Be with Re

Be with Re

Share

🎬 For Business Contact - [email protected] ☎️ 09 778814800 ( viber ) Burmese Beauty Blogger, Influencer ⭐️

Photos from Be with Re's post 15/04/2026

အားလုံးလည်း နှစ်သစ် အခါသမယမှာ Re ရဲ့ review တွေအများကြီးဖတ်နိုင်ပါစေ…
စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ လုပ်ကိုင်စီးပွါးတွေတိုးတက်ကြပါစေရှင်..💦🎉💜

ချစ်တဲ့
Your Fav Re

09/04/2026

အရမ်းမေးကြလို့ စမ်းပေးဖို့ တာဝန်ရှိသူမိမိ 🤭💕
Korea တွေအရမ်းကြောက်စရာကောင်းတယ်..
မသုံးမိကြစေနဲ့….
K Drama , Kpop , K Beauty အကုန်လုံး
အစလုပ်တာနဲ့ မဆုံးတော့ဘူး 🥹

Photos from Be with Re's post 05/04/2026

🌟 ဆံပင်တွေ တအားထူလာလို့ နောင်တရသွားသူတစ်ယောက်အကြောင်း 🤭
( Review ထက် ဖြစ်စဉ် routine တစ်ခုလုံးကိုသေချာပြောပြထားတာမို့ စာရှည်ပါမည်)

စတာတော့မဟုတ်ပါဘူး တကယ်ကို အုံထူပြီးသား ဆံသားအုံကြီးကပိုထူလာလို့ အထဲကနေ ဆံပင်အုံကိုပါးလိုက်ရတဲ့အထိပါပဲ..

ပြီးခဲ့တဲ့ နှစ်အကုန်နားလောက်မှာ stress / diet ကြောင့် Re ဆံပင်အရမ်းကျွတ်ခဲ့တယ်.. တစ်ခန်းလုံးဆံပင်တွေနေရာအနှံတွေ့ရတာ တကယ်ကို annoying ဖြစ်ရတာ မိန်းကလေးတွေဆို သိကြလိမ့်မယ်… ဒီနေရမှာ Re ရဲ့ ဆံပင် type ကိုပြောပြပေးမယ်…
Re ဆံသားက
- အဆီပြန်တယ်..
- အုံထူပြီး ဆံလုံးကြီးတယ်..
- ပုံမှန်ဆို အဆီပြန်နေရာကနေ ရုတ်တရက်ကြီးဗောက်ထလာပြီး ဆံပင်တွေလည်းကျွတ် ( တအား ) ခေါင်းတွေလည်းယား နဲ့ တော်တော်တိုင်ပတ်ခဲ့ တာ
Product မျိူးစုံလည်းRe လိုက်သုံးခဲ့တယ်..
shampoo တွေလည်းအမျိုးမျိုးပဲ.. Honest review ပြောရရင် Re သုံးနေကျ Growell shampoo တစ်ခုတည်းနဲ့ Re ဆံပင်ကိုမကယ်နိုင်တော့ဘူး.. နာမည်ကြီးတဲ့ selsun shampoo တွေလည်းကျမသူံးခဲ့ပါတယ်နော်.. ဦးရေပြားကပိုအဆီပြန်သွားတဲ့အပြင် ဗောက်လည်းမပျောက် ဆံသားပါကြမ်းသွားလို့ သူ့ကိုရပ်လိုက်ရတယ်.. အဲ့လို ပြောလို့ selsun မကောင်းတာလားဆိုမဟုတ်ဘူးနော်.. Re ပြသနာကသူနဲ့မကိုက်တာ…

ပုံမှန်ဆို Re ရဲ့ Hair routine က
Shampoo , hair mask သုံးပြီး ဆံသားအဖျားကို oil လိမ်းတယ်.. ဒါပဲ.. ဆံပင်ကအုံကောင်းတာရယ် အဆီပြန်တာရယ်ကြောင့် ကျန်တာတွေ re ကတော်ရုံမသုံးဖြစ်ဘူး.. dryer ကလည်း dyson ပဲသုံးဖြစ်လို့ heat spray တွေလည်း တစ်ခါတစ်လေမှသုံးဖြစ်တယ်…. ဆံပင်ကိုအရောင်တွေဆိုးတုန်းကတော့သေချာ care လုပ်ဖြစ်တာပေါ့…

အဲ့လို ဆံပင်အကောင်းကြီးကနေ ရုတ်တရက် ဗောက်တွေထ / ဆံပင်တွေက ကိုင်တာနဲ့ကိုကျွတ်ကျလာတာ/ အိပ်ယာပေါ်ဆိုလည်းဆံပင်တွေချည်းပဲ အဲ့လိုကျွတ်ပြီး ဗောက်တွေထနေလို့ ဦးရေပြားခြောက်နေတာလားဆိုတော့လည်း ဆံပင်ကဒီီနေ့လျှော် နောက်ရက်အဆီပြန်နေတုန်းပဲ.. ဆံသားကတော့ ခြောက်လာတာကို သတိထားမိတယ်..တော်တော်ကိုဦးနှောက်စားခဲ့တဲ့အချိန်ပါ..

အဲ့မှာ Re ဦးရေပြားကို scalp treatment အနေနဲ့
Exfoliate စလုပ်လိုက်တယ်.. Re ကတော့ ကိုယ့်ဘာသာလုပ်တာ.. ဆိုင်တွေမှာ scalp treatment လုပ်လို့ရတယ်.. အချိန်ပေးရတယ် စိတ်ရှည်ရတယ် .. Re ကသွားဖို့မအားလို့ အဲ့တလောကိုယ့်ဘာသာအိမ်မှာပဲ care လုပ်လိုက်တာ..

Shampoo ကို growell ကိုလုံးဝရပ်လိုက်ပြိး Kerastase ချည်းပဲပြန်သုံးတယ်.. အစကတည်းက တစ်လှည့်စီသုံးနေတာ growell က ဘက်ဂျက်ဖြစ်လို့.. ခေါင်းလျှော်ပြီးတာနဲ့ လေမမှုတ်ခင် ဦးရေပြားကို serum တစ်မျိုးမျိုးစသုံးတယ်.. ဦးရေပြားထဲကို serum စိမ့်ဝင်ပြီးခြောက်သွားပြီဆိုမှ လေမှုတ်တယ်.. ကျန်တာတော့ ပုံမှန် routine အတိုင်းပဲဆက်သုံးတယ်..
အဲ့ကနေ တစ်ဖြည်းဖြည်းနဲ့ ဆံပင်ကျွတ်တာ သက်သာပြီး ဗောက်မထတော့ဘဲနဲ့ ပုံမှန်အနေအထားကိုပြန်ရောက်လာတာ ကြားထဲမှာ ၃ လလောက်အချိန်ကြာခဲ့တယ်..

ဒီကြားထဲမှာ Re သုံးဖြစ်တဲ့အထဲက တကယ်ထိရောက်တယ်လို့ခံစားရတဲ့ scalp serum 3 မျိူးကို sharing လုပ်ပေးပါမယ်..

❤️ Kérastase Genesis Serum Anti-Chute Fortifiant

Kérastase က နာမည်လည်းကြီးသလို သူ့ product တော်တော်များများကိုလည်း Re ကြိုက်တယ်..
ဒီ serum ကအားသာချက်အနေနဲ့ လိမ်းရတာ အရမ်းလွယ်တယ်.. serum ဆိုပေမယ့် ရေလိုကျဲတဲ့ texture ကြောင့် ခေါင်းလျှော်ပြီးသူ့ကိုလိမ်းလည်း စေးကပ်တာတွေမဖြစ်စေဘူး.. သူ့ကြောင့်အဆီပြန်တာမျိူးမဖြစ်ဘူး.. လိမ်းလိုက်ရင်ဦးရေပြားအေးတယ်..
ဆံပင်အဖျားတွေမှာမသုံးရဘူး …သန့်တဲ့ဦးရေပြားပေါ်ကို တိုက်ရိုက် drop လေးတွေချပြီးသုံးပေးရတယ်.. ပြီးရင် fingers လေးတွေနဲ့ဖြစ်ဖြစ် applicator လေးနဲ့ဖြစ်ဖြစ် message လုပ်ပေးရင် ပိုကောင်းတယ်.. နေ့တိုင်းသုံးလို့ရပေမယ့် ခေါင်းမလျှော်တာရက်ကြာတာမျိူး ဦးရေပြား dirty ဖြစ်နေတဲ့ အခြေနေမျိူးမှာဆိုရင်တော့ သူ့ကိုမသုံးပါနဲ့…ဆံပင််ကျွတ်သက်သာတာ 1လကျော်မှာ စပြီး သိသာတယ်..
သူ့ရဲ့ အဓိကလုပ်ဆောင်ချက်တွေက
❤️ ဆံပင်ကျွတ်တာကို သက်သာစေတယ်
❤️ Hair Root ကိုအားဖြည့်ပေးလို့ ဆံသားတွေ ခိုင်ပြီးသန်မာစေတယ်
❤️ ဆံသားနူးညံ့လာစေပြီး ပြတ်ထွက်တာတွေလည်းသက်သာစေတယ်..
3 မျိုးထဲမှာ Re က သူ့ကို တစ်ပတ် ၄-၅ ကြိမ်သုံးဖြစ်လို့ အသုံးဖြစ်ဆုံး serum လို့ပြောရမယ်.. light လည်းအရမ်းဖြစ်လို့ နေ့တိူင်းသုံးရတာ အဆင်ပြေတယ်.. ( ကုန်တာတော့မြန် )

🌿 Mielle Rosemary Mint Scalp & Hair Strengthening Oil

Mille ကလည်း ဒီမှာတော်တော်များများသိကြပြီးသား brand ဖြစ်မယ်နော်.. သူ့ရဲ့ hair oil တွေက နာမည်ကြီးတယ်… အခု Re သုံးနေတဲ့ Hair oil က အသစ်ထွက်တဲ့ဟာပေါ့နော်.. လက်ဟောင်းဘူးက ပိုပြီး rich ဖြစ်တယ်.. ver အဟောင်းဘူးကိုတော့ သိပ်မကြိုက်ဘူး.. Re နဲ့ သိပ်အဆင်မပြေဘူး.. အခု ver အသစ်က Re တို့လို အဆီပြန်တဲ့ သူတွေ သုံးရတာအဆင်ပြေတယ်…သူ့မှာ Rosemary + biotin + mint ပါလို့ hair growth + scalp treatment effect ကိုရစေတယ်..
🌿 Rosemary က ဆံပင်ကိုသန်စေတယ်.. အားဖြည့်ပေးတယ်
🌱 Mint ကတော့ ဦးရေပြားအေးတယ် circulation ကိုအထောက်အပံ့ပေးတယ်
💊 Biotin က ဆံပင်ကို သန်စေပြီး ဆံသားအတွက်အရမ်းကောင်းတယ်.. အုံထူလာစေတယ်..
သူ့ကိုတော့ Re က ခေါင်းမလျှော်ခင် သုံးပေးတယ်..
2 ပတ် တစ်ခါလောက်ပဲ သုံးတယ်…
သူ့ကိုသုံးပြီး Re ရဲ့ Dry Scalp အဖြစ်လွန်လို့ oil balance မဖြစ်တာကြောင့်ဖြစ်တဲ့ ဗောက်ထတဲ့ ပြသနာတော်တော်လေးကိုသက်သာပြီး အခုဆို လုံးဝ clear ဖြစ်သွားတယ်.. အဖျား ၂ ခွသမားတွေလည်း ဒီ oil လေးသုံးကြည့် အဆင်ပြေနိုင်တယ်..
Mille hair oil ဘူးလေးကို ဒီလောက်ထိကောင်းမယ်မထင်ထားမိဘူး.. Re နဲ့တော့တော်တော်လေးအဆင်ပြေတယ်..

💉 Kérastase Cure Anti-Chute Ampoules

🫧 ဒါလေးကလေ ampoules ဆိုတဲ့ အတိုင်းပဲ serum တွေထက် အာနိသင်ပိုပြင်းတယ်.. ဆံပင်ကျွတ်တာဘာနဲ့မှမသက်သာဘူးဆို သူသာသုံးပေတော့ပဲ.. ဘူးသေးသေးလေးပေမယ့် တအားသိသာတယ်.. လူတိုင်းတော့မလိုလောက်ဘူး.. Covid တုန်းက ဆံပင်တွေတအားကျွတ်တော့ သူ့ကိုသူံးခဲ့တာ.. အခုဆံပင်ကျွတ်တော့လည်း နညိးနည်းပဲသူံးလိုက်ရတယ်.. ဆံပင်တွေထူလာလို့ရပ်ထားရတယ်..
နဂိုဆံပင်မသန်တဲ့သူ ပါးတဲ့သူတွေ သူ့ကိုသုံးကြည့်ပါ.. 8 weeks လောက်မှာ သိသိသာသာကို ဆံပင်ထူလာတာကိုခံစားမိလိမ့်မယ်.. hair root တွေကို တခြား serum တွေထက် ပိုပြီး deep treatment လုပ်ပေးတယ်.. ပါးတဲ့ဆံပင်ကိုတောင်ထူလာစေလို့ ဆံပင်ကျွတ်ရုံလောက်ဆိုရင်တော့ တော်တော်သိသာစေတဲ့ ampoule ပါ..
Re ကတော့အရေးပေါ်လောက်မှပဲထုတ်သုံးဖြစ်တဲ့ လက်နက်လို့ပြောရမယ်.. တော်ရုံဆို အပေါ်က serum တွေလောက်ပဲသုံးဖြစ်တယ်..

