MILS Animal Health

MILS Animal Health

Share

We dedicate to bring safety and sustainability to livestock industry via locally manufactured ethica

Photos from MILS Animal Health's post 24/12/2019

Egg Drop Syndrome ကြက်ဥနှုန်းကျရောဂါ

ကြက်ဥနှုန်းကျရောဂါသည် Adenovirus ပိုးကြောင့်ဖြစ်ပွားခြင်းဖြစ်သည်။ Virusပိုးသည် ကြက်၏ မျိုးပွားအင်္ဂါလမ်းကြောင်းရှိ ကြက်ဥခွဲဖြစ်ပေါ်စေသော ဂလင်း gland ကို ထိခိုက်စေပြီး ကြက်ဥနှုန်းရုတ်တရက် ကျခြင်း၊ ဥခွံပျော့ခြင်း၊ ပုံစံမမှန်သောကြက်ဥများဥခြင်းတို့ဖြစ်ပွားစေသည်။ ရောဂါပိုးသည် ကြက်ဥနှင့် ကြက်ဥဗန်းများ၊ ခြံအတွင်းအသုံးပြုနေသော ကုန်သေတ္တာများမှ တစ်ဆင့် ကူးစက်သဖြင့် ဥစားကြက်မျိုးရင်းဝယ်ယူရာတွင် ဂရုပြု ကြရန်အလွန်အရေးကြီးပါသည်။
ရောဂါကူးစက်နေသောကြက်ဥမှတစ်ဆင့် ပေါက်ဖွားလာသော ကြက်မတွင် Antibodies သည် ခန္ဓာကိုယ်အတွင်း ဖြစ်ပေါ်နေနိုင်သော်လည်း အခြားအကောင်များသို့ Antibodiesထုတ်ပေးနိုင်ခြင်းမရှိပဲ ကြက်ဥ ဥနိုင်သောအရွယ်သို့ရောက်ရှိသွားသောအခါ ထိုရောဂါပိုးသည် ကြက်ဥများသို့ ထပ်ဆင့် ကူးစက်သွားစေသည်။
ကြက်ဥနှုန်းကျရောဂါအတွက် ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်သည်။မျိုးကြက်ခြံများတွင် ‌ထိုရောဂါပိုးထိန်းချုပ်နိုင်ရန် လိုအပ်သည်။ ဇီဝလုံခြုံမှုကို စနစ်တကျ ဆောင်ရွက်ခြင်း၊ ကြက်ဥဗန်းများ ပိုးသတ်ဆေးကြောခြင်း၊ ခြံအတွင်းအပြင် သန့်ရှင်းမှု အလေးထားဆောင်ရွက်ခြင်း တို့ဖြင့်လည်း ရောဂါဖြစ်ပွားနှုန်းလျော့ချနိုင်သည်။
Source:The Poultry Site


MILS ကုမ္ပဏီမှ မွေးမြူရေးလုပ်ငန်းရှင်များအတွက် Probio-P နှင့် Probio-S2ဟူ၍ probiotic productsများထုတ်လုပ်ဖြန့်ဖြူးလျက်ရှိပါသည်။ Probio-Pကို ဥကြက်မများကို ပုံမှန် နေ့စဉ်(သို့မဟုတ်) တစ်ပတ်လျှင် ၄ကြိမ် တိုက်ကျွေးခြင်းဖြင့် ဥနှုန်းသိသာစွာ တိုးလာမည်ဖြစ်ပြီး ကြက်ဥ၏အရည်အသွေးကိုပါ အထောက်အကူပြုနိုင်သည်။ ကိုယ်ခံအားကောင်းမွန်စေပြီး ရောဂါဒဏ်များမှ ခံနိုင်ရည်ရှိလာခြင်းကြောင့်လည်း ဥနှုန်းမြင့်မားမှုနှုန်းကို အချိန်ကြာထိန်းထားနိုင်မည်ဖြစ်သည်။

Probio-P နဲ့ Probio -S20ကို အမြို့မြို့ အနယ်နယ်ရှိ မွေးမြူရေးဆေးဝါး အရောင်းဆိုင်များနှင့် အရောင်းကိုယ်စားလှယ်များ ထံတွင် စျေးနှုန်းချိုသာ၍ အရည်အသွေး ပြည့်မှီစွာဖြင့် ဝယ်ယူရရှိနိုင်ပါသည်။



ဆက်သွယ်ရန်

Myanmar Innovative Life Sciences -- MILS
အမှတ်၁၆၅ အောင်ဇေယျလမ်းသွယ် ၁ ၊ သီရိမင်္ဂလာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း : , 09-267287608, 09263709553
www.milsciences.net
email : [email protected]

မန္တလေး နှင့် အထက်မြန်မာပြည် အတွက် : 09-259061312
ရန်ကုန် နှင့် အောက်မြန်မာပြည် အတွက် : 09-263709553, 09-263702244

ဖြန့်ချိ ရေး နှင့် ကိုယ်စားလှယ် ယူလိုသူများ ဆက်သွယ်ရန် : 09267287608,09263709553

Photos from MILS Animal Health's post 19/11/2019

🤔Organic ဆိုတာဘာလဲ?🤔

ယနေ့ လူနေမှုဘဝ တိုးတက်လာသည်နှင့်အမျှကျန်းမာရေး အသိပညာဗဟုသုတများလိုက်စားမှု ပိုမိုများလာပြီး အစားအစာများနဲ့ အသုံးအဆောင်တွေမှာ Organicဖြစ်တဲ့ ထုတ်ကုန်တွေကိုသာ ရွေးချယ်အသုံးပြုလာကြတာကို တွေ့ကြရပါတယ်။

🌳Organic ဆိုတာ ပိုးသတ်ဆေးတွေ၊ မြေသြဇာတွေ၊အညစ်အကြေးမြေသြဇာဓာတ်တွေနဲ့ ဓာတ်ရောင်ခြည်ဆိုင်ရာအသုံးပြုထားတဲ့ အရာတွေ လုံး၀မပါ၀င်တဲ့ ကုန်ပစ္စည်း၊စားသောက်ကုန်တွေဖြစ်ကြပါတယ်။

🌱စစ်မှန်တဲ့ သဘာ၀ထုတ်ကုန် ပစ္စည်းဆိုတာနည်းလမ်းမှန်ကုန်စွာနဲ့ စနစ်တကျ အဆင့်ဆင့် ထုတ်လုပ်ရတာဖြစ်ပါတယ်။ ဥပမာအားဖြင့် Organic foods ဆိုတာ မြေသြဇာတွေ၊ပိုးသတ်ဆေးတွေ မပါ၀င်တဲ့ ထုတ်ကုန်ဖြစ်ပြီးတော့၊ တိရစ ္ဆာန်မွေးမြူရေးမှာလည်း အသားတိုး၊ အကောင်ကြီးထွားအောင် ဟော်မုန်းဆေးတွေ၊အသားတိုးဆေးတွေ မသုံးစွဲပဲ မွေးမြူသော တိရစ္ဆာန်များသာ Organic ထုတ်ကုန်ဖြစ်ပါတယ်။ ခုဆိုရင် နိုင်ငံ အသီးသီးမှာ ထုတ်ကုန်ပစ္စည်း၊စိုက်ပျိုးရေးတွေမှာ organic ဖြစ်မဖြစ်ကို သတ်မှတ်တဲ့ စံချိန်စံညွှန်းတွေထားရှိနေကြပါပြီ။

👉Organic က ဘာကြောင့်လူတွေအတွက် သင့်တော်သလဲ???

👩‍🔬သဘာ၀ organic တွေက လူတွေရဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အဟာရဓာတ်တွေကို သဘာဝအလျောက်ရရှိစေတဲ့အတွက် ပိုပြီးစိတ်ချရတယ်၊ ပိုပြီးအာဟာရဖြစ်စေတယ်။ သဘာ၀ထုတ်လုပ်မှုတွေက ပတ်၀န်းကျင်အတွက်ပါမက သက်ရှိ တိရစ္ဆာန်များအတွက်ပါ ကောင်းကျိုးတွေဖြစ်စေပါတယ်။ ဒါကြောင့် organicစိုက်ပျိုးမွေးမြူရေး ကို ပိုမိုလုပ်ဆောင်လာကြဖို့လိုအပ်ပါတယ်။

🕵️Organic ကို အသုံးပြုခြင်းက ပတ်၀န်းကျင်ကို ပိုမိုကောင်းမွန်စေပါသလား ?

