Maga Flash Delivery Service - MFDS

Maga Flash Delivery Service - MFDS

Share

နေပူပူ မိုးရွာရွာ ယုံကြည်စွာနဲ့
ဘာပဲပို့ပို့ MFDS နဲ့ပို့

11/12/2025

"ငွေမမြုပ်စေမယ့် ငွေပြန်အမ်းစနစ် (Fast Cash Flow)"

ပစ္စည်းတွေ ရောင်းရတာတော့ ဟုတ်ပါရဲ့...
ပစ္စည်းဖိုးက Deli လက်ထဲမှာ အကြာကြီးအိပ်နေလို့ ဆိုင်မှာ ငွေမလည်တော့ဘူး ဖြစ်နေပြီလား? 📉
Start-up အချင်းချင်းမို့ Online Shop တွေရဲ့ အခက်အခဲကို [Maga Flash] က အသိဆုံးပါ။
ဒါကြောင့် ကျွန်တော်တို့ဆီမှာ အပ်ရင်...
💰 Quick Transfer: ပစ္စည်းပို့ပြီးတာနဲ့ ငွေပြန်လွှဲပေးဖို့ ကြာချိန်မဆွဲပါဘူး။ (သတ်မှတ်ချိန် ၂၄ နာရီ/ ၄၈ နာရီ အတွင်း)
📝 Transparent: စာရင်းဇယား အတိအကျနဲ့ ငွေလွှဲ Screenshot ကို Chat Box မှာ ချက်ချင်းပို့ပေးပါတယ်။
ငွေအရင်းအနှီး မြန်မြန်ပြန်လည်မှ စီးပွားရေးက တိုးတက်မှာမလား။
မိတ်ဆွေတို့ရဲ့ ငွေကြေးစီးဆင်းမှု မြန်ဆန်စေဖို့ ကျွန်တော်တို့ တာဝန်ယူပါရစေ။ 🚀
ဒါကြောင့် စိတ်ချယုံကြည်စွာ Maga Flash နဲ့ အပ်နှံပါ။

09/12/2025

App တွေနဲ့ အော်ဒါတင်ရတာ ရှုပ်နေလား? စာလေးတစ်စောင်ပို့ပြီး ပေါ့ပေါ့ပါးပါး ပို့ဆောင်လိုက်ပါ 💌📦

Order တွေတက်လို့ ပျော်ရမလိုလိုနဲ့၊ ပါဆယ်အပ်ဖို့ App ထဲဝင်ရတာနဲ့တင် အချိန်ကုန် လူပန်း ဖြစ်နေပြီလား? 😮‍💨
တစ်ဖက်မှာ Customer တွေက "Reply ပြန်ပါဦး" လို့ ပြောနေချိန်၊ ကိုယ်က Delivery App ထဲမှာ Location ရှာမတွေ့လို့ ဒုက္ခရောက်နေရတဲ့ အဖြစ်မျိုး... (ကိုယ်ချင်းစာပါတယ်) 🫂
ဒါကြောင့် မိတ်ဆွေတို့ရဲ့ အဖိုးတန်တဲ့ အချိန်တွေကို App တွေထဲမှာ မကုန်ဆုံးစေချင်ပါဘူး။
[Maga Flash] မှာတော့...
Messenger ကိုလာပါ။
ပို့ရမယ့် လိပ်စာနဲ့ ဖုန်းနံပါတ်ကို ပေးပါ။
ကျန်တာ Admin တာဝန်ထား၊ ကာကာတို့က Order တွေပဲ အရယူလိုက်တော့။ 😉
📲 နည်းပညာတွေ ဘယ်လောက်တိုးတက်တိုးတက်၊ လူချင်းပြောပြီး လုပ်ရတာလောက် စိတ်ချရတာ မရှိဘူးလေ... ဟုတ်တယ်မလား?
Online Shop လုပ်ရတာ ပင်ပန်းပါတယ်၊ Delivery ကိစ္စပါ ထပ်ပြီး ခေါင်းမစားပါနဲ့တော့။
ကျွန်တော်တို့ဆီသာ လှမ်းခဲ့လိုက်ပါ။ 🚀

08/09/2025

ဟုတ်ကဲ့ ရောက်တော့မယ်နော် နဲ့ ဘယ်ပျောက်သွားမှန်းမသိဘူး
ကျိန်းသေတာကတော့ ကျွန်တော်တို့ MFDS မဟုတ်ဘူး

#ဘာပဲပို့ပို့_maga_flash_နဲ့_ပို့

07/09/2025

မြန်မာနိုင်ငံ မှာ ရန်ကုန်မြို့ကို စီးပွားရေးမြို့တော်လို့ သတ်မှတ်ထားပါတယ်။မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့တော်တစ်ခုလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လူဉီးရေ အထူထပ်ဆုံးမြို့တော်လည်းဖြစ်ပြီး စီးပွားရေးလုပ်ငန်း အများဆုံးတည်ရှိနေတဲ့ မြို့လည်းဖြစ်ပါတယ်။
ရန်ကုန်မြို့မှာတော့ မြို့နယ်ပေါင်း (၄၅)ခုရှိတယ်လို့သတ်မှတ်ထားပြီး ရန်ကုန်မြို့တွင်း မြို့နယ်(၃၃)ခုရှိပါတယ်။
ရန်ကုန်မြို့ရဲ့ မြို့နယ်တွေကို ခွဲခြားသတ်မှတ်ထားပုံကိုတော့

-မြောက်ပိုင်းခရိုင် မြို့နယ်များ
၁.အင်းစိန်
၂.လှိုင်သာယာ
၃.မင်္ဂလာဒုံ
၄.ရွှေပြည်သာ
၅.လှည်းကူး
၆.မှော်ဘီ
၇.တိုက်ကြီး

-အရှေ့ပိုင်းခရိုင် မြို့နယ်များ
၈.မြောက်ဒဂုံ
၉.တောင်ဒဂုံ
၁၀.အရှေ့ဒဂုံ
၁၁.သင်္ဃန်းကျွန်း
၁၂.ရန်ကင်း
၁၃.သာကေတ
၁၄.ဒေါပုံ
၁၅.တောင်ဥက္ကလာ
၁၆.မြောက်ဥက္ကလာ
၁၇.ဒဂုံဆိပ်ကမ်း

-တောင်ပိုင်းခရိုင်မြို့နယ်များ
၁၈.ဗိုလ်တထောင်
၁၉.ပုစွန်တောင်
၂၀.မင်္ဂလာတောင်ညွန့်
၂၁.ဗဟန်း
၂၂.ကျောက်တံတား
၂၃.ပန်းဘဲတန်း
၂၄.လမ်းမတော်
၂၅.လသာ
၂၆.အလုံ
၂၇.ကြည့်မြင်တိုင်
၂၈.စမ်းချောင်း
၂၉.ဒဂုံ
၃၀.ကမာရွတ်
၃၁.လှိုင်
၃၂.မရမ်းကုန်း
၃၃.ဒလ

ရန်ကုန်မြို့ပြင်မြို့နယ်များကိုတော့
၃၄.တွံတေး
၃၅.ကော့မှုး
၃၆.ကွမ်းခြံကုန်း
၃၇.ကျောက်တန်း
၃၈.သန်လျင်
၃၉.သုံးခွ
၄၀.ခရမ်း
၄၁.ထန်းတပင်
၄၂.တိုက်ကြီး
၄၃.မှော်ဘီ
၄၄.လှည်းကူး
၄၅.ကိုကိုးကျွန်း တို့ပဲဖြစ်ပါတယ် ။

ဘယ်မြို့နယ်သူတွေက ပိုချောတာလဲ ?

05/09/2025

✨အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။✨
---------------------------------
ကျွန်တော်တိုရဲ့ Maga Flash delivery service မှ ပထမဦးစွာ နှုတ်ခွန်းဆက်သ လိုက်ပါတယ်ခင်ဗျ။🙏

📦ကျွန်တော်တို့ Maga Flash delivery service အနေဖြင့် လူကြီးမင်းတိုရဲ့ ကုန်ပစ္စည်းများကို ဝယ်ယူသူ(customer)တွေထံ အချိန်မှန်၊လွယ်ကူ အဆင်ပြေ ချောမွေ့စွာဖြင့် ပိုဆောင်ပေးမှာဖြစ်ပါတယ်။

✨ကျွန်တော်တိုရဲ့ ရည်ရွယ်ချက်ကတော့ လူကြီးမင်းတို့ စီးပွားရေးလုပ်ငန်းရဲ့ အားကိုးယုံကြည်ရတဲ့ Delivery service လုပ်ငန်းတစ်ခု ဖြစ်ပေါ်လာဖိုဖြစ်ပြီး၊ လူကြီးမင်းတိုရဲ့ ဝယ်ယူသူ (customer) များ ဆီသို့ အဖိုးအခ သက်သာစွာ နှင့် စိတ်ချယုံကြည်စွာ အချိန်မှီ ပိုဆောင်ပေးနိုင်ရန်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် လူကြီးမင်းတိုရဲ့ စီးပွားရေးလုပ်ငန်း ပိုမိုတိုးတက်အောင်မြင်လာစေရန်အတွက် ကျွန်တော်တို့ Maga Flash delivery sevrvice မှ ကူညီဆောင်ရွက်ပေးပါရစေခင်ဗျာ။💪

လူကြီးမင်းတို့ရဲ့စီးပွားရေးလုပ်ငန်းတွေအတွက် Maga Flash ကို သတိရလိုက်နော်..။

အသေးစိတ် စုံစမ်းမေမြန်းလိုသူများအတွက် Tele ph no 959755357343 သို့မဟုတ် Telegram ကို အခုပဲ ဟယ်လိုလုပ်ပြီး မေးမြန်းလိုက်တော့နော်..။

ဘာပဲပို့ပို့ Maga Flash နဲ့ ပို့ ။🏃‍♂️


#ဘာပဲပို့ပို့_Maga_Flash_နဲ့_ပို့
#မိတ်ဆက်

Want your business to be the top-listed Transport Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Myanmar/Yangon/East Dagon
Yangon
11421