ဆံပင်ကျွတ်တယ်ဆိုတာကလေ
Stress
Diet
Sleep အဲ့တာတွေနဲ့လည်းတိုက်ရိုက်သက်ဆိုင်နေတာမို့ product တွေသုံးတာအပြင် ကိုယ့်ရဲ့ အစားအသောက်အနေထိုင်တွေကိုလည်း ပြန်လည်စီစစ်ဖို့လိုပါတယ်..
product တွေသူံးတဲ့အခါလည်း 1-2 weeks လောက်နဲ့ မသိသာပါဘူး.. အနည်းဆုံး 4-8 weeks အတွင်းမှာမှ သိသာလို့ စိတ်ရှည်ဖို့လိုပါတယ်နော်..

Re ရဲ့ anti hair fall journey ကိုစာအရှည်ကြီးနဲ့သေချာလေးပြောပြပေးထားလို့ ကျေနပ်ကြမယ်မျှော်လင့်ပါတယ်ရှင်.. နောက်ထပ်သုံးဖြစ်ပြီးကြိုက်နေတဲ့ hair product တွေကိုလည်း နောက်ပိုင်းထပ်ပြီး sharing လုပ်ပေးပါဦးမယ်…

ချစ်တဲ့
Your Fav Re

03/04/2026

2025 နောက်ပိုင်းကတည်းက အရမ်းကြိုက်မိတဲ့
𝐌𝐞𝐝𝐢𝐜𝐮𝐛𝐞 𝐏𝐃𝐑𝐍 𝐏𝐢𝐧𝐤 𝐂𝐨𝐥𝐥𝐚𝐠𝐞𝐧 𝐄𝐱𝐨𝐬𝐨𝐦𝐞 𝐒𝐡𝐨𝐭 𝟐𝟎𝟎𝟎 💕

Medicube က ဒီမှာမသိတဲ့သူကမရှိသလောက်ပဲဆိုတော့ အထူးတလည်တော့ပြောစရာမလိုပါဘူး..
သူ့ဆီက skincare တော်တော်များများသုံးဖူးတယ်..
Re အကြိုက်ဆုံး serum ကတော့ ဒီ PDRN pink လေးပဲ..

ညဘက်သုံးပြီးမနက်ထလာရင် မျက်နှာက နုအုပြီး မွတ်နေတာကို တကယ်သဘောကျသောပါ..

Exosome shot ပါလို့ စူးစူးဖြစ်တာတော့ သူ့အားနည်းချက်ပေါ့နော်…

💕Re က အသက် ၂၈ အရွယ် Combination to oily skin ဖြစ်တယ် ( Acneကမထွက်သလောက်ပဲ / sensitive ကတော့နဲနဲရှိ ) ရေးတဲ့ blogger ရဲ့ skin type ကိုသိထားမှ သူသုံးလို့အဆင်ပြေတဲ့ product တွေက ကိုယ်နဲ့ပြေမပြေသိမှာမို့ထည့်ပြောထားတာပါ..

💕သူက shot အလိုက်ရွေးလို့ရပေမယ့် Re က 2000 shot ပဲသုံးဖြစ်တယ်.. shot များလေ အာနိသင်များလေပေါ့.. Re ကတော့ နေ့တိုင်းမသုံးဘဲ
တစ်ပတ်ကို ၄ ကြိမ်လောက်ပဲအများဆုံးသုံးတယ်..
မနက်ဘက်ကို SPF50 + PA+++ ပါတာသေချာပြန်သုံးပေးရတယ်…

💕Oily ဖြစ်တဲ့ T zone ကိုပါးပါးပဲသုံးပြီး ခြောက်တဲ့ U zone ကိုနည်းနည်းလေးပိုသူံးပေးတယ်..
Oily ဖြစ်တဲ့နေရာကပို အဆီပြန်တယ်ခံစားရလို့..

