SMART LIFE Insurance
AIA Myanmar ရဲ့ အာမခံအကြံပေးတစ်ဦးဖြစ်ပါတယ်။
ကျန်းမာရေးနှင့်အသက်အာမခံများကြောင်းကိုလွတ်လပ်စွာမေးမြန်းတိုင်ပင်ကာဝယ်ယူနိုင်ပါတယ်။
31/03/2026
အာမခံအကာအကွယ်နဲ့ပတ်သက်ပြီး ရှင်းလင်းတိကျစွာ နားလည်သဘောပေါက်ခြင်းဟာ သင့်အနာဂတ်အတွက် ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ အထောက်အကူဖြစ်စေပါတယ်။
သင့်အာမခံပေါ်လစီ ဖွဲ့စည်းပုံ၊ လုပ်ဆောင်ပုံ နဲ့ အကာအကွယ် စတဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍများကို နားလည်သဘောပေါက်ခြင်းဟာ သင့် ရေရှည်အစီအစဉ်များနဲ့ အနာဂတ်ဆိုင်ရာ ဆုံးဖြတ်ချက်များကို ယုံကြည်မှုအပြည့်နဲ့ ချမှတ်နိုင်မှာ ဖြစ်ပါတယ်။
အာမခံအကာအကွယ်ဟာ သင့်ဘဝကို ဘယ်လိုအခန်းကဏ္ဍတစ်ခုချင်းစီကနေ ပံ့ပိုးပေးနေပါသလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။
31/03/2026
AIA Myanmar ဝက်ဘ်ဆိုက်ဒ်မှာ အွန်လိုင်းပရီမီယံကြေး ပေးသွင်းနိုင်ပါပြီ
မှတ်ချက် - အသုံးပြုမဲ့ MPU ကတ်ဟာ MPU E-commerce Service အသုံးပြုခွင့် ရရှိပြီးသားဖြစ်ရန် လိုအပ်ပါတယ်။
13/03/2026
ကျန်းမာရေးအာမခံဆိုတာနဲ့ ဆေးရုံတက်တာတွေရောဂါဖြစ်တာတွေချည်းပဲပြေးမမြင်ကြနဲ့အုံး
Emergency Accident မတော်တဆထိခိုက်ဒဏ်ရာရလို့ ဆေးခန်းပြရတာမျိုးလဲ Claim လို့ရပါတယ်
👇👇👇👇
လက်တခါးညပ်လို့ဆေးခန်းပြရတဲ့ claim
09/03/2026
Insurance Policy တစ်စောင်တင်ပေးလိုက်ရင် Medical Underwriting Team ဆီက ပြန်မရချင်ဆုံး Reply mail.
ကိုယ်ကကိုယ်ရှင်းပြပေးတဲ့သူတိုင်းကို fully cover ရစေချင်တဲ့သူ.
ကိုယ်ဘယ်လောက်ပဲရစေချင်ချင် စာချုပ်စာတမ်းတွေနဲ့ တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ တရားဝင်လုပ်ကိုင်နေကြတဲ့သူတွေမို့ မမှန်မကန်ပြုမူပြောဆိုမှုတွေကိုလည်း လုပ်ပေးလို့မရပါဘူး
အာမခံထားမဲ့သူဘက်လည်း ကိုယ်ရဲ့ကျန်းမာရေးအခြေအနေကို အမှန်အတိုင်းပြောဖို့လဲဲလိုပါတယ်
မှန်ကန်တဲ့အချက်အလက်တွေတင်ပြထားမှသာ တကယ် Claim တဲ့အချိန်မှာ ရသင့်ရထိုက်တဲ့ ရပိုင်ခွင့်တွေကိုအပြည့်အဝရမှာပါ
နဂိုရှိရင်းစွဲကျန်းမာရေးအခြေအနေရဲ့အတိမ်အနက်ပေါ်မူတည်ပြီး ကုမ္ပဏီဘက်ကလက်ခံပေးလို့မရနိုင်တော့တဲ့အခြေအနေတွေရှိတာကလည်း အာမခံရဲ့သဘောတရားပါပဲ
⛑️⛑️⛑️⛑️
ကျန်းမာနေစဉ်ကတည်းက အကာအကွယ်တွေကြိုစီစဉ်ထားမှ မကျန်းမာတဲ့အခါကုန်ကျလာနိုင်မဲ့စရိတ်တွေကိုအာမခံကုမ္ပဏီက စိုက်ထုတ်ပေးမှာပါ
ဒါကြောင့်အာမခံရဲ့အကာအကွယ်ယူဖို့နောက်မကျစေချင်ပါ
04/03/2026
AIA KHIT Office ဝန်ကြီးများရုံးမှာ AIAကစီစဉ်တဲ့ Business English Class လဲတက်
21/02/2026
ထိုင်းနိုင်ငံ Phyathai Phaholyothin ဆေးရုံကြီးမှာ AIA Member များအတွက် အထူးသီးသန့် Exclusive Medical Checkup Package ရှိတယ်နော်
Bath -7500 နဲ့ Bangkok က International Hospital မှာ full package ဆေးစစ်လို့ရမှာမို့အရမ်းတန်
Bangkok ကခုစိတ်ကူးခုထသွားလို့တောင်ရတဲ့နေရာမို့ အပျော်ခရီးပဲသွားသွား အလုပ်ကိစ္စပဲသွားသွား ဆေးစစ်ဖို့ပဲသွားသွား လမ်းကြုံသွားရင်းနဲ့ဆေးစစ်လို့ရတယ်
AIA ရဲ့ Member ဖြစ်ရုံနဲ့ ဒီ Exclusive Package ကိုရမှာမို့ AIAရဲ့ insurance နဲ့အကာအကွယ်ယူရင်း member benefits တွေရယူနိုင်ပါတယ်
လွတ်လပ်စွာတိုင်ပင်နိုင်ပါတယ်
Su Nanda Aung
Financial Services Consultant
AIA Myanmar
09-975353239
[email protected]
16/02/2026
ငယ်ငယ်ကကိုယ့်အဖိုးအဖွားတွေဆီ သူတို့နဲ့ရွယ်တူမိတ်ဆွေတွေလာလည်ရင် ပြောကြတာ “တို့အိုလာကြပြီ နာကြရ သေကြရမယ်” သံဝေဂစကားတွေအမြဲကြားနေရတာ……..
အဲ့ဒီအချိန်တွေကတော့ လူဆိုတာအသက်ကြီးမှ နာမကျန်းဖြစ်ကြတာလို့ပဲထင်ထားခဲ့တာ
တကယ်တော့ မအိုခင်နာကြရသေကြရတာတွေလည်းရှိတာပဲဆိုတာကို ကိုယ်အရမ်းချစ်ရတဲ့သူငယ်ချင်းက အသက် ၂၀ကျော်ရုံလေးမှာပဲပြသွားခဲ့တာ 🥺🥹🥹
သင်္ခါရတရားတွေဘယ်လောက်ပဲနားလည်ပါတယ်ပြောပြော လူတိုင်းကအိုမှာနာမှာသေမှာ ကြောက်ကြတာများတာပါပဲ😔😔
အိုမှာသေမှာထက်စာရင် နာတာရှည်ရောဂါတွေကြောင့် ကိုယ့်ခန္တာဝန်ကိုယ်မယူနိုင်မှာကိုပိုကြောက်ကြမှာအမှန်ပဲ မိသားစုကိုလည်းဒုက္ခမပေးချင်ကြတာပါမှပေါ့……
အဲ့ဒီတော့ရောဂါတစ်ခုခုဖြစ်လာရင်ဆေးကုရမယ် ကုသမှုတစ်ခုခုရှိမှ ကောင်းမွန်တဲ့နေထိုင်မှု (တပါးသူအပေါ်အမှီအခိုအနည်းဆုံးနေထိုင်မှုလို့ပြောရမလား) ကိုရမယ် ကိုယ်နေထိုင်ကောင်းမှ မိသားစုလည်းစိတ်အေးရမယ်
ဆိုတော့ဆေးကုဖို့ဆိုတာအရေးအကြီးဆုံးက ငွေ… ငွေ … ငွေ … ငွေကအရေးအကြီးဆုံးနော်
ကျန်းမာခြင်း၊ မိသားစု၊ ပျော်ရွှင်မှု၊ ငွေ အားလုံးကဆက်စပ်နေတာနော် Balance တစ်ခုအောက်သွားတာနဲ့ အရာအားလုံးပြိုလဲသွားနိုင်တယ်
သိထားပြီးသား တွေးထားပြီးသားဖြစ်မှာပေမဲ့ မေ့နေကြမှာစိုးလို့သတိပေးတာပါ
ရောဂါတွေအများကြီးထဲမှာမှ ပြင်းထန်ရောဂါကြီးတွေဖြစ်လာခဲ့ရင် ငွေကုန်ကြေးကျများတဲ့ ကုသမှုတွေကိုလုပ်ရမှာဖြစ်ပြီး ကာလကြာရှည်တဲ့ကုသမှုတွေကိုလည်းလုပ်ရနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ပြီး ငွေကြေးဆိုင်ရာအကာအကွယ်တွေ စီစဉ်ထားဖို့လိုတယ်
ဘဏ်မှာငွေစုတာတွေ ရွေစုတာတွေ ရင်းနှီးမြုပ်နှံတာတွေအပြင် အာမခံအကာအ ကွယ်တွေယူထားလို့လဲရတယ် ………
နိုင်ငံတကာမှာလဲ လူတိုင်းနီးပါးကအာမခံအကာအကွယ်တွေရှိကြတယ် တာဝန်ယူမှုတာဝန်ခံမှုတွေနဲ့တရားဝင်လုပ်ကိုင်နေကြတဲ့အဖွဲ့အစည်းတွေဖြစ်ပြီး ရပ်တည်လာကြတဲ့သက်တမ်းတွေလဲနှစ်ပေါင်းရာချီနေပြီ
🔔 အာမခံမရှိတာနဲ့ရှိတာဘာကွာလဲ ??
👉 ကုသမှုကုန်ကျစရိတ်တွေအားလုံးကိုယ်တိုင်ပေးရမှာ နဲ့ ကုန်ကျစရိတ်တချို့တစ် ဝက်ကို အာမခံကုမ္ပဏီကစိုက်ပေးမှာနဲ့ကွာတယ်
👉 ခေတ်ကြီးကပြောင်းလာပြီ ခေတ်ဟောင်းကအတွေးတွေလဲပြောင်းတော့နော်
👉 ကိုယ်ကိုယ်တိုင်ကြီးပဲ Risk တွေအကုန်မယူနဲ့တော့ အာမခံကုမ္ပဏီကိုလဲကိုယ် Risk ကိုမျှခံခိုင်း
☔️☔️☔️
ပြင်းထန်ရောဂါကုသမှုကြောင့်ကုန်ကျစရိတ်တွေကိုစိတ်ပူတယ်ဆိုရင် AIA Critical Illness Care အကြောင်းလေးဖတ်ကြည့်ပါ လေ့လာထားအမှားမရှိပါဘူး
⛑️ AIA Critical Care Insurance ⛑️
🍀 ဒီအာမခံက ကနဦးအဆင့်ပြင်းထန်ရောဂါ (၁၂)မျိုး နဲ့ အကြီးစားအဆင့်ပြင်းထန်ရောဂါ (၂၇)မျိုး စုစုပေါင်းပြင်းထန်ရောဂါကြီး (၃၉)မျိုး အတွက်အကာအကွယ်ပေးတယ်
🍀 အာမခံထားနိုင်တဲ့ အသက်က (၁ လသား) ကနေ (၆၅ နှစ်)အတွင်းထား ပြီး အသက် (၇၀ နှစ်)အထိနှစ်စဉ်သက်တမ်းတိုးသွားနိုင်တယ်
🍀 အာမခံထားငွေပမာဏက (၁၀၀)သိန်းကစလို့ ကိုယ့်စိတ်ကြိုက်ပမာဏအထိထားလို့ရတယ်
🍀အသက်အရွယ်ပေါ်မူတည်ပြီး Premium ကြေးကိုကောက်ခံတာမို့ တန်ဖိုးသင့်တဲ့နှုန်းထားနဲ့ အကာအကွယ်ကိုရရှိနိုင်တယ်
🍀 ကျား/မ/အသက်အရွယ်/ဆေးလိပ်သောက်ခြင်း/မသောက်ခြင်း တွေပေါ်မူတည်ပြီး အာမခံကြေးတွေမတူနိုင်ပါ
🍀 ပြည်တွင်းမှာနေမှမဟုတ်ဘူးပြည်ပရောက်သွားရင်လဲအကာအကွယ်ကဆက်ရနေမှာမို့ Worldwide Coverage
🍀 AIA ကပေးတဲ့ Member Benefits တွေအပြင် AIAနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကပေးတဲ့ အပိုဆောင်းအကျိုးခံစားခွင့်တွေလဲရအုံးမှာ
ဘယ်လိုဝယ်လို့ရမှာလဲ ❓❓
🔺 အလုံးစုံကျန်းမာရေးအာမခံ One Health Solution (Plan 3 နှင့်အထက် )(သို့မဟုတ်) တသက်တာရွေးချယ်အသက်အာမခံ Universal Life အာမခံထားငွေ (သိန်း၅၀၀ နှင့်အထက်) တို့နဲ့တွဲပြီး တွဲဖက်အကာအကွယ်အနေနဲ့ယူနိုင်သလို
🔺 သီးသန့်အကာအကွယ်အနေနဲ့ Critical Illness Cover ပဲထားချင်တာဆိုရင်လဲရတယ်
ဘာတွေရမှာလည်း ❓❓
🔹ကနဦးအဆင့်ပြင်းထန်ရောဂါ (၁၂)မျိုး - အာမခံထားငွေရဲ့ ၂၅%ကိုထုတ်ပေးမယ်
(နှလုံးသွေးကြောချဲ့ကုသမှုဆိုရင် အာမခံထားငွေရဲ့ ၁၀%)
🔹အကြီးစားပြင်းထန်ရောဂါ (၂၇)မျိုး - အာမခံထားငွေရဲ့ ၁၀၀% ကိုထုတ်ပေးမယ်
(အသေးစိတ်ကိုယ်တော့အာမခံအကြံပေးတွေနဲ့ဆွေးနွေးပါ)
🔹အာမခံတိုင်းမှာ စောင့်ကြည့်ကာလတွေရှိတော့ ရက်(၉၀)နောက်ပိုင်းဖြစ်တဲ့ရောဂါတွေအပေါ်မှာပဲပေးမှာဆိုတာသတိချပ်စေချင်ပါတယ်
🔹 ရောဂါ(၃၉)မျိုးထဲကတစ်ခုခုဖြစ်လို့ကုသပြီးရင်လဲ အသက်ရှင်ရမဲ့ကာလ (၇ ရက်)ရှိရမယ်နော်
