Home Works Real Estate Services
အိမ် ခြံ မြေ သတင်းအချက်လက်များမျှဝေ?
#ဘဏ်ပေါင်အိမ်ခြံမြေအကြောင်း
မနေ့ညကဖတ်လိုက်ရတဲ့ ဘဏ်ပေါင်အိမ်ခြံမြေတွေကို မနက်ဖြန်ပဲ ထုတ်ရောင်းကြတော့မလိုလို ရေးသားထားတာတွေ့လို့ ရင်ထဲကကြိတ်ရယ်မိပါတယ်။
ထုတ်ရောင်းကြရင် အိမ်ခြံမြေစျေးတွေထပ်ကျတော့မယ် ဘာညာအဖွဇယားလေးဖွချင်ပုံရတယ်။
#ပြောပြမယ်
ဘဏ်ပေါင်ထားတဲ့ အိမ်ခြံမြေတွေကို ရောင်းဖို့ ဘဏ်ပေါင်ထားသူတွေရဲ့သဘောတူညီမှုမရှိရင် လုံးဝရောင်းလို့မရပါဘူး။
#တစ်ခုတော့ရှိတယ်
#ဘဏ်ကရောင်းချင်ရင် တရားစွဲပြီး ဘဏ်ကနိုင်မှ ထုတ်ရောင်းခွင့် ရရှိမှာဖြစ်ပါတယ်။
#စဉ်းစားကြည့်ပါ
မိတ်ဆွေရေးတဲ့ ဘဏ်ပေါင်အိမ်ခြံမြေ အလုံးငါးသောင်းကျော်ကို ဘဏ်ကဘယ်လိုတရားစွဲမှာလဲ တရားရင်ဆိုင်ရတဲ့ကိစ္စက အပင်ပေါ်တက်ပြီးသရက်သီးခူးတာလောက်မလွယ်ဘူး လချီ နှစ်ချီကြာတတ်တာ။
#အဲ့တော့
ဘယ်လိုလွယ်လွယ်ထုတ် ရောင်းလို့ရမှာလဲ တချို့ဘဏ်တွေကတော့ တရားမစွဲချင်လို့ အိမ်ခြံအပေါင်ထားသူ ပိုင်ရှင်တွေခေါ်ယူ ညှိနိုင်းပြီးသဘောတူမှ အရောင်းတင်ကြရတာ ဒါတောင်သူခိုးစျေးနဲ့ချမရောင်းကြဘူးရယ်။
#ပြီးတော့
အလုံးသောင်းချီ အရောင်းထွက်လာတယ်ထားဦး အခုကာလမှာ ဘယ်သူက ဘယ်လောက်ဝယ်ယူနိုင်မှာလဲ?
#စဉ်းစားသုံးသတ်လေ့လာပြီးရေးကြပါလို့။
#အားလုံးကိုလေးစားတဲ့
share
Noung.
Click here to claim your Sponsored Listing.