SheWorks - Vocational Training Programs
We are a non-profit vocational training program for disadvantaged women in the ASEAN region. Tagline
"Your Skills, Your Power, Your Future."
21/05/2026
လက်မှုပညာ တစ်ခုခုတတ်မြောက်တဲ့ အမျိုးသမီးများ တက်ရောက်သင့်တဲ့ ၇ရက်တာကြာမြင့်မယ့် Bootcamp လေး
အောက်မှာပေးထားတဲ့ link ကနေတဆင့် မေလ၂၉နောက်ဆုံးထားပြီး စာရင်းပေးသွင်းထားနိုင်ပါပြီ။
https://forms.gle/EujGzthV9VjxVWdm8
📅 Bootcamp စတင်မည့်ရက်: ဇွန်လ ၁ ရက်၊ ၂၀၂၆
#အိမ်ဆိုင် #လက်မှုClub #လက်မှုShop
မျက်နှာနှင့်ဆံပင် ပြုပြင်ထိန်းသိမ်းခြင်းသင်တန်းမှ သင်တန်းသူမစန်းယုမေ မှလေ့လာသင်ယူရရှိခဲ့ပညာများကိုပြန်လည် မျှဝေပေးသွားမည့်အကြောင်း ပြောပြပေးထားပါတယ်ရှင့်
မျက်နှာနှင့်ဆံပင်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း Batch (1)မှသင်တန်းသူမစန်းယုမေ ၏သင်တန်းအပြီးခံစားချက်များကို ပြောပြထားပါတယ်
မမေစံပယ်မှ International Women Day Event တွင် တနိုင်းပယင်းကျောက်များခင်းကျင်းပြသခဲ့ပြီး မြန်မာထုတ်ကုန်များအတွက်ကျေနပ်အားကမိကြောင်း ပြောပြပေးထားပါတယ်ရှင့်
#ပယင်း
12/04/2026
💦 ကူးပြောင်းလာတော့မည့် မြန်မာ့နှစ်သစ်ကူးကို ကြိုဆိုရင်း နှစ်သစ်အခါသမယမှစကာ ဘေးဘယာဝေးကွာပြီး ကောင်းသောလိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း SheWorks - Vocational Training Programs မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
မအေးစုကြည်မှ International Women Day Event တွင် မြန်မာနိုင်ငံဖားကန့်ဒေသထွက် ကျောက်စိမ်းဖြင့်ပြုလုပ်ထားသော လက်ဝတ်ရတနာများကိုခင်းကျင်းပြသပေးခဲ့ပြီး အမျိုးသမီးများ၏ဖြစ်တည်မှု ရပ်တည်မှုများအတွက်ဂုဏ်ယူကြောင်း မျှဝေပေးခဲ့ပါတယ်ရှင့်
မရဲမြကေခိုင် မှ International Women Day Event တွင် Handmade ပစ္စည်းများခင်းကျင်ပြသထားခဲ့ပြီး အမျိုးသမီးများအတွက်ကူညီဆောင်ရွက်သွားမည့်အကြောင်းမျှဝေပေးထားပါတယ်ရှင့်
ကိုဉာဏ်မင်းမြတ်မှ International Women Day Event တွင် နည်းပညာဝန်ဆောင်မှုများကိုရှင်းပြခဲ့ပြီး နည်းပညာအကူအညီများကို အမျိုးသမီးအတွက် ကူညီဆောင်ရွက်ပေးမည့်အကြောင်း မျှဝေပေးထားပါတယ်ရှင့်
မစိုးကလျာမှ International Women Day Event တွင်သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့ချသည့်ထုတ်ကုန်များကိုခင်းကျင်းရောင်းချခဲ့ပြီး အမျိုးသမီးများအနေဖြင့် မိမိကိုယ်ချစ်တတ်ဖို့ စိတ်ဓာတ်ခွန်အားများမျှဝေပေးခဲ့ပါတယ်ရှင့်
30/03/2026
SheWorks မှ Paid Volunteer ခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်းကိုစိတ်ဝင်စား၍ Volunteer အတွေ့အကြုံလိုချင်သောလူငယ်များအတွက် SheWorks မှ လူငယ်များအတွက်ရည်ရွယ်ပြီး သက်မွေးပညာသင်တန်းတစ်ခုဖြစ်သည့် ဆံပင်နှင့်မျက်နှာထိန်းသိမ်းနည်းသင်တန်းများကို မဂ်လာဒုံမြို့နယ်တွင် ဖွင့်လှစ်ရန်ရှိပါသည်။ မဂ်လာဒုံမြို့အနီးတစ်၀ိုက် နေ အလှအပနှင့် ဆံပင်ထိန်းသိမ်းရေးကို စိတ်ဝင်စားပြီး လူမှုအကျိုးပြုလုပ်ငန်းများကို အတွေ့အကြုံလိုချင်သူများ အနေဖြင့် volunteer လျှောက်ထားရန် ဖိတ်ခေါ်ချင်ပါသည်။
📆 Volunteer ကာလ - ၂၀၂၆၊ ဧပရယ် နှင့် မေလအထိ (၂လ)
✅ Volunteer များ လုပ်ဆောင်ရမည့်တာဝန်များ
▪️သင်တန်းသူ/သားများ၏ နေ့စဉ်တက်ရောက်စာရင်းကောက်ယူပေးခြင်း
▪️အပတ်စဉ်အစီရင်ခံစာတင်ပြခြင်း
▪️သင်တန်းစီစဉ်မှုလုပ်ငန်းများတွင် ပါဝင်ကူညီပေးခြင်း
▪️မျက်နှာနှင့်ဆံပင်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်းတွင် သင်ကြားရေးလိုအပ်သည်များကို အထောက်အကူပြုပေးခြင်း
✅ Volunteer အကျိုးခံစားခွင့်များ
▪️လစဉ် Allowance ပေးအပ်ခြင်း
▪️ပရိုဂရမ်ပြီးဆုံးပါက အသိမှတ်ပြုလက်မှတ် ထုတ်ပေးခြင်း
▪️SheWorks မှဖွင့်လှစ်မည့် သင်တန်းအချိူ့တက်ရောက်ခွင့်ရရှိခြင်း
▪️လုပ်ဆောင်မှုအပေါ်မူတည်ပြီး Recommendation Letter ထုတ်ပေးခြင်း
✅ တခြားရရှိနိုင်သည့်အကျိုးကျေးဇူးများ
▪️Hair & Facial Treatment လုပ်ငန်းခွင် အတွေ့အကြုံရရှိနိုင်ခြင်း
▪️မိတ်ဆွေသစ်များ တိုးချဲ့နိုင်ခြင်း
▪️Trainer များ၊ သင်တန်းသားများ၊ Beauty Field သက်ဆိုင်သူများနှင့် ချိတ်ဆက်နိုင်ခြင်း
✅ လိုအပ်ချက်များ
▪️အသက် ၁၈ နှစ်အထက်ဖြစ်ရမည်။
▪️မျက်နှာနှင့် ဆံပင်ပြုပြင်ထိန်းသိမ်းခြင်းနှင့်ပတ်သက်ပြီး အတွေ့ကြုံရှိသူဦးစားပေးမည်။
▪️သင်တန်းဖွင့်လှစ်သည့် မြို့နယ်တွင် နေထိုင်သူ ဦးစားပေးမည်။
📩 Volunteer လျှောက်ရန် စိတ်ဝင်စားသူများ အနေဖြင့် [email protected] သို့ CV ဖောင် ပေးပို့လျှောက်ထားနိုင်ပါသည်။ နောက်ဆုံးလျှောက်ထားနိုင်သည့်ရက်မှာ ၉.၄
၂၀၂၆ ဖြစ်ပါသည်။
&FacialTreatmentProgram
မအိမိုးဖြူဝင်းမှ International Women Day event တွင် မှိုထုတ်ကုန်များ၊ အချိုရည်များကိုရောင်းချပေးခဲ့ပြီး အမျိုးသမီးများအတွက်စိတ်ဓာတ်ခွန်အားများ မျှဝေပေးခဲ့ပါတယ်ရှင့်
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |