Tr.Lay Sabai - Myat Mon Mon
Freelance Lecture
08/12/2025
😍😍😍
အားကစားလုပ်တာ play ချည်း သုံးတာလား ? 🤔🤔🤔 #verbsinenglish #TogetherEducation #BasicEnglish
08/12/2025
😍😍😍
16/06/2025
📢 ✅လှပသော အနာဂတ်ဆီသို့.......📢🎼🛫
____________________________________________
ကလေးတိုင်းကိုယ်စီမှာ ကိုယ်ပိုင်အရည်အချင်းတွေပါလာပြီးသားပါ။
အဲဒီတန်ဖိုးတွေကို ဖေဖေ၊ မေမေတို့က ဝိုင်းဝန်းပံ့ပိုး ဖော်ထုတ်ပေးကြရမှာပါရှင်။👩🔬👨💼🧑🎓
🥰ကလေးတစ်ယောက်ရဲ့ အနာဂတ်က ဘယ်လောက်ထိ ရောက်နိုင်မလဲ? ? ?
တချိန်ချိန် ဘယ်လိုနိုင်ငံကြီးတွေမှာ ရာထူးအမြင့်ပိုင်းတွေနဲ့ အလုပ်လုပ်နေမလဲ? ဆိုတာတော့
သူတို့ရဲ့ ပတ်ဝန်းကျင်ကောင်းမွန်မှုနဲ့ လုံးဝသက်ဆိုင်ပါတယ်ရှင်။🌻🌞
👨🏫👩🏫ဆရာ၊ဆရာမ များနဲ့ မေမေ၊ ဖေဖေတို့က ဝိုင်းဝန်းဖန်တီးပေးကြမယ်ဆိုရင်
သူတို့လေးတွေရဲ့ လေ့လာနိုင်စွမ်းတိုးတက်လာမှာဖြစ်ပါတယ်ရှင်။🤖
❓ပတ်ဝန်းကျင်ကောင်းလို့ဆိုရာမှာ
- နေ့စဉ် Skill တစ်ခုကို တိုးတက်ဖို့ ကြိုးစားနေသူတွေ
- နူးညံ့သိမ်မွေ့စွာ ပြောဆိုဆက်ဆံသူတွေ
- အလုပ်ကို ပူးပေါင်းဆောင်ရွက်တတ်သူတွေ
စတဲ့ အလေ့အကျင့်ကောင်းတွေ ပြုလုပ်နေသူတွေကြားထဲမှာ
ရှင်သန်ကြီးပြင်းစေရမှာဖြစ်ပါတယ်။🥳🥳🥳
🌍💫အလျင်အမြန် အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ ကမ္ဘာကြီးမှာ
English 4 Skills ကို အမြဲမပြတ်လေ့လာသင်ယူပြီး 🛜
တစ်ဉီးနဲ့ တစ်ဉီးချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင်နဲ့
အတူတူ လေ့လာသင်ယူတတ်သူတွေကို
ဘယ်မှာရှာရမလဲ ❓❓❓
✅TOGETHER WE LEARN, TOGETHER WE GROW! ဆိုတဲ့
ဆောင်ပုဒ်အတိုင်း
TOGETHER မှာ တက်နေတဲ့ ကလေးတွေဟာ ငယ်စဉ် ကတည်းက
အတူတူ သင်ယူကြီးပြင်းလာကြတဲ့ ကလေးတွေ ဖြစ်ပါတယ်ရှင်။
⭐️⭐️⭐️အရည်အချင်းပြည့်ဝတဲ့ တီချယ်လေးတွေက သူတို့လေးတွေအတွက်
လှပသော အနာဂတ်ဆီကို လမ်းပြပေးနေပါတယ်ရှင်။😊
ဒါဆို ဒီလိုပတ်ဝန်းကျင်ကောင်းဆီ သားသားမီးမီးတွေကို
ဘယ်လို Join ပေးရမလဲ ❓❓❓
ဆိုရင်တော့.....
အောက်ပါ နည်းလမ်းတွေအတိုင်း Join လို့ရပါပြီနော်ရှင့်.....➕➕➕
-------------------------------------------------------------
သင်တန်းတက်ဖို့ရန်အတွက် စာရင်းပေးသွင်းလိုပါက
အောက်ပါ Google Form Link ကိုနှိပ်ပြီး စာရင်းသွင်းနိုင်ပါပြီရှင် >>>
https://forms.gle/2i8BWBpsupaxoWQV9
-------------------------------------------------
𝐓𝐎𝐆𝐄𝐓𝐇𝐄𝐑 Education,✅
📌 ဖေဖေ၊ မေမေတို့ အနေနဲ့ ကျောင်းအကြောင်းအသေးစိတ် သိရှိလိုပါက
💭 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 :
http://m.me/TogetherEnglishCenter
📲 𝐂𝐨𝐧𝐭𝐚𝐜𝐭 : 𝟎𝟗 𝟐𝟎 𝟓𝟒 𝟏𝟕𝟓 (Viber)
📧 𝐌𝐚𝐢𝐥 : 𝐭𝐨𝐠𝐞𝐭𝐡𝐞𝐫.𝐥𝐬𝐛@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦
📮𝐖𝐡𝐚𝐭𝐬𝐚𝐩𝐩 : https://wa.me/message/6PUMCEVOUMZLB1
ကိုဆက်သွယ်နိုင်ပါတယ်ရှင့်။
Tr.Lay Sabai
BA ( Eng).Q
MA ( TEFL), YIOE
Dip in Linguistics ( YUFL)
TKT ( Cambridge, UK)
Cambridge CELTA (International House , Bangkok,
Thailand)
.
💻
09/05/2025
Target language- 0 level :
YL ကို ဘယ်လိုသင်မလဲ ?
YL သင်ကြားရာမှာ Pre- Starters ဆိုတာ အခြေခံအဆင့် Beginners Level ပါ။
မိခင်မြန်မာစကားကိုသာ ပိိုသိပြီး Target Language ကို မသ်ိသေး မသုံးတတ်သေး နားမလည်သေးတဲ့ အရွယ်ပါ။
ဒီအရွယ်တွေကို သင်တဲ့ခါ repetition က သိပ်အရေးကြီးပါတယ်။
သိသင့်တဲ့ ဝေါဟာရတွေ သင်ရင်း
- classroom language
- ကိုယ်သိစေသုံးစေချင်တဲ့ target language
- target vocabulary
- target usage တွေကို နားသွင်းသွား၊ သင်သွား၊ အဖန်ဖန်အခါခါ ကြားစေ၊ သိစေ၊ ပြန်သုံးစေဖို့ လိုပါတယ်။
Instructionတိုင်းကို နားမလည်သေးတဲ့ချိန်မှာ Instructionတွေကို English လ်ိုပြောပါ။ ပြီး နောက်က မြန်မာလို သံယောင်ပြန်ပြောပေးပါ။
ဒါပေမဲ့ ဒါဟာ ဘာသာပြန်ပြနေတာ မဟုတ်ဘူးဆိုတာ ဆရာမက သဘောပေါက်ပါ။ စာကြောင်းတွေဖတ်ပြီး ဘာသာပြန်ခိုင်းတာမျိုးရှောင်ပါ။ English (or) မိမိသင်နေတဲ့ target language နဲ့ ပြောပြီးတိုင်း မ်ိခင်ဘာသာစကား/ မြန်မာစကားနဲ့ ပြန်သံယောင် ပြောပေးရင်း ကြာလာတာနဲ့အမျှ မိခင်ဘာသာစကား/ မြန်မာလို ပြန်ပြန်ပြောတာကို တဖြေးချင်းဖျောက်ပါ။
စာသင်ရာမှာ Repetition ကို အဓိက ထားပါ ဆိုတာ …
ဘာစာလုံးပဲ စသင်သင်၊ ဘယ်သင်ခန်းစာပဲ စစ
- မေးနေကျ မေးခွန်း ၊
- မေးနေကျ သုံးနေကျ၊ ကလေးတွေ ပြန်ဖြေနိုင်တဲ့၊ သူတို့လေးတွေ confidence ရနိုင်တဲ့ အနေအထားမျိုးကို ချိန်ဆ မေးတတ်ဖို့ ကိုဆိုလိုတာပါ။
ဥပမာ - သင်ခန်းစာ တစ်ခုကို သင်တော့မယ့်ခါ ကလေးတွေရဲ့ attention ယူတဲ့ခါ သူတို့သိပြီးသားလေးတွေကို အရင်မေးသင့်ပါတယ်။
ဆိုကြပါစို့ ပုံပြင်ဖတ်မယ့်ခါ ပေးထားတဲ့ ပုံလေးကို ကြည့်ပြီး….
Ok, look at this picture. ( Show the picture.)
How many children are there? (7)
How many girls? (4)
How many boys? (3)
Are they at school or at home? ( At home)
Are they happy or sad? ( Happy!)
Please circle a cat? ( Circle)
Is the cat big or small? ( Big)
What colour is the cat? ( Yellow.)
Is the cat near a boy ? ( Yes)
… စသဖြင့် မေးသင့်ပါတယ်။ အစချင်းမှာ ကလေးတွေ က one word answer သာ ဖြေပါလိမ့်မယ်။ တဖြေးချင်း full sentence ဖြေလာနိုငိအောင် ဆရာမတွေက ကူညီပေးရပါမယ်။
နောက်ပိုင်း ကလေးတွေ confidence ရှိလာမှ၊ စာပျော်လာ အရှိန်ရလာမှ Echo လိုက်ပေးရင်း ကူညီပေးပါ။
ဥပမာ -
Ok, look at this picture. ( Show the picture.)
How many children are there?
Ss- 7
Tr- Oh, 7! There are 7 children!
Please say “ There are 7 children! “
Ss-There are 7 children!
Tr- Good job! There are 7 children!
အခုလို လွယ်ကူတဲ့ မေးခွန်းလေးတွေကို အခွင့်ရတိုင်း မေးခြင်းအားဖြင့် target language ကို တဖြေးချင်း ရင်းနှီးလာပြီး နားလည်လာ၊ ပြောတတ်လာ၊ သိလာပါလိမ့်မယ်။
input များမှ output များမှာမို့ Teacher Talking Time က ဒီအရွယ်ကလေးတွေ အတွက်တော့ အများကြီးလိုအပ်ပါတယ်။
ဒါကြောင့် ကလေးငယ်တွေ သင်တဲ့ ဆရာမတွေ အနေနဲ့
၁။ ချိုသာပါ၊
၂။ စိတ်ရှည်ပါ၊
၃။သွက်လက်ပါ၊
၄။ ကလေးတွေ အပေါ် အထောက်အကူများများပေးနိုင်သူဖြစ်ဖို့ နှုတ်သွက် ပြီး စကားတွေအများကြီး ထပ်သလဲလဲ ပြောပေးရတာကို နှစ်သက်သဘောကျသူဖြစ်ပါ လို့ အကြံပေးချင်ပါတယ်။
ချစ်တဲ့
လေးစံပယ်
High School English Grammar (Active- Passive): The lesson, taught in 2020 during Covid.
High School Grammar
Direct Speech - Indirect Speech (Reported Speech)
Order Form
The lesson, taken in 2020 (During Covid)
Click here to claim your Sponsored Listing.
Website
Address
Yangon