Mee Eain

Mee Eain

Share

Welcome to my page-knowledge and book store

16/10/2024

📖 ကူလီ
🖊 ကျော်အောင် (မြန်မာပြန်)
📖 Coolie
🖊 Mulk Raj Anand
🗒 စာမျက်နှာ - ၃၈၄
💸 တန်ဖိုး ၂၀၀၀၀ ကျပ်


ဆရာကျော်အောင် ရဲ့ ကူလီ ဝတ္ထုဟာ မူရင်းစာရေးဆရာ Mulk Raj Anand ရဲ့ Coolie ကို ဘာသာပြန်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။ အာနန်ဟာ ဒီစာအုပ်မှာ အိန္ဒိယပြည်က ဗြိတိသျှတို့ရဲ့ ညစ်ညမ်းမှုတွေကို လူအများသိစေရန် ဖွင့်ထုတ်ထားတယ်။ ပြီးတော့ အိန္ဒိယက နာမည်ကျော်ဇာတ်တစ်ခုဖြစ်တဲ့ အထက်အတန်းလွှာနဲ့ အောက်တန်းလွှာတို့ရဲ့ လူတန်းစားခြားနားမှုကိုလည်း သေချာဖော်ပြ‌ထားတယ်။ အောက်ခြေလူတန်းစားတစ်ရပ်ရဲ့ ဘဝလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ပုံကို မူရင်းစာရေးဆရာက ဆင်းရဲသားတို့ဘက်ကနေ ရပ်တည်ရေးဖွဲ့ထားတာ ကူလီ မှာ စိတ်ဝင်စားဖွယ် ဖတ်ရှုရပါမယ်။

" ဟိုအကောင်ကြီးက ဘာကောင်လဲ ဦးလေး "

ဒါဟာ ကူလီ စာအုပ်ထဲက ဇာတ်ကောင် မူနူးလေး ရှန်နဂါမြို့ထဲ ဝင်ဝင်ချင်း သူ့ဦးလေးဖြစ်သူကို မေးလိုက်တဲ့ မေးခွန်းပါ။ ဒီမေးခွန်း‌လေးဟာ မီးရထားကိုတောင် မမြင်ဖူးတဲ့ အောက်ဆုံးအလွှာရဲ့ ဘဝအနေအထားကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။ ဓာတ်စက်ကိုမြင်‌တော့လည်း သေတ္တာထဲ လူဝင်ပြီး သီချင်းဆိုတယ်လို့ ထင်နေတဲ့ ဆင်းရဲသားလေး မူနူး။ ရှန်နဂါမှာ သူရင်ဆိုင်ကြုံတွေ့ရမယ့် အခက်အခဲတွေဟာ ဘာတွေဖြစ်မလဲ။ ဘယ်လိုလူမျိုးတွေနဲ့ရော တွေ့ဆုံရမှာလဲ။

နွားကျောင်းသားလေးဘဝကနေ၊ အိမ်စေခံ၊ စက်ရုံအလုပ်သမား စသဖြင့် ထမင်းနပ်မှန်ရေးအတွက် အဆင့်ဆင့် ကျော်ဖြတ်ခဲ့ရတဲ့ မူနူးရဲ့စိတ်ခံစားချက်တွေ၊ ပင်ပန်းဆင်းရဲရပုံတွေကို စာရေးဆရာ အာနန်က ဒီစာအုပ်မှာ ထိထိမိမိ ရေးဖွဲ့ထားတယ်။ ကူလီဝတ္ထုကို ဖတ်နေရင်း အထက်တန်းလွှာတွေရဲ့ ဖိနှိပ်ချယ်လှယ်မှုတွေ၊ အနိုင်ကျင့်ဗိုလ်ကျမှုတွေကို မြင်တွေ့တဲ့အခါ မူနူးနဲ့ ထပ်တူ ခံပြင်းမိစေမှာ အမှန်ပါပဲ။ အိန္ဒိယပြည်က နယ်ချဲ့စနစ်ရဲ့ ဆိုးရွားတဲ့ဖိနှိပ်မှုတွေကိုလည်း ဒီစာအုပ်ထဲမှာမြင်တွေ့ရပါလိမ့်မယ်။ မရှိဆင်းရဲသား လူတန်းစားတစ်ရပ်မှာ ကလေးလုပ်သားတွေ ပေါများပြီး ဒုက္ခခံနေရတာကိုလည်း ဖတ်နေရင်း ခံစားနားလည်မိပါတယ်။ တကယ်တမ်းတော့ လူ့လောကကြီးမှာ လူတန်းစားနှစ်ရပ်ပဲ ရှိတယ်တဲ့။ အဲ့ဒါဟာ အထက်တန်းလွှာနဲ့ အောက်တန်းလွှာပါပဲ။ ဘယ်လောက်ထိ ကွဲပြားခြားနားလဲ သိချင်ရင်တော့ ဆရာကျော်အောင် ဘာသာပြန်ထားတဲ့ ကူလီ ဝတ္ထုကိုသာ ဖတ်ကြည့်ကြဖို့ တိုက်တွန်းပါရစေ။

