𝒊𝒕 𝒆𝒂𝒔𝒚 , 𝒚𝒐𝒖 𝒎𝒂𝒌𝒆 𝒊𝒕 𝒃𝒊𝒈"
📱𝑪𝒐𝒏𝒕𝒂𝒄𝒕 𝑼𝒔 : 09 252 337 699
04/12/2025
✧ လူကြီးမင်းရဲ့ ပစ္စည်းအော်ဒါမှာ hidden errors တွေ များနေပါသလား ❓
ပစ္စည်းတန်ဖိုး မပေးချေခင် JiT က Quality Issues ကို သေချာ စစ်ဆေးပေးပါတယ်။ ဒါဆိုရင်တော့ " error ပါတယ် " ဆိုတဲ့စကား လူကြီးမင်းရဲ့ customer ဆီက ကြားရမှာ မဟုတ်တော့ပါဘူး။
JiT က ပစ္စည်းအမှာတွေကို မပို့ခင်လဲ သေချာ စစ်ဆေးပါတယ်။ ဒီ expert inspection service ကြောင့် error မှန်သမျှ စောစောသိနိုင်ပါတယ်။
ဆိုတော့ကာ... ..
✅ Return အတွက် ပိုက်ဆံထပ်ကုန်စရာ မလို
✅ Refund အတွက် မျှော်စရာ မလို
✅ စိတ်မကြည်သာတဲ့ customer complaints ရစရာ မလို
🤝 ကျွမ်းကျင်တဲ့ Quality Inspector... JiT မှာ ရှိပါတယ်။
" 𝑾𝒆 𝒎𝒂𝒌𝒆 𝒊𝒕 𝒆𝒂𝒔𝒚 , 𝒚𝒐𝒖 𝒎𝒂𝒌𝒆 𝒊𝒕 𝒃𝒊𝒈 "
📱𝑪𝒐𝒏𝒕𝒂𝒄𝒕 𝑼𝒔 : 09 252 337 699
30/11/2025
Original Equipment Manufacturing ဆိုတာ တစ်ခြားကုမ္ပဏီတစ်ခုအတွက် လိုအပ်တဲ့ပစ္စည်းအစိတ်အပိုင်းတွေကို ထုတ်လုပ်ပေးရတာ ဖြစ်ပါတယ်။ ထုတ်လုပ်ပြီးတဲ့ပစ္စည်းများကို မှာယူတဲ့ကုမ္ပဏီရဲ့ အမှတ်တံဆိပ် (Brand) နဲ့ သူတို့ကိုယ်တိုင် ပြန်လည်ရောင်းချခွင့်ပေးတာ ဖြစ်ပါတယ်။
ဥပမာ- Dell သို့မဟုတ် HP ကွန်ပျူတာတွေမှာ Intel ရဲ့ Processor တွေ ပါဝင်ပါတယ်။ သူ့ရဲ့ Processor ကို Dell/HP က ဝယ်ယူပြီး သူတို့ရဲ့ကိုယ်ပိုင်ကွန်ပျူတာများထဲမှာ တပ်ဆင်ကာ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ရောင်းချတာမျိုးကို ဆိုလိုခြင်း ဖြစ်ပါတယ်။
OEM ရဲ့အကျိုးကျေးဇူးများ
🔹ကိုယ်ပိုင်စက်ရုံ၊ ထုတ်လုပ်ရေးစရိတ်ကုန်ကျမှု မရှိခြင်း၊
🔹နည်းပညာပိုင်းဆိုင်ရာအတွက် စိတ်မပူရခြင်း၊
🔹ကိုယ်ပိုင် Brand အမှတ်တံဆိပ်နဲ့ ဈေးကွက်ထဲ မြန်မြန်ဆန်ဆန်နေရာယူနိုင်ခြင်း၊
တို့ဖြစ်ပါတယ်။
အခုလိုမျိုး ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ရောင်းချပြီး စီးပွားရေးစတင်ချင်တဲ့လုပ်ငန်းရှင်များ၊ ထုတ်လုပ်ရေးစရိတ်၊ စက်ရုံစရိတ်သက်သာလိုသူများအတွက် OEM က အကောင်းဆုံးသော ရွေးချယ်မှုတစ်ခု ဖြစ်စေပါတယ်။