ကိုယ်သိချင်တာတွေ ကိုယ့်အတွက်ဘယ်အာမခံနဲ့သင့်တော်မယ်ဆိုတာကို အာမခံအကြံပေးသူတွေနဲ့တိုင်ပင်ပါ ☎️
အာမခံအကြံပေးတွေက ရှင်းပြပြောပြဖို့အဆင်သင့်ရှိနေကြပါတယ်
လွတ်လပ်စွာတိုင်ပင်နိုင်ပါတယ်
Su Nanda Aung
Financial Services Consultant
AIA Myanmar
09-975353239
[email protected]
ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ကူးအခါသမယဖြစ်ပါစေကြောင်းဆုမွန်ကောင်းတောင်းပါတယ်
15/02/2026
ကမ္ဘာကြီးကရွာကြီးဖြစ်လာတယ်ဆိုတာတကယ်ပဲနော်
နည်းပညာတွေထွန်းကားလာတာနဲ့အမျှ သူများတိုင်းပြည်တွေမှာ ဘာတွေဖြစ်နေလဲဆိုတာ ကိုယ့်တိုင်းပြည်ကသိရ ကိုယ့်တိုင်းပြည်မှာဘာတွေဖြစ်နေတယ်ဆိုတာလည်းသူများတိုင်းပြည်တွေကသိရနဲ့ 👩💻
ရွာတာင်ပိုင်းကသာအေးတို့လင်မယားစကားများတာကို ရွာနောက်ပိုင်းကဒေါ်စပ်စုကသိချင်ရင်တောင်သွားနားထောင်ရအုံးမှာ ……
ခုများလိုင်းပေါ်မှာတင်နားထောင်လို့ရသိရကြားရစပ်စုရ 😛
သူများအကြောင်းတွေလဲစပ်စု ကိုယ့်အတွက်အကျိုးရှိနိုင်တာလေးတွေလဲလေ့လာ
Facebook Post တွေနော် တက်လာလိုက်တာတွေ ကိုယ်လိုက်ရှာစရာကိုမလိုဘူး စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍပေါင်းစုံ
ရောဂါတွေဆိုလည်းစုံလို့ ငယ်ငယ်ရွယ်ရွယ်လေးတွေနဲ့ဆုံးပါးသွားကြတာ၊ ဆေးကုသမှုခံယူနေကြရတာ မမြင်ချင်မကြားချင်ပဲမြင်နေရတာ စိတ်မကောင်းစရာ
တချို့ဆိုကုသစရိတ်တွေများလွန်းလို့ online မှာအလှူခံကြရသေးတာ…..
ကိုယ်ချင်းစာကြည့်လို့ရပါတယ် သူတို့လဲဘယ်လုပ်ချင်ကြမှာလဲ မတတ်သာလွန်းလို့ဖြစ်မှာပါ……… 😔😔
တကယ့်အမှန်အကန်သာဆိုကူညီပေးချင်ပါရဲ့…..စိတ်ပဲရှိတာပါ……. လက်တွေ့မှာတော့အားလုံးကိုငွေကြေးအကူအညီတွေဘယ်ပေးနိုင်မှာလဲ…..
အခြားသူတွေလဲကူညီလိုစိတ်တွေရှိကြမှာပါ….. လူတိုင်းကကိုယ့်ဘဝဇာတ်ခုံပေါ်မှာကိုယ်တိုင်ရုန်းကန်လှုပ်ရှားနေကြရသူတွေမို့…….. ကူညီချင်သလောက်ပြည့်ပြည့်ဝဝဘယ်ကူနိုင်ကြပါ့မလဲ
အသက်ငယ်ငယ်လေးတွေဆုံးပါးသွားတယ်ဆိုကြည့်လိုက်အများစုကကင်ဆာ……
ကိုယ်ကိုတိုင်မဖြစ်ချင်သလို ကိုယ်ချစ်တဲ့မိသားစုဝင်တွေကိုလဲမဖြစ်စေချင်ကြတဲ့ရောဂါ…..
ကမ္ဘာတစ်ဝှမ်းအသက်ဆုံးမှုများရဲ့ဒုတိယမြောက်အကြောင်းရင်း…..
လေ့လာမှုကိန်းဂဏန်းတွေအရကမ္ဘာတစ်ဝှမ်းမှာ
👉 လူ(၅)ယောက်မှာ (၁)ယောက်ထက်ပိုတဲ့နှုန်းနဲ့ဖြစ်နေတယ်
👉 နှစ်စဉ်တစ်နှစ်ကို လူ(၁၀)သန်းလောက်အသက်ဆုံးနေတယ်
👉 ဝင်ငွေနည်းတဲ့နိုင်ငံတွေမှာ သေဆုံးမှုနှုန်းက (၇၀%)လောက်ရှိတယ်
👉 ကုသစရိတ်တွေကအနည်းဆုံးသိန်းရာဂဏန်းအထက်မှာ
အစားအေသာက်အနေအထိုင်သတိနဲ့ဆင်ခြင်ပြီးနေရင်တောင် ဖြစ်နိင်တဲ့အကြောင်းရင်းတွေက အများကြီးရှိတာကြောင့် မထင်မှတ်ဘဲဖြစ်ခဲ့ရင်ထိရောက်တဲ့ကုသမှုတွေပြုလုပ်နိုင်ဖို့လုံလောက်တဲ့ ငွေကြေးစီမံမှုတွေလုပ်ထားဖို့လိုတယ်…….
ဒါမှကိုယ်ကိုတိုင်အတွက်ကော မိသားစုအတွက်ပါ ကြီးမားတဲ့ဝန်ထုတ်ဝန်ပိုးတွေမဖြစ်စေမှာ…..
အကယ်၍များ မထင်မှတ်ဘဲဖြစ်လာခဲ့ရင်ဘယ်လိုလုပ်မလဲ ဆိုတာလေးတွေးမိရင် ကုသစရိတ်တွေကြောင့်ဖြစ်လာနိုင်တဲ့ပူပန်မှုကိုလျော့ကျစေဖို့ အာမခံထားခြင်းနဲ့ ငွေကြေးကိုစီမံနိုင်တယ်ဆိုတာသတိရစေချင်တယ်…..
သိထားလေ့လာထားလို့အကျိုးမယုတ်နိုင်တာမို့ AIA Cancer Care Insurance
အကြောင်းဆက်ဖတ်ဖို့တိုက်တွန်းလိုက်ပါတယ်…..
⛑️ AIA Cancer Care Insurance ⛑️
⚠️ ဘယ်သူတွေဝယ်လို့ရမှာလဲ❓❓
🔺အသက် (၃၀ ရက်သား) ကနေ (၆၃ နှစ်) အတွင်းမှာ ဝယ်လို့ရပီး (၆၅ နှစ်) အထိသက်တမ်းတိုးနိုင်တယ်
🔺အာမခံထားငွေ (သိန်း ၁၀၀) ကနေစပြီးထားလို့ရတယ် (ကုသမဲ့ကုန်ကျစရိတ်တွေကိုလေ့လာ လုံလောက်နိုင်မဲ့ပမာဏနဲ့ ကိုယ့်ဝင်ငွေနဲ့ချိန်ပီးထား)
🔺နှစ်စဉ်သက်တမ်းတိုးနိုင်ပြီး ရောက်တဲ့အသက်အလိုက် အာမခံကြေးတွေကတော့ ပြောင်းသွားမယ်
🔺အသက်အရွယ်/အာမခံထားမဲ့ပမာဏ/ ရှိရင်းစွဲကျန်းမာရေးအခြေအနေတွေပေါ်မူတည်ပြီးဆေးစစ်ရတာမျိုးတွေရှိနိုင်တယ်
⚠️ ဘယ်အချိန်မှာ ပြန် Claim လို့ရမှာလဲ❓❓
🔺Stage 3 နှင့်အထက် - အန္တရာယ်ရှိသောသွေးကင်ဆာ၊ အန္တရာယ်ရှိသောအရည်ပြားကင်ဆာ
🔺Stage 2 နှင့်အထက် - ဆီးကျိတ်ကင်ဆာ၊ ဆီးအိတ်ကင်ဆာ၊ သိုင်းရိုက်ကင်ဆာ
🔺Stage 1 နှင့်အထက် - ကင်ဆာအားလုံး
🔺Waiting Period ရက် ၉၀ နောက်ပိုင်း မှာရောဂါဖြစ်ပြီးဆရာဝန်ကကင်ဆာ Stage သတ်မှတ်ပေးလိုက်တာနဲ့ ကိုယ်ထားထားတဲ့အာမခံပမာဏရဲ့ ၁၀၀ % ကို တလုံးတခဲတည်းထုတ်ပေးလိုက်မှာပါ
⚠️ ဘယ်လိုဝယ်လို့ရမှာလဲ❓❓
🔹Cancer Care အာမခံတစ်ခုထဲသီးသန့်တော့ဝယ်လို့မရသေးဘူး Base Policy (AIA One Health Solutionကျန်းမာရေးအလုံးစုံအာမခံ (သို့) AIA Universal Life တသက်တာရွေးချယ်အသက်အာမခံ )နဲ့တွဲပြီးမှဝယ်ရမှာ (Base Policy ကမုန့်ဟင်းခါးဆို Cancer Care က ဘူးသီးကြော်…. မုန့်ဟင်းခါးစားရင်းဘူးသီးကြော်လေးထပ် ထည့်တဲ့သဘော) စားချင်သွားပြီလား 🤭🤭🤭
🔹အရင် Base Policy ရှိထားပြီးသူတွေလဲ Cancer Care ကိုထပ်ဝယ်လို့ရတယ်အကာအကွယ်အပြည့်ရအောင်စီမံထားလို့တာပေါ့
🍀 🍀 အခြားရနိုင်တဲ့ Bnefits တွေအနေနဲ့ AIA ရဲ့ Member ဖြစ်တာနဲ့ ဆေးရုံတွေ၊ သင်တန်းကျောင်းတွေ၊ Fitness Center တွေမှာ discount ရတာတွေကတော့အများကြီးရှိပါသေးတယ်
👉 နောက်အထပ်ထပ်ပြောဖြစ်နေတဲ့ အာမခံသဘောတရားတွေဖြစ်တဲ့
❗️အသက်ငယ်တုံး/ ကျန်းမာတုံး / ငွေရှာနိုင်တုံး အာမခံထားဖို့ အကြံပြုပါတယ်
(ဝယ်ချင်ရင်တောင် ဝယ်လို့မရတဲ့သူတွေရှိတာကြောင့်ပါ)
❗️ဘယ်အာမခံကုမ္ပဏီမှာဘာအာမခံတွေရှိတယ်ဆိုတာလေ့လာထားဖို့လဲလိုတယ်
(ကိုယ်နဲ့သင့်တော်တာ ကိုယ်တကယ်လိုအပ်တဲ့အာမခံအမျိုးအစားရွေးချယ်နိုင်ဖို့ပါ)
❗️အာမခံအကြံပေးနေသူတွေကိုသိချင်တာတွေကိုပွင့်ပွင့်လင်းလင်းမေးပါ
(အားမနာပါနဲ့ ရနိုင်တာမရနိုင်တာ သိသင့်တာတွေအားရှင်းရှင်းလင်းလင်းသိထားဖို့လိုပါတယ်)
သိချင်တာတွေကို လွတ်လပ်စွာမေးနိုင်ပါတယ်
Su Nanda Aung
Financial Services Consultant
AIA Myanmar
☎️ 09975353239 (Phone/ Viber/ WhatsApp)
📧 [email protected]
Review the success of 2025 and Prepare for 2026
Click here to claim your Sponsored Listing.