Sarpay
#ကျော်အောင်
#ကူလီ

Photos from Mee Eain's post 16/10/2024

ဆရာညီပုလေး စာအုပ်များ 📚❤

Photos from Mee Eain's post 06/10/2024

Books collections 📚
Cod only Yg and Mdy📍

06/10/2024

မျှော်လင့်ချက်တွေ ၊ အားကိုးချင်စိတ်တွေ နည်းပါးအောင် နေထိုင်ပါ ။ တစ်ခုခုဆို တစ်ယောက်ယောက်ကို လိုအပ်နေတာမျိုး မဖြစ်ပါစေနဲ့ ။ " ဘယ်သူမှ မရှိလည်း ဖြစ်တယ် ၊ တစ်ယောက်တည်းလည်း အဆင်ပြေပါတယ် " ဆိုတဲ့ လူမျိုးဖြစ်အောင်သာ ကြိုးစားပါ ။

ကျွန်တော်တို့ဟာ တစ်ယောက်တည်း မွေးဖွားပြီး ၊ တစ်ယောက်တည်း ပြန်သွားကြရမဲ့ လူတွေ ။ တည်မြဲခြင်းဆိုတဲ့ အရာ ဘာတစ်ခုမှ ရှိမနေပါဘူး ။

ကျွန်တော်တို့ဟာ ဘယ်သူ့အပေါ်ကိုမှ ခံစားချက်တွေ
မလွန်ကဲသွားစေဖို့ ထိန်းချုပ်တတ်ရပါလိမ့်မယ် ။ ဘယ်သူကမှ ကျွန်တော်တို့အနား ကြာကြာမနေနိုင်ကြပါဘူး ။

မနှစ်က ဘေးနားက လူတွေဟာ အခုချိန် မရှိတော့ဘူး ။ နောက်နှစ်တွေမှာလည်း ဒီအဖြစ်က ထပ်ကြုံရပါဦးမယ် ။ အခုရှိနေတဲ့ လူတွေလည်း တစ်ချိန်မှာ ထားသွားခဲ့ကြပါဦးမယ် ။ ပိုင်ဆိုင်မှုတွေတိုင်းဟာ အဆုံးသတ်မှာ စွန့်လွှတ်ရဖို့ ဆိုတဲ့ သဘောတရားကို လက်ကိုင်ထားတတ်ပါစေ ။

မျှော်လင့်ချက်တွေ မလွန်ကဲပါစေနဲ့ ။ ကြိုတင်မမြင်နိုင်တဲ့ အခြားတစ်ဖက်ကို မျှော်လင့်ချက်တွေ ပိုမိတဲ့အခါ ၊ ထင်ထားတဲ့အတိုင်း ဖြစ်မလာခဲ့လျှင် ပိုနာကျင်ရတတ်ပါတယ် ။

အရာရာတိုင်းဟာ ကိုယ်မျှော်လင့်ထားတဲ့အတိုင်း
အဆုံးမတတ်နိုင်တာမို့ တချို့အရာတွေအပေါ် တွယ်ငြိမှု
မထားတာကဘဲ ကျွန်တော်တို့အတွက် ပိုအဆင်ပြေပါလိမ့်မယ် ။

အားကိုးချင်တဲ့ စိတ်တွေကိုလျော့ ၊ တွယ်ငြိမှုတွေကို လျော့ ၊ ကိုယ် ပေးသလောက် ပြန်ရ ရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေကို လျော့လိုက်ပါ ။

အဆိုးဆုံးတွေကို ကြိုတင်တွေးထားတဲ့အခါ ၊ ဖြစ်လာတဲ့ အခက်ခဲတွေဟာ ကျွန်တော်တို့ ထင်သလောက် မဆိုးရွာနိုင်တော့ဘူး မဟုတ်လား ။

