EduVantage Myanmar

EduVantage Myanmar

Share

Honesty is the best policy.

28/07/2024

ကလေးတွေကို စာသင်တဲ့အခါ အချိန်ကို ဘယ်လိုစီမံခန့်ခွဲရမလဲ

စာသင်ချိန်လို့ပြောလိုက်ရင် ကျနော်တို့ မြန်မာနိုင်ငံမှာ ဘာသာရပ်တစ်ခုကို (၄၅) မိနစ်၊ တစ်နာရီ၊ တစ်နာရီခွဲ စသဖြင့် ရှိပါလိမ့်မယ်။ အများစုကတော့ ၁ နာရီ ဒါမှမဟုတ် ၄၅ မိနစ်ဖြစ်ပါတယ်။
များသောအားဖြင့် စာသင်ချိန်တွေဟာ သက်ဆိုင်ရာကျောင်း တွေကသတ်မှတ်လေ့ရှိပါတယ်။ အသက်အရွယ်အလိုက်လည်း ခွဲခြားထားလေ့ရှိပါတယ်။

ဆိုတော့ တစ်နာရီစာသင်ရင် ကလေးက ၁ နာရီစာလက်ခံနိုင်သလား?
ဒီမေးခွန်းကို ဖြေရရင် ကလေးတွေဟာ အသက်အရွယ်အလိုက် အာရုံစူးစိုက်နိုင်စွမ်းမတူညီကြပါဘူး။

ကျနော်လေ့လာမိတဲ့ John W. Santrock ရဲ့ Educational Psychology Textbooks ထဲမှာဆိုရင် ကလေးတွေရဲ့ သင်ခန်းစာအပေါ် အာရုံစူးစိုက်နိုင်စွမ်းကို အချိန်တွေနဲ့ ပြန်ထုတ်နှုတ်လိုက်တဲ့အခါ
အသက် (၃ နှစ်မှ ၅ နှစ်ကြား) Pre-School အရွယ်ကလေးတွေဟာ စာသင်ချိန်တစ်ချိန် သို့မဟုတ် Activities တစ်ခုအတွက်ကို ၅ မိနစ်မှ ၁၀ မိနစ်အထိသာ အာရုံစိုက်နိုင်ပါတယ်။ တစ်နေ့တာလုံးစာသင်ချိန်တွေပေါင်းရင်တောင် စုစုပေါင်း အာရုံစိုက်နိုင်စွမ်းအချိန်တွေဟာ ၁ နာရီလောက်သာ လက်ခံနိုင်ကြပါတယ်။
အသက် (၆ နှစ်မှ ၈ နှစ်ကြား) ကလေးတွေဟာ စာသင်ချိန်တစ်ချိန် (သို့မဟုတ်) Activities တစ်ခုအတွက် ၁၀ မိနစ်မှ ၂၀ မိနစ်ကြား အထိသာ လက်ခံနိုင်စွမ်းရှိပါတယ်။ တစ်နေ့တာလုံး စာသင်ချိန်တွေပေါင်းရင် အာရုံစိုက်နိုင်စွမ်းအချိန်တွေဟာ ခဏခဏအနားပေးသင်ယူမှုရှိရင်တောင် ၁နာရီမှ ၂ နာရီ အထိသာလက်ခံနိုင်ပါတယ်။
အသက် (၉နှစ်မှ ၁၁ နှစ်ကြား) ကလေးတွေရဲ့ သင်ခန်းစာအပေါ်အာရုံစိုက်နိုင်စွမ်းဟာ ဘာသာရပ်တစ်ခု/စာသင်ချိန် တစ်ချိန်ကို ၂၀ မိနစ်ကနေ ၄၅ အထိ အာရုံစူးစိုက်လက်ခံနိုင်ပါတယ်။ တစ်နေ့တာလုံးအတွက်ဆိုရင် Break ယူပြီးသင်ရင်တောင် စုစုပေါင်းလက်ခံနိုင်စွမ်းအချိန်က ၂နာရီခွဲ အများဆုံးဖြစ်ပါတယ်။
အလယ်တန်းကျောင်းသားတွေဖြစ်တဲ့ အသက် (၁၂ နှစ်မှ ၁၄ နှစ်ကြား)ကတော့ သင်ခန်းစာအပေါ် စာသင်ချိန်တစ်ချိန်ကို မိနစ် ၃၀ ကနေ တစ်နာရီအထိ အာရုံစူးစိုက်နိုင်ပါတယ်။ တစ်နေ့တာလုံးအတွက်ဆိုရင် ၃ နာရီလောက် အထိ လက်ခံနိုင်ပါတယ်။

အသက် ၁၅ ကနေ ၁၈ အထိ ကလေးတွေကျတော့ စာသင်ချိန်တစ်ချိန်ကို ၄၅ မိနစ်ကနေ တစ်နာရီခွဲ (၉၀)မိနစ် အထိ အာရုံစူးစိုက်နိုင်စွမ်းရှိပါတယ်။ တစ်နေ့တာလုံးအတွက်ဆိုရင်တော့ Regular Break နဲ့ဆိုရင် ၄ နာရီလောက်အထိ အာရုံစိုက်နိုင်ပါတယ် လို့ဖော်ပြထားပါတယ်။

ဒီတော့ တင်ထားတဲ့ခေါင်းစဥ်နဲ့ ပြောချင်တာလာပါပြီ....
ကလေးတွေကို စာသင်တဲ့အခါ အချိန်ကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာပေါ့
ကျနော်က ကလေးတွေကို အခု ကွန်ပျူတာသိပ္ပံနဲ့ English သင်တယ်။ ကျနော့်စာသင်ချိန်သည် ဘယ်ကလေးမဆို တစ်ရက်ကို ၁ နာရီထက်ပိုမသင်ဘူး။ အများဆုံး ၁နာရီပဲ။ လူကြီးတွေကိုသာ ၁ နာရီကနေ ၂ နာရီ၊ ၂ နာရီခွဲအထိသင်တယ်။ ဒါကလည်း ကွန်ပျူတာသိပ္ပံဆရာဖြစ်သင်တန်းတက်နေသူတွေကိုပဲသင်တာ။ ထားပါ အခု ကလေးတွေအကြောင်းပဲဆက်မယ်။ ကျနော် ၆ နှစ်ကနေ ၈နှစ်ကြားကလေးတွေကို Online ကနေ ကွန်ပျူတာသိပ္ပံသင်တော့ အရင်ဆုံး ကလေးတွေနဲ့ သင်ခဲ့တဲ့သင်ခန်းစာတွေကို Recap လုပ်တယ်( ပြန်အစဖော်ပြီးဆွဲထုတ်တယ်ပေါ့) အများဆုံး ၅ မိနစ်အထိ အချိန်ယူတယ်။ ပြီးရင် လာပြီ... ကျနော်တို့သင်ရိုးနဲ့ ကလေးတွေကို ပုံပြင်ပြောရင်းစာ (၁၀ မိနစ်ကနေ ၁၅ မိနစ်အထိ) သင်တယ် (ကလေးတွေကို စာသင်လို့သင်မှန်းမသိအောင် သင်ကြားတာပါ)။ ပြီးရင် ပုံပြင်နဲ့ ချိတ်ဆက်ပြီး Worksheet ဖြေခိုင်းတယ် (အများဆုံး ၁၀မိနစ်ကနေ ၁၅ မိနစ် အချိန်ပေးတယ်)။ Worksheet မဖြေတဲ့ကလေးမရှိအောင် Worksheet ဖြေပြီးတဲ့ကလေးတွေကို သင်ခန်းစာနဲ့ချိတ်ဆက်နေတဲ့ သင်ကြားရေး Activites တွေဖြစ်တဲ့ Computer Game ပေးကစားတယ်။ ပုံပေးဆွဲတယ်။ အဲအချိန်ကလည်း (၁၀)မိနစ်ကနေ (၁၅) မိနစ်အထိပဲ။ နောက်ဆုံး (၅) မိနစ်မှာ ဒီနေ့လုပ်ဆောင်ခဲ့မှုတွေကိုအနစ်ချုပ်ပြီး Project တွေကို အိမ်စာပေးတယ်။
ကလေးတွေနားထဲ/ဦးနှောက်ထဲကို Input ပေးတဲ့အချိန်သည် ဘယ်တော့မှ ၁၅ မိနစ်ထက်မကျော်ဘူး။ ကွန်ပျူတာသိပ္ပံ နဲ့ အင်္ဂလိပ်စာမှာလည်း သင်ပုံသင်နည်းနဲ့ Activities မတူအောင်ထားတယ်။ ကွန်ပျူတာသင်တဲ့အချိန်မှာ English နဲ့ပတ်သက်ရင် Listening ကိုပဲ အသားပေးထားတယ်။ Spelling နဲ့ Grammar ကို အဓိကမသွားဘူး။ ကျနော်ပေးရမယ့် သင်ပေးရမယ့် Computer Concept ကို အဓိက ခေါင်းထဲရောက်အောင် တစ်သက်သာမှတ်မိအောင် ပုံပြင်နဲ့ ချဉ်းကပ်သင်တယ်။

သူတို့ အဲဒီ Computer Science Concept တွေကို နားလည်သဘောပေါက်မှသာ ကျနော်တို့ Kreative Kid’s Lab ရဲ့ အဆင့်တိုင်းမှာ တီထွင်ဖန်တီးနိုင်သူတွေဖြစ်လာမယ်။ Coding တွေကို လွယ်လွယ်ကူကူရေးနိုင်မယ်။ Kreative Kid’s Lab ရဲ့ Level-8 ‌ရောက်ရင် Website တွေ ကိုယ်တိုင်ရေးတတ်လာမယ်။ အလယ်တန်းပြီးဆုံးရင် IGCSE ဖြေဖို့ပြင်ဆင်မယ်ဆို ICT နဲ့ Computer Science ဟာ အင်မတန်လွယ်သွားမယ်။ အဲတာကြောင့် ကလေးတွေကို စာသင်တဲ့အခါ လောဘ နဲ့သင်လို့မရဘူး။ အချိန် ၄၅ မိနစ်မှာ ၄၅ မိနစ်လုံး စာချည်းသင်လို့မရဘူး။ ဂိမ်းတွေ၊ Activities တွေ၊ Worksheet တွေ၊ စတဲ့ စာသင်ကြားနည်း (၁၅၀) ထဲက ကလေးတွေအတွက် သင်ယူမှုအတွေ့အကြုံမရိုးရအောင် ကိုက်ညီတာတွေ ညှပ်ပြီးလုပ်ရတယ်။

နောက်မိဘတွေလုပ်လေ့ရှိတဲ့အမှားတစ်ခုက ကျူရှင်ပြီး ကျောင်း၊ ကျောင်းပြီး ကျူရှင် ကိစ္စပါ။ ကျောင်းမှာ စာမသင်လို့ ကျူရှင်ထားတာလက်ခံလို့ရတယ်။ ကလေးဦးနှောက်ကလည်းလက်ခံနိုင်တယ်လေ။ စာသင်တဲ့ကျောင်းတွေထားပြီး ကျူရှင်ထပ်ထားတဲ့ကိစ္စပါ။ အဲတော့ တစ်ရက်မှာအများဆုံး ၂ နာရီ ၃ နာရီသာလက်ခံ အာရုံစိုက်နိုင်တဲ့ကလေးတွေက ကျူရှင်မှာ အာရုံစိုက်ရတဲ့အခါ ကျောင်းရောက်တော့ စိတ်မပါတော့ဘူး။ ကျောင်းမှာ အာရုံစိုက်ရတဲ့အခါ ကျူရှင်မှာ အာရုံမစိုက်နိုင်တော့ဘူး။ ကျူရှင်ဆိုတာကလည်း ကျောင်းလိုမဟုတ်ဘူးလေနော် သင်ခန်းစာတတ်မြောက်ရေးထက် စာရရှိရေးရည်ရွယ်ချက်နဲ့ မိဘကလာထားတဲ့အတွက် ကလေးအပေါ်ဖိအားတွေ သက်ရောက်တယ်။ စာမရရင်လည်း မိဘတွေက ကျူရှင်ဘယ်ထားမလဲ ဟုတ်တယ်မလား။ အဲတော့ ကျူရှင်တွေက ဖိအားသက်ရောက်မှုက ကျောင်းတွေမှာလာထိတယ်။ အဲတော့ ကျောင်းတွေနဲ့ ကျူရှင်ဆရာတွေအကြားကလည်း အမြင်မရှင်းစရာတွေ ဖြစ်တာပေါ့။

မိဘတွေကိုပြောချင်တာက လောဘမကြီးပါနဲ့။ ကလေးတွေ ဦးနှောက်ဟာလည်း လက်ခံနိုင်စွမ်း အကန့်အသတ်နဲ့ပါ။
ဆရာဆရာမတွေလည်း စာသင်ချိန်ကိုကောင်းစွာစီမံခန့်ခွဲနိုင်ကြပါစေ။
#ကမ္ဘာကြီးငြိမ်းချမ်းပါစေ_ကလေးများပျော်ပါစေ

လတ်တလောဖတ်ရှုနေတဲ့ John W. Santrock ရဲ့ Educational Psychology စာအုပ်အား ဖော်ပြပါလင့်တွင် တိုက်ရိုက်ဖတ်ရှုနိုင်ပါတယ်။
( https://archive.org/details/educationalpsych0000sant/page/n7/mode/1up?view=theater )

လေးစားစွာဖြင့်
ကိုကိုလွင်(Daniel)

10/03/2024

တောင်ကြီးမြို့ အနီးတဝိုက်ရှိ သားသားမီးမီးလေးများ (အ‌ေကြာင်းအမျိုးမျိုးဖြင့် နေရပ်စွန့်ခွာရောက်ရှိနေသောသားသားမီးမီးများ) အတွက် ရည်ရွယ်၍ဖွင့်လှစ်သင်ကြားပေးသော ပညာဒါန YLE Classes များဖြစ်ပါတယ်။

Edit #သတ်မှတ်လူဦးရေပြည့်ပါပြီရှင့်
Online class တက်မည့်သူများ စာအုပ်ပို့ပေးပါ့မယ်။
On-campus တက်မည့်သူများ တက်မည့်ရက်မှစာအုပ်ယူလို့ရပါတယ်ရှင့်။
မင်္ဂလာပါရှင့်
အသက် 7နှစ်မှ 12နှစ်အရွယ်သားသားမီးမီးတို့အတွက် ပညာဒါနသင်တန်း( Seventh Batch)ဖွင့်မည့်အကြောင်းသတင်းကောင်းပေးပါရစေရှင့်

7th Batch Free Class Announcement
=================================
TGI Learning Center မှ ၇ကြိမ်မြောက် ပညာဒါနသင်တန်းကို (18.3.2024)ရက်တွင်စတင် သင်ကြားပေးတော့မည်ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်ရှင့်၊၊

❑ ​​Young Learner of English (YLE)ကို သားသားမီးမီးများလေ့လာသိရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သင်ကြားရခြင်းဖြစ်ပါတယ်။
👩‍🏫တောင်ကြီးမြို့ အနီးတဝိုက်ရှိ သားသားမီးမီးလေးများ (အ‌ေကြာင်းအမျိုးမျိုးဖြင့် နေရပ်စွန့်ခွာရောက်ရှိနေသောသားသားမီးမီးများ) အတွက် ရည်ရွယ်၍ဖွင့်လှစ်သင်ကြားပေးရ​​​​ခြင်းဖြစ်ပါသည်
Age (အသက်) 7နှစ်မှ 12ထိ
မူလတန်းအရွယ်

Class 1 Monday -Tuesday 9.30 to 10.30a.m Centre 2 ကန်အောက်ရပ်ကွက်ကျောင်း

Class 2 Thursday -Friday 9.30 to 10.30 a.m
Centre 1 ဘုရားဖြူရပ်ကွက် နယ်မြေ1 ကျောင်း

Class3 Monday, Tuesday 6.30to 7.30p.m
Online Class

တက်ရောက်ချင်သူများ ကြိုက်နှစ်သက်ရာ Class နံပတ်ဖြင့် မန့်ပေးပါရန်

Duration Time -3months Course
(၃လလုံးပြီးအောင်တတ်နိုင်မှ စာရင်းပေးသွင်းပါရန်)

Class fees -ပညာဒါန
Books fees-10000ks

လူဦးရေ ကန့်သတ်ထားပါတယ်ရှင့်။
ပညာဒါနတက်ရောက်ချင်သော သားသားမီးမီးများ အမည် ၊အသက်၊ pH no တို့ကို Page Messagerမှတဆင့် စာရင်းသွင်းပေးရပါမယ်ရှင့်
PH 09794882209

09/03/2024

𝟐𝟑.𝟑.𝟐𝟎𝟐𝟒 ရက်နေ့ စာရင်းပိတ်မှာ ဖြစ်သလို ပထမဆုံး ၅ ဦးအတွက်လည်း သင်ထောက်ကူကြေး 𝟐𝟎𝟎𝟎𝟎 သက်သာခွင့်ရဦးမှာဖြစ်ပါတယ်....