JIT မှာလည်း OEM နဲ့ပတ်သက်ပြီး ဝန်ဆောင်မှုရယူလိုတဲ့လုပ်ငန်းရှင်များအတွက် အစ၊ အဆုံးဆောင်ရွက်ပေးနေတာဖြစ်လို့ ယုံကြည်စွာနဲ့ လက်တွဲချိတ်ဆက်နိုင်ပါတယ်။
" 𝑾𝒆 𝒎𝒂𝒌𝒆 𝒊𝒕 𝒆𝒂𝒔𝒚 , 𝒚𝒐𝒖 𝒎𝒂𝒌𝒆 𝒊𝒕 𝒃𝒊𝒈 "
📱𝑪𝒐𝒏𝒕𝒂𝒄𝒕 𝑼𝒔 : 09 252 337 699
28/11/2025
မိတ်ဆွေက SME လုပ်ငန်းရှင်တစ်ဦးလား? ဒါဆိုရင်တော့ ကိုယ့်လုပ်ငန်းအတွက် အရေးကြီးဆုံးဖြစ်တဲ့ Supplier ရွေးချယ်မှုကို သေချာစဉ်းစားဖို့ အရေးကြီးပါတယ်။
JIT မှာတော့ တရုတ်ပြည်တိုက်ရိုက် ကုန်ကြမ်းကနေ ကုန်ချောပစ္စည်းများကို ယုံကြည်စိတ်ချရတဲ့ Supplier များဆီမှ ဝယ်ယူပေးပါတယ်။
စက်ရုံသုံးပစ္စည်းများကနေ လူသုံးကုန်ပစ္စည်းများအထိ အမျိုးအစားစုံလင်စွာ လိုချင်တဲ့အရည်အသွေး၊ နှုန်းထား၊ စံချိန်စံညွှန်းများနဲ့ ကိုက်ညီမှုရှိအောင် သေချာရွေးချယ်ကာ ဆောင်ရွက်ပေးပါတယ်။
အထူးသဖြင့် SME လုပ်ငန်းများအတွက် ဈေးကွက်ထဲမှာ …
🔹စျေးနှုန်း ယှဉ်ပြိုင်နိုင်မှု (Cost Competitiveness)
🔹အရည်အသွေး ထိန်းချုပ်နိုင်မှု (Quality Control)
🔹ကုန်ကြမ်းပြတ်လပ်မှုမရှိစေရအောင် (Supply Stability)
ဆောင်ရွက်ပေးနေတာဖြစ်လို့ ယုံကြည်စွာနဲ့ လက်တွဲချိတ်ဆက်နိုင်ပါတယ်။
သင့်လုပ်ငန်းရဲ့ ရေရှည်အကျိုးအမြတ်အတွက် JIT နဲ့ လက်တွဲလုပ်ဆောင်လိုက်ပါ။
" 𝑾𝒆 𝒎𝒂𝒌𝒆 𝒊𝒕 𝒆𝒂𝒔𝒚 , 𝒚𝒐𝒖 𝒎𝒂𝒌𝒆 𝒊𝒕 𝒃𝒊𝒈 "
📱𝑪𝒐𝒏𝒕𝒂𝒄𝒕 𝑼𝒔 : 09 252 337 699
26/11/2025
အရည်အသွေးမြင့်ကုန်ပစ္စည်းများ တိုက်ရိုက်မှာယူဖို့အတွက် ဘာသာစကားအခက်အခဲ ရှိနေပါသလား?
ဒါဆိုရင်တော့ စိတ်ပူစရာမလိုပါဘူး၊ JIT ကနေ ကူညီဖြေရှင်းပေးသွားမှာပါ။
JIT မှာဆိုရင် လုပ်ငန်းရှင်လူကြီးမင်းတို့အားလုံး ဘာသာစကားအခက်အခဲကြောင့် လုပ်ငန်း Process များကြန့်ကြာမှုမရှိရလေအောင် ဆောင်ရွက်ပေးနေတာဖြစ်လို့ လိုအပ်တာအားလုံးကို ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
ဒါ့အပြင် ပစ္စည်းမှာယူချိန်ကနေ ပစ္စည်းရောက်သည်အထိ အစ၊ အဆုံး JIT Team ရဲ့ဝန်ထမ်းများကနေ ကူညီပေးသွားမှာဖြစ်လို့ …
ကြုံတွေ့နေရတဲ့ အခက်အခဲများအားလုံးကို JIT နဲ့ဆွေးနွေးဆောင်ရွက်လိုက်ပါ။
" 𝑾𝒆 𝒎𝒂𝒌𝒆 𝒊𝒕 𝒆𝒂𝒔𝒚 , 𝒚𝒐𝒖 𝒎𝒂𝒌𝒆 𝒊𝒕 𝒃𝒊𝒈 "
📱𝑪𝒐𝒏𝒕𝒂𝒄𝒕 𝑼𝒔 : 09 252 337 699
Click here to claim your Sponsored Listing.
Website
Address
Yangon
11201