💧သဘာဝအလျောက် organic farming မွေးမြူထားတဲ့ကြက်ခြံတွေမှရရှိတဲ့ကြက်ချေးတွေကိုမြေဩဇာအဖြစ်အသံုးပြုမယ်ဆိုရင် မြေအောက်ရေရဲ့မသန့်ရှင်းမှုတွေကို လျော့နည်းစေပြီး ရေတိုက်စားခြင်းကို တားဆီးပေးတဲ့ မြေဆီ မြေနှစ်တွေကို တိုးပွားစေပြီး အပင်များကို ရှင်သန်ကြီးထွားအောင် ကူညီပေးပါတယ်။ အသားထုတ်ကုန်မှာ သာမက အသီးအပွင့်စားသုံးသူတို့အတွက်ပါ ပိုမိုစိတ်ချရတဲ့အစားအစာရရှိနိုင်တဲ့အပြင် သဘာ၀ စိုက်ပျိုးခြင်းဟာလည်း သောက်သုံးရေမှာပါရှိလာတတ်တဲ့ ပိုးသတ်ဆေး တွေ၊ရေသန့်ရန်အသုံးပြုတဲ့ စိတ်မချရတဲ့ပိုးသတ်ဆေးတွေပါရှိခြင်း တွေကို လျော့ချနိုင်ပါတယ်။

Organic ထုတ်ကုန်ပစ္စည်းများကို ၀ယ်ယူသုံးစွဲမှုဟာ စားသုံးသူတွေရဲ့ တကိုယ်ရည် ကျန်းမာရေးနှင့် ပတ်၀န်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုကို များစွာအထောက်အကူဖြစ်စေနိုင်ပါတယ်နော်။

🐥စိုက်ပျိုးရေး‌ေမွးမြူ‌ေရးမှာဆိုရင် Organic Farming၊ Organic food တွေ၊ Organic clothing၊ တစ်ကိုယ်ရည်သုံး organic personal products တွေစသဖြင့် နေရာတိုင်းမှာ Organic ဆိုတာကိုဦးစားပေးလာကြပြီး လူတို့ရဲ့ကျန်းမာရေးကို ပိုမိုအထောက်အကူပြုနိုင်ဖို့ ကြိုးပမ်းအားထုတ်လာကြတာကိုတွေ့ရပါတယ်။

🤗🤗နေ့စဉ်စားသုံးနေကြတဲ့ အစားအစာတွေဟာ ခန္ဓာကိုယ်အတွက် များစွာအကျိုးပြုနိုင်တဲ့အစားအစာတွေဖြစ်နေဖို့အလွန်အရေးကြီးလှပါတယ်။ ဒါကြောင့် အသက်ရှည်ကျန်းမာနေဖို့ရာ အကောင်းဆုံး နည်းလမ်းတွေ ရွေးချယ် ရာမှာ organic အစားအစာများကိုသာ ပိုပြီး ရွေးချယ်သင့်ပါတယ်။ ခေတ်မှီတိုးတက်တဲ့ နည်းပညာခေတ်ကြီးမှာ နည်းပညာတွေအရ ပိုးသတ်ဆေးများနဲ့ chemical ပစ္စည်းများကို ကျယ်ပြန့်စွာအသုံးပြုလာကြပြီး ထိုအန္တရာယ်များဟာ လူတို့ထံနည်းလမ်းမျိုးစုံမှဝင်ရောက်လာပြီး ဖွဲမီးပမာတငွေ့ငွေ့ဖြင့် လူတို့၏ကျန်းမာရေးကို ထိခိုက်စေပါတယ်။ သို့ဖြစ်၍ စိုက်ပျိုးမွေးမြူသူတို့ အနေဖြင့် ပိုးသတ်ဆေးများ ဓာတုပစ္စည်းများကင်းစင်သော organic farming မွေးမြူရေးစနစ် ကို ဖော်ဆောင်ရင်း ပိုကျန်းမာ တဲ့ organic ကမ္ဘာ ကြီး ဖန်တီးလိုက်ရအောင် 🤗🤗

Source: Just gentle

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address

Japan Road, 165 Aung Zay Ya (1) Street, Thiri Mingalar Rd, ရန်ကုန်
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00