ကွန်ပျူတာသိပ္ပံဆရာဖြစ်သင်တန်း (𝐍𝐨𝐯𝐢𝐜𝐞 𝐋𝐞𝐯𝐞𝐥) 𝐓𝐎𝐓 (𝐁𝐚𝐭𝐜𝐡-𝟒)
🚨🚨🚨🚨🚨🚨🚨
➡️တိုးတက်တဲ့အမြင်ရှိသော ကျောင်းများ နှင့် ဆရာဆရာမများအတွက် 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐒𝐜𝐢𝐞𝐧𝐜𝐞 𝐍𝐨𝐯𝐢𝐜𝐞 𝐋𝐞𝐯𝐞𝐥 𝐓𝐎𝐓 (𝐁𝐚𝐭𝐜𝐡-𝟒) ကို 𝟐𝟓.𝟑.𝟐𝟎𝟐𝟒(တနင်္လာနေ့)တွင် ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

ဒီသင်တန်းကို 👇
🏦ကိုယ်ပိုင်ကျောင်း (သို့မဟုတ်)ပုဂ္ဂလိကကျောင်း တည်ထောင်ထားသူများ/ တည်ထောင်မည့်အစီအစဉ်ရှိသူများ
🧑‍💻 ကွန်ပျူတာသိပ္ပံ ဘာသာရပ်သင် ဆရာ/ဆရာမ ဖြစ်လိုသူများ
🧑‍🏫 ပညာရေးနယ်ပယ်မှ ဆရာဆရာမများ
🧑‍💻ကွန်ပျူတာသင်တန်း ဖွင့်လှစ်ထားသူများ
👪မိမိသားသမီးများကို အခြေခံမှစ၍ စနစ်တကျ ကွန်ပျူတာသင်ပေးချင်သော မိဘများ
ကလေးများကို ပြုစုပျိုးထောင်နေသည့် ဆရာ/ဆရာမတိုင်း တက်ရောက်သင့်ပါတယ်။

ဒီ 𝕋𝕆𝕋 ပြီးသွားရင် 📣
(𝟏) ၂၁ ရာစုပညာရေးစနစ်အကြောင်း နားလည်လာမယ်။
(𝟐) ၆ နှစ်ဝန်းကျင် ကလေးတွေကို ကွန်ပျူတာသင်ပေးတတ်လာမယ်။
(𝟑) 𝐋𝐞𝐬𝐬𝐨𝐧 𝐏𝐥𝐚𝐧 တွေ ကိုယ်တိုင်ပြင်ဆင်ရေးဆွဲတတ်လာမယ်။
(𝟒) ထိရောက်တဲ့ စာသင်ကြားမှု ဗျူဟာတွေကို သိရှိနားလည်လာမယ်။
(𝟓) 𝐀𝐬𝐬𝐞𝐬𝐬𝐦𝐞𝐧𝐭 လုပ်တဲ့နည်းလမ်းတွေကို အသုံးချတတ်လာမယ်။
(𝟔) 𝐊𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐊𝐢𝐝’𝐬 𝐋𝐚𝐛 𝐋𝐞𝐯𝐞𝐥-𝟏 𝐏𝐝𝐟 နှင့် အသုံးပြုရမည့် 𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 တွေ ရရှိလာမယ်။
(𝟕) သင်တန်းကာလ ၈၅% ပြည့်မီသူတိုင်း သင်တန်းအဆုံးမှာ 𝐊𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐊𝐢𝐝’𝐬 𝐋𝐚𝐛 မှ တရားဝင်အသိအမှတ်ပြုထားတဲ့ 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 ရရှိပါမယ်။

➡️ဒီသင်တန်းသည် ကွန်ပျူတာသင်တန်းမဟုတ်ပဲ ကွန်ပျူတာသိပ္ပံဆရာဖြစ်သင်တန်း ဖြစ်သည့်အတွက် ကွန်ပျူတာ အခြေခံ တတ်မြောက်ထားပြီးသူများသာ လျှောက်ထားပါရန်။
📣 ပုံမှန်သင်တန်းကြေးသည် ကျနော်တို့၏ Website ( https://www.kkl.education/pricing ) တွင် တရားဝင်ကြေညာထားသည့်အတိုင်း ၁၅၀၀၀၀/(တစ်သိန်းခွဲ) ရှိသော်လည်း 𝐁𝐚𝐭𝐜𝐡-𝟒 တက်မည့်သူများအနေဖြင့် သင်တန်းကြေး 𝟳𝟱𝟬𝟬𝟬(ခုနှစ်သောင်း ငါးထောင်ကျပ်) နှင့် သင်ထောက်ကူကြေး- 𝟮𝟬𝟬𝟬𝟬 စုစုပေါင်း 𝟵𝟱𝟬𝟬𝟬 သာ ကျသင့်ပါမည်။

ထို့အပြင် ပထမဆုံး အပ်နှံသူ (5️⃣)ဦးအား သင်ထောက်ကူကြေး 2️⃣0️⃣0️⃣0️⃣0️⃣ ကင်းလွှတ်ခွင့်ရမှာဖြစ်ပြီး သင်တန်းကြေး 7️⃣5️⃣0️⃣0️⃣0️⃣ ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။

🧑‍💻သင်တန်းနေရာ- 𝑶𝒏𝒍𝒊𝒏𝒆 𝑪𝒍𝒂𝒔𝒔( 𝒁𝒐𝒐𝒎) ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် သင်တန်းပျက်ခဲ့လျှင်လည်း ပြန်လည်လေ့လာနိုင်ရန် 𝓣𝓮𝓵𝓮𝓰𝓻𝓪𝓶 𝓒𝓱𝓪𝓷𝓷𝓮𝓵 မှ 𝓡𝓮𝓬𝓸𝓻𝓭𝓮𝓭 𝓥𝓲𝓭𝓮𝓸 ပြန်လည်တင်ပေးပါသည်။

🕒သင်တန်းအချိန် - အပတ်စဉ်( တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး) တစ်ပတ် ၃ ရက် ည ၇◌း၀၀ နာရီမှ ည ၉း၀၀ နာရီ) အထိ

သင်တန်းကာလ - တစ်လခွဲ ( 𝟐𝟓.𝟑.𝟐𝟎𝟐𝟒 မှ 𝟏𝟓.𝟓.𝟐𝟎𝟐𝟒 အထိ)

သင်တန်းတက်ရောက်လိုသူများအနေဖြင့် အသေးစိတ်အား 𝑲𝒓𝒆𝒂𝒕𝒊𝒗𝒆 𝑲𝒊𝒅’𝒔 𝑳𝒂𝒃 ( 𝑴𝒆𝒔𝒔𝒆𝒏𝒈𝒆𝒓 ) တွင်လာရောက် ဆက်သွယ်စုံစမ်း၍ စာရင်းပေးသွင်းနိုင်ပါပြီ။

【23.3.2024】ဖောင်စာရင်းပိတ်ပါမည်။

အထူးအနေဖြင့်
ISကျောင်းများ/PS များ/ သင်တန်းကျောင်းများအနေဖြင့် ဆရာဆရာမ (၃) ဦးအပ်လျှင် သင်တန်းကြေး ၁၀% Discount ရရှိမည်ဖြစ်ပါသည်။

21/01/2024

‘ပညာရေး’ဟူသည် လက်တင်ဘာသာစကား Educare မှ ဆင်းသက်လာပြီး အဓိပ္ပာယ်မှာ ‘ဦးဆောင်ဦးရွက်ပြုခြင်း’၊ ‘ရှေ့ဆောင်လမ်းပြခြင်း’ ဖြစ်သည်။ ယခုအခါ မူရင်းအဓိပ္ပာယ်သည် ပျောက်သလောက်နီးပါး ဖြစ်နေပြီး မွေးရာပါ အခြေအနေ၊ စွမ်းရည်ထက် ပိုမိုတိုးတက်ဖွံ့ဖြိုးလာစေရန်ပြုလုပ်ခြင်းဟူသည် ခေတ်သစ်ပညာရေး၏ သဘောတရားများ ဖြစ်လာခဲ့သည်။ ပညာရေးကို အကျယ်ပြန့်ဆုံးပြောရလျှင် မွေးသည်မှ သေသည်အထိ ရှိနေသည့် ဖြစ်စဉ်ကြီးတစ်ခုဟုလည်း ဆိုနိုင်သည်။ အချို့ကလည်း ပညာရေးသည် မမွေးမီကတည်းက စသည်ဟု ဆိုကြသည်။ အချို့သော မိဘများက မိမိတို့ကလေးများကို မမွေးမီ ဝမ်းတွင်းကပင် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် သီချင်းများ နားထောင်ခြင်း၊ စာများ ဖတ်ပြခြင်းတို့ကို ပြုလုပ်လာကြသည်။ မည်သို့ဆိုစေ၊ ပညာရေးဟု ဆိုလိုက်လျှင် အစဉ်အလာပညာရေးကို ဦးစွာ ပြောရမည်ဖြစ်သည်။ အစဉ်အလာပညာရေးဆိုသည်မှာ အတွေ့အကြုံကို အလေးထားသည့် ပညာရေးဖြစ်သည်။ တတ်ကျွမ်းမှု၊ နားလည်မှုတို့ကို နေ့စဉ်အတွေ့အကြုံများဖြင့် တဖြည်းဖြည်း တည်ဆောက်ခဲ့ရသည့် ပညာရေးမျိုးဖြစ်သည်။ လူတစ်ဦးချင်းအနေဖြင့် အစဉ်အလာမဟုတ်သည့် ပညာရေးသည်လည်း သူ့နည်းသူ့ဟန်ဖြင့် ရှိနေနိုင်သည်။ မိသားစုများနှင့် ပတ်ဝန်းကျင်သည် လူတစ်ဦးချင်းစီအတွက် သီးခြား လွှမ်းမိုးနိုင်သည့် အစဉ်အလာ မဟုတ်သောပညာရေး ဖြစ်သည်။

အစဉ်အလာပညာရေးသည် လူ့ပတ်ဝန်းကျင် သို့မဟုတ် လူ့အဖွဲ့အစည်းတွင် သင်ရိုးညွှန်းတမ်းဖြင့် အထူးသဖြင့် လူငယ်များကို သတ်မှတ်သင်ကြားသည့် အချိန်၌ စတင်ခဲ့သည်ဟု ဆိုနိုင်သည်။ အစဉ်အလာပညာရေးသည် တဖြည်းဖြည်း စနစ်ကျကျနှင့် ပြည့်စုံ တိုးတက်လာခဲ့ရသည်။ အစဉ်အလာ ပညာရေးစနစ်သည် လူ့တန်ဖိုး သို့မဟုတ် ‘စံ’ တို့ကို မြင့်မားစေရန်ကြံဆောင်ပေးနေသကဲ့သို့ ပညာဗဟုသုတတိုးပွားစေရန်လည်း အလေးထားသည်။ ဘဝတစ်သက်တာပညာရေး သို့မဟုတ် သက်ကြီးပညာရေးသည် နိုင်ငံတကာတွင် ပျံ့နှံ့လျက် ရှိနေပြီဖြစ်သည်။ သို့သော် ပညာရေးသည် ကလေးများအတွက်သာ အဓိက ပစ်မှတ်အဖြစ် ထားနေကြသည်ကများသည်။ သက်ကြီးပညာရေးသည် အစဉ်အလာ စာသင်ခန်းအတွင်း သင်ကြားရေးမှသည် ကိုယ်တိုင်ပညာရှာရေးအစီအစဉ်များအထိ တိုးတက်ဖွံ့ဖြိုးလာသည်။ သက်ကြီးပညာရေးတွင် အဓိကကျသည့် စနစ်သည် စာကြည့်တိုက်မှ စာအုပ်စာတမ်းများ ငှားရမ်းဖတ်ရှုနိုင်ခြင်း၊ လမ်းညွှန်များ ဖတ်ရှုလေ့လာနိုင်ခြင်းတို့ကြောင့် အကုန်အကျနည်းစွာဖြင့် တိုးတက်လာခဲ့ရသည်။ နောက်ပိုင်း ကွန်ပျူတာအသုံးပြုနိုင်ခြင်း၊ အင်တာနက်ကို အသုံးပြုနိုင်ခြင်းတို့သည် ကိုယ်တိုင်ရှာ ပညာရေး သို့မဟုတ် သက်ကြီး ပညာရေးကို များစွာအထောက်အကူပြုသည့် စနစ်များ ဖြစ်လာသည်။

နည်းပညာများ တိုးတက်ဖွံ့ဖြိုးလာသည်နှင့်အမျှ ပညာရေးကို များစွာလွှမ်းမိုးသည့်အကြောင်းတရားတစ်ခုဖြစ်လာသည်။ ကွန်ပျူတာနှင့် အခြားဆက်စပ်နေသည့်နည်းပညာရပ်များကို ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတိုင်းလိုလိုတွင် ကျယ်ပြန့်စွာ သုံးစွဲလာကြသည်။ ပညာရေးလက်တွေ့ဖွံ့ဖြိုးမှုတွင် အွန်လိုင်းပညာရေး (Online Education) ဟု ခေါ်သည့် အဝေးသင်ပညာရေးစနစ်သည် တိုးတက်ထွန်းကားလာသည်။ အဝေးသင်ပညာရေးစနစ်ဆိုသည်မှာ ကွန်ပျူတာ အင်တာနက်တို့ကိုအသုံးပြုပြီး ပညာရှာမှီးခြင်း၊ သင်ကြားခြင်းများကို ဆိုလိုသည်။ စာသင်ခန်းတွင် ထိုင်ပြီးပညာသင်ကြားသည့်စနစ်ကို တော်လှန်ကာ စာသင်ခန်း မလို၊ ကိုယ်တိုင်ရှာ ပညာစနစ်ကိုအလေးပေးပြီး ကိုယ်သင်ကိုယ်တတ်စနစ်ကို ဦးစားပေးထားသဖြင့် မူရင်းရည်ရွယ်ချက်သည် အထူးကောင်းမွန်လှသည်။

အမှန်တကယ်၌ ပညာရေးဟူသည် စိတ်ကူးများ၊ စွမ်းဆောင်နိုင်ရည်များ၊ ကိုယ်ကျင့်တရားများ စသည်တို့ကို သင်ကြားပေးခြင်းဖြစ်သည်။ ဥပမာအားဖြင့် ကြောင်တစ်ကောင်သည်လည်း သူ့ကလေးကို ကြွက်ခုတ်တတ်စေရန် သင်ကြားပေးနိုင်သည်။ လူနှင့်တိရစ္ဆာန်မှာ ထိုဥပမာအရ များစွာ မကွာခြားလှပါ။ သို့သော် လူတို့သည် လက်နက်ပစ္စည်းကိရိယာများကို တီထွင်နိုင်ခြင်း၊ အသိဉာဏ်ကိုအသုံးချနိုင်ခြင်းတို့ကြောင့် အခြားသော တိရစ္ဆာန်များကို ကျော်လွန်သွားနိုင်ခဲ့သည်။ ထို့အတူ ပညာရေးနှင့်ပတ်သက်၍ အသိဉာဏ်ရှိခြင်း၊ အသိဉာဏ်ကို အသုံးချတတ်ခြင်းတို့သည် အခြားတိရစ္ဆာန်များမှနေ၍ လူကို ကွဲပြားသွားစေသည်။ ပညာရေးဟူသည် လူသားတို့၏ ‘ယဉ်ကျေးမှုဖြစ်စဉ်တစ်ရပ်’ ဟု ဆိုရပေမည်။

မည်သို့ပင်ဆိုစေကာမူ ယနေ့ခေတ် အသုံးပြုနေသည့် အခြေခံပညာရေးစနစ်သည် လက်ရှိလူ့အဖွဲ့အစည်းနှင့် ကင်းကွာ၍မရဘဲ သက်ဆိုင်ရာလူ့အဖွဲ့အစည်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သော ပညာရေးသာ ဖြစ်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ မေ ၂၈ ရက် ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address

U Chit Maung Road
Yangon
000001