ဒါကြောင့် တစ်ယောက်တည်း နေတတ်အောင် သင်ယူပါ ။ ဘယ်သူ့ကိုမှ မှီခိုအားကိုးဖို့ မလိုအောင် ကြိုးစားပါ ။ ဘယ်လောက်လေးပဲ လင်းလင်း ကိုယ်ပိုင်အလင်း အစစ် ဖြစ်ဖို့သာလျှင် အရေးကြီးပါတယ် ။

ကိုယ်ပိုင်အလင်းရောင် နဲ့ တောက်ပလာနိုင်တဲ့အခါ ကျနော်တို့အားလုံးဟာ အေးစက် မှောင်မိုက်ခြင်းကို မကြောက်တဲ့ ပိုးစုန်းကြူးငယ်လေးတွေလိုပေါ့ … ။

" Live Alone , Be Strong "

#ကျေနပ်စွာနေထိုင်ခြင်း

တန်းဖိုး - 6500ks

Photos from Mee Eain's post 06/10/2024

ပုညခင်စာအုပ်များစုစည်းမှု❤️
Cod-only yangon and Mdy📍

Photos from Mee Eain's post 03/10/2024

Books collections 📚
Cod-Yg and Mdy

Photos from Mee Eain's post 30/09/2024

BL books collections #
မင့်fav ရီးပဲ🫶🏻
Cod only Yg and Mdy📍

Photos from Mee Eain's post 30/09/2024

Resell books #
Prepaid📍

Photos from Mee Eain's post 30/09/2024

Books collections #
Cod -Yg and Mdy

30/09/2024

သာဓု - အတာ

အေး မင်း လိမ္မာသလောက်
မင်းအမေ မိုက်လုံးကြီးနေတော့တာပဲ။
အဲ့တာ ဘာဖြစ်လို့လဲ သိသလား။
မင်းအမေဟာ စာမတတ်ဘူးကွ။
ဒါကြောင့် ဒီလောက်ဆိုးနေတာ။

မေမေဟာ စာမတတ်လို့ ဆိုးတာ
မိုက်တာ ဆိုတော့ ဒေါသကြီးတာလည်း
စာမတတ်လို့ပေါ့နော်။

အေးပေါ့ကွ။

ဒါဖြင့် မေမေက ကျွန်တော့ကို မချစ်တာကော
စာမတတ်လို့ဘဲလားဟင်....။

* အတာ *

မိဘကသားသမီးကို ချစ်မြတ်နိုးမေတ္တာထားတဲ့
စာအုပ်တွေ ၊ သားသမီးဘယ်လောက်ဆိုးဆိုး
အပြစ်မမြင်ရှာတဲ့ မိဘတွေအကြောင်း
သိမြင်တွေ့မြင်ထားပြီး အတာ စာအုပ်လေး
ဖတ်လိုက်ရတော့ တကယ့်ကို တုန်လှုပ်ဝမ်းနည်းသွားခဲ့ရတယ်။

ဒီဝတ္ထုဟာ အတာ ဆိုတဲ့ ကောင်ကလေး
တစ်ယောက်ရဲ့ဘဝအကြောင်းပေါ့ ။

အတာ ဆိုတဲ့ ကလေးလေး လူမှန်းသိတတ်စ
သုံးနှစ်သားအရွယ်ကတည်းက သိခဲ့တဲ့ စကားက
သူ့မွေးမိခင်ရဲ့ " ဒီ မသာလေးကလဲ
သေ မသေနိုင်ဘူး" ဆိုတဲ့ ညည်းညူတဲ့ စကားသံ။

ကျောင်းသိပ်တတ်ချင်လွန်းတဲ့ အတာ ။
ပညာတွေသင်ချင်လှတဲ့ အတာလေး ။
အတာ့ ကို ကျောင်းအပ်ဖို့အတွက် သူ့အမေရဲ့
နောက်ယောကျ်ားစုပေးထားတဲ့ ပိုက်ဆံတွေကို
မြင်းပွဲလောင်းပစ်ခဲ့တဲ့ အတာ့ရဲ့ မွေးမိခင်
မသိန်းမေ ။ ပတ်ဝန်းကျင်ကတောင် ပထွေးကမှ
အမေရင်းထက် သားအပေါ် ဂရုစိုက်သေးတယ်လို့ အပြောခံရတဲ့ မသိန်းမေ ။

မုန့်ဖိုး မပြောနဲ့ ထမင်းစားဖို့ ပိုက်ဆံတောင်မှ
သူ့အမေဆီက ရဲရဲမတောင်းရဲတဲ့ အတာ ။
သူ့အမေ ရဲ့ မျက်နှာအခြေအနေကြည့်ပြီး
ဒေါသထွက်နေတဲ့ နေ့တွေဆို မပြောရဲလို့
ထမင်း မစားဘဲ ရေတဝကြီးသောက်ပြီး
အိပ်လိုက်ရတဲ့ ခုနှစ်သားအရွယ် ကောင်လေး။
ဝတ်စရာ အင်္ကျီဆိုလို့ နှစ်ထည်သုံးထည်ပဲရှိတဲ့
အတာ ။

အတာ့ လောက် စိတ်သဘောထားပြည့်ဝတဲ့
ကလေးလေးကို ခုမှပဲတွေ့မြင်ရပြီး
သနားလိုက်တာ ။ သူ့အမေ သူ့ကို မချစ်ပေမဲ့ စေတနာ မရှိပေမဲ့ သူကတော့ သူ့အမေ ကို ချစ်ပါတယ်တဲ့။ တနေ့ သူဖြစ်ချင်တဲ့ ဝတ်လုံဖြစ်လာရင် သူ့အမေကို လုပ်ကျွေးမယ်တဲ့လေ ။

စိတ်သဘောထားပြည့်ဝတဲ့ အတာ
သွက်လက်ချက်ချာတဲ့ အတာ
ရိုးသားကူညီတတ်တဲ့ အတာ ကို သူ့အမေ
မချစ်သလောက် သူစိမ်းတွေကတော့ ချစ်လိုက် သနားလိုက်ရတာ ။ ဒါဟာ သူ့နောက်အဖေ ​
ကိုထွန်းအောင် ပြောတဲ့ မင်းစေတနာ
အကျိုးပေးပါလိမ့်မယ်ဆိုတာပေါ့ ။

ကျောင်းက ဆရာမတွေ ၊ မုန့်စျေးသည်တွေရဲ့
အချစ်တော်လေး အတာ ။ အတာ့ကို ချစ်မဲ့
ဂရုစိုက်မဲ့သူတွေ ပေါ်လာတိုင်း စာအုပ်ဖတ်ရင်းနဲ့ကို ဝမ်းသာလာမိတော့တာ ။ ပျော်လာမိတာ ။
ချစ်လို့ ပေးတိုင်းလည်း မယူ ကျွေးတိုင်းလည်း
မစားတဲ့ မွန်မြတ်တဲ့ အတာ ။

အတာလေး ဝမ်းနည်းရတိုင်း အရိုက်ခံရတိုင်း
စာအုပ်ဖတ်နေရင်းနဲ့ကို ဝမ်းနည်းစိတ်မကောင်းလာတာ ။ သူ့ကို ချစ်တဲ့ ဆရာမက ကျောင်းထွက်သွားပြီး နောက် အသစ်ဆရာမတစ်ယောက် ထပ်ရောက်လာပါရော ။ အဲဒီဆရာမ ရဲ့ မောင်လေးနဲ့ အတာ ကစားရင်း ဆရာမမောင်လေး မတော်တဆ နဖူးကွဲသွားတော့ အတာလေး ကို အမြင်မကြည်တော့ဘူး ။

မွေးမိခင်ရဲ့ အချစ်မခံရရှာတဲ့ အတာလေး
သူ့ဆရာကပါ သူ့ကို အမြင်မကြည်တော့
တစ်ပတ်လုံး ကျောင်းဖွင့်စေချင်တဲ့ ကလေးလေးဟာ ကျောင်းမတက်ချင်တဲ့ စိတ်တွေပါ ပေါက်ခဲ့တာ။ ကျောင်းလခကလည်း သူ့အမေက မပေး ။
ဆရာမကလည်း တောင်း ။ ပြီးတော့
" ကျောင်းလခမပေးနိုင်ရင် ကျောင်းမလာနဲ့ " တဲ့။

ဆယ်ကျော်သက်အရွယ် ကလေးလေး ဘယ်လောက် ဝမ်းနည်းထိခိုက်သွားမလဲဆိုတာ
ပြောမပြတတ်အောင်ပဲ ။ ကျောင်းမထွက်ချင်လို့
ငိုနေရတဲ့ အတာ့ပုံရိပ်ကိုမြင်ပြီး နှလုံးသားကပါ
ဝမ်းနည်းနာကျင်လာရတာ ။

သူ့အမေကို ကျောင်းမသွားချင်တော့ဘူး
ပြောတော့ " အေး ဒါဖြင့်ပြီးရော မသွားနဲ့တော့ " တဲ့။

တချို့စာမျက်နှာတွေဆို ဆက်လှန်ပြီး ဖတ်ဖို့
ခွန်အားတောင် မရှိတော့သလိုပဲ ။ တကယ်တော့
အတာရဲ့ ဘဝကို ဆက်မမြင်ရက်နိုင်တော့တာ ။
မခံစားနိုင်တော့တာ ။

တစ်နေ့မှ ရတဲ့ မုန့်ဖိုးနည်းနည်းကို အငတ်ခံစုပြီး
ကျောင်းပစ္စည်းတွေ ၊ ဝတ်စရာ အင်္ကျီတွေ ဝယ်ခဲ့ရတာ ။ သူ့မုန့်ဖိုး နဲ့သူ ဝယ်တာတောင် သူ့အမေသိရင် အရိုက်ခံရမှာဆိုးလို့ တခြားသူကို ဝယ်ပေးလိုက်ပြီး " သားအတွက် ဝယ်ပေးတာလို့ " ပြောပြီး ပေးပါ လို့ လုပ်ခဲ့ရတဲ့ အတာ ။

သူ စုထားတဲ့ ပိုက်ဆံတွေကို သူ့အမေယူပြီး
လောင်းကစားလုပ်ပစ်တာ ၊ သူ့ကို တခြားသူ
ဝယ်ပေးထားတဲ့ ပိုးလုံချည်ကလေးကို ယူပေါင်ပြီး အပေါင်ဆုံးသွားတာ ၊ သူ့ရခဲ့တဲ့ စွပ်ကျယ်တွေကို သူ့အမေယူရောင်းပစ်လို့ ဝမ်းနည်းစိတ်ဆိုးပြီး မေမေ မတရားဘူးလို့ ပြောမိလို့
ပါးအတွင်းသား ကွဲပြီး သွေးထွက်ခဲ့တဲ့အထိ ပါးချခံခဲ့ရတဲ့ အတာလေး ။

ဒီ စာအုပ်ဟာ စာရေးသူ ဆရာသာဓု ရဲ့အကြောင်း
၉၀ % တောင်ပါသတဲ့ ။ အတာ ဆိုတဲ့ ကောင်ကလေးဟာ ဆရာသာဓုပေါ့ ။

အမေအရင်းက သားအပေါ် ဒါလောက်တောင် မေတ္တာမဲ့ ရသလားမေးတော့ ဆရာက
" ဒီထက်ဆိုးတာတွေတောင် ရှိသေးတယ် ၊
ရေးမကောင်းလို့တဲ့ ။ အမေရင်းက ကိုယ့်သားသမီးအပေါ်မှာ ဒါလောက်တောင် ဆိုးရ
သလားဆိုတာက ဒီသားသမီးရဲ့ အကုသိုလ်က ဘယ်လောက်တောင်မှ ကြီးခဲ့မှန်းမှ မသိတာ ၊ ဝဋ်ခံရတာပါ ၊ သဘောကတော့ အဲ့ဒါပါပဲလို့ " ဆရာက ဖြေခဲ့ပါတယ် ။

ဆရာ သာဓု ဒီဝတ္ထုကိုရေးခဲ့တာဟာ
သူ့အမေအပေါ် နာကြည်းစိတ်နဲ့ ရေးခဲ့တာမဟုတ်ဘဲ ဝဋ်ကြွေးရှိရင် ဒီဘဝနဲ့ ကျေပါဆိုတော့ဆိုတဲ့
ခွင့်လွှတ်စိတ်နဲ့ ရေးခဲ့ခြင်းပါတဲ့ ။ ဟုတ်တာပေါ့
အတာ ဟာ သူ့အမေ ဘယ်လောက်ဆိုးဆိုး
သူ့အမေအပေါ် ဘယ်တော့မှ မမုန်းခဲ့ဘူး ။
အချစ်မပျက်ခဲ့ဘူး ။

Photos from Mee Eain's post 28/09/2024

နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့"
- သိုက်မင်းဆက် -

"သိုက်နဲ့ပတ်သက်တဲ့သူတိုင်း ငါချစ်နိုင်ပါတယ်"
- ခန့်ဦးရှိန် -
#တန်ဖိုး-29000ကျပ်


ရူးနေအောင်ချစ်တဲ့သိုက်နဲ့ ရူးနေရင်တောင်ချစ်မဲ့ ဉီး

ရှိန်တို့ကို အိမ်ခေါ်ထားချင်ရင်ခုပဲပြေးမှာလိုက်တော့နော်
Cod only-Yg and Mdy

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon