MUEC Marvel Unity Engineering Construction Ltd.

MUEC Marvel Unity Engineering Construction Ltd.

Share

Construction and Decoration one stop service.

Photos from MUEC Marvel Unity Engineering Construction Ltd.'s post 10/01/2024

First Project of 2024
2 Storey RCC Building (Yangon)
Built by MUEC.

Photos from MUEC Marvel Unity Engineering Construction Ltd.'s post 06/10/2023

အိမ်ဆောက်မယ်ဆိုရင် ကျွန်တော်တို့ MUEC ကိုသတိရပေးပါခင်ဗျာ။
အိမ်ပုံစံလေးတွေလည်း ရွေးလို့ရအောင်တင်ပေးထားပါတယ်ခင်ဗျာ။

Photo crd.

Photos from MUEC Marvel Unity Engineering Construction Ltd.'s post 28/08/2023

သံချောင်းအတုအစစ် ဘယ်လိုခွဲကြမလဲ
*************************************
မြန်မာ့စကားပုံမှာ အတုကတထောင် အစစ်ကတယောက်ဆိုတဲ့ စကားပုံရှိပါတယ်။ ဟုတ်ပါတယ်။ အစစ်ဟာနာမည်ရလာပြီဆိုလျှင် အတုပေါင်းများစွာပေါ်လာတတ်ပါတယ်။

အတုနှင့်အစစ်မှာ ဘယ်အတုကမှ အစစ်ထက်ကောင်းတယ်ဆိုတာ မရှိခဲ့ပါဘူး။ ကျွန်တော်တို့အိမ်ဆောက်ပစ္စည်းရောင်း ဝယ်ရေးလောကဟာအပြိုင်အဆိုင်များလှတဲ့လောကတခုဖြစ်ပါတယ်။

ဈေးကွက်ဆိုတာ Red Ocean နဲ့ Blue Ocean ဆိုပြီးရှိနေတာဖြစ်ပြီး ကျွန်တော်တို့ရဲ့အိမ်ဆောက်ပစ္စည်းလောကဟာဆိုရင် Red Ocean ဖြစ်ပါတယ်။ ဒီနေရာမယ် Red Ocean ကိုရှင်းပြရမယ်ဆိုရင် Red Ocean ဟာဈေးနှုန်းအပြိုင်အဆိုင်များပြီးအတိုက်အခိုက်များတဲ့ဈေးကွက်ဖြစ်ပါတယ်။

ကျွန်တော်တို့အိမ်ဆောက်ပစ္စည်းရောင်း ဝယ်မှုလုပ်ငန်းဟာလဲ ဈေးနှုန်းအပြိုင် အဆိုင်၊ ဝန်ဆောင်မှုအပြိုင်အဆိုင်ပြင်းထန်တဲ့ဈေးကွက်ဖြစ်ပါတယ်။

သံချောင်းဈေးကွက်မှာ နိုင်ငံခြားကနေ တိုက်ရိုက်တင်သွင်းရောင်းချတဲ့ Import သံချောင်းများရှိသလို၊ဒီကစက်မှုဇုံမှာပဲ ထုတ်တဲ့ Local သံချောင်းဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။

လက်ရှိဖြစ်နေတဲ့ သံချောင်းအတုအစစ်ကိစ္စကတော့ နိုင်ငံခြားကလာတဲ့ သံ ချောင်းတံဆိပ်များကို Local စက်ရုံမှာပဲ စက်မှုဇုံထုတ်သံချောင်းတွေမှာအသားတံဆိပ်ပြန်ရိုက်ပြီး အော်သံချောင်း (Original သံချောင်း) ဆိုပြီးဈေးကွက်ထဲရောင်းချနေကြတာပဲဖြစ်ပါတယ်။

HRB-400, HRB-500 သံချောင်းအစစ်များထက် အဆိုပါ အသားတံဆိပ်ပြန်ရိုက်ထားတဲ့သံချောင်း ကပိုပြီးဈေးသက်သာပါတယ်။

Local ထုတ်သံချောင်းထက်ဈေးများပါတယ်။ တကယ်တမ်းမှာတော့ အဆိုပါအသားတံဆိပ်ပြန်ရိုက်ပြီး ရောင်းနေတဲ့သံချောင်းများဟာ Local ထုတ်သံ ချောင်းများသာဖြစ်ပါတယ်။

အတုကိုအစစ်လို့ထင်ပြီး ဝယ်လိုက်ရတဲ့ Customer များအတွက် အလွန်ပဲထိခိုက်နစ်နာပါတယ်။

ဒီတော့မေးစရာတခုကပေါ်လာပါပြီ။

“ကျွန်တော်တို့ ဒီသံချောင်းအတုနဲ့အစစ်ကိုဘယ်လိုခွဲကြမလဲ”

ဟုတ်ပါတယ်။ အနာသိရင်ဆေးရှိရစမြဲပါပဲ။ဒီလိုအတုအစစ်ခွဲနည်းကို ကျွန်တော်တင်ပြပေးပါ့မယ်။

အလွယ်ကူဆုံးနည်းလမ်းကိုပြောပြပေးပါ့မယ်။ အခုကျွန်တော်ပြောပြမယ့် အချက် (၆)ချက်ကို မူတည်ပြီး အတုအစစ်ခွဲခြားနိုင်ပါတယ်။

