GeniuS Form Service

GeniuS Form Service

Share

皆様が絵描いた未来へ

15/04/2026

🇯🇵 ဂျပန်နိုင်ငံမှာ "စက်မှုကုန်ထုတ်" ကျွမ်းကျင်လုပ်သားအဖြစ် အလုပ်ကိုင်လိုပါသလား?

ဂျပန်နိုင်ငံရဲ့ ထိပ်တန်းစက်ရုံကြီးတွေမှာ Specified Skilled Worker (SSW - တိုကုတေး) ဗီဇာနဲ့ အလုပ်လုပ်ကိုင်နိုင်မယ့် အခွင့်အလမ်းကောင်းများ ရောက်ရှိလို့လာပါပြီ။

စက်မှုကုန်ထုတ်လုပ်ငန်း (Manufacturing) နယ်ပယ်မှာ မိမိတို့ရဲ့ အနာဂတ်ကို စနစ်တကျ တည်ဆောက်လိုသူများအတွက် အထူးရည်ရွယ်တဲ့ သင်တန်းဖြစ်ပါတယ်။

🛠️ သင်ကြားပေးမည့် ဘာသာရပ်များ
စက်မှုလက်မှုဆိုင်ရာ အခြေခံဗဟုသုတများ
တိုင်းတာရေးကိရိယာ အသုံးချပုံ (Measurement Tools)
လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး (Safety First)
အင်တာဗျူး အောင်မြင်အောင် လေ့ကျင့်ပေးခြင်း (Interview Coaching)

✅ လိုအပ်ချက်များ
ဂျပန်စာ N4 အဆင့်ရှိသူ ဖြစ်ရပါမည်။
စက်မှုကုန်ထုတ် ကျွမ်းကျင်မှုစာမေးပွဲ အောင်မြင်ထားသူ (သို့မဟုတ်) အလုပ်သင်ပြန် (Ex-trainee) များ ဖြစ်ရပါမည်။

💡 ဘာကြောင့် စက်မှုကုန်ထုတ်လုပ်ငန်းကို ရွေးချယ်သင့်တာလဲ?

တည်ငြိမ်မှု: အလုပ်အကိုင် ခိုင်မာပြီး လစာနှင့် ခံစားခွင့် ကောင်းမွန်ခြင်း။
နည်းပညာ: ဂျပန်နိုင်ငံရဲ့ အဆင့်မြင့် နည်းပညာတွေကို လက်တွေ့ လေ့လာခွင့်ရခြင်း။
ရေရှည်: (၅) နှစ်အထိ စိတ်အေးချမ်းသာစွာ အလုပ်လုပ်ကိုင်နိုင်ခြင်း။

📢 အထူးသတင်းကောင်း
လာမည့် ဇူလိုင်လ တွင် မြန်မာနိုင်ငံ၌ "တိုကုတေး စက်မှုကုန်ထုတ်စာမေးပွဲ" ကျင်းပတော့မည် ဖြစ်သောကြောင့် ယခုကတည်းက ကြိုတင်ပြင်ဆင်ထားသင့်သည့် အချိန်အခါကောင်း ဖြစ်ပါတယ်။

စာမေးပွဲအတွက် လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ ဝေါဟာရတွေကအစ၊ အင်တာဗျူး ဖြေဆိုပုံအဆုံး ကျွန်တော်တို့ သင်တန်းမှ အနီးကပ် လမ်းညွှန်ပေးသွားမှာပါ။ စာမေးပွဲဖောင်တင်ခြင်း လုပ်ငန်းစဉ်များကိုလည်း သင်တန်းမှ တာဝန်ယူ ဆောင်ရွက်ပေးသွားမှာမို့လို့ စိတ်ပူစရာ မလိုဘူးနော်။

🗓️ သင်တန်းအသေးစိတ်
သင်ကြားမှုပုံစံ: Zoom Online Class
သင်တန်းရက်: တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး (တစ်ပတ် ၃ ရက်)
သင်တန်းအချိန်: ည ၇ နာရီ မှ ၉ နာရီအထိ
သင်တန်းကာလ: ၆ ပတ် (၁ လခွဲ)
သင်တန်းစမည့်ရက်: မေလ (ပထမပတ်)
သင်တန်းကြေး: ၂၅၀,၀၀၀ ကျပ် (စာရွက်စာတမ်းကြေး အပြီးအစီး)

📍 ဆက်သွယ်ရန်:
မိမိတို့ရဲ့ အနာဂတ်အတွက် စနစ်တကျ ပြင်ဆင်လိုပါက Chatbox (သို့မဟုတ်) ဖုန်းဖြင့် အသေးစိတ် စုံစမ်းနိုင်ပါသည်။
📞 ဖုန်း: 09 965 006 294

မှတ်ချက်: အရှေ့မှာလည်း အင်တာဗျူးအောင်မြင်ပြီး စာမေးပွဲအောင်ထားသူများစွာ ရှိနေပြီဖြစ်လို့ ခုပဲ လက်မနှေးဘဲ ဆက်သွယ်လိုက်ပါခင်ဗျာ။


#တိုကုတေးစက်မှုကုန်ထုတ်
#တိုကုတေး

Photos from Myanmar Association of Japan Alumni (MAJA)'s post 15/03/2026

ကဲ ပြင်ဖို့လိုသူများအတွက်နော်။မင်မင့်ဆီကတော့ ပြင်စရာမလိုအောင် လုပ်ပေးထားပြီးပြီမို့ စာမေးပွဲဖြေရုံပဲကျန်ပါတော့တယ်လို့။

10/03/2026

ဒီပို့စ်ကတော့ အလုပ်ခေါ်စာပို့စ်လေးပါနော်။စိတ်ဝင်စားရင် messenger သို့ Viber ကနေ ဆက်သွယ်နိုင်ပါတယ်။အလုပ်အတွက် အင်တာဗျူးတွေရှိပါမယ်။

📣 (技術・人文知識・国際業務)ဗီဇာ

📣 အလုပ်ခေါ်စာ #100名以上大募集

#လက်ရှိအလုပ်ဝင်နေသူအယောက်100နီးပါးရှိပြီး
ရေရှည်စိတ်အေးချမ်းစွာအလုပ်လုပ်နိုင်သောကုမ္ပဏီကြီးဖြစ်သည်

#ကုမ္ပဏီကြီးဖြစ်သည့်အတွက်လက်ရှိမြန်မာမှအလုပ်ဗီဇာဖြင့်အလုပ်ဝင်သူများအားလုံးနီးပါး5နှစ်ဗီဇာရကြပါသည်

#အင်္ဂလိပ်စကားပြောနိုင်သူ

#မြန်မာနိုင်ငံမှသူများလည်းလျှောက်ထားနိုင်ပါသည်

※技人国ဗီဇာတင်ရန်အချက်လက်များကိုက်ညီပါက
လျှောက်ထားနိုင်ပါသည်(ဥပမာ N2အထက် ၊ ဂျပန် အင်္ဂလိပ်ပြောနိုင်၊ကိုက်ညီသောမေဂျာဖြင့်မြန်မာနိုင်ငံတွင်ဘွဲ့ရ)

※သတ်မှတ်ထားသောအရည်အချင်းကိုက်ညီမူရှိသူသာလျှင်😊

🔷 大手ホテルでのフロント業務 🔷

#အလုပ်နေရာ - 東京(Tokyo)

#အခြေခံလစာ - #20万
(30万円)အထိလစာတိုးရနိုင်သည့်အခွင့်အရေးရှိ

#လမ်းစရိတ်-အပြည့်ပေးပါမည်
※သို့သော်အများဆုံး3သောင်းအထိ

💴 Bonus 💴

⭕️လစဉ်လတိုင်း Customers အဝင်များ၍ရောင်းအားပမာဏအပေါ်မူတည်ခြင်း ၊ တစ်ဦးချင်းစီ၏ Customers
များထံမှ ဝန်ဆောင်မူအကောင်းဆုံး ချီးကျူးခြင်းခံရသူ 💴💴 ( 3万円 ~ 15万円 )အထိ
ခံစားခွင့်ရှိနိုင်🤗

# 6လတစ်ကြိမ် အထက်လူကြီးနှင့် 面談လုပ်၍ မိမိအရည်အချင်းတိုးတက်လာမူအပေါ်မူတည်ပီး လစာတိုးခံစားခွင့်ရှိ

# အလုပ်ချိန် - 7:00 ~ 16:00(シフト制)
-12:00 ~ 22:00
- 22:00 ~ 7:00(ညဆိုင်းရှိ)

🙅‍♀️ညဆိုင်းမလုပ်ချင်သူများ လျှောက်၍မရပါ🙅‍♀️

💎 လိုအပ်သည့်အရည်အချင်း 💎

⭕️ဂျပန်စာ N2-level အောင်လက်မှတ်ရှိသူ🤗

⭕️ N1- Level ဖြေဖို့ အစီအစဉ်ရှိသူများ🤗

⭕️English စကားပြောနိုင်သူဦးစားပေး

⭕️ရေရှည်အချိန်ကြာစွာလုပ်မည့်သူ

⭕️အသက်30နှစ်အောက်

#1年目- 契約社員(研修の為)

#2年目- 正社員になります

#ဟိုတယ်(သို့)စီးပွါးရေးဖြင့် ဂျပန်(သို့)
မြန်မာတွင်ကျောင်းပြီးထား သောသူ

*転職者အလုပ်ပြောင်းချင်သူများလည်း လျှောက်ထားနိုင်ပါသည်

🤗Customer နှင့်စကားပြောဆိုရသည့်အလုပ်ဖြစ်၍
ဂျပန်စကားအရည်အချင်းတိုးတက်လိုသူများ
လျှောက်ထားနိုင်ပါသည်🤗

Photos from GeniuS Form Service's post 09/03/2026

ဒီနေ့N4လေးတွေ တင်ပေးရတာစိတ်ချမ်းသာသလိုလိုပဲ။အထူးသဖြင့် မန္တလေးဘက်တင်ပေးရတာ ပိုစိတ်ချမ်းသာမိ။ကျေးဇူးကြီးပါတယ် Majaရယ်။

Jlptဖောင်လေးတွေ တင်ချင်သေးရင် လက်ခံပေးပါသေးတယ်နော်။

GeniuS From ServiceS
Viber No. 09945636333

07/03/2026

Jlpt N3ဖောင်လက်ခံပေးပါဦးမယ်နော်။မနေ့ကအထိကို ဖောင်၅၀ကျော်ကို အောင်မြင်စွာ တင်ပေးခဲ့ပြီးပါပြီ။ဒီနေ့လည်း လိုအပ်တဲ့သူရှိရင် ဆက်သွယ်လိုက်နော်။ဒါပေမယ့် Registration လုပ်ထားပြီးသားသူကိုပဲ လက်ခံပေးပါမယ်နော်။

GeniuS From ServiceS
Viber no. 09945636333






#စားသောက်ဆိုင်
#စားသောက်ကုန်ထုတ်

04/03/2026

ဒီနေ့တော့ယုံကြည်စွာအပ်နှံထားတဲ့ N2၃ယောက်စာအတွက် ဖောင်တင်ပေးနိုင်ခဲ့ပါတယ်။
မနက်ဖြန်လည်း ကိုယ့်ရဲ့တပည့်လေးတွေအတွက်ရော ယုံကြည်စွာအပ်နှံထားသူများအတွက်ပါ ကြိုးစားရပါဦးမယ်။
ကဲ 皆さんတို့ကတော့ ဖြေဖို့ကိုပဲ အားစိုက်ထားကြပါနော်။

ထပ်တိုးအတွက်တော့ လက်မခံတော့ပါဘူး။

ကျေးဇူးတင်ပါတယ်။

GeniuS From ServiceS

14/02/2026

တိုကုတေးသင်္ကြန်

အားလုံးစောင့်နေတဲ့ သင်္ကြန်ရာသီကနေစမယ့် Tokutei စာမေးပွဲဖောင်တင်ရမယ့်ရက်တွေ ထွက်လာပါပြီနော်။စားသောက်ကုန်ထုတ်လည်းပါတယ်နော်။ဂျပန်မှာ လုပ်အားလိုအပ်ချက်တွေ ရှိနေဆဲမို့လို့ အခွင့်အရေးရတုန်း ဖြေထားတာမမှားပါဘူးနော်။

ဂျပန်နိုင်ငံမှာ အလုပ်လုပ်ဖို့ အခွင့်အလမ်းကောင်းကို ဖမ်းဆုပ်လိုက်ပါ!

🇯🇵 Tokutei Ginou (特定技能) အတွက် လျှောက်လွှာဝန်ဆောင်မှု (Services)

Tokutei Ginou (Specified Skilled Worker) စာမေးပွဲ လျှောက်ထားဖို့ အဆင်သင့်ဖြစ်ပြီလား?
ကျွန်ုပ်တို့ရဲ့ ဝန်ဆောင်မှုက သင့်အတွက် အချိန်ကုန်သက်သာစေပြီး စိတ်ဖိစီးမှုကင်းစေမှာပါ။

✅ ဝန်ဆောင်မှုများ:
ဖောင်တင်ရမည့်ရက်- 2026ခုနှစ်4လပိုင်း 7ရက်နေ့

🔴စာမေးပွဲဖြေရမည့်ရက်
JFT-A2 2026ခုနှစ်4လပိုင်း10ရက်နေ့မှ 5လပိုင်း21ရက်‌နေ့အထိ

Tokutei(SSW)
2026ခုနှစ်4လပိုင်း10ရက်နေ့ မှ 6လပိုင်း4ရက်နေ့အထိ

◆KAIGO(ဘိုးဘွားစောင့်ရှောက်ရေး)
◆GAISHOKU(စားသောက်ဆိုင်)
◆SHOKUHIN SEIZO(စားသောက်ကုန်ထုတ်)
◆KENSETSU(ဆောက်လုပ်ရေး)
◆NOUGYOU(စိုက်ပျိုးရေး)
◆SHUKUHAKU(ဟိုတယ်)

▪ဖြေဆိုချင်တဲ့ နေ့ရက်၊ နေရာ၊ အချိန်ကို ဦးစားပေးရယူပေးခြင်း
▪သူငယ်ချင်းအုပ်စုလိုက်များကို နေ့ရက်၊ နေရာ၊ အချိန် အတူတူဖြေလို့်ရအောင် ဦးစားပေးရယူပေးခြင်း
▪Promitric IDဖွင့်ပေးခြင်း
▪အလုပ်လျှောက်မယ့် Result fileထုတ်ပေးခြင်း
▪အလုပ်ခေါ်စာများရှိတဲ့အခါ ဦးစားပေးမိတ်ဆက်ပေးခြင်း
တို့ကို သေချာ မှန်ကန်စွာနဲ့ တာဝန်ယူဆောင်ရွက်ပေးနေပါတယ်နော်။

🎯 ဘာကြောင့် ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို ရွေးချယ်သင့်တာလဲ?
ကျွမ်းကျင်မှု: Tokutei Ginou စာမေးပွဲ လျှောက်ထားမှု လုပ်ငန်းစဉ်ကို နားလည်သော ကျွမ်းကျင်သူများက ဆောင်ရွက်ပေးခြင်း။
တိကျမှန်ကန်မှု: စာရွက်စာတမ်း မှားယွင်းမှုများကြောင့် လျှောက်လွှာ ကြန့်ကြာခြင်း သို့မဟုတ် ပယ်ချခံရခြင်းကို လျှော့ချပေးနိုင်ခြင်း။
ယုံကြည်စိတ်ချရမှု: စိတ်ချရပြီး ပွင့်လင်းမြင်သာသော ဝန်ဆောင်မှုပေးခြင်း။

ယနေ့ပဲ ဆက်သွယ်ပြီး ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် အိပ်မက်ကို အကောင်အထည်ဖော်လိုက်ပါ။

☎️ ဆက်သွယ်ရန်:
Viber 09945636333
📧 Email: [email protected]


#စားသောက်ဆိုင်


#စားသောက်ကုန်ထုတ်

10/02/2026

အကယ်ဒမီပေးပွဲဟာ JLPT နဲ့အတူတူပဲဆိုရင် လက်ခံလား။

ဘာလို့ဆို မြန်မာအကယ်ဒမီပေးပွဲကလည်း မြန်မာ့မြန်မာ့ရုပ်ရှင်သီချင်းက အရင်အတိုင်းပဲ။မပြောင်းလဲဘူး။JLPTလည်း てんきがいいからさんぽしましょうပဲ။‌မပြောင်းလဲဘူးပဲ။ပြောင်းလဲမှုကို မကြိုက်တာဖြစ်မယ်

ကဲ အဲဒီတော့ 皆さんလည်း ၇လပိုင်းမှာ JLPTမှာ さんぽしましょうချင်ရင် သေချာတဲ့နေရာကိုသာ လျှောက်လာလိုက်တော့နော်။
အခုလောခောဆယ်တော့ N3လမ်းကိုလျှောက်လို့ရသေးတယ်နော်။ဒီနှစ်က N3တွေ ဖြေတာများလိမ့်မယ်။မယုံမရှိနဲ့။လမ်းသေချာနေတုန်း လျှောက်ထားလိုက်ပါ။

GeniuS From ServiceS
Viber No. 09945636333

07/02/2026

Jlptစာမေးပွဲဖြေဖို့က နောက်မှ။စာမေးပွဲဖြေဖို့ ဖောင်တင်ရဖို့ ဒီလိုအစိမ်းရောင်လေးတွေ ဖြစ်ဖို့တောင် အဆင့်ဆင့်တွေဖြတ်သန်းပြီးမှ ရတာမျိုးပါ။ရှောင်လင်ကျောင်းက ဝင်ခွင့်တောင် အဲလောက်ခက်မယ်မထင်ဘူး။MAJAကတော့ လူကိုပျင်းမနေစေအောင်လုပ်ပေးပါတယ်။

ဖောင်တင်ဖို့ကတော့ လက်ခံပေးပါသေးတယ်လို့။

GeniuS From ServiceS
Viber No. 09945636333

03/02/2026

တစ်ဦးချင်းအတွက် ကြေညာချက်ပါ။ကိုယ်တိုင်တင်ဖို့ အခက်အခဲရှိရင် သတိရလိုက်နော်။အခုတောင် ပြည့်ခါနီးနီးဖြစ်နေပါပြီ။

တစ်ဦးချင်းလျှောက်ထားသူများ Registration ပြုလုပ်ခြင်းနှင့် ပတ်သက်၍ အသိပေးကြေငြာခြင်း

၂၀၂၆ခုနှစ်၊ ဇူလိုင်လတွင် စာမေးပွဲဝင်ရောက်ဖြေဆိုရန် တစ်ဦးချင်းအနေဖြင့် လျှောက်ထားမည့် မည်သည့်စာဖြေသူများမဆို (ယခင်ကလျှောက်ထားပြီး သူများအပါအဝင်) Registration အဆင့်အား ပြန်လည်ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ကြေငြာချက်လင့် >> https://www.facebook.com/share/p/1AmeiwyQP4/?mibextid=wwXIfrRegistration

လျှောက်ထားခြင်းအား ၂၂.၁၂၀၂၆ ရက် မှစ၍ လျှောက်လွှာ လက်ခံသည့် ကာလတလျှောက်တွင် ပိတ်ရက်မရှိ ပြုလုပ်နိုင်မည်ဖြစ်သော်လည်း အချက်အလက်မှားယွင်းပါက ပြန်လည်ပြင်ဆင်ရာတွင် အတည်ပြုချက်ရရှိရန် (၃) ရက်မှ (၅) ရက်ခန့် ကြာမြင့်နိုင်သဖြင့် -

• တစ်ဦးခြင်းအနေဖြင့် လျှောက်ထားမည့်သူများ အားလုံး
• အသက် (၁၀) နှစ်အောက် ဖြေဆိုသူများ
• ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်များ
အနေဖြင့် Registration အား အချိန်မီကြိုတင်ပြုလုပ်ထားနိုင်ပါရန် လေးစားစွာဖြင့် ထပ်မံအသိပေးအပ်ပါသည်။

မိမိတင်လိုသည့် Level အတွက် လျှောက်လွှာလက်ခံချိန်တွင် အချိန်မှီ Registered ဖြစ်နေရန်အတွက် လျှောက်လွှာလက်ခံကာလမတိုင်မှီတွင် Registration အား ပြီးမြောက်အောင် ပြုလုပ်ထားပါရန် တိုက်တွန်း အပ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
ဆက်သွယ်ရန် - 01 757 10 15 Ext-1 (နံနက် ၉ နာရီမှ ညနေ ၄း၃၀ နာရီ ရုံးချိန်တွင်းသာ)

Photos from Myanmar Association of Japan Alumni (MAJA)'s post 02/02/2026

Jlptအတွက် ဈေးနှုန်းတွေအတိအကျတောင် ထွက်နေပါပြီနော်။servicesလက်ခံပေးနေတာကလည်း လူပြည့်ခါနီးပြီမို့လို့ လိုအပ်သူများအနေနဲ့ မြန်မြန်လေးလာပြောထားမှစိတ်ချရပါမယ်နော်။အခုကလည်း ပုံစံလေးတွေပြောင်းထားတော့ လုပ်ရကိုင်ရတာလည်း ခက်ခဲတဲ့အနေအထားမှာပါနော်။
ဘာပဲဖြစ်ဖြစ် မျက်နှာမပျက်ရအောင်လို့တော့ မင်မင်တို့ တာဝန်ယူပေးနေပါတယ်နော်။

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon
11081