💕PDRN cream တွေ jelly တွေနဲ့ တွဲမသုံးဖြစ်ဘူး..
Re မှာရှိတဲ့ moisture cream တွေနဲ့ တွဲလိမ်းတာ enough ဖြစ်တယ်ခံစားရလို့ တွဲမသုံးဖြစ်ဘူး..
Re မျက်နှာမှာကလည်း ကြီးကြီးမားမားအမဲစက်လည်းမရှိ တအားလည်းအရေပြားက မတွဲသလို အရေးကြောင်းလည်းမရှိမို့ serum onlyနဲ့တင် အဆင်ပြေလို့ ရှိပြီးသား moisture ကိုပဲသုံးတယ်..

💕Active ingredient တွေသုံးတဲ့နေ့သူ့ကိုမသုံးဘူး..
Vitamin C လည်းတွဲမသုံးဘူး..
Exfoliate လုပ်တဲ့နေ့ face scrub သုံးတဲ့နေ့ သူ့ကိုမသုံးဘူး..

💕ဘာကောင်းလဲဆို အပေါ်မှာ Re ပြောသလိုပဲ..
သူ့ကို ညဘက်သုံးပြီးနောက်နေ့ဆို skin က ကြည်ပြီးဥနေတာ.. collagen ထုတ်တာကိုလှုံ့ဆော်ပေးပြီး dull skin ဖြစ်တာကို သက်သာစေတာပေါ့.. Re တို့လို နေ့တိုင်း makeup သုံးတဲ့သူတွေဆို skin က dead cell တအားထွက်ပြီး အရမ်းညစ်တတ်တာ.. အဲ့တာမျိုးဆို exfoliate လုပ်လိုက်ရင် ပြန်ပြီး ကြည်သွားတယ်.. ဒါမဲ့ exfoliate ကလည်းအမြဲလုပ်နေလို့မရဘူး.. တစ်ခါတစ်လေ makeup သားတက်မလာတာ basic skin ကိုက ညစ်နေတာမျိုးလို့ ခံစားရတဲ့အချိန်တွေရှိတယ်မလား.. အဲ့လိုလူတွေဆို PDRN pink သာသုံး.. သိသိသာသာကို makeup ready skin ဖြစ်တယ်.. ကိုယ့်အသားရည်ကို စိတ်ကျေနပ်မှုအပြည့်ရတယ်..အသားလေးကကြည်ပြီးကိုတင်းနေတာ..

💙ချွေးပေါက်ကျယ်တာ ကတော့ အပြာက ပိုသိသာတယ်..
🩷Pink က အသက် ၂၅ နှစ်နဲ့အထက်
dull skin သမား ၊
အရေးကြောင်း သမား ၊
အမဲစက်သမားတွေ နဲ့ glow skin လိုချင်တဲ့သူတွေနဲ့ အရမ်းသင့်တော်တယ်။
Clinic မသွားနိုင်သေးတဲ့သူတွေလည်း skincare အနေနဲ့သူံးပြီး ထိန်းထားလို့ရတယ်..

Acne အရမ်းဆိုးတဲ့သူ
Super Oily skin
Very Sensitive သမားတွေတော့ recommend မလုပ်ပါဘူး..

𝐌𝐞𝐝𝐢𝐜𝐮𝐛𝐞 ရဲ့ 𝐏𝐃𝐑𝐍 𝐏𝐢𝐧𝐤 𝐂𝐨𝐥𝐥𝐚𝐠𝐞𝐧 𝐄𝐱𝐨𝐬𝐨𝐦𝐞 𝐒𝐡𝐨𝐭 သုံးနေတဲ့သူတွေရှိရင် / သူံးချင်နေတဲ့သူတွေရှိရင် Re ရဲ့ review လေးက အထောက်အကူဖြစ်ဖို့မျှော်လင့်ရင်း…

ချစ်တဲ့
Your Fav Re

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon

Opening Hours

Monday 10:00 - 16:00
Tuesday 10:00 - 16:00
Wednesday 10:00 - 16:00
Thursday 10:00 - 16:00
Friday 10:00 - 16:00
Saturday 10:00 - 16:00
Sunday 10:00 - 16:00