(၁) ဖောင်းလုံးကြီးခြင်း
**********************
သံချောင်းများရဲ့ ဘေးမှာပါတတ်ကြတဲ့ ဖောင်းလုံးများကိုရင်းနှီးကြမယ်ထင်ပါတယ်။သံချောင်းအတုများရဲ့ ဖောင်းလုံးဟာအော်သံချောင်း(Original သံ ချောင်း )များထက်ပိုပြီး ကြီးတတ်ကြပါတယ်။

(၂) စာလုံးပုံ (Form) မတူခြင်း
***************************
အော်သံချောင်းများအပေါ်မှာရေးထားတဲ့ စာလုံးပုံ (Form) နဲ့ ဒီမှာပြန်ပြီး အသားတံဆိပ်ရိုက်ထားတဲ့ စာလုံးပုံများဟာ ကွာခြားပါတယ်။ အော်သံ‌ချောင်းများရဲ့ စာလုံးပုံကပိုသပ်ရပ်ပြီး သံချောင်းအတုများကတော့ စာလုံးပုံလက်ရာကြမ်းပါတယ်။

(၃) Chemical Composition
***************************
သံချောင်းတုများရဲ့ အရောင်များဟာ ဖြူစပ်စပ်ဖြစ်နေပါတယ်။ ဒီလိုဖြစ်ရတာကတော့ ပါဝင်တဲ့ Chemical Composition မမှန်လို့ဖြစ်ရတာပဲဖြစ်ပါတယ်။ ဒါ့အပြင် သံချောင်းတုများရဲ့ကုန်ကြမ်းဟာ အော်သံချောင်းများရဲ့ ကုန်ကြမ်းလို သံရိုင်း ကနေလုပ်တာမျိုးမဟုတ်ပဲ Scrap Metal လို့ခေါ်တဲ့ သံဟောင်းများကနေပြန်လည်အရည်ကျိုပြီး လုပ်ထားတာဖြစ်ပါတယ်။၏
ဒီအတွက်ကြောင့် ကြံ့ခိုင်မှုပိုင်းမှာ အရမ်းကိုကွာခြားပါလိမ့်မယ်။

(၄) ကြံ့ခိုင်မှုအပိုင်း
******************
သံချောင်းတုများဟာ ကြံ့ခိုင်မှုပိုင်းမှာအင်မတန်မှအားနည်းလှပါတယ်။ အ ထက်မှာပြောခဲ့သလို Scrap Metal ကနေပြန်လည်ပြုလုပ်ထားတဲ့အတွက်ကြောင့် ကြံ့ခိုင်မှုပိုင်းမှာ အားနည်းပါတယ်။ ဒါ့အပြင် သံချောင်းတချောင်းချင်းစီရဲ့ ကြံ့ခိုင်မှုပိုင်းမှာလဲ တချောင်းနဲ့တချောင်းကွာခြားနေပြန်ပါတယ်။

(၅) Bundle
***********
သံချောင်းတုများရဲ့ Bundle (သံချောင်းအစီး) ရဲ့ ထိပ်နှစ်ဖက်ဟာညီနေတတ်ပါတယ်။ အော်သံချောင်းများကတော့ Bundle မညီတတ်ကြပါဘူး။

(၆) အရောင်အသွေး
*******************
အော်သံချောင်းများရဲ့အရောင်ကတော့ သံရောင်ပေါက်တတ်သလို ညိုပြာပြာဖြစ်တတ်ပါတယ်။ Import အဖြစ်တင်သွင်းရတာဖြစ်ပြီး သင်္ဘောတွေရဲ့ Bulk Shipment တွေနဲ့လာရတာဖြစ်တဲ့အတွက် ရေဒဏ်လေဒဏ်နဲ့ သံချေးအနည်းငယ်တတ်တာမျိုးရှိတတ်ပါတယ်။

ဒါပေမယ့် သံချောင်းတုများကတော့ အရောင်အသွေးပိုင်းမှာလှတတ်ပါတယ်။ သံချေးလဲမပါတတ်ပါဘူး။

အဆိုပါအချက် (၆) ချက်ကို ကြည့်ပြီး သံချောင်းအတုနဲ့အစစ်ကို ခွဲခြားနိုင်ပါတယ်။
အားလုံးဘဲအဆင်ပြေကြပါစေဗျာ။

Credit to original ✍️

MUEC Marvel Unity Engineering Construction Ltd.
09 795 398 471
09 777 322 651

Photos from MUEC Marvel Unity Engineering Construction Ltd.'s post 18/08/2023

ကျွန်တော်တို့ MUEC မှတာဝန်ယူဆောက်လုပ်​ ပေးနေသော အရှေ့ဒဂုံ (14)ရပ်ကွက်က 3 ထပ် အဆောက်အဦးပါခင်ဗျာ။
အိမ်ဆောက်ဖို့ စျေးနှုန်းစုံစမ်း ရန် နှင့် အကြံဥာဏ်များ လိုအပ်ပါ ကအောက်ပါ ဖုန်းနံပါတ်များကို ရုံးချိန် အတွင်း မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

09795398471, 09777322651

ကိုယ်ကျန်းမာ စိတ်ချမ်းသာ လိုအင်ဆန္ဒပြည့်ဝကြပါစေ။🙏🙏🙏

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon